Channel Myanmar

Wei-Lun Xi

Love Beside Me ( 2024 ) 6
Love Beside Me ( 2024 ) ကျောင်းသား အချစ်ကား ချိုချိုလေးတွေ ကြိုက်တဲ့လူတွေအတွက် ဒီရုပ်ရှင်လေးက ကြည့်ကို ကြည့်သင့်တဲ့ ရုပ်ရှင်လေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-အားကြီးပြီး တက်ကြွတဲ့ ကောင်မလေး ကောင်းရှောင်နန်နဲ့ ဂီတာကိုရူးသွပ်တဲ့ လေယွီကွမ်းတို့က ငယ်ကတည်းက အတူတူကြီးလာကြတဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်ကြပါတယ်။ နူးညံ့တဲ့ ကျောင်းက ပျိုတိုင်းကြိုက်တဲ့ လူချောလေး ဝမ်ကျီကျယ်ရဲ့ မေတ္တာကို လိုချင်တဲ့အတွက် သီချင်းဆိုရင် ကီးကြောင်တတ်တဲ့ ကောင်းရှောင်နန်ဟာ အထက်တန်းဂီတပြဇာတ်မှာ မင်းသမီးနေရာရဖို့ ပြိုင်ပွဲဝင်ရအောင် လေယွီကွမ်းကို အကူအညီတောင်းခဲ့ပါတယ်။အဲဒီနောက်မှာ လေယွီကွမ်းက ကောင်းရှောင်နန်ကို ပျော်စရာကောင်း ရယ်စရာကောင်းတဲ့ ဂီတလေ့ကျင့်မှုတွေ လုပ်ပေးပြီး သူ့ကို ဝမ်ကျီကျယ်ကြိုက်တတ်တဲ့ မိန်းကလေးလိုဖြစ်အောင် ပြောင်းလဲပေးဖို့ ကတိပြုခဲ့ပါတယ်။ အချစ်နောက်လိုက်တဲ့ တစ်လျှောက် ဟာသတွေ အဆက်မပြတ်ဖြစ်ခဲ့ပြီး ကောင်းရှောင်နန်ကလည်း တဖြည်းဖြည်းနဲ့ သူ့နှလုံးသားထဲမှာ တခြားလူရှိနေတာကို သတိထားမိသွားပါတယ်။တစ်ဖက်သတ်အချစ်ရဲ့ ချိုမြိန်မှုနဲ့ ခါးသီးမှုတွေကြားမှာ သူဘယ်လိုလုပ်မှ အချစ်ဦးအတွက် နောင်တတွေ မကျန်ခဲ့မလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.67 GB / 857 MB Quality : WEB-DL 1080p HEVC , ...
movie

Love Beside Me ( 2024 )

The Bridge Curse: Ritual ( 2023 ) 5.7
The Bridge Curse: Ritual ( 2023 ) ဒီတစ်ခါမှာတော့ Horror ဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် CM ကနေ ထိုင်ဝမ်သရဲကားကောင်းကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ။ တရုတ်ပြည်သူ့သမ္ပတနိုင်ငံတည်ထောင်ပြီး နှစ် ၅၀ ပြည့်နှစ် ထိုင်ဝမ်က ယဉ်ကျေးမှုတက္ကသိုလ်မှာ တာ့ရမ်လို့အမည်ရတဲ့အဆောက်အဦးတစ်ခုတည်ဆောက်ခဲ့ပါတယ် ။အဲဒီအဆောက်အဦးကို မူလကတော့ တစ္ဆေသရဲတွေမလာနိုင်အောင် အတိတ်နမိတ်ကောင်းအောင် ယင်ဓာတ်ယန်ဓာတ်ဆုံတဲ့နေရာမှာ ရှစ်ထောင့်မှော်စက်ဝန်းပုံစံဒီဇိုင်းဆွဲပြီးတည်ဆောက်ဖို့လုပ်ခဲ့ပါတယ် ။ ဒါပေမဲ့အဆောက်အဦးရဲ့ ဗိသုကာပညာရှင်က ကျောင်းနဲ့ငွေရေးကြေးရေးညှိနှိုင်းမှုအဆင်မပြေဖြစ်ပြီး မူလက သရဲတစ္ဆေတွေမကပ်အောင်ဒီဇိုင်းဆွဲထားတဲ့ ရှစ်ထောင့်မှော်စက်ဝန်းပုံစံအဆောက်အဦးကို သရဲတစ္ဆေတွေကိုဆွဲဆောင်တဲ့ ရှစ်ထောင့်မှော်စက်ဝန်းပြောင်းပြန်ပုံစံတည်ဆောက်ပေးခဲ့ပါတော့တယ် ။အဲဒီနောက်ပိုင်းကစပြီး‌ ကျောင်းမှာ သဘာလွန်မတော်တဆမှုတွေတစ်ခုပြီးတစ်ခုဖြစ်လာပြီး ဘယ်လိုမတော်တဆမှုတွေဖြစ်မလဲ ဘာတွေနဲ့သက်တိုင်နေမလဲ ကျိန်စာသင့်နေတဲ့အဆောက်အဦးမှာရော ဘယ်လိုကပ်ဆိုးတွေဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror Runtime : 1h 41 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK  
movie

The Bridge Curse: Ritual ( 2023 )