Channel Myanmar
Xin Baiqing
Trapped (2025) 6
Trapped (2025) CM ချစ်ပရိသတ်တို့ကို... အစ်ကိုကြီးတစ်ယောက်အကြောင်းကိုပြောပြမယ် သူကလုယက်မှုကြီးကို ဦးဆောင်ပြီးတော့ ရဲရဲဝံဝံ ထောင်ထဲဝင်သွားပြီးတော့ ၃ နှစ်အကြာမှာတော့ နေမကောင်းသလိုလို ဘာလိုလိုနဲ့ ဂယောင်ပုံဖမ်းပြီးတော့..ထောင်ကပြေးခဲ့တယ်...အစ်ကိုကြီး ပြေးလာတော့ မဟေသီ မရီးဆီပြေးမယ်ထင်လား... နိုးနော် အစ်ကိုကြီးထက်ဦးတာက တခြားလူတွေပဲ... ဘာလို့လဲဆိုတော့အစ်ကိုကြီးက သေချင်ယောင်ဆောင်ပြီး ထွက်ပြေးလာရင် ဆေး ၁ ဆ အစား ၂ ဆ ပေးမိလို့ ဇာတ်မြောနဲ့ မေ့နေလေရဲ့....ဒီလိုနဲ့ပဲ မရီးမှာ အစ်ကိုကြီးထားခဲ့တဲ့ စာရင်းစာအုပ်နဲ့အတူ အစ်ကိုကြီးဝှက်ခဲ့တဲ့ငွေတွေကို မက်မောပြီးလာတဲ့ ဒုစရိုက်လူရမ်းကားတွေရဲ့ ရန်ကို လှလှကြီးခံရတာပေါ့... တစ်ဖက်မှာလည်း တစ်ဖွဲ့တည်းအတူတူ တိုက်ပွဲဝင်ခဲ့ပြီးတော့ အဖွဲ့ဝင်တွေရဲ့ သေသတင်းကို ပြန်ပို့ခဲ့ရတဲ့ စစ်သည်ဟောင်းကြီး ရှရန်ကလည်း ဒီမြို့ပျက်ကြီးမှာ ရဲအရာရှိဖြစ်နေလေရဲ့...အရင်ဒဏ်ရာမသက်သာတဲ့ကြားမှာ ဒီလိုမျိုး တည်ငြိမ်ပြီး လူသူနည်းတဲ့ မြို့ပျက်ကြီးမှာနေကာမှ... မရီးကလည်း ဒီမှာလာပုန်းနေပြီး အစ်ကိုကြီးဆိုသူပြန်လာတဲ့အတွက် ဘယ်လိုတွေ ဂယက်ထကုန်မလဲ... သူ့ရဲ့ မကျက်သေးတဲ့အနာက ဒဏ်ရာသစ်ပြန်ကြုံရမှာလား... ဒီအစ်ကိုကြီးကရော တကယ်မေ့နေတာလား... မရီးကရော ဘာလို့ ဇာတ်မြှုပ်နေရတာလဲ... စိတ်ဝင်စားဖို့ကောင်းတဲ့ အလှည့်အပြောင်းတွေနဲ့မလို့ ကြည့်ဖြစ်အောင်ကြည့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါနော်4K & 1080p Quality >> Only On CM App ( ...
movie
Trapped (2025)
The Volunteers: To the War ( 2023 ) The Great War 6
The Volunteers: To the War ( 2023 ) The Great War စစ်ရယ်လို့ဖြစ်လာရင် နှစ်ဖက်လုံးကတော့ အဆုံးအရှုံး အသေအကြေ ကြုံကြရစမြဲပဲ.... ဒီလိုပဲ စစ်မြေပြင်ပေါ်မှာ တိုက်ခိုက်နေသူတွေတောင် မျက်စိတစ်ဆုံးမြင်ရတဲ့အရာအပြင် ပိုမသိနိုင်ကြပါဘူး... ဒါကြောင့်လည်း သမိုင်းဆိုတဲ့ မှတ်တမ်းချင်းတူပေမယ့်... ရေသားထားတဲ့ အကြောင်းအရာတွေမတူညီကြတာပဲ..ဒီလို သမိုင်းမှတ်တမ်းချင်းမတူညီတဲ့ထဲမှာ ၁၉၅၀-၅၃ ကြားဖြစ်ပွားခဲ့တဲ့ တောင်-မြောက်ကိုရီးယားစစ်ပွဲအကြား တရုတ်နဲ့ အမေရိကန် အားဖြည့်ကူညီတိုက်ခိုက်ရင်း တရုတ်-အမေရိကန်ကြား ဖြစ်ခဲ့တဲ့ ကာလရှည်တိုက်ပွဲလည်းပါဝင်နေပါသေးတယ်...သမိုင်းထက်မှာရော၊ တောင်-မြောက်ကိုရီးယားသမိုင်းကြောင်းမှာရော၊ ကမ္ဘာကုလသမဂ္ဂမှတ်တမ်းမှာရော အသီးသီးရေးသားမှတ်တမ်းတင်ထားသလို.. တရုတ်နိုင်ငံမှတ်တမ်းမှာလည်း သူတို့ရှုထောင့်က တစ်မျိုးတစ်ဖုံ မှတ်တမ်းတင်ထားပါသေးတယ်...ဒီမှတ်တမ်းကို ချန်ခိုင်ခယ် ဒါရိုက်တာကြီးက The Volunteers: To the War (2023) The Great War ဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်... အင်အားမမျှတဲ့ စစ်မြေပြင်မှာမှ...တရုတ်နိုင်ငံကို ထိုင်ခုံနေရာမပေးဘဲ ကမ္ဘာကုလသမဂ္ဂအစည်းအဝေးမှာ သဘောတူညီချက်တွေ လက်မှတ်ထိုးရေးဆွဲပြီး ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဘက်မမျှတဲ့စစ်ပွဲဖြစ်နေခဲ့တာကြောင့်... မော်စီတုန်း တစ်ယောက်ဟာ မြေပြင်မှာ အားကိုးရတဲ့ ကြယ်နီတပ်သားတွေကို စေလွှတ်ခဲ့ပြီး... ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုတဲ့ နေရာတစ်နေရာရဖို့လည်း ကြိုးစားခဲ့ရပါသေးတယ်...တခြားစစ်ပွဲတွေနဲ့မတူညီတာကတော့... စစ်ပွဲရယ်လို့ဖြစ်လာရင် နိုင်ငံခေါင်းဆောင်နဲ့ သားသမီးတွေက စစ်မြေပြင်မှာ ရှေ့တန်းဆင်းတိုက်ခိုက်တာတို့ ကျရှုံးတာတို့မြင်ခဲတယ်ဆိုပေမယ့်... သမိုင်းမှတ်တမ်းအခြေခံရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့...မော်စီတုန်းရဲ့ သားကြီးကိုယ်တိုင် ရှေ့တန်းဝင်ခဲ့ပြီး လေယာဉ်ဗုံးမှန်သေခဲ့တာကိုပါ ရိုက်ပြထားခဲ့ပါတယ်... သမိုင်းဆိုတာ ရေးသူရဲ့ ရှုထောင့်အတိုင်းဖြစ်ပြီး... ဇာတ်လမ်းဆိုတာလည်း ...
movie
The Volunteers: To the War ( 2023 ) The Great War
4K HEVC
The Volunteers: The Battle of Life and Death ( 2024 ) 6.3
The Volunteers: The Battle of Life and Death ( 2024 ) သေမင်းနဲ့တိုက်ပွဲဝင်ရမှာသေချာပြီးအသက်ရှင်ပြန်လာနိုင်ခြေ ၁ ရာခိုင်နှုန်းတောင် မသေချာတဲ့ တိုက်ပွဲမှာ... စိတ်လိုလက်ရ ကိုယ်ကျိုးစွန့်ပြီး တိုက်ပွဲဝင်မယ့် စေတနာရှင် ပြည်သူ့သူရဲကောင်းတွေကို သမိုင်းမှတ်တမ်းတင် ဂုဏ်ပြုတဲ့အနေနဲ့ ပြန်လည်ရိုက်ကူးတဲ့ ကားတွေအများကြီးထဲကမှ အတော်လေး လူကြိုက်များပြီး အသိမှတ်ပြုခံထားရတဲ့ The Volunteers: To the War (2023) ကားအပြီးမှာတော့ နောက်ဆက်တွဲ The Volunteers: The Battle of Life and Death ( 2024 ) လေးထွက်လာတာမို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...လက်နက်အား၊ လူအင်အား၊ နည်းပညာအကူအင်အား မမျှတဲ့ အမေရိကန်တပ်နဲ့ တရုတ်တပ်တို့ ရဲ့ လွန်ခဲ့သော နှစ် ၁၀၀ လောက်က မြေပြင်မှာ တိုက်ခဲ့တဲ့ သမိုင်းကြောင်းကို မှတ်တမ်းတွေကတစ်ဆင့် ပြန်တူးဖော်ပြီး ပုံဖော်တင်ဆက်ထားတဲ့ကားလေးပါ... ဒီဇာတ်လမ်းလေးမှာတော့...စွန်းရှင်းတစ်ယောက် စစ်မြေပြင်မှာကြုံတွေ့ခဲ့ရတဲ့ တုန်လှုပ်မှုကြောင့် မှတ်ဉာဏ်ကစဉ့်ကလျားဖြစ်သွားခဲ့ပြီး... ဘာတွေကြုံတွေ့ခဲ့တယ်... ဘာဖြစ်ခဲ့တယ်ဆိုတာကို မေ့သွားပါတော့တယ်...ဒါပေမယ့်လည်း ရောဂါကုသရမယ့်အစား စစ်မြေပြင်မှာ ဆက်ပြီး တိုက်ပွဲဝင်ဖို့ဖြစ်လာခဲ့ပြန်တယ်... တရုတ်တပ်နဲ့ အမေရိကန်တပ်ကြားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြားထဲမှာမှ... ၁၉၅၀-၅၃ ခုနှစ်ကြားမှာ တောင်မြောက်ကိုရီးယားအရေးက တစ်ဆင့်ဖြစ်သွားခဲ့တဲ့ ကာလရှည်တိုက်ပွဲကို ...
movie
The Volunteers: The Battle of Life and Death ( 2024 )
4K HEVC
Bureau 749 ( 2024 ) 5.9
Bureau 749 ( 2024 ) တရုတ်နိုင်ငံမှာ အောင်မြင်နေတဲ့ သရုပ်ဆောင်တွေအားလုံးကို ခေါ်ရိုက်ထားသလားထင်ရအောင် နာမည်ကြီးသရုပ်ဆောင်တွေစုပေါင်းအားဖြည့်ထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ TF boys အဖွဲ့ဝင် Karry Wang က ခေါင်းဆောင်သရုပ်ဆောင်ထားတဲ့ သိပ္ပံအက်ရှင်စွန့်စားခန်းရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်။အနာဂတ်ခေတ်မှာ ကမ္ဘာပေါ်မှာ အမည်မသိသက်ရှိတွေ ထွက်ပေါ်လာတဲ့အတွက် ၇၄၉ သက်ရှိသုတေသနစခန်းကို ဖွဲ့စည်းခဲ့ပါတယ်။ ဟုန်ခွမ့်သတ္တုတွင်းပြိုကျပြီးနောက် သတ္တုတွင်းတစ်ဝိုက်မှာ မြူငွေတွေ ထွက်ပေါ်လာပါတယ်။ အဲဒီမြူငွေ့တွေက လူတွေအတွက် အန္တရာယ်မရှိပေမဲ့ တဖြည်းဖြည်းပိုပြီး သိပ်သည်းလာပါတယ်။ဟုန်ခွမ့်သတ္တုတွင်းထဲမှာလည်း ထူးဆန်းတဲ့ သက်ရှိတစ်မျိုးကို တွေ့ခဲ့ပြီး အဲဒီသက်ရှိဟာ သတ္တုရော ပရိုတင်းဓာတ်ကိုရော စုပ်ယူဝါးမြိုနိုင်ပြီး အဲဒီအကောင်ကို အနိုင်ယူနိုင်တဲ့အရာမရှိ ဖြစ်နေပါတယ်။ အဲဒီသက်ရှိကို အမှတ်သုညသက်ရှိအဖြစ် နာမည်ပေးခဲ့ပါတယ်။ အမှတ်သုညသက်ရှိက ကြီးလာတာနဲ့အမျှ လူတွေအတွက် အန္တရာယ်ရှိလာခဲ့ပါတယ်။သတ္တုတွင်းထဲက ပြဿနာကို ဖြေရှင်းဖို့ သာမန်ကောင်လေးတစ်ယောက်အဖြစ် ဘဝကို အေးချမ်းစွာဖြတ်သန်းနေတဲ့ မာရှန်းကို ၇၄၉ စခန်းက လိုအပ်လာတဲ့အတွက် မာရှန်းရဲ့ဘဝဟာ စတင်ပြောင်းလဲရပါတော့တယ်။မာရှန်းရဲ့ လျှို့ဝှက်ချက်က ဘာလဲ...... သတ္တုတွင်းထဲက သက်ရှိကိုရော ဘယ်လို အနိုင်ယူရမလဲ...... ၇၄၉ စခန်းက ဒီအန္တရာယ်ဘေးက ကျော်ဖြတ်နိုင်မလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 7.70 GB ...
movie
Bureau 749 ( 2024 )
4K HEVC
Age Of Heros ( 2023 ) 6
Age Of Heros ( 2023 ) ဝမ်ဇီဟာရိုက်ကူးရေးတွေမှာ လူစားထိုးအဖြစ်သရုပ်ဆောင်ရတဲ့ ကိုယ်ခံပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ဇနီးဟောင်းဟာ အရမ်းကိုအောင်မြင်တဲ့မင်းသမီးတစ်ယောက်ဖြစ်နေပြီး အဆင်မပြေမှုတွေကြောင့်ကွာရှင်းခဲ့ရပါတယ်။လူလတ်ပိုင်းလူတစ်ယောက်ဖြစ်တဲ့ဝမ်ဇီဟာ အလုပ်အကိုင်မှာရော အိမ်ထောင်ရေးမှာပါ အဆိုးဆုံးအခြေနေကိုရောက်နေပါတယ်။ သမီးကိုစောင့်ရှောက်ခွင့်ရနိုင်ဖို့ရာ ကြိုးစားနေတုန်းမှာပဲမထင်မှတ်ပဲ သမီးလေးကိုပြန်ပေးဆွဲခံလိုက်ရပါတယ်။ဝမ်ဇီဟာအစွမ်းကုန်ကြိုးစားပြီး သူရဲ့ဇနီးဟောင်းနဲ့အတူ သမီးလေးကိုကယ်ဖို့ကြိုးစားကြပါတယ်။ အခက်အခဲတွေအမျိုးမျိုးကျော်ဖြတ်ပြီး သူရဲ့သမီးလေးကိုဘယ်လိုကယ်တင်မလဲဆိုတာ အက်ရှင်တွေဝေဝေဆာဆာနဲ့ သဲထိတ်ရင်ဖိုဖြစ်ရတဲ့ပြင် ဟာသလေးတွေနှောပြီး မပျင်းရအောင်ကြည့်ရမယ့် Comedy Action ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime , Drama Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie
Age Of Heros ( 2023 )
Coming Home (2014) 7.2
movie
Coming Home (2014)
2014