Channel Myanmar
Wu Yanshu
Cesium Fallout (2025) 6.8
Cesium Fallout (2025) မင်းသားကြီးAndy Lau နဲ့ Love O2Oထဲက မင်းသားချောလေး Bai Yuတို့ရဲ့ရုပ်ရှင်ဇာတ်ကားကြီးလာပါပြီ။ ကပ်ဘေးအန္တရာယ်ကို စွန့်စားပြီးကာကွယ်ရတဲ့ဇာတ်ကားဖြစ်ပါတယ်။ အန္တရာယ်ရှိ ဓာတ်ရောင်ခြည်ပစ္စည်းတွေရုတ်တရက်ယိုစိမ့်လာတဲ့အတွက် ဟောင်ကောင်မြို့ကြီးဟာ ၂၄နာရီအတွင်းအန္တရာယ်ကျရောက်တော့မှာဖြစ်ပါတယ်။ဒီကပ်ဘေးကြီးကလွတ်မြောက်ဖို့ ပညာရှင်ဖန့်ဝေလိနဲ့ Ceciliaတို့က ကိုယ့်အကြောင်းပြချက်နဲ့ကိုယ်ရှိကြပါတယ်။ တစ်ချိန်ထဲမှာပဲ မီးသတ်သမား လိကျယ်ဖုန်းဟာ သူ့တပ်ဖွဲ့နဲ့အတူ ရှေ့တန်းမှာကယ်ဆယ်ရေးကိုကြိုးစားပြီးလုပ်ကိုင်နေခဲ့ပါတယ်။ ဟောင်ကောင်မြို့ကြီးပျက်စီးတော့မယ့်အချိန်နဲ့နီးကပ်လာတာနဲ့အမျှ သူတို့တွေဟာ ကာယ ဉာဏ အင်အားပူးပေါင်းပြီး ဘယ်လိုကယ်တင်သွားမလဲဆိုတာကို သဲထိတ်ရင်ဖိုကြည့်ရမှာပဲဖြစ်ပါတယ်။ Filesize : 3.63 GB / 1.88 GB / 1.03 GB Quality : WEB-DL 4K HEVC, 1080p HEVC , 720p HEVC Format : mkv Genres : Drama , Action , Crime Runtime : 2h 16 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie
Cesium Fallout (2025)
4K HEVC
All About My Mother ( 2021 ) 6.3
All About My Mother ( 2021 ) Fall in Love ထဲက မင်းသမီးလေးရဲ့ All about my mother ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးက နာမည်အတိုင်းပါပဲ အမေအကြောင်းပါ...ဘယ်လောက်နားလည်အောင်ကြိုးစားပါစေ နားမလည်နိုင်တဲ့ အမေ့အကြောင်းပါ....ဒီကားလေးကို တကူးတက ဇာတ်လမ်းအကျဉ်းမပြောပြတော့ပါဘူးအမေလုပ်ပေးတာကို ဇိမ်ခံတတ်တဲ့ အဖေကိုယ်တိုင်မလုပ်ရရင် စိတ်တိုင်းမကျ ပြီးမှ ငါပဲလုပ်ရတယ် ငြီးတတ်တဲ့အမေ ငယ်ငယ်က မေမေ တဆာဆာခေါ်ကပ်ခဲ့ပြီး ကြီးမှာ ငြိုငြင်လာကာ သူစိမ်းရဲ့ တစ်ခဏကောင်းပေးတာကို သာယာယုံကြည် အားကိုးချင်မိတဲ့ ကိုယ့်ကိုယ်ကို ပုံဖော်ခံစားလိုက်ရင် ဒီကားလေးနဲ့ စိမ်းမနေပါဘူး...ဇာတ်လမ်းအကျဉ်းအစား စပွိုင်းပါမယ် ဘာသာပြန်ရင်းငိုရတဲ့အခန်းတွေ ကြည့်ရင်း ငိုလိုက်တယ် ဒါ ရင်ဘတ်ချင်းတူလို့ပဲပထမဆုံး ငိုမိတဲ့အခန်းကတော့ အမေလုပ်သူက သမီးချစ်သူရဲ့သရုပ်မှန်ကို သိသွားတဲ့အချိန်ပါ ( အရမ်းspoil ဖြစ်သွားမယ်ဆိုလို့ဘာကြောင့်လဲဆိုတာကိုတော့ထည့်မရေးတော့ပါဘူးဒုတိယက အမေ က အလုပ်ခွင်က သမီးကို မြင်ရချိန် တစ်ချိန်တည်း သမီးအတွက် တတ်နိုင်တဲ့ဘောင်ထဲက ကာကွယ်ပေးတဲ့အချိန်ပါ တတိယကတော့ " အမေ မစောင့်နိုင်တော့ဘူး" ကနေ " သမီးကြောက်တယ်" အထိ ကဲ မိသားစုနဲ့ တူတူကြည့်ပြီး ခံစားလိုက်ကြပါ.မိသားစုနဲ့ ...
movie
All About My Mother ( 2021 )
Decoded ( 2024 ) 6.0
Decoded ( 2024 ) မိုက်ကျားဆိုတဲ့ ကလောင်နာမည်နဲ့ ၂၀၀၂ ခုနှစ်မှာ ရေးသားထုတ်ဝေလို့ တရုတ်အစိုးရ ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့ ကုဒ်ဖျက်သူဝတ္ထု ကို အခုတော့ ရုပ်ရှင်ဇာတ်ကားအနေနဲ့ ရိုက်ကူးခဲ့ပါပြီ...ဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်ကာလခေတ်နှောင်းပိုင်း ဆိုက်ဘာစစ်ပွဲကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး..." တိုင်းပြည်ဆိုတာ ငါတို့အသက်ကိုစတေးပြီးတောင် ကာကွယ်သင့်တဲ့ အရာ" လို့ သင်ပေးတဲ့လူတစ်ယောက်စကားကြောင့်... "တိုင်းပြည်ဆိုတာ ချစ်တဲ့သူ၊ မိတ်ဆွေ၊ ကိုယ်ချစ်မြတ်နိုးတဲ့အရာတွေ စုဝေးရာ အိမ်" လို့ ပြောပြခဲ့တဲ့ လူတစ်ယောက်ကြောင့် ...နာမည်ကောင်းမရလည်း... နာမည်ဂုဏ်မဖော်လိုဘဲ တိတ်တဆိတ် ကြိုးစားအားထုတ်ခဲ့တဲ့ လျို့ဝှက်ကုဒ် ဖြေသူ သင်္ချာကိန်းဂဏန်းပါရမီရှင် ရုံကျင်းကျန်းရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ရိုက်ကူး ပုံဖော်ထားတာဖြစ်တယ်...ရုံကျင်းကျန်းက တစ်မူထူးခြားတဲ့ ပညာရှင်ဖြစ်တဲ့အတွက် လူမှုဆက်ဆံရေးမှာ အားနည်းချက်ရှိပေမယ့် သင်ပြပေးသူမရှိဘဲ သင်္ချာကို ထူးချွန်သူဖြစ်လို့ သင်္ချာပညာရှင် ပါမောက္ခ Liseiwicz ရဲ့ အလေးပေးခံရပြီး လူဦးနှောက်ကို အသုံးပြုပြီး ဖန်တီးတဲ့ ကွန်ပျူတာအကြောင်းနဲ့ ကုတ်အကြောင်းကို နားလည်ခဲ့ပါတယ်...အပေါ်မှာပြောသလိုပဲ ဆိုက်ဘာစစ်ပွဲကာလဖြစ်လို့ ကုတ်ဖြေသူကို တိုင်းပြည်က လိုအပ်ချိန်မလို့ ရုံကျင်းကျန်းက အထူးတပ်ဖွဲ့ အမှတ် ၇၀၁ မှာ လျို့ဝှက် မစ်ရှင်ဆောင်ရွက်ဖို့ ကြောင်းဖန်လာပါတယ်....လျို့ဝှက်မစ်ရှင်ဖြစ်တဲ့အတွက် သူ့စွမ်းဆောင်မှုကိုသာသိကြပြီး နောက်ကွယ်က ကြိုးစားအားထုတ်သူကိုတော့ ...
movie
Decoded ( 2024 )
Too Beautiful To Lie ( 2023 ) 5.9
Too Beautiful To Lie ( 2023 ) လူလိမ်မလေးနဲ့ သားလိမ္မာငအူလေးတို့ရဲ့ ပေါ့ပေါ့ပါးပါးဟာသ အချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ကလေးနဲ့မလိုက်အောင်လိမ်တတ်တဲ့ လူလိမ်မလေးနဲ့ သားလိမ္မာငအူလေးတို့ဟာ ခရီးသွားရင်သင်္ဘောပေါ်မှာတွေ့ခဲ့ကြပြီး အခြေနေတွေကြောင့် လူလိမ်မလေးက ငအူလေးရဲ့သတို့သမီးလောင်အဖြစ်အထင်မှားခံရပါတယ်။ဖန်းမိသားစုရဲ့နွေးနွေးထွေးထွေး အလေးပေးချင်းကိုခံရပါတယ်။ ငအူလေးက လူလိမ်မလေးရဲ့လိမ်ညာစကားတွေကိုဖော်ပြီး မိသားစုရဲ့ယုံကြည်မှုပြန်ရနိုင်ဖို့ လူလိမ်မလေးနဲ့ ဉာဏ်ရည်ချင်းပြိုင်ရတော့တာပေါ့။ လူလိမ်မလေးနဲ့ ငအူလေးရဲ့တိုက်ပွဲကို အခွီလေးတွေနဲ့ပေါ့ပေါ့ပါးပါးတင်ဆက်ပေးလိုက်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Too Beautiful To Lie ( 2023 )
Five Hundred Miles ( 2023 ) 6
Five Hundred Miles ( 2023 ) ဘဝချင်းလဲကြမယ်ဆိုတဲ့အခါ မိသားစုတွေပါလဲရမယ်ဆိုရင် လဲနိုင်ပါ့မလား..... သာမန်ဘဝကနေရုန်းထွက်ပြီး မတူညီတဲ့ဘဝတစ်ခုနဲ့ ရှင်သန်ချင်တဲ့လူငယ်လေး လုရှောင်ကူ။လုရှောင်ကူကအသက်ကွာတဲ့မမကြီးကျင်းဟောင်ကို တိတ်တခိုးချစ်နေတဲ့လူတောမတိုးရဲတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။မမရဲ့ရည်းစားဖြစ်ချင်ပါတယ်လို့ ဆုတောင်းမိရာကနေ မမရဲ့ရည်းစားနဲ့လူချင်းလဲသွားတဲ့အခါ..... ရှောင်ကူအမြဲဖြစ်ချင်နေတဲ့ မတူညီတဲ့ဘဝတစ်ခုကိုရောက်သွားပြီး မိသားစုပါပြောင်းသွားတဲ့အခါ ဘယ်လိုရယ်စရာတွေဖြစ်လာမလဲ၊လူမှန်နေရာမှန်ပြန်ဖြစ်ဖို့ဘယ်လိုအလွဲလွဲအချော်ချော်နဲ့ ကြိုးစားကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးရယ်မောရင်းကြည့်လိုက်ပါဦးနော် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy, Family , Fantasy Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Five Hundred Miles ( 2023 )
Love Can’t Be Said ( 2022 ) 6.3
Love Can’t Be Said ( 2022 ) ကိုယ့်ရဲ့ လူငယ်ဘဝ အချိန်လေးကို တောက်ပပေးစေနိုင်တဲ့လူလို့ ထင်မိစေလောက်တဲ့အထိ သဘောကျခဲ့ရတဲ့ အချစ်ဦးမျိုးရော ရှိခဲ့ဖူးလား?သူများနဲ့ စကားပြောရတာ မကြိုက်တတ်သူ ၊ မိတ်ဆွေဖွဲ့ဖို့ ဝန်လေးနေတတ်သူ ၊ ကိုယ့်ကိုကိုယ်အမြဲသိမ်ငယ်ပြီး နှိမ့်ချနေတတ်သူ တက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူလေး - ထုန်ကျစ်းလျောင်ခင်မင်တတ်ပြီး ပျော်ပျော်နေတတ်သူ ၊ အပင်လေးတွေကိုချစ်မြတ်နိုးတဲ့သူ ၊ သူများတကာကို ကူညီစိတ်အပြည့်ရှိသူ စတုတ္ထနှစ်ကျောင်းသားလေး - ကုပင်းကိုယ့်ကို အမြဲနှိမ့်ချ သိမ်ငယ်နေတတ်တဲ့ ထုန်ကျစ်းလျောင်တစ်ယောက် ထိုင်ပေကနေပြီး ကွမ်ကျိုးကို ကျောင်းလာတတ်တဲ့ ကုပင်းဆိုတဲ့ ကောင်လေးကို လေးနှစ်တိတိ သဘောကျလာခဲ့ပါတယ် ။ ဒါပေမဲ့လို့ ဖွင့်ပြောဖို့အတွက် သူမမှာ သတ္တိမရှိခဲ့ပါဘူး ။ ဖွင့်ပြောမယ် ဆုံးဖြတ်ချက်ချခဲ့တိုင်းလဲ လွဲမှားမှူတွေ အမျိုးမျိုးကြောင့် ဖွင့်ပြောဖို့ အခွင့်မသာခဲ့ပြန်ပါဘူး ။❏ သူမရဲ့ ဘဝလေးကို တောက်ပစေခဲ့တဲ့ “သူ” ❏သူမ ငယ်ရွယ်မှုတွေထဲက ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးခဲ့တဲ့ “သူ” ❏ ရှင်သန်ရခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ သူမကို သိစေခဲ့တဲ့ “သူ” ဘွဲ့ရပြီး နေရပ်ကိုပြန်ချိန် ကုပင်းတစ်ယောက် ထိုင်ပေကို ...
movie
Love Can’t Be Said ( 2022 )
Wolves Action(2020) 6.0
movie
Wolves Action(2020)
The Whistleblower(2019) 5.5
The Whistleblower(2019) The Whistleblower(2019)(unicode)မက်က သြစတေးလျအခြေစိုက် သတ္တုတူးဖော်တဲ့ကုမ္ပဏီတခုမှ အလုပ် လုပ်နေတဲ့ တရုတ်လူမျိုးတစ်ယောက်ပါ။ သူ့ရဲ့ကြိုးစားမှုကြောင့်ပဲ ကုမ္ပဏီမှာလည်းနေရာကောင်းရထားတဲ့ သူတယောက်ပါ။ မက်ရဲ့ကုမ္ပဏီက နည်းပညာအသစ်တခုကို အာဖရိကမှာသွားစမ်းသပ်ရင်း ဆိုးရွားတဲ့ သဘာဝဘေး ငလျင်ဒဏ်ခံကိုကြုံလိုက်ရတယ်.....။ ဒီငလျင်အတွက် ကယ်ဆယ်ရေးလုပ်ဖို့သွားတဲ့ မက်ရဲ့သူငယ်ချင်းက ပြန်ရောက်လာတဲ့ညမှာပဲ အသတ်ခံလိုက်ရပါတယ်။ဒီလူသတ်ခံရမှုဟာ ဘာကြောင့်လဲ.... ငလျင်ဒဏ်ဟာ သဘာ၀ဘေးမဟုတ်ဘဲ နည်းပညာကြောင့်လား..... မက်ရဲ့သူငယ်ချင်းကလည်း မသေခင်မှာ ကယ်ဆယ်ရေးလုပ်နေတုန်းမှာ တွေ့ခဲ့တာတွေကို ဘယ်သူ့ကိုဝေမျှခဲ့လဲ.... အကြိုးအမြတ်ကိုပဲကြည့်ပြီး လူတွေရဲ့ ဆိုးကျိုးကိုမကြည့်တဲ့ ကိုယ်ကြိုးသမားတွေရဲ့ရန်ကနေ ဘယ်လို မက်တို့ရင်ဆိုင်ရမလဲ...ခံစားကြည့်ကြပါဉီး....၁၃၄ မိနစ် ကြာတဲ့ ဒီကားဟာ မာလဝီ၊ တရုတ်နဲ့ သြစ​တြေးလျ တို့မှာ အဓိက ဇာတ်အိမ်တည်ထားပြီး dramaနဲ့ actionကို အချိုးညီညီ​ပေါင်းစပ်ထားတဲ့ ဇာတ်ကား​ကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း အစ အလယ် အဆုံး အလှည့်အ​ပြောင်းများစွာနဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိ​အောင် ဆွဲ​ခေါ်သွားမယ့် ဇာတ်လမ်း​ကောင်း​လေးမို့ပါ။ မင်းသမီး Wei Tang ကိုကြည့်ရတာနဲ့တင်တန်ပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ K ပဲဖြစ်ပါတယ်....(zawgyi)မက္က ...
movie
The Whistleblower(2019)
Fagara ( 2019 ) 7.1
Fagara ( 2019 ) Zawgyi*******ဒီကားလေးဟာ Imdb7.1ရရှိထားပြီး box office worldwide grossမှာ$1265940ထိဝင်ငွေရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းက တော့ သူမအဖေရဲ့ဈာပနမှာသူမငယ်ငယ်တည်းကသိထားခဲ့တဲ့ အဖေတူအမေကွဲညီမနှစ်ယောက်နဲ့ဆုံဆည်းခွင့်ရတဲ့အခါ... သူမချစ်သူနဲ့အဆင်မပြေဖြစ်နေတဲ့အပြင်ဟော့ပေါ့ဆိုင်ကိုလက်လွှဲယူဖို့ဖြစ်လာတဲ့အခါ...သူတို့သားအဖကြားမှာ အတိတ်ကအထင်လွဲမှားမှုတွေ...နားမလည်ပေးနိုင်မှုတွေအများကြီးရှိနေတာကိုသိမြင်လိုက်ရပါတယ်....ဇာတ်လမ်းတစ် ခုလုံးအ​နေနဲ့ဘဝမှာ ကိုယ်တန်ဖိုးထားတဲ့သူတွေကိုစိတ်ထဲကပေးဆပ်နေရုံနဲ့မပြီးပဲ သေချာထုတ်ဖော်ပြသဖို့လိုအပ်ပါတယ်...ကိုယ့်ရဲ့ဂရုစိုက်မှုတွေကို မှန်ကန်စွာဖော်ပြတတ်ဖို့လိုအပ်ပြီးပျော်ရွှင်မှုတွေရယူနိုင်ဖို့နဲ့မရှိတော့မှနောင်တရရင်နောက်ကျသွားမယ်ဆိုတဲ့အသိလေးကိုမီးမှောင်းထိုးပြနေတာပါ... Unicode*******ဒီကားလေးဟာ Imdb7.1ရရှိထားပြီး box office worldwide grossမှာ$1265940ထိဝင်ငွေရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းက တော့ သူမအဖေရဲ့ဈာပနမှာသူမငယ်ငယ်တည်းကသိထားခဲ့တဲ့ အဖေတူအမေကွဲညီမနှစ်ယောက်နဲ့ဆုံဆည်းခွင့်ရတဲ့အခါ... သူမချစ်သူနဲ့အဆင်မပြေဖြစ်နေတဲ့အပြင်ဟော့ပေါ့ဆိုင်ကိုလက်လွှဲယူဖို့ဖြစ်လာတဲ့အခါ...သူတို့သားအဖကြားမှာ အတိတ်ကအထင်လွဲမှားမှုတွေ...နားမလည်ပေးနိုင်မှုတွေအများကြီးရှိနေတာကိုသိမြင်လိုက်ရပါတယ်....ဇာတ်လမ်းတစ် ခုလုံးအနေနဲ့ဘဝမှာ ကိုယ်တန်ဖိုးထားတဲ့သူတွေကိုစိတ်ထဲကပေးဆပ်နေရုံနဲ့မပြီးပဲ သေချာထုတ်ဖော်ပြသဖို့လိုအပ်ပါတယ်...ကိုယ့်ရဲ့ဂရုစိုက်မှုတွေကို မှန်ကန်စွာဖော်ပြတတ်ဖို့လိုအပ်ပြီးပျော်ရွှင်မှုတွေရယူနိုင်ဖို့နဲ့မရှိတော့မှနောင်တရရင်နောက်ကျသွားမယ်ဆိုတဲ့အသိလေးကိုမီးမှောင်းထိုးပြနေတာပါ...  
movie
Fagara ( 2019 )
2019