Channel Myanmar

Xiao Shenyang

Unusual Deal (2025) 5.9
Unusual Deal (2025) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်မှုခင်းဟာသ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ -ပေကျင်းက ကျာယွင်ဟာ ငယ်သူငယ်ချင်းပေါက်စွိုက်ရဲ့ ချမ်းသာတဲ့ဘဝကို အားကျနေသူ ဖြစ်ပါတယ်။ အောင်မြင်ချမ်းသာချင်တဲ့ ကျာယွင်ဟာ ပေါက်စွိုက်ရဲ့ ဖိတ်ခေါ်မှုနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အခွင့်အရေးရလိုရငြား အလည်ထွက်လာခဲ့ပါတယ်။လေယာဉ်ကွင်းမှာ ပေါက်စွိုက်က လာကြိုတဲ့ကားပေါ် သေနတ်ကိုင် လူမိုက်တစ်ယောက်ကတက်လာခဲ့ပြီး သူတို့ကိုခြိမ်းခြောက်ပြီး လမ်းတစ်ဝက်မှာ အဲဒီသေနတ်နဲ့လူက ဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူရဲ့အိတ်နဲ့ ကျာယွင်ရဲ့အိတ်နဲ့ လွှဲသွားခဲ့ပြီး သူတို့သူငယ်ချင်းနှစ်ယောက် အန္တရာယ်တွေကြားထဲကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။အဲဒီ အိတ်ထဲက ဘာပစ္စည်းတွေ ပါလိမ့်မလဲ...... အဲဒီအိတ်ထဲက ပစ္စည်းကို လိုချင်နေတဲ့အဖွဲ့ ဘယ်နှဖွဲ့လောက်ရှိမလဲ...... ကျာယွင်တို့ သူငယ်ချင်းနှစ်ယောက် အန္တရာယ်တွေကို ရှောင်လွှဲနိုင်ပါ့မလား..... ဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။4K & 1080p Quality >> Only On CM App ( www.cmapp.tv ) Filesize : 1.50 GB / 849 MB Quality : WEB-DL ...
movie

Unusual Deal (2025)

Big Three Dragons ( 2022 ) 6.2
Big Three Dragons ( 2022 ) လောင်တွမ့်ဟာ နိုင်ငံရတနာမှောင်ခိုရောင်းဝယ်မှုနဲ့ လူသတ်မှုမှာပါဝင်ပတ်သက်မိလို ထောင်ဒဏ်နှစ်၂၀ကျသွားရပါတယ် ထောင်မှပြန်ထွက်လာချိန်မှာ တစ်ချိန်ကဖြစ်ရပ်မှန်ကိုစုံစမ်းဖိုအတွက် လိမ်လည်မှု အစီအစဉ်တစ်ခုဆွဲခဲ့ပါတယ်...လောင်တွမ့်ရဲ့ဇနီးဟောင်းသုံးယောက်ကမွေးတဲ့ ဝူဝိန်.. မော့မော့နဲ့ ထန်နင်တိုဟာ ကုမ္ပဏီတစ်ခုရဲ့ငွေလိမ်လည်မှုကိုခံရသူတွေအတွက် သူတိုအဖေကို လိုက်ရှာပြီး ငွေစိုက်ပေးရန်တောင်းခံဖိုသွားတဲ့အခါ မထင်မှတ်ပဲ လောင်တွမ့်ရဲ့အစီအစဥ်ထဲပါဝင်ဖိုဖြစ်လာပါတယ်...သားအဖလေးယောက်ပူးပေါင်းပြီး ဘယ်လိုလှည့်ကွက်တွေနဲ့ငွေတွေပြန်ယူမှာလဲ... လောင်တွမ့်ကရောစီစဉ်ထားတဲ့အတိုင်းနောက်ကွယ်က ကြိုးကိုင်သူကို ရှာဖွေနိုင်ပြီး နိုင်ငံရတနာအစစ်ကိုရှာတွေ့နိုင်ပါ့မလား.... အချင်းချင်းမယုံကြည်မှုတွေ..ဖေးမမှုတွေ..အားပေးမှုတွေအပြင် ဟာသဆန်ဆန်လှည့်ကွက်များနှင့် စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ Filesize : 1.44 GB / 835 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Comedy Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Big Three Dragons ( 2022 )

Detective Chinatown 1900 (2025) 6.1
Detective Chinatown 1900 (2025) ကမ္ဘာတဝှမ်းမှာရုံတင်ပြသတုန်းက ဒေါ်လာ ၄၈၅.၆ သန်းဝင်ငွေရရှိထားပြီး တရုတ်ပြည်တွင်းမှာလဲ ယွမ် ဘီလီယံချီပြီး ဝင်ငွေရရှိထားတဲ့ လူကြိုက်များလှတဲ့ စုံထောက်ဇာတ်လမ်း Detective Chinatown ရုံတင်ကားကြီးလာပါပြီအရင်ရုပ်ရှင်တွေနဲ့မတူဘဲ 1900 ခုနှစ်များကို နောက်ခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ ထုတ်လုပ်သူနဲ့ ရိုက်ကူးတင်ဆက်သူဖြစ်တဲ့ Chen Sicheng ကတော့ ဒီရုပ်ရှင်ဇာတ်ကားကို သူ့ရဲ့ အကောင်းဆုံးလက်ရာတစ်ခုအဖြစ်လဲပြောဆိုထားပါတယ် Chow Yun Fat နဲ့ မင်းသားချောလေး Liu Hao Ran, Zhang Xin Cheng တို့ကလဲ အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားကြပါတယ် ရှေ့က Detective Chinatown ရုပ်ရှင်ကားတွေနဲ့ သရုပ်ဆောင်တွေလောက်သာ တူညီပြီး အရင် ၃ ကားနဲ့ဆက်စပ်မှုမရှိတဲ့ သီးသန့်ရုပ်ရှင်ဖြစ်ပြီး Detective Chinatown 4 & 5 ထပ်မံထွက်ရှိလာဦးမယ်လို့ သိရှိထားရပါတယ်ဇာတ်လမ်းအညွန်းကတော့၁၉ရာစုအစောပိုင်းဆန်ဖရန်စစ္စကိုမြို့မှာ လူဖြူမလေးအဲလစ်နဲ့အင်ဒီးရန်းမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သတ်ခံရပါတယ်။ ဒီလူသတ်မှုကြောင့် တရုတ်တွေကိုလူဖြူအသိုင်းအဝိုင်းကဆန့်ကျင်လာကြပါတယ်။ဒီအမှုကြောင့် တရုတ်အင်ဒီးရန်းအားကွေနဲ့ အမေရိကားမှာ ပညာလာသင်တဲ့ချင်ဖူတို့တွေဆုံကြပြီးတော့အတူပူးပေါင်းပြီးအမှုလိုက်ဖို့ဖြစ်လာပါတယ် လူငယ်လေးနှစ်ယောက်ရဲ့သူမတူတဲ့အတွေးအခေါ်တွေနဲ့ အမှုကိုဖော်သွားတဲ့ခရီးတစ်ခုကိုရယ်မောစရာတွေနဲ့ချပြသွားတာပဲဖြစ်ပါတယ်။ Filesize :     9 GB  / 1.94 GB / 1.02 GB Quality : WEB-DL ...
movie

Detective Chinatown 1900 (2025)

4K HEVC
All Suspects ( 2024 ) 6
All Suspects ( 2024 ) စုံထောက်ရုပ်ရှင်ကို တစ်နေရာတည်း တစ်ထိုင်တည်း အစအဆုံးအမှုစစ်သွားတဲ့ ရုပ်ရှင်မျိုးကြိုက်တဲ့သူဆိုရင် ဒီရုပ်ရှင်လေးကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-စုန့်ကျစ်ဝိန်ဟာ စုံထောက်အရည်အချင်းမရှိပေမဲ့ သူရှိနေရင် သူ့အနားက လူတွေက တွေးတောနိုင်စွမ်းမြင့်လာတဲ့အတွက် သူ့ကိုယ်သူ "ဟွာရှန်းအစွမ်း" ရှိသူလို့ သတ်မှတ်ထားသူ ဖြစ်ပါတယ်။ သူရှိပြီးနောက်ပိုင်းမှာ သူတို့ ဌာနက အမှုဖြေရှင်းနိုင်စွမ်း ရာနှုန်းပြည့်ဖြစ်တဲ့အတွက် ဆုချီးမြှင့်ခံရပါတယ်။အားလပ်ရက်ကို အေးချမ်းစွာဖြတ်သန်းဖို့ စုန့်ကျစ်ဝိန်တစ်ယောက် ဝူကျီးရှန်း တည်းခိုခန်ူကို အပန်းဖြေခရီးထွက်လာပါတယ်။ တည်းခိုခန်းမှာ တည်းခိုသူတွေထဲမှာ စုံထောက်ဝတ္ထုစာရေးဆရာမမုံ့ကျူ၊ စန္ဒရားဆရာနဲ့ ခြေတစ်လုံးအိမ်တိုင်တစ်ယောက်လည်း ပါပါတယ်။ဝင်ဝင်ခြင်းညမှာပဲ လူသတ်မှုဖြစ်ပြီး ဟိုတယ်ပိုင်ရှင်နဲ့ ဝန်ထမ်းမလေး ၂ ယောက်လုံး သေသွားတဲ့အခါမှာတော့ တည်းခိုခန်းမှာ ရှိနေတဲ့ သူတို့ ၄ ယောက်လုံးက သံသယရှိစရာ ဖြစ်လာပါတယ်။သူတို့ ၄ ယောက်လုံးက အပေါ်ယံ မြင်ထားသလိုပဲလား...... သူတို့နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်မျိုးတွေ ရှိနေမလဲ...... လူသတ်တရားခံကရော ဘယ်သူဖြစ်လိမ့်မလဲ...... ဆိုတာကို ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။ Filesize : 2.55 GB / 885 MB / 525 MB Quality : WEB-DL 4K ...
movie

All Suspects ( 2024 )

4K HEVC
The Monkey King 2 ( 2016 ) 6
The Monkey King 2 ( 2016 ) Monkey King 2 (2016)IMDb - 5.9/10_____Rotten - 100%IMDb rating 5.9/10 ရရှိထားပြီး Rotten tomatoes မှာ ၁၀၀% ရရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး ဝူချန့် ရဲ့ ၁၆ရာစုခေတ်ကထွက်ရှိခဲ့တဲ့ Journey To The West ဝတ္ထုကိုဘဲ ပြန်လည်ဆန်းသစ်တင်ဆက်ထားတာဘဲဖြစ်ပါတယ်။အများကမျှော်လင့်စောင့်စားနေတဲ့ ဇာတ်ကားတကားလဲဖြစ်သလို ရုံတင်ချိန်မှာတော့ Deadpool နဲ့ အပြိုင် ရုံတင်ပြသခဲ့သည့်အတွက် ဇာတ်ကားမှာ ထင်သလောက်အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ အရင် ထွက်ရှိပြီးသား ဇာတ်ကားတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ Visual Affect တွေ Animation တွေဟာ တော်တော်ကြီး ကြည့်ကောင်းလာတာကိုတွေ့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မျောက်မင်း ဝူခုန်းကားတွေရဲ့ ထုံးစံအတိုင်းဘဲ ကျမ်းစာသွားသယ်တဲ့နေရာကနေစတင်ထားပြီး ထုံးစံအတိုင်းဘဲ ဝူခုန်းကို ဆရာတော်က ကယ်တင်ပေးတဲ့အခန်းကနေဘဲစတင်ထားပါတယ်။ အရိုးဖြူမိစ္ဆာ တို့အဖွဲ့ ရဲ့ တိုက်ခိုက်မှုတွေ အခက်အခဲတွေကို ဘယ်လိုကျော်လွှားပြီး အနောက်ဖက်က မိုးကြိုးကျောင်းဆောင်မှာ ကျမ်းစာတွေကို သယ်ယူနိုင်မနိုင်ကိုတော့ ဆက်လက် ဒေါင်းယူကြည့်ရှူကြပါဗျာ။ထိုသို့အလွန်ကောင်းသောဇာတ်ကားကို Channel Myanmar ...
movie

The Monkey King 2 ( 2016 )

The Monkey King 3 (2018) 6
The Monkey King 3 (2018) The Monkey King 3 (2018)_____IMDb - 6/10  ဒီဇာတ်ကားမှာတော့ ဆရာ တော် ရှန်ကျန်းနဲ့ တပည့်ကျော် သုံးဦးဖြစ်တဲ့ ဝူခုံး၊ ပါကျဲနဲ့ ဝူဂျင်းတို့တွေ မိန်းမလှနိုင်ငံကို ရောက် သွားပြီး ကြုံဆုံရတာတွေကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ဆရာတော် ရှန်ကျန်းနဲ့ တပည့်ကျော်တွေဟာ ကျမ်းစာ အုပ်တွေ ယူဆောင်ဖို့ အနောက် ဘက်ကို ခရီးဆန့်ကြရင်း တစ် ရက်မှာတော့ စုလစ်မွမ်းချွန်တွေ နဲ့ ခမ်းနားတဲ့ နေရာတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနေရာက တော့ ငယ်ငယ်ချောချော ဘုရင်မ လေးအုပ်ချုပ်ရာ မိန်းမလှ တိုင်း ပြည်ပဲ ဖြစ်ပါတယ်။အဲဒီကို ရောက်သွားပြီးတဲ့ နောက်မှာတော့ ဆရာတော် ရှန် ကျန်းနဲ့ ဘုရင်မလေးတို့ကြားမှာ သံယောဇဉ်ဖြစ်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ဘုရင်မလေးရဲ့ အကြံပေး မိန်းကလေးကတော့ သူတို့နိုင်ငံ ရဲ့ စည်းမျဉ်းစည်းကမ်းအရ သူတို့ဆီကို ...
movie

The Monkey King 3 (2018)

2018
Detective Chinatown (2015) 6.6
Detective Chinatown (2015) Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး  ဒီမှာ  https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++Detective Chinatown (1) (2015)IMDb Rating (6.6) / Rotten Tomatoes (74%)ချင်ဖုန်းဆိုတဲ့ စကားထစ်တတ်တဲ့ကောင်လေးတစ်ယောက်ဟာ စုံထောက်အလုပ်ကို ဝါသနာပါလွန်းလို့ ရဲကောလိပ်ကို တက်ဖို့ ကြိုးစားပေမယ့် ဝင်ခွင့်မရခဲ့ပါဘူး စိတ်ဓာတ်တွေ အလုံးအရင်းလိုက်ကျနေတဲ့ ချင်ဖုန်းကို သူ့အဘွားဖြစ်သူက ပျော်စေချင်တဲ့အတွက် သူနဲ့ အမျိုးဆယ့်နှစ်ဝမ်းကွဲလောက်တော်တဲ့ ဦးလေးထန်ရန်ရှိတဲ့ ထိုင်းနိုင်ငံကို အလည်အပတ်ခရီးထွက်ဖို့ စီစဉ်ပေးခဲ့ပါတယ် သူ့ဦးလေးထန်ရန်ဟာဆိုရင်တော့ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်းမှာ နာမည်ကြီးစုံထောက်လို့ အဖွားကတော့ ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့လေရဲ့...တကယ်တန်းမှာတော့ သူက လမ်းပေါ်မှာပဲ ပေတေလေလွင့်နေတဲ့ လောင်းကစားသမားပါ သူ့တူဖြစ်သူ ချင်ဖုန်းရောက်လာတဲ့အခါ သူကြိုဆိုဧည့်ခံပုံတွေကလဲ အတော်ခွီရတဲ့ ...
movie

Detective Chinatown (2015)

2015
The Last Frenzy ( 2024 ) 5.7
The Last Frenzy ( 2024 ) CMကနေဒီတစ်ခါမှာတော့ ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ကပ်စေးနည်းခြင်းအမွေကို ဆက်ခံလာတဲ့ ကျာယိုဝေ တစ်ယောက် သန်းချီလှဲလျောင်းခြင်းအစီစဉ်ကို အကောင်ထည်ဖော်ဖို့အတွက် မစားရက်မသောက်ရက်နဲ့ ငွေတွေစုနေခဲ့တာပါဒါပေမယ့် တစ်ရက်မှာ မူးလဲပြီးဆေးရုံရောက်သွားချိန်မှာ သိလိုက်ရတာတော့ ဦးနှောက်အကျိတ်ရောဂါနောက်ဆုံးအဆင့်ဖြစ်နေပြီး အကျိတ်ရဲ့ကြီးထွားနှုန်းက အရမ်းမြန်နေပြီး ၁၀ရက်ပဲ အသက်ရှင်နိုင်တော့မယ်လို့ ဆရာဝန်က သတ်မှတ်ပေးလိုက်ပါတယ်အဲ့လိုနဲ့ ကျာယိုဝေတစ်ယောက် သူ့မှာစုထားတဲ့ငွေတွေအပြင် အိမ်ခန်းကိုပါရောင်းပြီးတော့ သူ့ငယ်သူငယ်ချင်းတွေကိုပြန်ခေါ်ပြီး ပိုက်ဆံဖြုန်းတဲ့အစီစဉ်ကို စတင်ပါတော့တယ် ၁၀ရက်ပြည့်တဲ့ညမှာ ကျာယိုဝေတစ်ယောက် မူးလဲအော့အန်ပြီး ဆေးရုံရောက်သွားတဲ့နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမှာလဲ တကယ်သေသွားမှာလားဆိုတာကို ဟာသ‌အနှောလေးနဲ့ကြည့်ရမှာမို့လို့ ပေါ့ပေါ့ပါးပါးအပန်းဖြေချင်တဲ့သူတွေ‌အနေနဲ့ ကြည့်ရှုသင့်တဲ့ကားလေးဖြစ်လို့ CM ကနေဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Drama Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK   
movie

The Last Frenzy ( 2024 )

Easy Money ( 2023 ) 5.7
Easy Money ( 2023 ) ငွေတုငွေစစ်အရှုပ်တော်ပုံ ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အခြေခံလူတန်းစားတစ်ယောက်ဖြစ်တဲ့ ချောင်ရှီချင့်ဟာ တစ်နေကုန်ကံဆိုးနေခဲ့ပါတယ်။ စိတ်ညစ်ညစ်နဲ့တံတားအောက်ကိုသွားတဲ့အချိန်မှာ ပိုက်ဆံသေတ္တာတစ်ခုကိုကောက်တွေ့ရပါတယ်။သူကဒီပိုက်ဆံသေတ္တာကိုရဲလက်အပ်ရမလား ဘာလုပ်ရမလဲတွေဝေနေတဲ့အချိန်မှာ...... လင်ကြီးဆီကပိုက်ဆံတွေကိုခိုးပြီး ပိုက်ဆံအတုနဲ့လဲဖို့ကြိုးစားနေတဲ့စုံတွဲတစ်တွဲနဲ့ မထင်မှတ်ပဲ လက်ဆွဲသေတ္တာချင်လွဲသွားခဲ့တယ်။ တကယ်တော့ ချောင်ရှီချင့်လက်ထဲကပိုက်ဆံသေတ္တာက ရိုက်ကူးရေးသုံးတဲ့ပိုက်ဆံအတုတွေပါ။ ခိုးလာတဲ့ပိုက်ဆံကအတုတွေဖြစ်သွားတော့ စုံတွဲကခေါင်းမီးတောက်တော့တာပဲ။ ဒီလိုနဲ့ ချောင်ရှီချင့်ကငွေတုဆိုပြီးရဲလက်ကိုအပ်ဖို့ကြိုးစားတဲ့ ပိုက်ဆံတွေနဲ့ရွာလည်နေတော့တာပါပဲ။ ပေါ့ပေါ့ပါးပါး စိတ်အပန်းဖြေချင်တဲ့အခါမှာ သေချာပေါက်ကြည့်သင့်တဲ့ အခွီကားလေးတစ်ကားပါပဲ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Easy Money ( 2023 )

One and Only ( 2023 ) 7.0
One and Only ( 2023 ) CM ပရိသတ်ကြီးတွေကို ဉာဏ်ကွန့်မြူးလို့ကောင်းတဲ့ လူငယ်ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်တယ်။ နာမည်ကတော့ One and Only ဖြစ်ပြီးတော့ ဒီနှစ်မှ ရုံတင်ခဲ့တဲ့ ဇာတ်ကားပါ။ ဒီကားထဲမှာဆိုရင် အဓိက သရုပ်ဆောင်တွေအနေနဲ့ စီနီယာဟွမ်ပေါ်နဲ့ နာမည်ကြီးတရုတ်မင်းသား ဝမ်ရိပေါ်တို့က တင်းလေ့နဲ့ ချန်ရှိုးတို့အဖြစ် ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ တင်းလေ့က ချန်ရှိုးကို တွေ့ရာကနေ စပါတယ်။ ချန်ရှိုးက လူငယ်အကသမားဖြစ်ပြီးတော့ အိပ်မက်တွေနောက်ကို လိုက်နေတဲ့ကောင်လေးပါ။ တစ်နေ့မှာ သူက တင်းလေ့ရဲ့ အကအဖွဲ့ထဲ ဝင်ခွင့်ရသွားတဲ့အခါ မတူညီတဲ့ အရည်အချင်းအမျိုးမျိုးရှိတဲ့ အကကျွမ်းကျင်သူတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ ချန်ရှိုးအနေနဲ့ အကပြိုင်ပွဲတွေမှာ ပါဝင်ချင်တာက တစ်ဘဝစာအိပ်မက်လိုမျိုးဖြစ်ခဲ့ပြီးတော့ အဲဒီအတွက် ကြိုးစားရာမှာ သူ မျှော်လင့်သလို မချောမွေ့ခဲ့ပါဘူး။ မိသားစုနဲ့ အိပ်မက်တွေကြားမှာ ရောက်နေရတဲ့အခါ သူ့အနေနဲ့ ဘာကို ရွေးချယ်မလဲ၊ အိပ်မက်တွေနောက် လိုက်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ဟောဒီ One and Only ရုပ်ရှင်ထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါနော်။မြူးကြွကြွ ကကွက်တွေကို ကြည့်ရှုရမှာဖြစ်တဲ့အပြင် လူငယ်တစ်ယောက်ရဲ့ ရုန်းကန်လှုပ်ရှားပုံတွေကို တွေ့မြင်ရမှာဖြစ်တဲ့အတွက် inspiration ယူလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်တာမလို့ အားလုံးကြည့်ရှုကြဖို့ recommend ပေးပါတယ်နော်။ Quality ...
movie

One and Only ( 2023 )

The Morning After ( 2018 ) 5.8
The Morning After ( 2018 ) ဟာသရုပ်ရှင်တွေကို ကြိုက်တဲ့ ပရိသတ်တွေအတွက် နာမည်ကြီး လူရွှင်တော် တွေနဲ့ ရိုက်ကူးထားတဲ့ ဟာသကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-နှစ် ၃၀ ကျော် ငါးရောင်းခဲ့သူ ဦးလေးယာ၊ ငါးပြတိုက်ကြီးတစ်ခုမှ လင်းပိုင်လေ့ကျင့်သူ အားလဲ့နှင့် ငါးပြတိုက်လုံခြုံရေး တုကျစ်ကော်တို့ဟာအလုပ်ကြောင့် ခင်မင်သွားကြပါတယ်။ သူတို့ဟာ ဘဝကို ကြိုးစားဖြတ်သန်းနေပေမဲ့လဲ အချစ်ရေးတော့ကံမကောင်းကြပါဘူးတစ်နေ့မှာ သူတို့ ၃ ယောက် စုပြီး စိတ်ညစ်ညစ်နဲ့ အရက်သောက်ကြပါတယ်။ မူးနေကြပြီး ဘာမှ မသိတော့တဲ့ အချိန်မှ ာ ကားတစ်စီးက ငါးပြတိုက်ကို ရောက်လာခဲ့ပါတယ်။ မူးနေတဲ့ ဦးလေးယာဟာ ပစ္စည်းစာရင်းပေါ်မှာ လက်မှတ်ထိုးခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ ငါးပြတိုက်ထဲက နာမည်ကြီးလင်းပိုင်ပေါင်ပေါင်ကို သူတို့ ၃ ယောက် နိုင်ငံခြားသို့ရောင်းလိုက်ကြောင်း သိလိုက်ရပါတယ်။ ဒီကိစ္စကြောင့် သူတို့ ၃ ယောက်ဟာ လင်းပိုင်ကို ခိုးရောင်းခဲ့တဲ့ တရားခံတွေ ဖြစ်သွားပါတော့တယ်။သူတို့ ၃ ယောက် လင်းပိုင်ကို ပြန်ရှာတဲ့ လမ်းတစ်လျှောက်မှာ ကြုံတွေ့ရမယ့် အလွှဲတွေကို ကြည့်ရှုရယ်မောပြီး ဘဝအမောတွေကို ဖြေဖျောက်ကြရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : ...
movie

The Morning After ( 2018 )

The Better Life ( 2023 ) 5.9
The Better Life ( 2023 ) CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့ Better lifeဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဝမ်ယိုချိုင်လို့ခေါ်တဲ့ ကျောက်ကပ်ဝေဒနာနောက်ဆုံးအဆင့်ခံစားနေရသူ, ဆင်းရဲချို့တဲ့ပေမဲ့လူတကာကူညီပေးတတ်ပြီး ဆေးရုံဘေးနားအိမ်ယာတန်းလျားမှာနေနေရတယ်။လီကျစ်ယွမ်ကတော့ ကုမ္ပဏီပိုင်ရှင်ရဲ့သား နှလုံးရောဂါဝေဒနာနောက်ဆုံးအဆင့်ခံစားနေရသူ, ချမ်းသာပေမဲ့အမြဲတမ်းအထီးကျန်ဆန်နေတဲ့လူပေါ့။လီကျစ်ယွမ်ကသူ့နှလုံးအစားထိုးဖို့ သင့်တော်တဲ့လူကို ရှာနေရင်းဝမ်ယိုချိုင်ကို ရှာတွေ့သွားပြီးနှစ်ယောက်သား ညီအစ်ကိုမိတ်ဆွေဖြစ်သွားကြတယ်။ သူဌေးသားဆိုပေမဲ့လည်း အမြဲတမ်းပျော်ရွှင်ပြီး ပြီးပြည့်စုံတဲ့မိသားစုကိုပိုင်ဆိုင်ချင်နေတာကြောင့် ဝမ်ယိုချိုင်ရဲ့ဘဝကို အားကျနေမိခဲ့တယ်တစ်နေ့မှာတော့ နှစ်ဦးသားကကိုယ်အင်္ဂါအစားထိုး လဲလှယ်ဖို့ စာချုပ်ချုပ်ဆိုတဲ့အကြောင်းဖန်လာခဲ့တယ်။ ကဲဒီတော့ ဝမ်ယိုချိုင်နဲ့လီကျစ်ယွမ် နှစ်ဦးသား ဘယ်လိုတွေရင်းနှီးခင်မင်ကြသလဲ။နှစ်ဦးလုံးရဲ့ ကိုယ်အင်္ဂါအစားထိုးတာကတော့အစားထိုးနိုင်ပါ့မလားစတာတွေကို ဒီဇာတ်လမ်းလေးထဲမှာ ဝမ်းနည်းစရာ,ကြည်နူးစရာ စတဲ့ရသပေါင်းစုံကို ဖော်ပြသွားမှာဆိုတော့ ဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

The Better Life ( 2023 )

Just Call Me Nobody ( 2010 ) 4.1
Just Call Me Nobody ( 2010 ) Zawgyi*******Just call me nobody ဆိုတဲ့ ဒီဇာက်ကားလေးဟာဆိုရင်၂၀၁၀ခုနှစ်ကထွက်ရှိခဲ့ပြီး ကိုယ်ခံပညာနဲ့ ဟာသရောနှောထားသောဇာက်ကားလေးတစ်ကားပါ ဒီကားလေးကို ဒါရိုက်တာ Kevin Chuရိုက်ကူးထားပြီး castတွေ အနေနဲ့Xiao Shen Yang,Kelly Lin, Banny Chen, Zhao Benshan,Eric Tsang, Jacky Wu,Xiao Xiao Binတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်rating အနေနဲ့ သိပ်မကောင်းပေမဲ့ ကြည့်ကောင်းတဲ့ကားလေးတစ်ကားပါဇာက်လမ်းအကျဉ်းချုပ်လေးကတော့ ရှေးဟောင်းတရုတ်ပြည်ကြီးမှာwu di(Xiao Shen Yang)ဆိုတဲ့ ဖိနပ်ချုပ်သမားလေးဟာအမေဖြစ်သူ(Chen Hui-chuen)နဲ့အတူတူနေထိုင်ပါတယ် ဒါပေမဲ့သူဟာ သိုင်းစာအုပ်တွေကိုလေ့လာလိုက်စားသူတစ်ပါ တစ်နေ့ wu diဟာအမျိုသမီးသိုင်းသမားတစ်ယောက်Yoelou(Kelly Lin)ရဲ့ ဖိနပ်ကို ပြင်ပေးခဲ့ပြီးနောက် သူမကို ရန်သူတွေလက်ထဲကနေကယ်ခဲ့ပါတယ် အဲ့ဒီနောက်သူမက wu diကိုကျေးဇူးတင်ခဲ့ပြီး သူမရဲ့ အကူအညီကိလိုရင် ချင်တောင်မှာ လာရှာဖို့ ပြောခဲ့ပါတယ် တကယ်တမ်းတော့ သူမကတော်ဝင်မင်းသမီးတစ်ယောက်ဖြစ်ပြီး ဘုရင်ဖြစ်သူ (Banny Chen)နဲ့စေ့စပ်ထားသူဖြစ်ပါတယ် သူမဟာ ...
movie


2010
Some Like It Hot (2016) 6.8
Some Like It Hot (2016)   ဘဝမှာ သိပ်ချစ်ရတဲ့သူငယ်ချင်းတွေရှိရင် သိပ်လှတယ်... အမူအကျင့် တစ်ခုစီနဲ့ ခွီရတဲ့ သက်လတ်ပိုင်း သူငယ်ချင်း ၅ ယောက်အဖွဲ့... ၁။ တစ်ယောက်က မြင်မြင်ချင်းအချစ်ကိုပဲ ယုံကြည်လို့ တစ်ဘဝလုံး FA လုပ်လာတာ တစ်နေ့တော့ ကောင်မလေးတစ်ယောက်ကိုမြင်မြင်ချင်းမှာ သိပ်ကြွေသွားပြီး Heart Attack နဲ့သေရော.. ၂။ နောက်တစ်ယောက်က တခြားကောင်မလေးတွေနဲ့ အသားကုန်ပွေးပေမယ့် အချိန်တန် အိမ်ပြန်ဆိုတဲ့ ဆောင်ပုဒ်ကိုကိုင်ဆွဲထားတဲ့ သူ့ကောင်မလေးကို အသေချစ်သူ... ၃။ နောက်တစ်ယောက်က အဖွဲ့တစ်ဖွဲ့လုံးရဲ့ ခိုင်းဖတ် မစိုမခြောက်... ၄။ နောက်တစ်ယောက်က အူတူတူနဲ့ လုပ်ချင်ရာလုပ်တတ်ပြီး ဘယ်သူမှမကြိုက်တော့တဲ့ အပျိုကြီးကိုမှ အသည်းစွဲသွားသူ... ၅။ ဇာတ်လိုက်ကျော်ကြီးကတော့ ကိုရီးယားမော်ဒယ်လေးကို မြင်မြင်ချင်း ပလူးချင်လွန်းလို့ အိမ်ကမိန်းမကို ခွကျော်ရမယ့်သူ...ဇာတ်အိမ်ဇာတ်လမ်းလေး ကောင်းမွန်သလို တင်ဆက်ပုံ သွက်သွက်လက်လက်နဲ့ ဆွဲခေါ်သွားမယ့် ဇာတ်ကားပါ။ကျွန်တော်တော့ အတော်အကြိုက်တွေ့မိပါတယ်။ အနားယူချိန်မှာ မိသားစုနဲ့အတူတူကြည့်ပြီး ခွီနေရမယ့် ဇာတ်ကားမျိုးပါ။ (အိမ်ကမိန်းမကို မပိုင်သူတွေကတော့ မိန်းမနဲ့ အတူတူ မကြည့်နဲ့ပေါ့..ဆွဲစိတ်ခံနေရမယ်။)IMDb Rating (6.8) ထိ ရရှိထားပါတယ်။File size…(1.1 GB) and ...
movie

Some Like It Hot (2016)

2016