Channel Myanmar

Yutian Wang

Detective Chinatown 1900 (2025) 6.1
Detective Chinatown 1900 (2025) ကမ္ဘာတဝှမ်းမှာရုံတင်ပြသတုန်းက ဒေါ်လာ ၄၈၅.၆ သန်းဝင်ငွေရရှိထားပြီး တရုတ်ပြည်တွင်းမှာလဲ ယွမ် ဘီလီယံချီပြီး ဝင်ငွေရရှိထားတဲ့ လူကြိုက်များလှတဲ့ စုံထောက်ဇာတ်လမ်း Detective Chinatown ရုံတင်ကားကြီးလာပါပြီအရင်ရုပ်ရှင်တွေနဲ့မတူဘဲ 1900 ခုနှစ်များကို နောက်ခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ ထုတ်လုပ်သူနဲ့ ရိုက်ကူးတင်ဆက်သူဖြစ်တဲ့ Chen Sicheng ကတော့ ဒီရုပ်ရှင်ဇာတ်ကားကို သူ့ရဲ့ အကောင်းဆုံးလက်ရာတစ်ခုအဖြစ်လဲပြောဆိုထားပါတယ် Chow Yun Fat နဲ့ မင်းသားချောလေး Liu Hao Ran, Zhang Xin Cheng တို့ကလဲ အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားကြပါတယ် ရှေ့က Detective Chinatown ရုပ်ရှင်ကားတွေနဲ့ သရုပ်ဆောင်တွေလောက်သာ တူညီပြီး အရင် ၃ ကားနဲ့ဆက်စပ်မှုမရှိတဲ့ သီးသန့်ရုပ်ရှင်ဖြစ်ပြီး Detective Chinatown 4 & 5 ထပ်မံထွက်ရှိလာဦးမယ်လို့ သိရှိထားရပါတယ်ဇာတ်လမ်းအညွန်းကတော့၁၉ရာစုအစောပိုင်းဆန်ဖရန်စစ္စကိုမြို့မှာ လူဖြူမလေးအဲလစ်နဲ့အင်ဒီးရန်းမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သတ်ခံရပါတယ်။ ဒီလူသတ်မှုကြောင့် တရုတ်တွေကိုလူဖြူအသိုင်းအဝိုင်းကဆန့်ကျင်လာကြပါတယ်။ဒီအမှုကြောင့် တရုတ်အင်ဒီးရန်းအားကွေနဲ့ အမေရိကားမှာ ပညာလာသင်တဲ့ချင်ဖူတို့တွေဆုံကြပြီးတော့အတူပူးပေါင်းပြီးအမှုလိုက်ဖို့ဖြစ်လာပါတယ် လူငယ်လေးနှစ်ယောက်ရဲ့သူမတူတဲ့အတွေးအခေါ်တွေနဲ့ အမှုကိုဖော်သွားတဲ့ခရီးတစ်ခုကိုရယ်မောစရာတွေနဲ့ချပြသွားတာပဲဖြစ်ပါတယ်။ Filesize :     9 GB  / 1.94 GB / 1.02 GB Quality : WEB-DL ...
movie

Detective Chinatown 1900 (2025)

4K HEVC
Tiger Squad (2025) 5.5
Tiger Squad (2025) စစ်ကားတွေကိုပဲ ကြည့်ချင်ပါတယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တွေအတွက် Tiger Squad ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ လုပ်တဲ့အချိန်မှာ အနီနဲ့အပြာ အဖွဲ့နှစ်ဖွဲ့ခွဲပြီး စစ်မြေပြင်အစစ်ကို ရောက်နေသလို လေ့ကျင့်ကြပါတယ်။အနီရောင်တပ်က အတော်ဆုံးတပ်ဖွဲ့ဖြစ်တဲ့ ထျန်းဟူတိုက်ခိုက်ရေးတပ်ဖွဲ့ဟာ ထောက်လှမ်းစစ်ဆင်ရေးလုပ်ဆောင်နေတဲ့အချိန်မှာ အပြာရောင်တပ်ရဲ့ ထောင်ချောက်ထဲ ဝင်သွားခဲ့ပါတယ်။ စနိုက်ပါသမားဦးဆောင်တဲ့ အဖွဲ့ဝင် ၆ ယောက်ပဲ ကျန်ခဲ့ပါတယ်။တစ်ချိန်တည်းမှာလည်း အနီအပြာတပ်နှစ်တပ်ရဲ့ စစ်ရေးအခြေအနေက ပြင်းထန်လာခဲ့ပါတယ်။ အခုမှ ထွက်ပြေးလွတ်မြောက်လာတဲ့ထျန်းဟူအဖွဲ့ဟာ ညွှန်ကြားရေးဌာနက လျှို့ဝှက်တာဝန်ပေးမှုကို လက်ခံရရှိခဲ့ပါတယ်။ အဲဒီတာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ပါ့မလား...... အနီရောင်တပ်နဲ့ အပြာရောင်တပ်တို့ စစ်ရေးလေ့ကျင့်မှုမှာ ဘယ်သူက အနိုင်ရမလဲ...... ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ Filesize : 1.82 GB / 935 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Adventure , War Runtime ...
movie

Tiger Squad (2025)

Decoded ( 2024 ) 6.0
Decoded ( 2024 ) မိုက်ကျားဆိုတဲ့ ကလောင်နာမည်နဲ့ ၂၀၀၂ ခုနှစ်မှာ ရေးသားထုတ်ဝေလို့ တရုတ်အစိုးရ ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့ ကုဒ်ဖျက်သူဝတ္ထု ကို အခုတော့ ရုပ်ရှင်ဇာတ်ကားအနေနဲ့ ရိုက်ကူးခဲ့ပါပြီ...ဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်ကာလခေတ်နှောင်းပိုင်း ဆိုက်ဘာစစ်ပွဲကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး..." တိုင်းပြည်ဆိုတာ ငါတို့အသက်ကိုစတေးပြီးတောင် ကာကွယ်သင့်တဲ့ အရာ" လို့ သင်ပေးတဲ့လူတစ်ယောက်စကားကြောင့်... "တိုင်းပြည်ဆိုတာ ချစ်တဲ့သူ၊ မိတ်ဆွေ၊ ကိုယ်ချစ်မြတ်နိုးတဲ့အရာတွေ စုဝေးရာ အိမ်" လို့ ပြောပြခဲ့တဲ့ လူတစ်ယောက်ကြောင့် ...နာမည်ကောင်းမရလည်း... နာမည်ဂုဏ်မဖော်လိုဘဲ တိတ်တဆိတ် ကြိုးစားအားထုတ်ခဲ့တဲ့ လျို့ဝှက်ကုဒ် ဖြေသူ သင်္ချာကိန်းဂဏန်းပါရမီရှင် ရုံကျင်းကျန်းရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ရိုက်ကူး ပုံဖော်ထားတာဖြစ်တယ်...ရုံကျင်းကျန်းက တစ်မူထူးခြားတဲ့ ပညာရှင်ဖြစ်တဲ့အတွက် လူမှုဆက်ဆံရေးမှာ အားနည်းချက်ရှိပေမယ့် သင်ပြပေးသူမရှိဘဲ သင်္ချာကို ထူးချွန်သူဖြစ်လို့ သင်္ချာပညာရှင် ပါမောက္ခ Liseiwicz ရဲ့ အလေးပေးခံရပြီး လူဦးနှောက်ကို အသုံးပြုပြီး ဖန်တီးတဲ့ ကွန်ပျူတာအကြောင်းနဲ့ ကုတ်အကြောင်းကို နားလည်ခဲ့ပါတယ်...အပေါ်မှာပြောသလိုပဲ ဆိုက်ဘာစစ်ပွဲကာလဖြစ်လို့ ကုတ်ဖြေသူကို တိုင်းပြည်က လိုအပ်ချိန်မလို့ ရုံကျင်းကျန်းက အထူးတပ်ဖွဲ့ အမှတ် ၇၀၁ မှာ လျို့ဝှက် မစ်ရှင်ဆောင်ရွက်ဖို့ ကြောင်းဖန်လာပါတယ်....လျို့ဝှက်မစ်ရှင်ဖြစ်တဲ့အတွက် သူ့စွမ်းဆောင်မှုကိုသာသိကြပြီး နောက်ကွယ်က ကြိုးစားအားထုတ်သူကိုတော့ ...
movie

Decoded ( 2024 )

The Lonely Warrior ( 2023 ) 6
The Lonely Warrior ( 2023 ) CMကနေ ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ မှုခင်းရဲဇာတ်ကားလေးပဲဖြစ်ပါတယ် Main cast တွေအနေနဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Yi Zhen ,Chen Li တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီ း Steven Zhang ကလည်း ပါဝင်အားဖြည့်ပေးထားတာပါဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ယောက်ကို အဓမ္မပြုကျင့်ပြီးသတ်သွားခဲ့တာကနေ ဇာတ်လမ်းလေးကို အစတည်ထားပါတယ် မှုခင်းရဲတပ်ဖွဲ့(၃)က ခေါင်းဆောင်ချန်ဦးဆောင်တဲ့အဖွဲ့ဟာ အမှုကြီးတွေကို ကိုင်တွယ်ရာမှာ နာမည်ကြီးပါ ဒီအမှုကိုလည်း သူတို့အဖွဲ့ပဲကိုင်တွယ်စုံစမ်းနေစဉ်မှာ သူတို့သိလိုက်ရတာက ဒီအမှုက သာမန်သွေးရိုးသားရိုးမဟုတ်ဘဲ ကွင်းဆက်အဓမ္မပြုကျင့်လူသတ်မှုဖြစ်နေခဲ့တာပါပဲတရားခံကတော့ ဝမ်သာ့ယုံနဲ့ ဝမ်အော့ယုံ ညီအစ်ကိုနှစ်ယောက်ပါ တရားခံကိုသိရတဲ့အချိန်မှာ လိုက်လံဖမ်းဆီးခဲ့ပေမယ့် အစ်ကိုဖြစ်သူကိုပဲ ဖမ်းဆီးလို့ရခဲ့ပါတယ် အစ်ကိုဖြစ်သူဆီကနေ ညီဖြစ်သူရဲ့သတင်းကို စစ်ဆေးမေးမြန်းရာကနေ ခြေလွန်လက်လွန်တွေဖြစ်ပြီး တရားခံဝမ်သာ့ယုံ သေဆုံးသွားခဲ့ပါတယ် ခေါင်းဆောင်ချန်အပါအဝင် သူတို့အဖွဲ့(၃)က အဖွဲ့ဝင်တွေလည်း အသီးသီးထောင်ကျသွားခဲ့ပါတယ်ချန်ပင်းတစ်ယောက် ထောင်ကထွက်လာပြီးနောက်ပိုင်းမှာ လွတ်နေသေးတဲ့ တရားခံဝမ်အော့ယုံကို ဖမ်းမိဖို့အတွက် ဘယ်လိုတွေကြိုးစားကြမှာလဲ ဘယ်လိုအခက်ခဲတွေနဲ့ရင်ဆိုင်ရဦးမှာလဲ.... မှုခင်းရုပ်ရှင်တွေကို စိတ်ဝင်စားတဲ့ပရိတ်သတ်တွေအကြိုက်တွေ့စေနိုင်မယ့် ဒီဇာတ်ကားလေးကို CMကနေ ဘာသာပြန်တင်ဆက်ပေးထားမို့လို့ ကြည့်ရှုအားပေးကြပါဦးနော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Crime Runtime : 2h ...
movie

The Lonely Warrior ( 2023 )

Rage Chase ( 2023 ) 5.7
Rage Chase ( 2023 ) ဒီတခေါက်CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းအက်ရှင်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တစ်ချိန်က အထူးတပ်ဖွဲ့မှာ အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့တဲ့ လင်ယွမ့်ဟာ အထူးလှုပ်ရှားမှု တစ်ခုမှာ သူ့ရဲ့အမှားကြောင့် အဖွဲ့သားတွေနဲ့ ဓားစာခံတွေ အကုန် စတေးသွားခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ သူ့ဘဝအမှန်ကို ဖုံးကွယ်ပြီး နေထိုင်ခဲ့ပါတယ်။နာရီပြင်သူ တစ်ယောက်အနေနဲ့ နေထိုင်နေတဲ့ လင်ယွမ့်ဟာ အပေါ်ထပ်က ရှောင်ယွဲ့ဆိုတဲ့ ကလေးမလေးတစ်ယောက်ကို သမီးလေးတစ်ယောက်လို သံယောဇဉ် တွယ်မိသွားပါတယ်။ ဒုစရိုက်ဂိုဏ်းတွေက ရှောင်ယွဲ့တို့ သားအမိကို အန္တရာယ်ပြုဖို့ ဦးတည်လာသောအခါ......လင်ယွမ့်တစ်ယောက် ဒုစရိုက်ဂိုဏ်းရဲ့ ပြစ်မှုတွေကို တားဆီးနိုင်ပါ့မလား...... ဒုစရိုက်ဂိုဏ်းရဲ့ နောက်ကွယ်က ခေါင်းဆောင်ကြီးကိုရော ဖမ်းဆီးနိုင်လိမ့်မလား...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , War Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Rage Chase ( 2023 )