Channel Myanmar

Yawen Zhu

Cliff Walkers ( 2021 ) 7.0
Cliff Walkers ( 2021 ) ဂျပန်စစ်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားကြသူတွေဟာ တိုင်းပြည်အတွက် အနစ်နာခံကာ သေပွဲဝင်ဖို့အမြဲတမ်း အသင့်ဖြစ်နေ​ကြတဲ့သူတွေပါ မနက်ဖြန် နေထွက် နေဝင်တာကို မြင်ရ မမြင်ရ မသေချာဘဲနဲ့ ဆက်လက်လျှောက်လှမ်းနေ​ကြတဲ့ ရဲရင့်တဲ့သူရဲ​ကောင်းတွေပဲဖြစ်ကြပါတယ်ယခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဂျပန်စစ်သားတွေအုပ်စိုးချိန် တရုတ်တော်လှန်ရေးသမားတွေဖြစ်တဲ့ ကွန်မြူနစ်တွေ ဘယ်​လောက် ခက်ခဲကြမ်းတမ်းစွာ စစ်ဆင်ရေးဆင်းရပုံတွေကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပါတယ်ဇာတ်လမ်းအကြောင်းအရာလေးကတော့... တရုတ်ကွန်မြူနစ်ဌာနချုပ်ဟာ အူတာနယာစစ်ဆင်ရေးကို လုပ်ဆောင်ဖို့ သေ​သေချာချာလေ့ကျင့်ရေးဆင်းထားတဲ့ ​လျှို့ဝှက်အေးဂျင့် လေးယောက်ကို ဟာပင်းကို စေလွှတ်လိုက်ပါတယ် ဒါပေမဲ့လည်း သူတို့ရဲ့အတွင်းလူသစ္စာဖောက်ခံရပြီး သရုပ်မှန်ပေါက်ကြားဖို့ဖြစ်လာတဲ့အချိန်မှာတော့ သူတို့လေးယောက် ဘယ်လိုအခက်အခဲတွေနဲ့ ဘယ်လိုရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ် ရင်တမမနဲ့ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ် Filesize : 2.08 GB / 1.12 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Crime , Thriller , History Runtime : 2h  Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

Cliff Walkers ( 2021 )

The Battle at Lake Changjin II ( 2022 ) 6.7
The Battle at Lake Changjin II ( 2022 ) The Battle At Lake Changjin I ရဲ့ အဆက်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်စစ်တပ်ကိုတော်လှန်ဖို့ မြောက်ကိုရီးယားကိုကူတိုက်တဲ့ ဒုတိယစစ်ပွဲအတွင်းမှာ Chang Jin ရေကန်တိုက်ပွဲနောက်ပိုင်းဖြစ်ပွားတဲ့ ရွှေမိန်တံတားတိုက်ပွဲကို နောက်ခံထားပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။တပ်ခွဲ(၇)တပ်ဖွဲ့ဟာ ဟာဂါရူရီတိုက်ပွဲကိုအနိုင်ရပြီးတဲ့နောက် ဆုတ်ခွာတဲ့အမေရိကန်စစ်တပ်ကိုတားဖို့ရာ ရွှေမိန်တံတားကိုဖောက်ခွဲဖို့ ခက်ခဲတဲ့တာဝန်ကိုပေးခြင်းခံရပါတယ်။ Chang Jin II ဟာ I ထပ်ပိုပြီ ဇာတ်ရှိန်အရမ်းမြင့်နေပါပြီ အမေရိကန်စစ်တပ်နဲ့လက်နက်အင်အား လူအင်အားချင်းမမျှတဲ့တပ်ခွဲ(၇)ဟာ တာဝန်ကိုဘယ်လိုပြီးမြောက်အောင်လုပ်ဆောင်မလဲ။ချန်ကျင်ရေကန်တိုက်ပွဲမှာတုန်းကလိုပဲသူတို့ဟာ အနိင်ရရှိနိုင်ဦးမလားဆိုတာကို ရင်ခုန်ဖွယ်ဆက်လက်ကြည့်ရှုလိုက်ပါနော်1 ကိုဒီမှာကြည့်လို့ရပါတယ် The Battle at Lake Changjin I ( 2021 ) – Channel Myanmar Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 2h 29 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

The Battle at Lake Changjin II ( 2022 )

The Battle at Lake Changjin I ( 2021 ) 6.2
The Battle at Lake Changjin I ( 2021 ) တရုတ်မှာထုတ်လုပ်ရေးကုန်ကျစရိတ်အများဆုံးဇာတ်ကားဖြစ်တဲ့ စစ်ကားကြီးကို CMပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာကုန်ကျစရိတ်အများဆုံးဖြစ်သလို ရုံတင်ဝင်ငွေ ဒေါ်လာ ၉၁၃သန်းထိရရှိခဲ့ပြီး တရုတ်နိုင်ငံအတွင်းရောင်းအားအကောင်းဆုံးဇာတ်ကားလဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းကိုပြောရမယ်ဆိုရင်တော့ အမေရိကန်စစ်တပ်ကိုတော်လှန်ဖို့မြောက်ကိုရီးယားကိုကူတိုက်တဲ့ ဒုတိယစစ်ပွဲအတွင်းမှာ Chang Jin ရေကန်တိုက်ပွဲကို နောက်ခံထားပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။အအေးဓာတ်လွန်ကဲတဲ့ပတ်ဝန်းကျင်အောက်မှာ တရုတ်စစ်တပ်ဟာ သံမဏိလိုမာကျောတဲ့စိတ်ဓာတ်နဲ့ အကြောက်အလန့်မရှိတိုက်ပွဲဝင်ပြီး စစ်ရေးအခြေနေကိုပြောင်းပြန်လှန်ခဲ့ပုံကို တခန်းတနားရိုက်ကူးထားတာဖြစ်ပါတယ်။တရုတ်သမိုင်းမှာရဲဘော်တွေရဲ့ပေးဆပ်စွန့်စားခဲ့ပုံကို တင်ဆက်ပုံတွေကပီပြင်ပြီး နာမည်ကြီးသရုပ်ဆောင်တွေပါဝင်သလို သရုပ်ဆောင်ချက်တွေကလဲအပိုအလိုမရှိတဲ့အပြင် ပျိုမေတို့ရဲ့အသဲကျော်ပဲလှော် TF BOYSမှJackson Yeeလေးလဲပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ကြည့်ဖို့ထိုက်တန်စစ်ကားကောင်းတစ်ကားဆိုတာသေချာပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 2h 58min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

The Battle at Lake Changjin I ( 2021 )