Channel Myanmar

Widyawati Sophiaan

Romeo Ingkar Janji (2024) 7
Romeo Ingkar Janji (2024) Romeo Ingkar Janji (2024)ယခုတစ်ခါမှာတော့ အင်ဒိုနီးရှား အချစ်ရိုမန့်ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။အာဂသာလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်၊ သူကတော့ မိဘတွေက ကွာရှင်းထားရပြီးတော့ သူ့ကိုလည်း မိသားစုက ဂရုမစိုက် သူရှိတယ်လို့ကို မသတ်မှတ်ထားကြအောင်ကို ပစ်ပယ်ထားခံရလို့ ဒီလောကကြီးမှာ မွေးမလာရင်ကောင်းမှာပဲလို့ တွေးနေတတ်တဲ့ကောင်မလေးတစ်ယောက်ပေါ့။သူဟာ အမြဲ သေချင်တယ်စကားပဲ ပြောနေတတ်တဲ့ကောင်မလေးလည်းဖြစ်ပြီးတော့ သူ့အတွက်ဆိုရင် ဘယ်သူမှ မရှိဘူးလို့ သတ်မှတ်ထားတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ အာဂသာ့ဆီမှာ ရှားရှားပါးပါး ရူနာလို့ခေါ်တဲ့ သူငယ်ချင်းမလေး ရှိနေပါတယ်။ ဘဝမှာ ဘယ်သူမှမရှိတဲ့အာဂသာ့အတွက်တော့ ရူနာက ရင်ဖွင့်ရာ ပျော်ရွှင်မှုတွေ ပေးနိုင်တဲ့သူတစ်ဦးပေါ့။အာဂသာတစ်ယောက် အဘွားဖြစ်သူနဲ့ ရန်ဖြစ်စကားများရင်း အိမ်အပြင်ကို ထွက်လာရာကနေ ဓာတ်ပုံမရိုက်ရနေရာမှာ ပုံဆွဲနေတဲ့ တက်တူးဆရာလေး ရိုမီယိုနဲ့ဆုံကြပါတယ်။ ဆုံမိတာက ခဏတစ်ဖြုတ်လေးဆိုပေမယ့်လည်း ကံကြမ္မာက တွေ့ဆုံဖို့ အကြောင်းဖန်လာတော့ ဘားမှာထပ်ပြီးတော့ ဆုံကြရင်း အချင်းချင်း ရင်းနှီးတဲ့အဆင့်ကို ရောက်သွားပါတော့တယ်။ ရိုမီယိုဆိုတဲ့ တက်တူးဆရာလေးမှာလည်း သူ့အပေါ်မှာ အမြဲအဆင်သင့်ရှိနေပေးတဲ့ ဒါယုဆိုတဲ့ သူငယ်ချင်းမလေးက ရှိနေပြန်ပါသေးတယ်။အာဂသာ, ရိုမီယိုနဲ့ ဒါယုတို့ ၃ယောက်သားရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုတွေ ဆက်ပြီးတော့ ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie

Romeo Ingkar Janji (2024)

The Heart of Suhita (2023) 8.6
The Heart of Suhita (2023) The Heart Of Suhita (2023) IMDb - 8.6/10မိုးအေးအေးမှာ အချစ်ဒရာမာအေးအေးလေးနဲ့ ခံစားကြည့်ရှုချင်တဲ့သူတွေအတွက် အင်ဒိုဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Rating 8.6 ထိရရှိထားပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့မို့ အကြိုက်တွေ့ကြမှာပါ။ဇာတ်လမ်းအကျဉ်း အာလင်နာဆူဟိတာဆိုတဲ့ကောင်မလေးဟာ ငယ်ငယ်ကတည်း သိတတ်လိမ္မာပြီး ကိုယ့်ဖြစ်ချင်တာကိုလည်း ရအောင်လုပ်တတ်တဲ့သူတစ်ဦးပါ။ အိုင်အန်ဝါဆိုတဲ့ အစ္စလာမ်ဘော်ဒါကျောင်းမှာ ကြီးပြင်းခဲ့ရပြီး ဂုစ်ဆိုတဲ့ကောင်လေးနဲ့တွေ့ဆုံခဲ့ပါတယ်။ဂုစ်ဟာ အာလင်နာကို နည်းနည်းလေးမှတောင်စိတ်မဝင်စားပေမဲ့ နှစ်ဖက်မိဘရဲ့ပေးစားမှုကြောင့် နှစ်ယောက်သားလက်ထပ်ဖြစ်ခဲ့ကြပါတယ်။ အာလင်နာဟာ ယောက္ခထီး ယောက္ခမတွေရဲ့ အချစ်ကိုရပေမဲ့ ခင်ပွန်းအချစ်မခံရတဲ့သူတစ်ယောက်ပေါ့။ တစ်ဖက်မှာလည်း ဂုစ်ဟာ ရန်းဂနစ်ဆိုတဲ့ကောင်မလေးကိုသာ စိတ်ဝင်စားနေတဲ့အခါ... ရှေ့ဆက်သူတို့‌တွေဘာတွေဆက်ဖြစ်မယ်ဆိုတာ ဇာတ်အိမ်ခိုင်မာပြီး ငြိမ့်ငြိမ့်လေးနဲ့ အဆုံးထိဘယ်လိုဆွဲခေါ်သွားမယ်ဆိုတာ ကြည့်ရှုခံစားဖို့ တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Alex~KKKZ~ToMo~Cherry တို့ပဲဖြစ်ပါတယ်။) File size…1.99GB / 900MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Moon~Alex~KKKZ~ToMo~Cherry
movie

The Heart of Suhita (2023)

2023