Channel Myanmar

Yagya Bhasin

Bal Naren (2024) 6.7
Bal Naren (2024) Bal Naren (2024) (လူငယ်ရွာလူကြီးလေး)နာရန်ဆိုတဲ့ကောင်လေးရဲ့အဖေဗီရန်ဒရာဟာ ရွာလူကြီးရွေးကောက်ပွဲပြိုင်ပွဲမှာ အနိုင်ရပြီးတော့ ရွာလူကြီးဖြစ်လာခဲ့ပါတယ်။ဗီရန်ဒရာဟာ ရွာလူကြီးစဖြစ်လာတာနဲ့ အရင်ဆုံး ရွာသန့်ရှင်းရေးကို အရင်လုပ်ဆောင်ခဲ့ပါတယ်။ သို့ပေမဲ့လည်း ရွာမှာက အမှိုက်ဆိုလည်း တွေ့ရာနေရာချ, ညစ်ပတ်ကြတဲ့အတွက်ကြောင့် ခြင်တွေယင်တွေ ပေါက်ဖွားမှုနှုန်းကလည်း အရမ်းကိုများပြီးတော့ သွေးလွန်တုတ်ကွေးရောဂါနဲ့ သေဆုံးကြတဲ့သူတွေ များလာခဲ့ပါတယ်။အဲဒီလိုသေဆုံးရတဲ့သူတွေအထဲမှာ ရွာလူကြီး ဗီရန်ဒရာကိုယ်တိုင်လည်း ပါဝင်သွားခဲ့ပြီးတော့ ရွာအတွက်ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရတာပေါ့ ။ နာရန်ဟာ သူ့အဖေလိုပဲ ရွာလူကြီးဖြစ်ချင်ခဲ့ပြီးတော့ ရွာရဲ့အကျိုးကို သယ်ပိုးချင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ နာရန်လေး ကျောင်းတတ်တဲ့အရွယ်ကိုရောက်လာတဲ့အခါမှာ သန့်ရှင်းမှုအကြောင်းကို သေချာလေးသင်ကြားခဲ့ရပါတယ်။ သင်ကြားထားတဲ့ သင်ခန်းစာတွေကို အခြေခံပြီးတော့ သူ့ရွာကို သန့်ရှင်းသာယာပြီး တိုးတက်တဲ့ရွာလေးဖြစ်ဖို့ နာရန်တစ်ယောက် ကြိုးစားလုပ်ဆောင်ပါတော့တယ်။ဒီလိုနဲ့ ကိုရိုနာရောဂါတွေဖြစ်လာတဲ့အချိန်မှာတော့ နာရန်တစ်ယောက် သူ့ရွာလေးကို ဒီရောဂါဆိုးကြီးရန်ကနေ သူတတ်စွမ်းနိုင်သလောက်အသိဉာဏ်ကိုသုံးပြီးတော့ ဘယ်လိုတွေ ကာကွယ်လုပ်ဆောင်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Alex~ V~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ်) File size… 2.18 GB / 1.1 GB Quality…WEB DL ...
movie

Bal Naren (2024)

Chhota Bheem and the Curse of Damyaan (2024) 7.3
Chhota Bheem and the Curse of Damyaan (2024) Choota Bheem and the Curse of Damyaan(2024) "ချိုတာဘီးမ်နှင့် ဓမ္မရံကျိန်စာ" =========================================လူတိုင်း မကြည့်ဖူးရင်တောင် လူတိုင်းသိကြမယ့် အိန္ဒိယရဲ့ နာမည်အကြီးဆုံး Anime ချိုတာဘီးမ်ရဲ့ live action ထွက်ရှိလို့လာပါပြီ။Live action ဆိုပေမဲ့ Target audience က ကလေးတွေဖြစ်တာကြောင့် အထူးပြုလုပ်ချက်တွေ အရမ်းမကောင်းလှပေမဲ့ ဆက်တင် ဆင်ရိုက်ထားတဲ့နေရာတွေကတော့ ကာတွန်းကားထဲက ရှုခင်းတွေကို အပြင်မှာမြင်နေရသလိုမျိုးကို ခံစားရပါတယ်။ဇာတ်လမ်းကတော့... နှစ်ထောင်ချီပြီး အကျဉ်းတိုက်ထဲမှာပိတ်မိနေတဲ့ မိစ္ဆာအရှင်ကြီး ဒမ်ယန်ကို စစ်မှန်ပြီး ရိုးသားတဲ့လူစွမ်းကောင်းတစ်ယောက်ကပဲ အကျဉ်းတိုက်ထဲက ထုတ်ပေးနိုင်မယ်လို့ တဘောင်ထွက်လာတဲ့အတွက် ဒမ်ယန်ရဲ့ ငယ်ကျွန်တွေဖြစ်ကြတဲ့ မှော်ဆရာနဲ့ စုန်းမက သူတို့ရဲ့ မိစ္ဆာစစ်သည်တွေအကူအညီနဲ့ ချိုတာဘီးမ်ကို သိမ်းသွင်းဖို့ကြိုးစားပုံတွေကို ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ။ချိုတာဘီးမ်ဆိုတဲ့အတိုင်း ဘာကောင်ကြီးပဲလာလာ မုန့်ချိုစားပြီး ပြန်ဗျင်းတာတွေအပြင် တခြားဇာတ်ကောင်တွေဖြစ်တဲ့ ရာဂျူး၊ ချူကီ၊ ဂျာဂူး၊ ကာလီယာတို့အပြင် ဒိုလူ၊ ဘိုလူတို့လို ပုစိမွစိတွေကအစ ကာတွန်းနဲ့တူအောင် အနီးစပ်ဆုံးထည့်ထားပြီး ဇာတ်လမ်းကလည်း ကြည့်ပျော်တာမလို့ ၂ နာရီခွဲလောက် အချိန်ပိုနေပြီး နော်စတဲဂျားခံစားချက်လေးရချင်တယ်ဆိုရင် အပျင်းပြေကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Chhota Bheem and the Curse of Damyaan (2024)

2024
Panga (2020) 7.2
Panga (2020) (Unicode)IMDb 7.3/10 Rotten 93% အပေါ်က နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေကိုကြည့်ရုံတင်နဲ့တင်ဒီဇာတ်ကားဟာ ကားကောင်းတစ်ကားဆိုတာ ထွေထွေထူးထူူး ညွှန်းဆိုဖို့လိုမယ်မထင်ပါဘူးဘောလီဝုဒ်မှာ ခပ်ပေါပါဇာတ်ကားတွေထွက်သလို ဒီလို ခံစားမှုပေါင်းစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတွေလည်း နှစ်စဉ်ထွက်လေ့ရှိပါတယ်အာမခံနိုင်တာတစ်ခုကတော့ ဒီဇာတ်ကားဟာ ၂၀၂၀ ခုနှစ်ထွက် ကားကောင်းတစ်ကားပါပဲပါဝင်သရုပ်ဆောင်ထားတာလည်း တခြားသူမဟုတ်ဘဲ Queen ဖြစ်တဲ့ Kangana Ranautဒါရိုက်တာကလည်း ဇာတ်လမ်းကောင်းတွေဖြစ်တဲ့ Nil Battey Sannata Bareilly Ki Barfi တို့၏ဒါရိုက်တာ Ashwiny Iyer Tiwari ပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ... ကဘတ်ဒီအားကစားဘဝကနေ အနားယူလိုက်ရတဲ့ နိုင်ငံလက်ရွေးစင်ကစားသမား ဂျာယားနီဂမ်ဟာ အကြောင်းအမျိုးမျိုးကြောင့်တစ်ကျော့ပြန်ကစားဖို့ဖြစ်လာတဲ့အခါမှာတော့ အသက် ၃၂ နှစ်၊ ၇ နှစ်အရွယ်ကလေးတစ်ယောက်နဲ့ အိမ်ရှင်မတစ်ယောက်ဟာ ကစားသမားဘဝနဲ့ အောင်မြင်မှုကိုနောက်တစ်ကြိမ် ပြန်လည်ဆွတ်ခူးတဲ့အခါ ဘယ်လိုအခက်အခဲတွေရှိမလဲ ဘယ်သူတွေက ...
movie

Panga (2020)

2020