Channel Myanmar

Wendie Malick

Scrooged (1988) 6.9
Scrooged (1988) Scrooged (1988)~ IMDb - 6.9/10, Rotten Tomatoes - 71% ~ခရစ္စမတ်ကတော့ ထပ်ရောက်လာပေမဲ့ ခရစ္စမတ်ရဲ့အရသာကိုလည်း အပြည့်အဝရပြီး တကယ်လည်းကောင်းတဲ့ ရုပ်ရှင်တွေက မထွက်သလောက်ရှားနေပါပြီ။ ကျွန်တော်တို့တွေ မကြည့်ရသေးတဲ့ထဲလည်း ကုန်သလောက်ဖြစ်နေပြီ။ ခရစ္မမတ်ရဲ့အရသာကိုလည်း အပြည့်အဝရသလို တကယ်လည်းကောင်းတဲ့ Superman ပထမဆုံးကားရဲ့ ဒါရိုက်တာ Richard Donner ရဲ့ Scrooged ကိုတော့ ကြည့်ပြီးတဲ့သူထက် မကြည့်ရသေးတဲ့သူပိုများမယ်လို့ ထင်ပါတယ်။ ပါရာမောင့်က ထုတ်ထားတဲ့ ဒီကားက ခရစ္စမတ်ရဲ့အရသာအပြည့်ရတာလည်းမဆန်းပါဘူး။ ခရစ္စမတ်ရဲ့အကျော်ကြားဆုံးဇာတ်လမ်းဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကိုပဲ မော်ဒန်ဗားရှင်းနဲ့ Black Comedy နှောပြီး ရိုက်ထားတာကိုး။ ထုံးစံအတိုင်း ခရစ္စမတ်ကာလမှာ အတိတ် အနာဂတ် ပစ္စုပ္ပန် ခရစ္စမတ်တစ္ဆေတွေရဲ့ခြောက်လှန့်ခြင်းခံရတဲ့ လူတစ်ယောက်အကြောင်းပါပဲ။ ဒါပေမဲ့ ပိုလည်းလက်တွေ့ကျလာသလို ကြည့်ရတာလည်းပိုအရသာရှိပါတယ်။ ဘီလ်မာရေးရဲ့ သရုပ်ဆောင်ချက်ကြောင့်လည်း ...
movie

Scrooged (1988)

1988
The Emperor’s New Groove(2010) 7.3
The Emperor’s New Groove(2010) IMDb...7.3 ,,,,,Rotten 85ဘုရင်တစ်ပါး. ရှိတယ်.. သူဟာ လက်ဖြောက်တစ်ချက်တီးလိုက်ရုံနဲ့လိုရာအကုန်ရတယ်..လက်ညှိုးညွှန်ရာရေဖြစ်တဲ့သူ..အရာအားလုံးဟာ သူလိုချင်တဲ့အတိုင်းဖြစ်နေတော့ ဘုရာဟာ အောက်ခြေလွပ်သလိုဖြစ်နေတယ်..သူဟာ ဘယ်သူ့ကိုမှလည်း အထင်မကြီးဘူး... သူသည်သာ အတော်ဆုံး အတတ်ဆုံးဆိုတဲ့ ဝါဒလက်ကိုင်ထားတယ်..ဒီလို အပြုအမူတွေကြောင့်ပဲ သူ့ရဲ့ရွှေရောင်နေ့ရာက်တွေဟာ သိပ်ကြာကြာမခံပါဘူး...တစ်နေ့မှာတော့ သူဟာ သူ့လူယုံတော်တွေရဲ့လုပ်ကြံမှုကြောင့် လူစင်စစ်ကနေ လားမားတစ်ကောင်ဘဝကိုရောက်သွားပါတော့တယ်။အဲဒီအခြေအနေကိုသူဘယ်လိုကိုင်တွယ်မလဲ။အပေါင်းအသင်းယုံကြည်စရာတစ်ယောက်မှမရှိတဲ့ သူ့ဘဝထဲမှာ သူဘာဆက်လုပ်မလဲ။လူ့ဘဝကိုပြန်ရောက်ဖို့ သူဘယ်လိုကြိုးစားမှာလဲ...ဇာတ်လမ်းကောင်းကောင်း Rating မြင့်မြင့် ကြည့်ရှုခံစားရမယ့် Animation ကားလေးပါ။Imdb 7.3 Rotten Tomatoes 85% ရထားပြီး ဆုပေါင်းများစွာလည်း ရရှိထားလေတော့ Classic ကားကောင်းတစ်ကားလို့တောင်ပြောလို့ရပါတယ်။ကိုင်း ခံစားကြည့်လိုက်ပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ဖြစ်ပါတယ်။ File Size : 1.30GB & 560MB Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:20:00 Genre : Animation, Adventure, Comedy Subtitle : Myanmar ...
movie

The Emperor’s New Groove(2010)

2000
The American President (1995) 6.8
The American President (1995) The American President (1995)~ IMDb - 6.8/10, Rotten Tomatoes - 91% ~အမေရိကန် ရုပ်ရှင်အစည်းအရုံး (AFI) ရဲ့ အမေရိကန်သမိုင်းတလျှောက် အကောင်းဆုံး အချစ်ရုပ်ရှင် ၁၀၀ မှာ နံပါတ် ၇၅ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ အတိုချုပ်ပြောရရင် ဒီရုပ်ရှင်က နိုင်ငံရေးနဲ့အချစ်ရေးကို ဟာသဓာတ်လေးဖြည့်ရင်း လှလှပပဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ပဲဖြစ်လိမ့်မယ်။၉၀ ခုနှစ်တွေဆိုတာ ရုပ်ရှင်လောကအတွက် တော်တော်ကို အရှိန်မြင့်လာတဲ့ကာလလို့ဆိုနိုင်တယ်။ ဒီရုပ်ရှင်ဆိုလည်း ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာတင်မက သရုပ်ဆောင်တွေပါ Prime ဖြစ်ခဲ့တဲ့ကာလမှာရိုက်ခဲ့တယ်။ဇာတ်ညွှန်းရေးတဲ့လူက A Few Good Men တို့ Money Ball တို့ကိုရေးခဲ့တဲ့ Aaron Sorkin… သူ့အရေးအသားက ပြတ်တယ် မြန်တယ် ရှင်းတယ်။ ဒိုင်ယာလော့ဂ်တွေကို တစ်ခါတလေ အရှည်ကြီးတွေပြောတတ်တယ်။ သူ့ရဲ့ လမ်းလျှောက်ရင်းပြောတဲ့ ဒိုင်ယာလော့ဂ်တွေကတော့ ...
movie

The American President (1995)

1995
About Fate (2022) 5.8
About Fate (2022) About Fate (2022)~ Rotten Tomatoes - 60% ~လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ အချစ်၊ ဟာသ၊ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး နာမည်ကျော်ဝတ္ထုတစ်အုပ်ဖြစ်တဲ့ The Irony of Fate ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်ကားရဲ့ အငွေ့အသက်က ဘယ်လိုလဲဆိုရင် Holidate တို့ She's Out of My League တို့နဲ့ ဆင်တူပါတယ်။ Romance / Comedy ဇာတ်ကားသစ်တွေငတ်နေတဲ့ပရိသတ်အတွက်တော့ ပိတ်ရက်မှာ အပျင်းပြေကြည့်ဖို့ ဇာတ်ကားကောင်းတစ်ကားရလိုက်တာပါပဲ။တစ်ခါတစ်ရံမှာ Right person ကို Wrong time မှာရလိုက်တာမျိုးရှိသလို Wrong person က Right time မှာရောက်လာတာမျိုးလည်း ရှိတတ်ပါတယ်။ နှစ်မျိုးစလုံးကတော့ ထပ်တူဆိုးရွားပေမယ့် ဒီနေရာမှာဒုတိယတစ်မျိုးအကြောင်းကို အဓိကပြောချင်ပါတယ်။ မှန်ကန်တဲ့အချိန်မှာ မှားယွင်းတဲ့လူရောက်လာတဲ့ဖြစ်စဥ်မျိုးပေါ့။ မှန်ကန်တဲ့အချိန်ဆိုတာ အကြမ်းဖျဥ်းအားဖြင့်ပြောရရင် ကျွန်တော်တို့လူတစ်ယောက်ကို နှစ်နှစ်ကာကာချစ်ပေးဖို့ ...
movie

About Fate (2022)

2022
Mack & Rita (2022) 5
Mack & Rita (2022) Mack & Rita ( 2022 )" ကျောက်တိုင်း အပြစ်ကလေးတော့ ရှိတယ်။ လူတိုင်း ချို့ယွင်းချက်ရှိမယ်။ သဘာဝရဲ့သဘောတရားတစ်ခုပါပဲ။ "စိုင်းခမ်းလိတ် သီချင်းစာသားလေးလိုပဲ လူတိုင်းက ခြောက်ပြစ်ကင်းနေမကြဘူး။ ဒီလိုပဲ နေလာရင်းနဲ့ တစ်ဖက်သားအလိုနဲ့ ကိုယ့်ဖြစ်တည်မှုက လွဲချော်နေတဲ့အခါတွေမှာ ကိုယ့်ဖြစ်တည်မှုကိုယ်စိတ်တိုင်းမကျဖြစ် သိမ်ငယ်ရတဲ့အဖြစ်မျိုးတွေ လူတိုင်းနဲံမကင်းတတ်ပါဘူး။ လူတွေဟာ ဒီလိုပဲလို့ သိထားလည်း လက်တွေ့ကျင့်သုံးဖို့ မလွယ်တတ်တဲ့ အခြင်းအရာပေါ့။ ဒီရုပ်ရှင်က ဒီအခြေအနေနဲ့ကြုံနေရတဲ့ အသက်၃၀ကောင်မလေးတစ်ယောက်အကြောင်းပါပဲ။ သူက အသက်တော့၃၀ ဒါပေမဲ့ အကြိုုက်တွေ နေပုံထိုင်ပုံတွေက အဘွားကြီးဆန်တယ်။ သူ့ဘဝမှာဘာဖြစ်လဲဆို သူ့အဘွားလိုဖြစ်ချင်တယ်ပဲပြောတတ်တယ်။ သို့ပေမဲ့ သူငယ်ချင်းတွေကြား လူပေါင်းဆံ့အောင် သူ့ကိုယ်သူဖုံးကွယ်ထားခဲ့တာပေါ့။ တစ်နေ့ကျ ထူးခြားစွာနဲ့ပဲ သူအဘွားကြီး တကယ်ဖြစ်သွားခဲ့တယ်။ အဲဒီကနေမှ သူတကယ်ဖြစ်ချင်တာက အသက်ကြီးတာလား သူ့ဖြစ်တည်မှုအတိုင်းသူနေချင်တာလားဆိုတာကို သူပြန်အဖြေရှာရတဲ့ ဇာတ်လမ်းပေါ့။မင်းသမီးကတော့ ဝူဒီအယ်လန်ရဲ့ Annie Hallတို့ မန်ဟက်တန်တို့ နောက် ဂေါ့ဖားသားလိုကားမျိုးတွေမှာ သရုပ်ဆောင်ဖူးပြီး အော်စကာပွဲကိန်းပွဲလို ...
movie

Mack & Rita (2022)

Adventureland (2009) 6.8
Adventureland (2009) 1987ခုနှစ်ရဲ့ကျောင်းသားတစ်ယောက်လက်တွေ့ဘ၀ထဲကိုဝင်ပါတော့မယ် ပြသနာကတော့မပြောင်းသွားပါဘူး ဘာအရာမှလည်းမလွယ်ကူခဲ့ပါဘူး သမီးရည်းစားရေးမှာလည်းအသည်းကွဲနေတဲ့ကွဲဘဲလေးဖြစ်ပြီး လုပ်ငန်းခွင်မှာဆိုလည်းဘာအတွေ့အကြုံမှာမရှိတဲ့ငပေါသာသာပါ မိဘတွေကလည်းကျောင်းစရိတ်မပြောနဲ့ မုန့်ဖိုးတောင်မပေးတော့တဲ့အခြေအနေကိုရောက်နေပါပြီ ပိုက်ဆံရှာဖိုလိုလာတဲ့အချိန်မှာ သူ့အားလပ်ရက်တွေကိုAdventurelandလို့ခေါ်တဲ့ ကစားကွင်းမှာလုပ်ဖို့အကြောင်းဖန်လာပါတယ် စုတ်ပြတ်နာကျင်ပြီးအတွင်းပိုင်းသေဆုံးမတတ်ဖြစ်နေတဲ့လူငယ်တစ်ယောက်က လူတွေအပန်းဖြေ ပျော်ရွှင်ဖို့လာတဲ့ကစားကွင်းမှာအလုပ်လုပ်တယ်ဆိုတာ အရမ်းကြီးဆန့်ကျင်ဘက်ဖြစ်နေသလိုပါပဲ သူ့စိတ်အခြေအနေနဲ့လူမှုရေး၊အချစ်ရေးတွေကို ကစားကွင်းမှာအလုပ်လုပ်ရင်းဘယ်လိုကျော်ဖြတ်သွားမလဲ ပုံမှန်ကားဖြစ်တဲ့အတွက်ပိုကြည့်သင်တယ်လို့ထင်ပါတယ် Sci-fiတွေFantasyတွေထက်စာရင်ဒီလိုကားတွေကပေးတဲ့messageက လက်တွေ့ဘ၀မှာတကယ်အထောက်အကူဖြစ်ပါတယ် ဘာသာပြန်ပေးထားတာတော့Dollyဖြစ်ပြီးကျွန်တော်sithuကencodeပေးထားပါတယ်
movie

Adventureland (2009)

2009