Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Willem Bevers
A Business Proposal (2025)
A Business Proposal 2025 ကံကြမ္မာ၏ချစ်ခွင့်ပန်ခြင်းKdrama ဖန်တွေကြား မသိတဲ့လူမရှိတဲ့ A Business Proposal ဇာတ်လမ်းတွဲရဲ့ ဇာတ်အိမ်ကိုယူပြီး ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ အင်ဒိုသရုပ်ဆောင် အချောအလှလေးတွေနဲ့ ပြန်ပြီးလွမ်းဆွတ်လိုက်ရအောင်လားရှင်ဆာရီကငွေကြေးအခက်အခဲကြောင့် သူငယ်ချင်းဖြစ်သူအစား blind date တွေ့ဖို့သွားခဲ့ပါတယ် ဒီကမ်းလှမ်းချက်နောက်မှာ မထင်ထားတဲ့မြှုပ်ကွက်ကတော့ တစ်ဖက်လူက သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီရဲ့ စီအီးအိုဖြစ်နေတာပါပဲ ဒီအဖြစ်အပျက်လေးကနေစပြီး ဆာရီနဲ့ စီအီးအိုတို့ကြားက ဆက်ဆံရေးက ရှုပ်ထွေးပြီး ရယ်စရာကောင်းတဲ့ အလှည့်အပြောင်းတွေနဲ့ ပြည့်နှက်လာပါတော့တယ်အလုပ်ခွင်ထဲမှာ တစ်ယောက်ကိုတစ်ယောက် မနှစ်သက်ခဲ့ကြပေမဲ့ အတုအယောင် Blind Date ကနေ ပေါက်ဖွားလာတဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်သွားမလဲ အတုအယောင် ဆက်ဆံရေးကနေ သူတို့နှစ်ဦး တကယ့်အချစ်စစ်ကို ရှာတွေ့နိုင်မလားဆိုတာကတော့ ရင်ခုန်စရာကောင်းတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေပါပဲမူရင်း တောင်ကိုရီးယားနာမည်ကျော် ဇာတ်လမ်းတွဲကို အခြေခံပြီး အင်ဒိုနီးရှားပုံစံနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ဒီရုပ်ရှင်ဟာ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေ ရယ်မောပျော်ရွှင်ရမဲ့ဇာတ်ဝင်ခန်းတွေနဲ့ စိတ်အပန်းပြေနိုင်စေမဲ့ ဇာတ်ကားကောင်းတစ်ကားပါလို့ ညွှန်းဆိုရင်း တင်ဆက်ပေးလိုက်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ပဲဖြစ်ပါတယ် ) File size… ...
movie
A Business Proposal (2025)
6.5
Laura (2024)
Laura (2024)IMDb Rating (6.5) လော်ရာဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ အင်ဒိုနီးရှားရုပ်ရှင်ပါ။ဒီကောင်မလေးက မတော်တဆမှုကြောင့် ကျောရိုးမကြီးထိပြီး သွက်ချာပါဒလိုက်သွားလို့ အိပ်ယာထဲပဲ လှဲနေရတဲ့ကောင်မလေးပေါ့။ဒီဇာတ်လမ်းက သူ့ဘဝကို သူအရှုံးမပေးခဲ့တဲ့အကြောင်း ဇာတ်လမ်းလို့လည်းပြောလို့ရတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းက ဒီထက်တော့ ပိုကျယ်ပြန့်ပါတယ်။အရှေ့တိုင်းတစ်ခွင်လုံးရဲ့ ဖိုဝါဒီကြီးစိုးမှုပြဿနာကိုလည်း တစ်ဖက်တစ်လမ်းက ပြထားတယ်။လော်ရာနဲ့ သူ့ရည်းစားရဲ့ အခြေအနေကနေ ထင်ဟပ်ပြီး ဒီအချက်ကိုပြထားသလို ဒီလိုကြီးစိုးမခံရဖို့ သူ့ဘဝကြီးတစ်ခုလုံးနဲ့ရင်းပြီး သိခဲ့ရသလိုမျိုးလည်း ပြထားတယ်။လော်ရာဖြစ်ခဲ့တဲ့ ကားမတော်တဆမှုရဲ့လက်သည်ဟာ သူ့ကောင်လေးဖြစ်သလို သူ့ကောင်လေးက မတော်တဆမဖြစ်ခင်မှာရော ဖြစ်ပြီးနောက်မှာရော သူ့ဆီက အမြတ်ထုတ်ဖို့ကြိုးစားခဲ့တာကို သူမယူရင် ငါ့ဘယ်သူယူမှာလဲဆိုတဲ့စိတ်နဲ့ သည်းညည်းခံနေခဲ့တဲ့ ကောင်မလေးကနေ ဒီနှောင်ကြိုးတွေကနေ လွတ်လပ်သွားတဲ့ ကောင်မလေးဖြစ်လာခဲ့ပုံကိုပါ ပြထားတယ်။ဇာတ်သွက်သွက်နဲ့ ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ထိုင်းတို့ ဖိလစ်ပိုင်တို့ အင်ဒိုတို့က ရုပ်ရှင်တွေကို ကြိုက်တဲ့လူတွေ ကြိုက်ကြမယ့်ဇာတ်လမ်းလို့ပြောလို့ရတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(1.6 GB) / (810 ...
movie
Laura (2024)
2024
4.9
Cinta Dari Timor (2024)
Cinta Dari Timor (2024)IMDb Rating (4.9) "ငါတို့နာမည်တွေကလိုက်ဖက်တယ်" "ဘာလို့လိုက်ဖက်တာလဲ" "ကြယ်တွေရှိတဲ့နေရာမှာ ကောင်းကင်ရှိတယ်လေ""ကြယ်" လို့အဓိပ္ပာယ်ရတဲ့ဘင်တန်ဆိုတဲ့ကောင်မလေးနဲ့ "ကောင်းကင်" လို့အဓိပ္ပာယ်ရတဲ့လန်ဂစ်ဆိုတဲ့ကောင်လေးဟာ ၁၉၉၉ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ်တစ်ခုမှာ ချစ်ကြိုးသွယ်မိခဲ့ကြပါတယ်။ဒါပေမဲ့ အင်ဒိုနီးရှားကနေ အရှေ့တီမောခွဲထွက်တဲ့လူထုဆန္ဒခံယူပွဲကြောင့် ဘင်တန်တို့မိသားစုက အရှေ့တီမောကိုပြန်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အင်ဒိုနီးရှားမှာပဲ လန်ဂစ်နဲ့အတူနေခဲ့ချင်တဲ့ဘင်တန်ဟာ အိမ်ကထွက်ပြေးပြီး လန်ဂစ်လာအခေါ်ကိုစောင့်ဆိုင်းနေခဲ့ပေမယ့် ရောက်မလာခဲ့တဲ့လန်ဂစ်ကြောင့် စိတ်အနာကြီးနာခဲ့ရပါတယ်။ရှစ်နှစ်ကြာအောင် လန်ဂစ်ကြောင့်ခံစားနေရဆဲဖြစ်တဲ့ဘင်တန်တစ်ယောက် တစ်ရက်မှာတော့ မမျှော်လင့်ဘဲ လန်ဂစ်ကိုပြန်တွေ့လိုက်ရပြီး သူသိခဲ့တဲ့လန်ဂစ်မဟုတ်တော့ဘဲ အပြောင်းလဲကြီးပြောင်းလဲနေခဲ့ပါပြီ။လန်ဂစ်တစ်ယောက် သူသိပ်ချစ်ခဲ့တဲ့ချစ်သူဘင်တန်ဆီ ဘာလို့ရောက်မလာခဲ့တာလဲ။ ရှစ်နှစ်အကြာမှာ လန်ဂစ်က ဘာလို့ပြောင်းလဲနေခဲ့တာလဲဆိုတာ ရုပ်ရှင်မှာဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အင်ဒိုနီးရှားအချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပြီး အင်ဒိုနီးရှားရဲ့နိုင်ငံရေးသမိုင်းကြောင်းနောက်ခံတွေကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Aye Yu Naing ဖြစ်ပါတယ်။)File size…(1.4 GB) / (640 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:22:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Aye Yu Naing
movie
Cinta Dari Timor (2024)
2024
7.2
Dear Nathan: Thank You Salma (2022)
Dear Nathan Thank You Salma (2022) IMDb 7.2 နသန်နဲ့ဆယ်မာတို့ရဲ့နောက်ဆုံးထွက် ဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ် အမျိုးသမီးတစ်ယောက် Sexual Harassment လုပ်ခံရပြီဆိုရင် " ဘာလို့ညဘက်ကြီးတစ်ယောက်တည်းသွားလဲ ဘာတွေဝတ်ထားလို့လဲဒီအချိန်ကြီးသွားတာကိုး' စသဖြင့် 'လဲ'ပေါင်းများစွာသောမေးခွန်းတွေအမေးခံရတာက ထုံးစံလိုတောင်ဖြစ်နေပါတယ် တောင်းပန်ခံရမယ့်လူကတောင်းပန်နေရတဲ့ ဘဝထဲ မဟုတ်မခံနသန်တစ်ယောက်ဝင်ရောက်သွားခဲ့မိပါတယ်တစ်ဖက်မှာလည်းဆယ်မာက သူ့ကိုဂရုစိုက်မပေးဘူးဆိုပြီး ပြတ်ကြတော့မယ့်အနေအထားပါ ဒါပေမယ့် နသန်လိုက်ကူညီနေတဲ့ကိစ္စကို ဆယ်မာသိသွားတဲ့အခါမှာတော့ မတရားမှုကိုတိုက်ထုတ်ဖို့သူတို့ဘယ်လိုတွေကြိုးစားသွားမလဲ ဒီမတရားမှုကိုရော ဆယ်မာ့နှလုံးသားကိုပါ နသန်တစ်ယောက်အနိုင်ရယူနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…1.27GB / 616MB Quality…1080p NF WEB DL / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie
Dear Nathan: Thank You Salma (2022)
2022
5.3
Ghibah (2021)
ဒီတစ်ခါတော့ CMကနေ အင်ဒိုးနီးရှားသရဲကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နတ်ဆိုးဆိုတာ ဘယ်အချိန်မှာပေါ်လာတာလဲ ညအချိန်လား နေဝင်ရီတရော အချိန်လား နှစ်ခုလုံးမဟုတ်ပါဘူးတကယ်က ကိုယ်သူများရဲ့ နောက်ကွယ်မှာ မှန်လားမသိမမှန်လားမသိနဲ့ အတင်းပြောတဲ့အချိန် ကိုယ့်ဆီမှာ မကောင်းတဲ့အတွေးတွေများနေတဲ့အချိန်မှာ ပေါ်လာတတ်တာပါတဲ့ အဲ့လိုမျိုးအတင်းပြောတာကို အစ္စလန်ဘာသာမှာ ဂီဘာလို့ခေါ်ဝေါ်ကြပါတယ် ဒီဇာတ်ကားလေးကတော့... ဖီလီတို့ တက္ကသိုလ်ကျောင်းသူကျောင်းသားတသိုက်ဟာ ကျောင်းမဂ္ဂဇင်းအတွက် ကျောင်းသူနဲ့ ပါမောက္ခဖောက်ပြန်တဲ့အကြောင်းကို သတင်းယူရင်း ဂီဘာဆိုတဲ့ မဟုတ်မမှန်အတင်းပြောတဲ့ အပြစ်ကို မတော်တဆ ကျူးလွန်မိခဲ့ကြပါတယ်အဲ့ဒီအချိန်မှာ လူတွေဂီဘာအပြစ်ကို ကျူးလွန်ဖို့ အမြဲစောင့်မျှော်နေတဲ့ အီဖရစ်နတ်ဆိုးက ကြားသိသွားပြီး သူတို့ရဲ့နောက်ကို တစ်ကောက်ကောက် ကပ်ပါလာပါတော့တယ် ကပ်ပါလာပြီးနောက်ပိုင်း အီဖရစ်နတ်ဆိုးဟာ ဖီလီတို့ သူငယ်ချင်းတစ်စုကို တစ်ယောက်ချင်းစီ ဘယ်လိုမျိုးပြင်းပြင်းထန်ထန် နှောင့်ယှက်အပြစ်ပေးမလဲဆိုတာကို ထိတ်လန့်ခြောက်ခြားဖွယ် ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်...။( အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ )Quality__720p IMDb Rating__5.3/10 Format__mp4 Duration__01:33:00 Type__Horror , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung ...
movie
Ghibah (2021)