Channel Myanmar

Welker White

I Think I Love My Wife (2007) 5.5
I Think I Love My Wife (2007)  I think I love My wife (2007)Grown Ups ထဲက ဟာသမင်းသား Chris Rock ရဲ့ နောက်ထပ်ခွီနေရမဲ့ အိမ်ထောင်ရေးဟာသဇာတ်လမ်းကောင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။မိခင်ကောင်း ဇနီးချောလေးကိုပိုင်ဆိုင်ထားတဲ့ အိမ်ထောင်သက်တမ်း 7 နှစ်ပြည့်ပြီဖြစ်တဲ့ Richard Cooper ဘဝက အရာရာပြည့်စုံနေတယ်လိုထင်ရပေမဲ့ တကယ်တော့ Richard တစ်ယောက် ရင်ထဲလောင်နေတာအတော်ကြာပါပြီ။ ပြဿနာကတော့ သူ့ဇနီးကောင်းလေးက စိတ်လှုပ်ရှားစရာ ရိုမန့်တစ်ရေးရာတွေ ဘာကိုမှစိတ်မဝင်စားတော့ဘဲ အလုပ်ပဲလုပ်နေတဲ့ ပျင်းစရာအိမ်ရှင်မကြီး ဖြစ်နေတာကိုပါပဲ။အဲဒီအချိန်မှာ Richard ငယ်ငယ်က ကြိတ်စွဲလမ်းခဲ့ရတဲ့ Nikki ဆိုတဲ့ ကလပ်အလှမယ်သူငယ်ချင်းဟောင်းနဲ့ ပြန်ဆုံပြီး Richard ကို သူ့ရဲ့ငြီးငွေ့စရာ အလုပ်နဲ့အိမ်ထောင်သည်ဘဝကနေ ရုန်းထွက်ပြီး အရင်လိုပျော်ရွှင်စိတ်ကြည်နူးစရာတွေ ဖန်တီးပေးပါတော့တယ်။ ဒီလိုနဲ့ Richard တစ်ယောက် သူချစ်တယ်ဆိုတဲ့ဇနီးအပေါ် သစ္စာစောင့်သိမလား အရမ်းလန်းတဲ့ အသစ်လေးနောက်ပါသွားမလားဆိုတာကို ဟာသပေါင်းစုံနဲ့ ကြည့်ရှုရမဲ့ အခွီဇာတ်ကားလေးပဲ ...
movie

I Think I Love My Wife (2007)

Morning Glory (2010) 6.5
Morning Glory (2010) Morning Glory (2010)~ IMDb - 6.5/10, Rotten Tomatoes - 55% ~မနက်ခင်း ‌အစောကြီး ရုပ်သံအစီအစဉ်တွေ ရုပ်မြင်သံကြားကနေ တင်ဆက်ပေးတာကို ကျွန်တော်တို့တတွေ ရင်းနှီးကြမယ်တော့ မထင်ပါဘူး။ မနက်ခင်း ၄ နာရီ ၅ နာရီလောက်မှာ တိုက်ရိုက်တင်ဆက်ကြတဲ့ အစီအစဉ်တွေပါ။ ကျွန်တော်ငယ်ငယ်ကတော့ ၇ နာရီလောက်မှာ အဖေဖွင့်ထားတဲ့ ရေဒီယိုကနေ ပြည်တွင်းပြည်ပ အသံလွှင့်အစီအစဉ်တွေ မရိုးတမ်း နားထောင်ခဲ့ရပါတယ်။ အခုလည်း ဒီလိုပါပဲ။ အန်ကယ်ဆမ်တို့ တိုင်းပြည်က ရုပ်မြင်သံကြား မနက်ခင်း အစီအစဉ်တွေပေါ့။ ကဏ္ဍစုံပါ‌ဝင်တာမလို့ သာမန်ပြည်သူ၊ စီးပွားရေးသမားကစလို့ ဝန်ထမ်း၊ သာသနာ့ဘောင်က ပုဂ္ဂိုလ်တွေပါ စောင့်ကြည့်ရတဲ့ အစီအစဉ်တွေပါပဲ။မနက်ခင်းအစီအစဉ် ထုတ်လုပ်တင်ဆက်တဲ့ ဘက်ကီ ဖူလာ ဆိုတဲ့ တက်ကြွတဲ့ ထုတ်လုပ်ရေးမှူးတစ်ယောက်ဟာ ကံမကောင်းစွာနဲ့ "မင်္ဂလာမနက်ခင်းပါ နယူးဂျာဆီ" အစီအစဉ်ကနေ အလုပ်ထုတ်ခံလိုက်ရပါတယ်။ ...
movie

Morning Glory (2010)

2022