Channel Myanmar

Yue Dongfeng

Uncle Nine: Return of Zhong Kui (2025) 5.8
Uncle Nine: Return of Zhong Kui (2025) ငယ်ငယ်က မျက်ခုံးတစ်ကြောင်းတည်းနဲ့ ဦးလေးကျိုရဲ့ ခုန်ဆွသရဲကားထဲက ဇာတ်ကောင်တွေကို ပြန်မြင်ရမဲ့ ဦးလေးကျို သရဲနှိမ်နင်းတဲ့ ရုပ်ရှင်အသစ်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-မင်ကော်ခေတ်မှာ ရှင်းဝူးမြို့တရုတ်တိုင်းရင်းသမားတော် ဦးလေးကျိုဟာ ချန်မိသားစု ဘိုးဘေးကန်တော့ဖို့ ပွဲတော်စီစဉ်ပေးချိန်မှာ မမလေးချန်က အသတ်ခံလိုက်ရပါတယ်။ ဦးလေးကျိုဟာ တရားခံက ကျုံးခွေကျောက်ဆွဲကို ဆွဲထားတာ သတိထားမိပြီး သခင်ကြီးချန်နဲ့ ရန်ငြိုးရှိတယ်လို့ သံသယဖြစ်ခဲ့ပါတယ်။တရားခံက နောက်တစ်ကြိမ် လူသတ်ချိန်မှာတော့ ဦးလေးကျိုနဲ့ ရဲအဖွဲ့ခေါင်းဆောင်လျန်တို့အတူပူးပေါင်းပြီး အမှုကို စုံစမ်းမှုတွေ လုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာ တရားခံ မှာ ဘယ်လို ရန်ငြိုးမျိုး ရှိနေသလဲ...... တရားခံကို ဖမ်းမိဖို့ ဦးလေးကျိုတို့ကရော ဘယ်လို အန္တရာယ်မျိုးတွေနဲ့ ကြုံတွေရမလဲ...... ဆိုတာကို ကြည့်ရှု အဖြေရှာလိုက်ရအောင်နော်။ Filesize : 1.45 GB / 763 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Thriller , Mystery Runtime : 1h 7 min Subtitle ...
movie

Uncle Nine: Return of Zhong Kui (2025)

Strange Talk About Heishiling ( 2022 ) 5.9
Strange Talk About Heishiling ( 2022 ) အားလုံးပဲ သိုင်းကားတွေအချစ်ကားတွေ မှုခင်းကားတွေပဲကြည့်ပြီး ရိုးအီနေကြလောက်ရောပေါ့ ဒီတစ်ခါတော့ CMကနေသရဲကားကောင်းကောင်းလေးကို တင်ဆက်ပေးသွားမှာပါ ပဟေဠိပေါင်းစုံ စကားပုံပေါင်းစုံနဲ့ ဟယ်ရှီလင်မြိုကလေး ပိုပြီး လူသိများတာက တော့ ဟယ်ရှီလင်မြိုရဲ့နာကြည်းချက်မြစ်ပါပဲအဲ့မြစ်နာမည်ဘယ်လိုဖြစ်ပေါ်လာရလဲဆိုရင် အငြိုးအာဃာတ မကျေနပ်ချက် နာကြည်းချက်တွေနဲ့ သေဆုံးရသူတွေဟာ မကျွတ်မလွတ်ဘဲ အဲ့မြစ်မှာသရဲတစ္ဆေသွားဖြစ်ကြလိုပါပဲ လတိုင်းရဲ့၁၅ရက်နေ့မြောက်ရောက်ရင် မှော်ဆရာတွေဟာ အဲ့မြစ်ကိုသွားပြီးဝိဉာဥ်ဆင့်ခေါ်ကာ လူပြန်ဝင်စားဖို အာဃာတတွေလွှတ်ချဖို လုပ် ဆောင်ပေးရပါတယ်မလုပ်ဆောင်ပေးနိုင်ဘဲ စိတ်ဆိုးအောင်လုပ်မိရင်တော့ ဟယ်ရှီလင်တစ်ရွာလုံး ဘေးဒုက္ခဆိုးကြီးကျရောက်ပြီး လူတွေသေကြေကြရမှာပါ ဒီဇာတ်လမ်းထဲမှာလည်းအစပြုထားတာကရွှအခေါင်းဆိုင်ကအလုပ်သမား ကျိုးလော့ဟန်ပျောက်ဆုံးရာကနေစတင်ခဲ့တာပါ သူက လျိုအိမ်တော်ကလူနှစ်ယောက်သေဆုံးချိန်ရှိသောလူ သူမိန်းမသေဆုံးပြီးပျောက်သွားသောလူဖြစ်တာကြောင့် စုံထောက်လျိုကဒီကိစ္စကိုစုံစမ်းဖို ဟယ်ရှီလင်ရွာရောက်လာပါတော့တယ် အယုံအကြည်မရှိတဲ့လူက ဘယ်လိုဖြစ်ရပ်ဆန်းတွေ ကြုံတွေ့ရမလဲ? တကယ့်တရားခံကရော ဘယ်သူလဲ? ဒီကိစ္စကိုရော ကိုင်တွယ်နိုင်ပါ့မလား?ဆိုတာ ဇာတ်လမ်းလေးထဲ ရင်တဖိုဖိုနဲ့ ကြည့်ကြရအောင်နော် Filesize : 1.27 GB / 611 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Thriller, Mystery Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Strange Talk About Heishiling ( 2022 )

The Demon Hunter (2025) 5.8
The Demon Hunter (2025) မိစ္ဆာနှိမ်နင်းသူတစ်ယောက်နဲ့သူ့ရဲ့ဇနီးဟာအရမ်းချစ်ခဲ့ကြတယ်။ လူသားမိစ္ဆာမခွဲခြားပဲလူတိုင်းကိုမေတ္တာထားတတ်တဲ့သူ့ရဲ့မိန်းမလေးဟာ တစ်နေ့မှာတော့ မိစ္ဆာရဲ့လက်မှာသေဆုံးသွားခဲ့ပါတယ်။ ရသေ့ကြီးတစ်ပါးက မိစ္ဆာဝိညာဉ်တစ်ထောင်ကိုစုပြီး ဇာမဏီငှက်မွှေးနဲ့ပေါင်းစပ်လိုက်ရင် သူ့ရဲ့ချစ်သူကို အသက်ပြန်သွင်းပေးနိုင်လို့ပြောပါတယ်။အချစ်ကြောင့်ဘာမှမမြင်နိုင်တဲ့မိစ္ဆာနှိမ်နင်းသူဟာ သူ့အချစ်ကိုအသက်ပြန်သွင်းဖို့ခရီးကိုစတင်လိုက်ပါတယ်။ မိစ္ဆာတွေရဲ့ဝိညာဉ်ကိုလိုက်စုနေရင်း တစ်နေ့မှာမိစ္ဆာတွေဟာလဲ လူသားတွေလိုပဲအချစ်ရှိပြီး အချစ်အတွက်နဲ့အသက်ကို စွန့်ဝံ့တယ်ဆိုတာသိလိုက်ရပါတယ်။ဒါပေမယ့် သူ့ရဲ့ဇနီးလေးကိုအသက်ပြန်သွင်းဖို့ဆက်ပြီးကြိုးစားနေတုန်းပါပဲ။တစ်ဖြည်းဖြည်းနဲ့မိစ္ဆာတွေဟာသူထင်သလောက်မဆိုးမှန်းသိလာရပြီးတော့ လူသားတွေဟာလဲထင်ထားတာထပ်ပိုပြီးယုတ်မာနိုင်တယ် ဆိုတာကိုသိလာရပါတယ်။ ကံကြမ္မာကိုတွန်းလှန်မယ့်သူ့ရဲ့ ခရီးဟာနောက်ဆုံးမှာဘယ်လိုအဆုံးသတ်မလဲ...... Filesize : 1.22 GB / 677 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Adventure , Fantasy Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie

The Demon Hunter (2025)

Fox Demon Legend (2025) 5.6
Fox Demon Legend (2025) ဟိုးယခင်တည်းက တရုတ်ပြည်ကြီးမှာ နာမည်ကြီးတဲ့ဓလေ့ထုံတမ်းစဉ်လာတခုရှိကြတယ်။ ဒါကတော့ မွေးမွေးချင်းမငိုတတ်တဲ့မွေးကင်းစကလေးတွေဟာ သရဲ တစ္ဆေစတဲ့နာနာဘာဝတွေကိုမြင်နိုင်ပြီးတော့ အနာဂတ်ကိုကြိုတင်မြင်နိုင်စွမ်းရှိကြတယ်လို့ပြောကြတယ်။ဒီလိုမွေးကင်းစကလေးတွေကို ဒေသအလိုက် ပြောင်းခေါ်လေ့ရှိပြီးတော့ ဒီကားလေးထဲမှာချင်းရွှေမြို့ဆိုတဲ့မြို့လေးတစ်မြို့မှာတော့ သူတို့ကိုသိုက်ကလာသူတွေလို့ခေါ်ကြတယ်။တနေ့မှာ ရွာအကြီးအကဲမိသားစုထဲ သမီးလေးတစ်ယောက်မွေးဖွားလာပြီးတော့သူ့ကို ကျင်းလင်လို့အမည်မှည့်ပေးခဲ့တယ်။အဲ့သမီးလေးက သိုက်ကလာသူဖြစ်နေမှန်းသိကြတဲ့အခါ ရွာသားတွေက သူ့သမီးကိုဖမ်းချုပ်ပြီး သမီးခန္ဓာကိုယ်ထဲကမြေခွေးမကောင်းဆိုးဝါးကို ဖယ်ထုတ်ဖို့မီးရိူ့သတ်ပစ်ကြိုးစားကြပါတော့တယ်။ဒီအချိန်မှာပဲ မြေခွေးဖြူလေးတကောင်ရွာထဲကိုရောက်လာတဲ့အချိန်မှာ ရွာသားတွေကကျင်းလင်ဟာမြေခွေးမကောင်းဆိုးဝါးဖြစ်ကြောင်း ပိုမိုယုံကြည်လာကြတဲ့အချိန်မှာ စုန့်ထိုက်လိုင်လို့အမည်တွင်ပြီး သိုင်းလောကမှာတော့ သခင်ကြီး (၉) လို့နာမည်တွင်တဲ့အဖိုးအိုက လာရောက်တားဆီးပြီးကျင်းလင်ကိုကယ်တင်ပေးခဲ့တယ်။အဲ့အချိန်ကနေစပြီး ချင်းရွှေမြို့မှာဆက်တိုက်ထူးဆန်းတဲ့ကိစ္စတွေပေါ်ပေါက်လာပြီးတော့ ဒီအမှုကိုဖြေရှင်းပေးဖို့သခင်ကြီး (၉) ကိုတောင်းဆိုတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ Filesize : 1.40 GB / 705 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Thriller , Horror , Mystery Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Fox Demon Legend (2025)

Atrocious ( 2025 ) 5.6
Atrocious ( 2025 ) မင်ကော်ခေတ်အတွင်းမှာ ဓားပြတစ်ဖွဲ့ကြောင့် ရှန်မိသားစုရွာ တစ်ခုလုံး ခေါင်းဖြတ်သတ်ခြင်း ခံခဲ့ရပါတယ်။ နောက်မှာတော့ ရှန်မိသားစုရဲ့ ရွှေ ၈ အိုး၊ ငွေ ၈ အိုးနဲ့ ကျောက်စိမ်းရတနာ ၈ အိုးကို အဲဒီရွာမှာ ရှိကြောင်းကောလာဟလ ပြန့်နေတဲ့အတွက် လူမိုက်တွေက ရွာပျက်မှာ လာရောက် စုဝေးနေကြပါတယ်။ ဒါပေမဲ့ ရွာပျက်ထဲကို ဝင်လိုက်တာနဲ့ ခေါင်းပြတ်သရဲ တွေရဲ့ ခြောက်လှန့်ခြင်း၊ ပုံရိပ်ယောင်တွေ မြင်ရခြင်း စတဲ့ ထိတ်လန့်စရာ အဖြစ်တွေနဲ့ ကြုံတွေ့ခဲ့ကြပါတယ်။လူမိုက်အဖွဲ့က ရတနာကို ရှာတွေ့နိုင်မလား...... ရှန်မိသားစုရွာ တစ်ရွာလုံးကို ရက်စက်စွာ သတ်ဖြတ်သွားတဲ့ သမိုင်းကြောင်းက ဘယ်လိုဖြစ်မလဲ...... ခေါင်းပြတ်သရဲတွေကရော တကယ်ရှိနေသလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 0.98 GB / 538 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Adventure , Mystery Runtime : ...
movie

Atrocious ( 2025 )

The Flower and the Empress ( 2019 ) 6.1
The Flower and the Empress ( 2019 ) The Flower And The Empress (2019) ဆိုတဲ့ကားလေးကို CM ချစ် ပရိသတ်တွေအတွက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးကတော့ ဘုရင်မအုပ်ချုပ်ချိန် မ ဝါဒကြီးစိုးချိန်ကာလကို နောက်ခံထားရိုက်ကူးပြထားတာပါ... ဒီကားလေးမှာ ဘုရင်မကြီးရဲ့ အချစ်ရဆုံးနဲ့ အားအထားရဆုံး တတိယမင်းသမီးလေး လန်ရှီဟာ ဒေသခံတစ်ခုကို စုန်းမနက်ဂိုဏ်းက ကယ်တင်ပေးရာကနေ... ဒေသခံ ဇာတ်နိမ့်အမျိုးသားတစ်ဦးကို သတိထားမိခဲ့ရာကနေ စစ်သူကြီးဆိုတဲ့ရာထူးကို အမျိုးသမီးမဟုတ်ဘဲ အမျိုးသားတစ်ယောက်သာ တာဝန်ထမ်းဆောင်ရင် ဘယ်လိုဖြစ်မလဲလို့ စတင်တွေးမိခဲ့တယ်...တစ်ဖက်မှာလဲ မြင်မြင်ချင်းအချစ်လို့ဆိုရမလား. ဒုက္ခရောက်နေချိန်မြင်လိုက်ရတဲ့ ကောက်ရိုးမျှင်လေးကြောင့်လို့ပဲဆိုရမလား... တတိယမင်းသမီးကယ်တင်ခံခဲ့ရတဲ့ ချောင်ရှန်းတစ်ယောက်ဟာ တတိယမင်းသမီးရှိတာ မြို့တော်ကို ချက်ချင်းဆိုလို တတိယမင်းသမီးရဲ့မြင်းနောက်က တောက်လျှောက်လိုက်သွားခဲ့သလို...လေ့ကျင့်ရေးကျောင်းက ရွေးချယ်ခံရတဲ့ အမျိုးသားတွေက မင်းမျိုးနွယ်တွေကို ခစားခွင့်ရှိမယ်ဆိုတာကို သိထားတာကြောင့် ဒီကျောင်းဝင်ခွင့်ရဖို့ပါကြိုးစားခဲ့ပြီး တင်းယွမ်ဆိုတဲ့ ပထမတန်းစား ခစားသူအဖြစ် အရွေးခံရပြီးနောက် ချောင်ရှန်းတစ်ယောက် သူ့နှလုံးသားထဲကတတိယမင်းသမီးလေးကို ဆုံဖို့ နန်းတော်ကို ခစားဝင်ခွင့်ရခဲ့တယ်...ကဲ သူတို့ တကယ်ဆုံမှာလား... ဆုံပြီးရင်ရော ဒီလို ဝါဒကြီးစိုးနေတဲ့လောကကြီးမှာ သူတို့အချစ်ဇာတ်လမ်းရော ဖြောင့်ဖြူးပါ့မလားဆိုတာ ဒီဇာတ်လမ်းလေးဒေါင်းကြည့်လိုက်နော်~ Filesize : 1.15 GB / 633 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Romance  Runtime : 1h 18 ...
movie

The Flower and the Empress ( 2019 )

Five Elements ( 2022 ) 6.2
Five Elements ( 2022 ) CM ချစ်ပရိသတ်တွေအတွက် သိုင်းကားကောင်းလေးမိတ်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးက လွန်လေပြီးသော နှစ်ပေါင်းများစွာက ရှေးလူကြီးတွေက ရေမီးသစ်သား မြေ သတ္တု ဆိုတဲ့ ဒြပ်စင် ၅ မျိုးကို ဖော်စပ်ခဲ့ပြီး ဒီ ဒြပ်စင် ၅ ပါးရဲ့ အရှင်သခင်တွေက လောက ဘေးကင်းဖို့ကို ထိန်းသိမ်းဖို့ တာဝန်အသီးသီးယူဖို့ ကြံရွယ်ခဲ့တယ်...ဒါပေမယ့် ဒီရတနာအကြောင်းသိတဲ့ မသမာသူတွေက ဒီဒြပ်စင် ၅ပါးကို လက်ထဲအရယူပြီး လောကကို အုပ်စိုးဖို့ကြံခဲ့တယ်...ဒီလိုနဲ့ အာဏာနဲ့ ဂုဏ်၊ ကြွယ်ဝချမ်းသာမှုက အရေးကြီးတယ်လို့ ထင်ထားတဲ့ ဟင်းရွက်သည်လေး ယန်ရိကျင်းတစ်ယောက် သတ္တုအရှင်သခင်ဖြစ်လာခဲ့ချိန်မှာတော့... လောကရဲ့ တကယ့်တန်ဖိုးရှိတဲ့အရာကို ဆုံးရှုံးခဲ့ရပါတယ်... ဒါကြောင့်လည်း အချိန်ခရီးသွားချိန်မှာ သူဘာကိုပြောင်းလဲနိုင်မယ်ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ...ကဲ ဒြပ်စင် ၅ ပါးကို ဘယ်လို ကာကွယ်ကြမယ်... ရိကျင်းဆုံးရှုံးသွားတာက ဘာလဲ.... အချိန်ခရီးသွားပြီး ဘာပြောင်းလဲနိုင်မလဲ.... ဇာတ်ကားလေးကြည့်လိုက်တော့နော်..... Filesize : 1.30 GB / 699 MB Quality : WEB-DL 1080p HEVC , 720p  HEVC Format : mp4 Genres : Action , Adventure , Fantasy Runtime ...
movie

Five Elements ( 2022 )

The Master Returns: Ghost Prisoner ( 2024 ) 5.9
The Master Returns: Ghost Prisoner ( 2024 ) တရုတ်ဗေဒင်ပညာကို ကျွမ်းကျင်တဲ့ ကျန်းကျိုယင်းဟာ တပည့်ဖြစ်တဲ့ ကျောင်းချိုင်နဲ့ ကျင့်ပေါင်နဲ့အတူ စစ်ဟိုင်မြို့ကို ရောက်လာပါတယ်။ အမှန်တော့ လီမိသားစုက မင်္ဂလာပွဲဖိတ်လို့ လာတာ ဖြစ်ပေမဲ့ အဲဒီမင်္ဂလာပွဲက လူသေတွေအတွက် လုပ်ပေးတဲ့ တမလွန်မင်္ဂလာပွဲဆိုတာ မသိခဲ့ဘူး ဖြစ်ပါတယ်။မထင်ထားဘဲ မင်္ဂလာပွဲညမှာ ထူးဆန်းအဖြစ်တွေ ဖြစ်ပြီး လီမိသားစုမှာရှိသမျှ အစေခံအမျိုးသားတွေ အားလုံးသေပြီး အစေခံအမျိုးသမီးအားလုံး ပျောက်သွားခဲ့ပါတယ်။ မှုခင်းက ထူးဆန်းပြီး သဲလွန်စရှာမရ ဖြစ်နေတဲ့အတွက် မြို့သူမြို့သားတွေကြားမှာ လီမိသားစုမှာ သရဲခြောက်ကြောင်း ကောလာဟလက ညတွင်းချင်း ပျံ့သွားခဲ့ပါတယ်။ဦးလေးယင်းကလည်း အစေခံအမျိုးသမီးတွေ ပျောက်ဆုံးမှုကို စုံစမ်းရှာဖွေဖို့အတွက် ထမင်းဆိုင် ဆိုင်ရှင်နဲ့ သိကျွမ်းခဲ့ပြီး ကင်းလှည့်အဖွဲ့ခေါင်းဆောင်နဲ့အတူ စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်။ ဦးလေးယင်းတို့အဖွဲ့ နောက်ကွယ်ကတရားခံအစစ်ကို ရှာတွေ့နိုင်ပါ့မလား...... တရားခံကို လိုက်ရှာတဲ့အချိန်မှာရော ဘယ်လို အန္တရာယ်မျိုးတွေနဲ့ တွေ့ရမလဲ...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.17 GB / 626 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : ...
movie

The Master Returns: Ghost Prisoner ( 2024 )

Tomb Guarding Man (2024) 5.7
Tomb Guarding Man (2024) ဒီဇာတ်ကားကတော့ သင်္ချိုင်းစောင့်သူတွေရဲ့ ရာဇဝင်နဲ့ မြွေပါကတိုးဝါတွေက ရှေးဟောင်းသင်္ချိုင်းတွေကို စောင့်ရှောက်ကြတယ်ဆိုတဲ့ ဒဏ္ဍာရီကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ -သင်္ချိုင်းစောင့်မိသားစုဖြစ်တဲ့ စစ်အိမ်တော်က မြေးအဖိုးက သင်္ချိုင်းသူခိုးကုလင်နဲ့ပတ်သတ်မိလို့ ဝိညာဉ်ပူးပြီး အဖြစ်ဆိုးနဲ့ကြုံခဲ့ရပါတယ် ၊ မြို့ခံတွေပြောပုံအရတော့ ကုလင်က စစ်အိမ်ရဲ့မြေးဖြစ်သူ စစ်ယွီရှီးကိုသဘောကျတာကို အဘိုးဖြစ်သူက လက်မခံတာကြောင့် လက်စားချေတယ်လည်းပြောကြပါတယ် ။ဘယ်လိုပဲဖြစ်ဖြစ် စစ်အိမ်တော်က မြေးအဖိုးသေသွားပြီး ၊ ဘယ်သူမှမဝင်နိုင်တဲ့ရှေးဟောင်းသင်္ချိုင်းကိုဝင်နိုင်ခဲ့တဲ့ ကုလင်ဆီမှာ သင်္ချိုင်းကနေရလာတဲ့ရတနာတွေရှိတယ်ဆိုပြီး သတင်းပျံ့သွားချိန်မှာတော့ ရတနာတွေကို မက်မောတဲ့ သင်ွချိုးသူခိုးတွေ အန့်လင်မြို့ကိုရောက်လာပြီး မြို့သူမြို့သားတွေရဲ့ အသက်အန္တာရာယ်ကိုချိန်းခြောက်လာပါတော့တယ် ။ဇာတ်လမ်းထဲမှာ plot twist တွေနဲ့အတူ ကိုယ်ထင်ထားတာတွေက အမှန်မဟုတ်ဘဲ တစ်မျိုးပြီးတစ်မျိုး မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေဆက်တိုက်ဖြစ်နေမှာမို့ မပျင်းရမှာသေချာပါတယ်နော်။ ဇာတ်ကားလေးထဲမှာပဲ အဆုံးမှာဘယ်လိုတွေဖြစ်သွားလဲဆိုတာကို ကြည့်ရှူ့လိုက်ကြပါဦး Filesize : 708 MB / 408 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Mystery Runtime : 1h 13 min Subtitle ...
movie

Tomb Guarding Man (2024)

The Zombies ( 2024 ) 5.8
The Zombies ( 2024 ) ကွမ်ကျိုးမြို့ရဲ့ ဆိပ်ကမ်းကနေ မြို့ထဲကိုလာတဲ့လမ်းမှာ ရှေးဟောင်းဘုရားကျောင်းကြီးတစ်ကျောင်းရှိပါတယ် ။ အဲဒီရှေးဟောင်းဘုရားကျောင်းကြီးက မကောင်းတဲ့အငွေ့အသက်အရမ်းပြင်းပြီးတော့ ပုပ်စော်တွေလည်းနံပါတယ်တဲ့ ။တစ်ခါတစ်ခါဆို ဘုရားကျောင်းထဲကနေ တဟူးဟူးအော်သံတွေပါကြားရတတ်ပါတယ် ။ တချို့လူတွေကတော့ လေတိုးသံလို့ပြောပေမဲ့ မြို့ထဲက တတ်သိနားလည်တဲ့လူကြီးတွေကတော့ အဲဒီဘုရားကျောင်းထဲမှာ စွန့်ပစ်ထားကြတဲ့ ပိုင်ရှင်မဲ့အလောင်းတွေရဲ့ လေလွင့်ဝိညာဉ်တွေက အော်တယ်ဆိုပြီး ပြောကြပါတယ် ။ဒီလိုဒွိဟဖြစ်စရာ ကောလ‌ဟယလတွေကြားမှာ အင်္ဂလိပ်တွေက အဲဒီလမ်းကနေ မြို့ထဲကိုဘိန်းမှောင်ခိုတင်သွင်းဖို့လုပ်ပါတော့တယ် ။ အဲဒီဘိန်းမှောင်ခိုတင်သွင်းတဲ့လှည်းတန်းကြီး ရှေးဟောင်းဘုရားကျောင်းကဖြတ်တဲ့အချိန်မှာတော့ မထင်မှတ်ထားတဲ့ ပြဿနာတွေပေါ်ပေါက်လာပါတော့တယ် ။ဟိုတုန်းက‌ ဟောင်ကောင်ဖုတ်ကောင်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ကြတဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကျန်တာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Mystery , Action Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

The Zombies ( 2024 )

The Tiger King Returns ( 2024 ) 5.8
The Tiger King Returns ( 2024 ) အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တရုတ်နိုင်ငံရဲ့ စစ်ရေးရှုပ်ထွေးလှတဲ့ ခေတ်မှာ ဖြစ်ပါတယ်။ ကျားဖြူကို တောင်နတ်အဖြစ် ကိုးကွယ်တဲ့ ပိုင်ထိုရွာမှာ ကံကောင်းခြင်းချီးမြှင့်ဖို့ ဆုတောင်းတဲ့ပွဲမှာ ကျားဖြူတစ်ကောင် ရုတ်တရက်ရောက်လာပြီး ရွာသူရွာသားတွေကို တိုက်ခိုက်ပါတော့တယ်။အဲ့ဒါကြောင့် ရွာသူရွာသားတွေဟာ ပိုင်ထိုရွာက အတော်ဆုံး မုဆိုးဖြစ်သူ ချူကျန်းကို ကျားဖြူကို ဖမ်းဆီးသတ်ဖြတ်ဖို့ တောင်းဆိုကြပါတယ်။ ချူကျန်းတစ်ယောက် ကျားဖြူကို ဖမ်းဆီးနိုင်ပါ့မလား...... ကျားဖြူကြီးက ရွာသားတွေကို လိုက်လံသတ်ဖြတ်နေခြင်းရဲ့ နောက်ကွယ်မှာရော ဘယ်လို အကြောင်းရင်းမျိုးတွေရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ သဲထိတ်ရင်ဖို ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK  
movie

The Tiger King Returns ( 2024 )

Strange Things in Western Hunan ( 2024 ) 5.7
Strange Things in Western Hunan ( 2024 ) ဒါကတော့ တရုတ်ရိုးရာထူးဆန်းထွေလာ ရှေးဟောင်းသင်္ချိုင်းဖောက်ထွင်းတဲ့ စွန့်စားခန်းတွေနှစ်သက်တဲ့သူတွေအတွက်ကားကောင်းလေးပဲဖြစ်ပါတယ်။ ကွမ်းရှန်းဂိုဏ်းကသင်္ချိုင်းဖောက်ထွင်းသမားတစ်ယောက်ဖြစ်တဲ့ ဖုန်းလန်ချင်းဟာတစ်နေ့မှာ ချစ်သူနဲ့အတူစွန့်စားရင်း ချစ်သူကိုဆုံးရှုံးခဲ့ရတယ်။အဲဒါကြောင့်သင်္ချိုင်းဖောက်ထွင်းတဲ့အလုပ်ကိုမလုပ်တော့ပဲ ဇာတ်မြှုပ်ရင်း ဖုန်းရွှေဆရာတစ်ယောက်အဖြစ်နဲ့ပဲနေထိုင်နေခဲ့တယ်။ တစ်နေ့မှာတော့ ရွာတစ်ရွာမှာ ထူးဆန်းတဲ့ဖြစ်ရပ်ကြောင့် ရူးသွားတဲ့မိန်းမတစ်ယောက်ကိုအပနှင်ပြီးကုပေးဖို့အတွက် ရောက်လာခဲ့တယ်။ ထင်မှတ်မထားတာက ဒါတွေက သားရဲ့အသက်ကိုကယ်ချင်တဲ့ အဖိုးကြီးတစ်ယောက်ရဲ့လုပ်ရပ်တွေပဲဖြစ်နေတယ်။သားကိုကယ်ဖို့အတွက်ရှေးဟောင်းသင်္ချိုင်းကိုဖွင့်ပေးဖို့ အကြပ်ကိုင်တောင်းဆိုလာတဲ့အတွက် သူကရှေးဟောင်းသင်္ချိုင်းထဲကိုတစ်ဖန်ပြန်ဝင်ဖို့ဖြစ်လာခဲ့တယ်။ ဒဏ္ဍာရီထဲကလိုသေရာကပြန်ရှင်အောင်လုပ်နိုင်မယ်ဆေးဟာတကယ်ရှိနိုင်ပါ့မလား။ ထောင်ချောက်တွေအဆင့်ဆင့်နဲ့ရှေးဟောင်းသင်္ချိုင်းကပြန်ထွက်လာနိုင်ကြပါဦးမလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Adventure , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Strange Things in Western Hunan ( 2024 )

The Legend of Detective Sleek Rat 5: Disaster of Xiao Yao Faction (2019) 5.8
The Legend of Detective Sleek Rat 5: Disaster of Xiao Yao Faction (2019) ဒါလေးကတော့ အပိုင်း (4) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီး အကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ်The Legend of Detective Sleek Rat – Channel Myanmarငြိမ်းချမ်းသာယာတဲ့ ချင့်ယန်ခရိုင်မှာ ရုတ်တရက် လူသတ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ယန့်မင်းသားကြီးရဲ့ သားတော်မင်္ဂလာပွဲမှာ သတို့သမီးက မင်္ဂလာဦးညမှာ ထူးဆန်းစွာသေဆုံးသွားခဲ့ပါတယ်။ တရားခံက အဓမ္မကျင့်ခဲ့ပြီးမှ သတ်သွားခဲ့တာဖြစ်ပါတယ်။ ထူးဆန်းတာက သတို့သမီးဟာ သေဆုံးချိန်မှာ မျက်နှာက ပြုံးနေပြီး နာကျင်မှုမရှိသလို ပုံပေါက်နေပါတယ်။သူရဲကောင်းစုံထောက်ပိုင်ယွိထန်နဲ့ ကျန်ကျောင်းတို့ဟာ ရှောင်းယောင်ဂိုဏ်းမှလုပ်တယ်လို့ သံသယဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါတော့တယ်။ အဲ့နောက်မှာတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က လျှို့ဝှက်ချက်တွေ ပေါ်ထွက်လာပါတော့တယ်။လူသတ်တရားခံက ဘယ်သူဖြစ်မလဲ...... လွန်ခဲ့တဲ့ ၁၅ နှစ်က ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres ...
movie

The Legend of Detective Sleek Rat 5: Disaster of Xiao Yao Faction (2019)

The Legend of Detective Sleek Rat 4: Dreamlike Song (2018) 5.8
The Legend of Detective Sleek Rat 4: Dreamlike Song (2018) ဒါလေးကတော့ အပိုင်း (၃) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီး အကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ်The Legend of Detective Sleek Rat – Channel Myanmar" သူတောင်းစားဂိုဏ်းတိုက်ခိုက်ခံရတာနဲ့ နန်းမြို့ပြန်အရာရှိ တိုက်ခိုက်ခံရတဲ့အမှု့နှစ်ခုလုံးက လော့ယန်မြို့မှာဖြစ်ပွားခဲ့ပါတယ် ပြီးတော့အဲဒီနှစ်မှု့လုံးကလည်း ခိုင်းဖုန်းရုံး‌‌တော်ဆီရောက်လာတဲ့ သတင်းတွေအရဆို ဦးရီးတော်နင်နဲ့ ပတ်သတ်လို့နေပါတယ်"ဒီလိုနဲ့ ပေါင်လူကြီးမင်း ပေါင်တရားသူကြီးက ယုံကြည်ရတဲ့ သူ့ရဲ့လူယုံတွေဖြစ်တဲ့ သူရဲကောင်းပိုင် (သို့) ပိုင်ယွိထန်နဲ့ တော်ဝင်ကိုယ်ရံတော်ကျန်ကျောင်းကို ဦးရီးတော်နင်ရဲ့မွေးနေ့ပွဲကိုအခွင့်ကောင်းယူပြီး လော့ယန်ကိုသွားပြီးအမှုစစ်စေခဲ့ပါတယ် ။ဒါပေမဲ့ မမျှော်လင့်ထားဘဲ ပိုင်ယွိထန်တစ်ယောက် ဦးရီး‌တော်နင်လက်အောက်က ရွှယ့်မုန်အဖွဲ့အစည်းရဲ့ ခန်းမခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ထူပေါင်ကိုမတော်တဆသတ်မိသွားရာက...ရွယ့်မုန်အဖွဲ့အစည်းက ပိုင်ယွိထန်အပေါ်ဘယ်လိုအငြိုးအတေးထားကြမလဲ ၊ ဦးရီးတော်နင်ကရော လက်ပိုက်ကြည့်နေမလား.. ဒီနောက်ကွယ်မှာရော တစ်ယောက်ယောက်ရှိနေမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Adventure , Mystery Runtime : 1h 28 min Subtitle ...
movie

The Legend of Detective Sleek Rat 4: Dreamlike Song (2018)

Fight Through The Yin-Yang House ( 2023 ) 5.7
Fight Through The Yin-Yang House ( 2023 ) ဒီတခေါက်မှာတော့ CM ရဲ့ ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-မင်ကော်ခေတ်မှာ သင်္ချိုင်းဖုန်းရွှေကြည့်တဲ့ အယူတွေကို အလေးထားကြပါတယ်။ "ချမ်းသာဖို့နေအိမ်ကြည့်၊ ရာထူးတိုးဖို့ သင်္ချိုင်းကြည့်" ဆိုပြီး ပြောနေကြပါတယ်။ ဆရာယင်းယန်ရဲ့ တာဝန်ကတော့ နဂါးဂူတည်ရာကိုရှာပြီး နေအိမ်နဲ့ သင်္ချိုင်းအတွက် နေရာကောင်းတွေကို ရှာဖွေပေးဖို့ဖြစ်ပြီးတော့ လူအများရဲ့ လက်ခံခြင်းကို ခံရပါတယ်။မြေနတ်အမည်ရတဲ့ ကောယင်းယန်ဟာ လင်ရှန်းမြို့မှာ ကျေးဇူးရှင်ကျန့်ဝုန်းကို လာရောက်ရှာဖွေချိန်မှာပဲ လင်ရှန်းမြို့မှာ ဆန်းကြယ်တဲ့ ကြွက်အိမ်ထောင်ပြုပွဲတစ်ခု ရှိတာတွေ ဖုန်းရွှေနေရာကောင်းမှာရှိတဲ့ မိသားစုတစ်စု သေဆုံးရခြင်းအကြောင်းတွေကို ကြားသိခဲ့ရပါတယ်။ဖုန်းရွှေခိုးပြီး ချမ်းသာလာတဲ့ ညီအစ်ကို ၂ ယောက်ဟာ ၃ နှစ်တိတိ မိခင်အတွက် ဝမ်းနည်းမှုကို ပြသခဲ့ပါတယ်။ ဒါတွေက အစစ်တွေလား အတုအယောင်တွေလား...... သဲလွန်စအားလုံးဟာ ပုံပြင် ၃ ခုနဲ့ ဆက်နွယ်နေပါတယ်။အကျိုးနဲ့အကြောင်းဟာ သံသရာလည်နေပြီး နောက်ကွယ်က လျှို့ဝှက်ချက်တွေ ပေါ်ထွက်လာပါတယ်။ သရဲတစ္ဆေထက် ကြောက်ဖို့ကောင်းတဲ့ လူ့စိတ်ဆိုတဲ့အရာကို ဘယ်လို ဖော်ထုတ်ကြမလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်ပြီး ကြည့်ရှုခံစားလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : ...
movie

Fight Through The Yin-Yang House ( 2023 )

League of Gods: Zhou Destruction I (2023) 6
League of Gods: Zhou Destruction I (2023) ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှ န်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲ ဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကို ဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာ ဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။ Quality ...
movie

League of Gods: Zhou Destruction I (2023)

Judge Bao: Intrigues at Academy ( 2023 ) 6
Judge Bao: Intrigues at Academy ( 2023 ) ပေါင်ချိန်fanတွေအတွက်လူငယ်ပေါင်ချိန်ရုပ်ရှင်ကားလေး CM ကနေတင်ဆက်ပေးလိုက်ပါတယ်။ ပေါင်ချိန်တစ်ယောက်တရားသူကြီးမဖြစ်ခင် အရာရှိငယ်လေးဘဝကို အခြေခံပြီးရိုက်ထားတာဖြစ်ပါတယ်။ ဒီ အမှုကိုဖြေရှင်းပြီးမှကျားခေါင်းဓားစက်ကို ပေါင်ချိန်ရရှိလာတာပါ။နန်းတွင်းစာမေးပွဲကြီးကျင်းပခါနီးမှာ ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် ထူးထူးဆန်းဆန်းသေသွားကြတယ်။ ထူးဆန်းတဲ့သေပုံတွေကြောင့် ငရဲမင်းကအသက်နှုတ်ယူသွားတာပါဆိုပြီး ကောလဟာလတွေ ထွက်လာပါတယ်။ ပေါင်ချိန်ရဲ့ ဆရာပြီးတဲ့ ကျောင်းအုပ်ဆရာကြီးကလဲပျောက်နေတာကြောင့် စုံစမ်းဖို့ရာ စာသင်ကျောင်းကိုပေါင်ချိန်နဲ့ကျန်ကျောင်းတို့ ရောက်လာခဲ့ကြပါတယ်။နှစ်ယောက်သားစုံစမ်းရင်းနဲ့ လူသတ်မှုက တဖြည်းဖြည်းအဖြစ်မှန်ပေါ်လာပြီး ပ ညာရှိစာမေးပွဲရဲ့နောက်ကွယ်မှာ ပိုလေးနက်တဲ့ နန်းတွင်းရေးရာတွေပါဝင်နေကြောင်းကိုသိလိုက်ရတဲ့အခါ…… Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Judge Bao: Intrigues at Academy ( 2023 )

Di Renjie and the Flying Demon Head ( 2020 ) 6
Di Renjie and the Flying Demon Head ( 2020 ) စုံထောက်သိုင်းကားတွေကို နှစ်သက်တဲ့ သူတွေအတွက် effect လှလှလေးတွေနဲ့ သဲထိတ်ရင်ဖိုဖြစ်စေမဲ့ စုံထောက်ကြီးဒီးရန်ကျယ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ဆုတောင်းပွဲတော်လုပ်နေစဉ်အချိန်တွင်းမှာ ကောင်းကင်ပေါ်မှ ခေါင်းပျံကြီးတစ်ခု ထွက်လာကာ နန်းတွင်းတပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ချက်ချင်းပဲ တစ်မြို့လုံးမှာ မိစ္ဆာတံခါးပွင့်ပြီဆိုပြီး သတင်းပြန့်သွားပါတော့တယ်။ ဒီးရန်ကျယ်နဲ့ ဟဲ့လျန်ထူရှိုးတို့ ပူးပေါင်းပြီး အမှုလိုက်ရာမှာ အခက်အခဲအများအပြားနဲ့ တွေ့ခဲ့ရပါတယ်။ ဒီးရန်ကျယ်တို့အဖွဲ့ဟာ လျှို့ဝှက်တဲ့ ပေမင်တစ္ဆေမြို့ကိုရောက်လာပြီး ပုန်းခိုတိုက်ခိုက်ခံရသဖြင့် အသက်ပေးရမလို ဖြစ်ခဲ့ပါသေးတယ်။လော့ယန်ကို ပြန်ရောက်ပြီးနောက် ကောင်းကင်ပေါ်မှာ မိစ္ဆာနိမိတ်ဆိုးတွေ ပြနေပြီး အန္တရာယ်အပြည့် ဖြစ်နေပါတယ်။ နောက် ၅ ရက်အကြာမှာ ကျောင်း ၇ ကျောင်းပွဲတော်ကို ပြုလုပ်တော့မှာဖြစ်လို့ အမှုကို ဖြေရှင်းနိုင်ဖို့ အလျင်လိုနေပါတယ်။ဒီးရန်ကျယ်တစ်ယောက် အမှုကို အချိန်မီ ဖြေရှင်းနိုင်ဖို့ ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံတွေ့ရပြီး ဖြေရှင်းမလဲဆိုတာကို ရုပ်ရှင်လေးနဲ့အတူ သဲထိတ်ရင်ဖို ခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar ...
movie

Di Renjie and the Flying Demon Head ( 2020 )

Folklore Qizz Class ( 2023 ) 6
Folklore Qizz Class ( 2023 ) တစ္ဆေပွဲတော် ညတစ်ည မသန့်ရှင်းတဲ့ အရာတွေ လူတွေကြားထဲကို ဝင်ရောက်ပျော်မြူးသည့်အချိန်...? ချန်ရှိူ့ မြို့တော်ကြီးမှာ ထူးဆန်း ထိတ်လန့်ဖွယ်ကောင်းတဲ့ အရာတွေဖြစ်ပေါ်လာခဲ့ပါတယ် ။ ရွှီထျန်းယို့လိုခေါ်တဲ့ ဆင်းရဲသားကောင်လေးဟာ တစ္ဆေပွဲတော်ညမှာ အစာရှာဖို့ အပြင်ထွက်ရင်း ကစားပွဲတစ်ခုကို ထူးထူးဆန်းဆန်း ကစားနေကြတဲ့ လူတစ်စုနဲ့ တွေ့ရှိခဲ့ပါတယ် ။စူးစမ်းလိုစိတ်အပြည့်ရှိတဲ့ ရွှီထျန်းယို့ဟာလဲ သူတို့နဲ့ အတူတူ ဝင်ရောက်ကစားခဲ့ပြီး အဲဲဒီလူတစ်စုဟာ သရဲတွေ ဖြစ်နေတဲ့ အကြောင်း သိရှိသွားတဲ့အခါ....? အိမ်ကို အမြန်ပြန်လာခဲ့ပေမယ့် သူရဲ့ တစ်ဦးတည်းသော မိခင်ကြီးဟာ ထူးဆန်းစွာနဲ့ သေဆုံးနေခဲ့ပါတော့တယ် ။အဲဒီ ထူးဆန်းတဲ့ ဖြစ်စဥ် ဖြစ်ပြီးချိန်မှ စတင်ပြီး မြို့တော်အတွင်း ထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေကြုံလာကာ မြို့တော်ဝန်ကတော်ပါ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်လာခဲ့ပါတော့တယ် ။ဒီလိုနဲ့ပဲ ရွှီထျန်းယို့ကနေ စတင်ခဲ့တဲ့ ထူးဆန်းဖွယ်ရာ အမှုကို သူတို့တွေ ဘယ်လိုမျိုး စုံစမ်းရှာဖွေမလဲ? ဆိုတာ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ရအောင်ပါ ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , ...
movie

Folklore Qizz Class ( 2023 )

Giant Snake Incident at Yellow River ( 2023 ) 5.9
Giant Snake Incident at Yellow River ( 2023 ) " ဟွမ်မြစ်အတွင်းက ကြောက်မက်ဖွယ်ကောင်းလှတဲ့ လူသားစား မြွေကြီးရဲ့ ဒဏ္ဍာရီလေးတစ်ပုဒ် "ဟွမ်မြစ်ရဲ့နံဘေးမှာ ဆိတ်ငြိမ်အေးချမ်းတဲ့ ခေတ်လွန်ရွာလေးတစ်ရွာတည်ရှိပါတယ် ။ ဒီလိုအေးချမ်းလှတဲ့ ရွာလေးဆီကို ခေါင်းတလားကြီးတစ်လုံးနဲ့အတူ ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးအန္တရာယ်ကြီးက ရောက်ရှိလို့လာခဲ့ပါတော့တယ် ။ထူးဆန်းတဲ့ အရာတွေ မကြာခဏ ဖြစ်ပြီး လူတွေကလဲ တစ်ဦးပြီး တစ်ဦးပျောက်ဆုံးလို့ လာခဲ့ချေပါတယ် ။ ဒီဘေးအန္တရာယ်ကြီးကို ကျောက်မိသားစုကနေပြီး နှိမ်နင်းဖို့ သွားခဲ့ပေမဲ့ တစ်ဦးတစ်ယောက်မှ ပြန်လာခြင်းမရှိခဲ့ပါဘူး ။ ဒီကိစ္စဖြစ်ပြီး နှစ် ၂၀ ကြာတဲ့နောက်မှာ အလားတူ ကိစ္စရပ်မျိုး ပြန်လည်ဖြစ်ပျက်လာခဲ့သောအခါ...?ကျောက်အိမ်တော်ရဲ့ မျိုးဆက်ကို ဆက်လက် လက်ခံမဲ့ သခင်လေးကျောက်ပိုင်တစ်ယောက် ဒီမကောင်းဆိုးဝါးကြီးကို နှိမ်နင်းဖို့ ခရီးစတင်ထွက်ခဲ့ပါတော့တယ် ။ ဒီတော့ မြစ်ထဲက မကောင်းဆိုးဝါး မြွေကြီးကို နှိမ်နင်းနိုင်ပါ့မလား ? ဘယ်လိုမျိုး အန္တရာယ်တွေနဲ့ ကြုံတွေ့ရဦးမှာလဲ ? ဆိုတာ သခင်လေး ကျောက်ပိုင်ရဲ့ စွန့်စားရေး ခရီးစဥ်လေးကို အတူတူ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ရအောင်ပါနော် ။ (Reviewed By Chit Mya Mya Hmwe) Quality : ...
movie

Giant Snake Incident at Yellow River ( 2023 )