Channel Myanmar

Yoshirô Aoki

Samurai Rebellion (1967) 8.3
Samurai Rebellion (1967)  Samurai Rebellion (1967)IMDb Rating (8.3) / Rotten Tomatoes (100%) The Human Condition Trilogy, Harakiri , Kwaidan တို့ရဲ့ ဒါရိုက်တာ Masaki Kobayashiရဲ့ ဆာမူရိုင်းရုပ်ရှင်ပါ။ Kobayashiဟာ သူ့ခေတ်သူ့အခါရဲ့ ဂျပန်လူနေမှုအသိုင်းအဝိုင်းကို အကောင်းဆုံးပုံဖော်နိုင်တဲ့သူအဖြစ် အသိအမှတ်ပြုခံခဲ့ရတဲ့သူဖြစ်ပြီး ဆာမူရိုင်းကားဆိုလို့ Harakiriနဲ့Samurai Rebellion လောက်ပဲ ရိုက်ခဲ့တာပါ။ ဒါပေမဲ့ ဒီ၂ကားလုံး ဆာမူရိုင်းမာစတာပိစ်ကားတွေထဲ စာရင်းဝင်ပါတယ်။ Ratingရော ပရိသတ်အသိအမှတ်ပြုမှုရော ထိပ်ဆုံးမှာတွေချည်းပါပဲ။ ကူရိုဆာဝါတို့နဲ့ အပြိုင်ပေမဲ့ ကူရိုဆာဝါလို ရိုက်သမျှကားတိုင်းတော့ အသိအမှတ်ပြုမခံရဘူးပေါ့။ ဒါပေမဲ့ သူ့အသိအမှတ်ပြုခံရတဲ့ကားတွေကလည်း ပုဂ္ဂလိကအမြင်အရတော့ ကူရိုဆာဝါထက် ကြမ်းတဲ့ကားတွေချည်းပါပဲ။ သူနဲ့ ကူရိုဆာဝါ မကွာတဲ့တစ်ချက်ကတော့ Tatsuya Nakadaiနဲ့ Toshiro Mifuneတို့ကိုပဲ ဇာတ်ဆောင်မင်းသားအဖြစ်သုံးကြတာပဲ။ ခိုဘာယရှိကတော့ Tatsuya Nakadaiကို အဓိကသုံးတယ်။ ဒါပေမဲ့ ...
movie

Samurai Rebellion (1967)

1967
The Human Condition II: Road to Eternity (1959) 8.5
The Human Condition II: Road to Eternity (1959) The Human Condition Trilogy (1959 - 1961)~ IMDb - 8.3/10, Rotten Tomatoes - 73% ~၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။၁၉၅၉မှာပဲ ...
movie

The Human Condition II: Road to Eternity (1959)

1959
Harakiri (1962) 8.6
Harakiri (1962) Harakiri (  1962 ) ===============ဟာရခိရိက ဘယ်လိုရုပ်ရှင်မျိုးလဲဆိုရင် ကျွန်တော်တော့ ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ ဖြေမိမှာပဲ။ Harakiriဟာ ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲ ကျွန်တော့်အတွက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်တစ်ကားဖြစ်ခဲ့တယ်။ ဟာရခိရိဆိုတဲ့ဂျပန်စကားရဲ့ အဓိပ္ပာယ်က ဝမ်းဗိုက်ကိုခွဲတယ်ဆိုတဲ့ အဓိပ္ပာယ်။ ပြောရရင် ဆာမူရိုင်းတွေ  ရိုနင်တွေ အခမ်းအနားနဲ့ ဝမ်းဗိုက်ကိုခွဲပြီး သတ်သေခြင်းကို ဆိုလိုတာ။ အဲဒီအခမ်းအနားကိုတော့ Seppukuလို့ခေါ်တယ်။ ဆာမူရိုင်းတွေရဲ့ သိက္ခာကို ဖော်ပြနည်းတစ်မျိုးပေါ့။ ကီနူးရိဗ်ရဲ့   47 Ronin နောက်ဆုံးခန်းက ဟာရခိရိလုပ်တဲ့အခန်းကို တော်တော်များများရင်းနှီးပြီးသားဖြစ်ကြမှာပဲ။ ဒါပေမဲ့ အမြဲတမ်း ဟာရခိရိက သိက္ခာရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ရဲ့လားဆိုတာကို ဒီဟာရခိရိရုပ်ရှင်က မေးခွန်းထုတ်ပြီး ဒီဟာရခိရိရုပ်ရှင်ကပဲ ဟာရခိရိရဲ့ ဂုဏ်ကို ပြန်အဖတ်ဆည်ပေးသွားတယ်။ ဟာရခိရိဟာ ကျွန်တော်ကြည့်ဖူးတဲ့ ဘယ်ဆာမူရိုင်းကားနဲ့မှ မတူတဲ့တစ်ချက်က ကြည့်နေတဲ့လူကိုပါ ရှက်အောင်လုပ်နိုင်တဲ့အချက်ပါပဲ။ ဒီအချက်အတွက် ဒါရိုက်တာ Masaki Kobayashi ရဲ့ တင်ပြပုံကို ချီးကျူးရမှာပါပဲ။ Masaki Kobayashiဟာ ...
movie

Harakiri (1962)

Kwaidan (1964) 7.9
Kwaidan (1964) Kwaidan (1964)~ IMDb - 7.9/10, Rotten Tomatoes - 91% ~ရှေးခေတ် ဂျပန်ရိုးရာ တစ္ဆေပုံပြင်တွေကို စိတ်ဝင်စားသူများအတွက် IMDb - 7.9/10 အထိ ရရှိခဲ့တဲ့ Kwaidan လို့ခေါ်တဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာတော့ မတူထူးခြားတဲ့ တစ္ဆေပုံပြင် ၄ပုဒ်ကို သုံးနာရီကျော်ကြာ တဝကြီး နားထောင်ရပါမယ်။ပထမ တစ်ပုဒ်မှာတော့ ဆင်းရဲမှုဒဏ်မခံနိုင်တာမို့ သစ္စာရှိတဲ့ ဇနီးသည်ကို စွန့်ပစ်ပြီး ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးနဲ့ ထပ်မံအိမ်ထောင်ပြုလိုက်တဲ့ ဆာမူရိုင်းတစ်ဦးအကြောင်း...ဒုတိယကတော့ သစ်ခုတ်သမား၂ဦး နှင်းမုန်တိုင်းကြောင့် လှေသမားရဲ့တဲမှာ ဝင်ခိုရင်း ထူးဆန်းတဲ့ မိန်းကလေးနဲ့ တွေ့ဆုံမှု...တတိယပုံပြင်လေးကတော့ ဗျပ်စောင်းတီးခတ်ရာမှာ ထူးချွန်ပြောင်မြောက်လှတဲ့ ဘုန်းကြီးကျောင်းသားလေးတစ်‌ယောက် တစ္ဆေတစ်စုရဲ့ခေါ်ဆောင်ခြင်း ခံရမှု...နောက်ဆုံးကတော့ အရှင်သခင် နာကာဂါဝါ ဆာဒိုဆီ တာဝန်ထမ်းဆောင်တဲ့ ကန်နိုင်းဆိုသူ ဆာမူရိုင်းတစ်ယောက်ဟာ သောက်မယ့် ရေခွက်ထဲ ထူးဆန်းတဲ့အရာတစ်ခုကို မြင်လိုက်ရတဲ့အကြောင်း...ရှေးခေတ်ဂျပန် ...
movie

Kwaidan (1964)

1964