Channel Myanmar

Xu Jian

Spy and Butterfly (2025) 5.6
Spy and Butterfly (2025) ကူမင်တန်ပါတီဝင်ဖြစ်တဲ့ ချန်ဆရာဝန်ဆိုတဲ့လက်အောက်မှာတပည့်သုံးယောက်ရှိတာပေါ့။ တစ်ယောက်ကတော့ တူမဖြစ်သူချန်ယိ၊နောက်နှစ်ယောက်ကတော့ ဟွလုံကျစ်နဲ့ လီယောင်းတို့တွေဖြစ်ကြတယ်။ဟွလုံကျစ်က တပည့်ထဲမှာ အတော်ဆုံးဖြစ်ပြီး သူကကွန်မြူနစ်ပါတီဝင်ကိုချန်ဆရာဝန်လက်အောက်မှာ သရုပ်မှန်ဖုံးကွယ်နေရင်းနဲ့ ဂျပန်တွေရဲ့ရှန့်ဟိုင်ကိုဖျက်ဆီးပစ်မယ့် ထျန်းကျောက်စီမံကိန်းကို ဖျက်ဆီးဖို့ကြိုးစားအကောင်အထည်ဖော်နေကြတာပေါ့။ဒီလိုနဲ့တနေ့မှာတော့ သူတို့ပေါင်းနေကျစခန်းကိုဂျပန်တွေသိသွားပြီးလာတိုက်ခိုက်တဲ့အချိန်မှာ ပြင်းပြင်းထန်ထန်အသေအကျေပျက်စီးသွားရာကနေစပြီး အဖွဲ့အစည်းထဲမှာသူလျှိုရှိနေကြောင်းသံသယဝင်ပြီး သူလျှိုကိုပါစုံစမ်းတဲ့အပြင် ထျန်းကျောက်စီမံကိန်းကိုပါ ဖျက်စီးဖို့ နည်းလမ်းရှာကြပါတော့တယ်။ဒီလိုနဲ့ တဖြည်းဖြည်းတစစသိလာရတဲ့အခါမှာ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။ကွန်မြူနစ်နဲ့ကူမင်တန်ပါတီတို့ကြားက ပဋိပက္ခတွေအပြင် ဂျပန်တွေရဲ့ရက်စက်ပုံပါတပါတည်း တွေ့မြင်ရမှာမို့လို့ ဒီဇာတ်ကားလေးကိုစောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 1.08 GB / 619 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , War , History Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Spy and Butterfly (2025)

The Imperial Cat (2021) 5.7
The Imperial Cat (2021) ပေါင်ချိန်ပရိသတ်တွေကတော့ တော်ဝင်ကြောင်ဆိုတာနဲ့ ကိုလူချောကိုယ်ရံတော် ကျန်ကျောင်းကိုပြောတယ်ဆိုတာ သိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ကျန်ကျောင်းတစ်ယောက်ထဲ ခိုင်ဖုန်းမဟုတ်တဲ့ တခြားပြည်နယ်တစ်ခုမှာအမှုလိုက်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။အမှုကတော့ အန်းလီခရိုင်မှာ အမျိုးသမီးပျောက်တဲ့အမှုတွေဆက်တိုက်ဖြစ်နေပါတယ်။ ကျန်ကျောင်းဟာ ပန်းပဲဖိုမှာလက်နက်ထားတာသွားယူတဲ့အချိန်မှာ ပန်းပဲဆရာနဲ့ သူ့မိန်းမဟာပျောက်နေပြီး သမီးငယ်လေးနဲ့ အဖွားအိုတစ်ယောက်ပဲ အိမ်မှာရှိတာကိုတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ ကျန်ကျောင်းဟာ ပန်းပဲဆရာလူပျောက်မှုကိုလိုက်စုံစမ်းရင်း ဒီအမှုဟာ အမျိုးသမီးတွေပျောက်တဲ့အမှုနဲ့ပတ်သက်နေတာကိုသိလိုက်ရပါတယ်။အန်းယန်ကအင်အားကြီးအိမ်တော်တစ်ခုကဒီကိစ္စနဲ့ပါဝင်ပတ်သက်နေလို့ သံသယတွေရှိပေမယ့် ဘာသက်သေမှမရနိုင်ဘူးဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ အထက်ကလဲဖိအားပေးလာတော့ ကျန်ကျောင်းတို့ဒီအမှုကိုဘယ်လိုပေါ်အောင်စုံစမ်းပြီးဖော်ထုတ်ကြမလဲ။ ဒီကားလေးမှာတော့ ကျန်ကျောင်းဟာသူ့ရဲ့ထောက်လှမ်းရေးစွမ်းရည်နဲ့ အမှုဖော်တဲ့စွမ်းရည်ကိုထုတ်ပြသွားခဲ့ပါတယ်။ ပေါင်ချိန်ဇာတ်လမ်းတွဲအလွမ်းပြေကြည့်ရမယ့် ဇာတ်ကားလေးပါပဲ။ Quality : WEB-DL 1080p , 720p Format : mp4 Genres :  Action , Mystery Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Imperial Cat (2021)