Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
William Prael
5.7
The Prophecy II (1998) The Prophecy 2
The Prophecy II (1998)နတ်တမန်ချင်း စစ်ခင်းကြတဲ့ကြား လူတွေရောက်ခဲ့ရပြီးနောက် ၄ နှစ်အကြာမှာ ငရဲပြည်မှာ ပိတ်လှောင်ခံထားရတဲ့ နတ်မင်းတမန် ဂေဘရီယယ် လူ့ပြည်ကို ပြန်တက်လာခဲ့တယ်။ဒီတစ်ခေါက်မှာ သူ့ရည်ရွယ်ချက်က နတ်တမန်စစ်ပွဲကို အဆုံးသတ်ပေးလိမ့်မယ်လို့ ဗျာဒိတ်ပေးခံထားရတဲ့ကလေး မွေးမလာခင်မှာ လက်ဦးမှုယူပြီး သုတ်သင်ပစ်ဖို့ပဲ။ဒီလိုနဲ့ ဘုရားသစ္စာတော်ခံနတ်တမန် ဒန်နေယယ်နဲ့ ပေါင်းဖက်ရာကနေ ကိုယ်ဝန်ရှိသွားခဲ့တဲ့ ဗယ်လာရီဆိုတဲ့ မိန်းကလေးနောက်ကို ဂေဘရီယယ် တောက်လျှောက်လိုက်ရင်းက ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရမယ်။ဒီ The Prophecy II ဟာ ၁၉၉၅ က ထွက်ရှိခဲ့တဲ့ The Prophecy ရဲ့ နောက်ဆက်တွဲဖြစ်ပြီး အရင်ကားမှာသရုပ်ဆောင်စွမ်းပြခဲ့တဲ့ Christopher Walken ကပဲ ဂေဘရီယယ်နေရာမှာ ဆက်သရုပ်ဆောင်ထားတဲ့ ဘာသာရေး ဟော်ရာဇာတ်လမ်း ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Costanza ဖြစ်ပါတယ်။) File size… (1.6 GB) / (770 MB) Quality…. Blu-Ray ...
movie
The Prophecy II (1998) The Prophecy 2
1998
4.9
Dracula 2000 (2000)
Dracula 2000 (2000)မက်သရူး ဗန်ဟယ်ဆင်းဆိုတဲ့ အဖိုးကြီးက လန်ဒန်မှာ ရှေးဟောင်းပစ္စည်းပြခန်းဖွင့်ထားပြီး အနုပညာပစ္စည်းတွေစုဆောင်း ရောင်းဝယ်ပါတယ်။ နတ်ရွှေသိုးအရေခွံလိုမျိုး ဘာသာရေးနဲ့ပတ်သက်တဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ပြခန်းအောက်က လျှို့ဝှက်မြေအောက်ခန်းထဲမှာ သိမ်းထားပါတယ်။ တစ်နေ့တော့ သူ့ရဲ့အတွင်းရေးမှုးဖြစ်တဲ့ ဆိုလီနာက အပြင်က သူ့လူနဲ့ပေါင်းပြီး လျှို့ဝှက်ခန်းကိုဖောက်ထွင်းကာ ပစ္စည်းတွေခိုးဖို့လုပ်ကြပါတယ်။ သူတို့လိုချင်တာက ရွှေငွေတွေဖြစ်ပေမဲ့ မှန်းချက်နဲ့နှမ်းထွက်မကိုက်လို့ ပွက်လောရိုက်ကြပါတယ်။ဒီလိုနဲ့ အခန်းတစ်ခုထဲကိုရောက်တော့ ငွေခေါင်းတလားတစ်လုံးကိုတွေ့လိုက်ရပါတယ်။ အပြည့်ပိတ်ထားပြီး ဖွင့်စရာနည်းလမ်းရှာမတွေ့တဲ့ အဲဒီအခေါင်းထဲမှာ အဖိုးကြီးရဲ့ ရွှေငွေမှန်သမျှကိုထည့်ထားလိမ့်မယ်လို့ ထင်ပြီး သူခိုးတစ်သိုက်က အခေါင်းကို ဖျောင်ပြီး လေယာဉ်ပေါ်တင်သွားကြပါတယ်။အခေါင်းကိုဖွင့်ဖို့ကြိုးစားတဲ့သူရဲ့သွေးတွေက အခေါင်းထဲကိုစီးဝင်သွားရင်းနဲ့ အထဲမှာရှိတဲ့ Dracula ကို ပြန်အသက်သွင်းမိသွားပါတယ်။ Dracula က သူခိုးတစ်သိုက်လုံးကို တိုက်ခိုက်လိုက်လို့ လေယာဉ်လည်းပျက်ကျသွားပါတယ်။တစ်ဖက်မှာတော့ အဖိုးကြီး မက်သရူးက ငွေခေါင်းတလားခိုးခံလိုက်ရတာကိုသိတာနဲ့ အသက်ဝင်လာမယ့် Dracula ကိုလိုက်ရှင်းဖို့အတွက် ခရီးထွက်လာခဲ့ပါတယ်။ သူကတကယ်တော့ Dracula ဆီကသွေးတွေကိုယူပြီး သူ့ခန္ဓာကိုယ်ထဲထိုးသွင်းရင်းနဲ့ အသက်ရှည်အောင်နေလာခဲ့တဲ့သူပါ။ ...
movie
Dracula 2000 (2000)
2000