Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yao Xingtong
5.7
Tears of the Shark: Kunlun Tribulation ( 2023 )
ရေသူမမျက်ရည်ဟာ ရောဂါဒဏ်ရာအားလုံးကိုကုသပေးနိုင်တယ်လို့ဆိုကြတယ်။ သိုင်းလောကရဲ့ အင်အားကြီးဂိုဏ်းဖြစ်တဲ့ ခွန်လွန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးဟာ သူ့ရဲ့ရောဂါကိုကုဖို့အတွက် ရေသူမျိုးနွယ်တွေကိုအကြပ်ကိုင်ပြီးတော့ ရေသူမမျက်ရည်ကိုအတင်းတောင်းယူပြီး မရတဲ့အတွက် ရေသူမတွေကိုဖမ်းခေါ်သွားပြီး ကျန်တဲ့ရေသူမျိုးနွယ်တွေကိုသတ်ပစ်လိုက်တယ်။ ဒီလိုနဲ့ ရေသူမျိုးနွယ်နဲ့ခွန်လွန်ဂိုဏ်းကြားက ရန်ငြှိုးမီးဟာ စတင်လာခဲ့တယ်။စိတ်ထားကောင်းပြီး စာနာတတ်တဲ့ ခွန်လွန်ဂိုဏ်းရဲ့အမွေဆက်ခံသူ ထျန်းယန်ဟာ သစ္စာဖောက်ခံရပြီး ခွန်လွန်ဂိုဏ်းကနေထွက်ပြေးလာခဲ့ရတယ်။ ဒီလိုနဲ့ သူကခွန်လွန်ဂိုဏ်းသားတွေလိုက်သတ်တဲ့ရန်က ထွက်ပြေးနေရတဲ့အချိန်မှ ာ ရေသူမမင်းသမီးလေးကသူ့အသက်ကိုကယ်လိုက်ပါတယ်။ နှစ်ယောက်လုံးကခွန်လွန်ဂိုဏ်းကိုလက်စားချေချင်တဲ့ ရည်ရွယ်ချက်ချင်းတူတာကြောင့် အတူလက်စားချေဖို့သဘောတူလိုက်ကြပါတယ်။ သူတို့ရဲလက်စားချေတဲ့လမ်းခရီးမှာဘယ်လိုအန္တရာယ်တွေနဲ့ပြည့်နှက်နေမလဲ ...... Filesize : 1.45 GB / 718 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Action Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Tears of the Shark: Kunlun Tribulation ( 2023 )
6.1
Fighter ( 2022 )
ရုပ်ရှင်တော်တော်များများရဲ့ ခံစားချက်ကို ရနိုင်တဲ့ တရုတ်ကားလေးများ ကြည့်ချင်ပါသလား။ မြန်မာလို မင်္ဂလာပါလို့ အသံဝဲဝဲလေးနဲ့ နှုတ်ဆက်တာကို ကြားချင်ပါသလား၊ တရုတ်မလေးတွေ မြန်မာ ဘီယာဗူးကိုဖွင့်ပြီး ချီးယားကမ်းပေ့ လုပ်တာကိုတွေ့ချင်ပါသလား။ ဒါဆိုရင်တော့ ဒီကားလေးက သင့်အတွက်ဖြစ်လာမှာပါ။ဇာတ်လမ်းအကျဉ်းတရုတ်လက်ဝှေ့ဖိုက်တာ တစ်ယောက်ဟာ အမေရိကန်ဖိုက်တာတစ်ဦးရဲ့ ညစ်ပတ်စွာတိုက်ခိုက်မှုကြောင့် MMA ပွဲမှာသေဆုံးသွားခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ အဲ့ဒီပွဲကို စီစဉ်ပေးခဲ့တဲ့ မိန်းကလေးရဲ့ကုမ္မဏီဟာ MMA ကိုတရုတ်မှာ စျေးကွက်တိုးချဲ့ဖို့အတွက် ပြိုင်ဖက်ကုမ္မဏီတစ်ခုနဲ့အတူ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် အလောင်းအစား တစ်ခုလုပ်ဖို့ ရှိပြီး အဲ့ဒီအလောင်းအစားကို နိုင်မှ အလုပ်ကိုဆက်လုပ်ခွင့်ရမှာပါ။ဒီတော့ အလောင်းအစားက ဘာများလဲ။ အဲ့ဒီအမျိုးသမီးကရော နိုင်အောင် လုပ်နိုင်မှာလား သေဆုံးသွားတဲ့ တရုတ်လူမျိုး MMA သမားမှာရော ဘယ်လိုနောက်ဆက်တွဲတွေရှိနိုင်မလဲ ဆိုတာ ရုပ်ရှင်မှာပဲ စီးမျောခံစားလိုက်ပါ။ ဒီကားကိုစကြည့်လိုက်တော့ ထိုင်းနာမည်ကျော် ဝမ်းဘတ်မင်းသားကို သတိရသွားပါတယ် နောက်တစ်ချက်က အရှေ့တောင်အာရှမှာ အခြေတည်တာကိုရိုက်ပြထားတော့ မြန်မာလိုလေးတွေပါတာကိုသဘောကျတယ်။ MMA သဘောကျတဲ့လူတွေအတွက်လဲ ကျေနပ်လောက်ဖွယ်ရာပါပဲ။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : ...
movie
Fighter ( 2022 )