Channel Myanmar

Wang Xun

The Open Door (2025) 6
The Open Door (2025) လှည်းလေးနဲ့ဝက်အူချောင်းကင်ရောင်းတဲ့အစ်ကိုကြီးတစ်ယောက် မတော်တဆခြေချော်ပြီးတော့ နာမည်ကြီးOnline Cele မလေးရဲ့ အယောင်ဆောင်ရည်းစားဖြစ်သွားတဲ့ ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ဆယ်လီမလေးဟာ သူဌေးနဲ့ကြိုက်နေတာဖြစ်ပြီးတော့ အားလုံးသိသွားရင် သူဌေးကိုအပိုင်ဖမ်းပြီးတော့နာမည်ကြီးလာတယ်ဆိုပြီး နာမည်တပ်ခံရမှာကြောက်တဲ့အတွက် အရေးပေါ်အဖြေအနေနဲ့ ဝက်အူချောင်းရောင်းတဲ့လူ တစ်ယောက်ကိုအစားထိုးလိုက်ရတာဖြစ်ပါတယ်။ရိုးသားပြီးနုံအတဲ့ဝက်အူချောင်းသည်နဲ့ နာမည်ကြီးဆယ်လီရဲ့အချစ်ဇာတ်လမ်းဟာ မထင်မှတ်ပဲပရိသတ်တွေအားပေးတာခံရပြီးတော့ သူတို့ဟာခေတ်သစ်အွန်လိုင်းဆယ်လီစုံတွဲဖြစ်လာတဲ့ပုံကို ရယ်မောစရာလေးတွေနဲ့ပုံဖော်ထားတာပဲဖြစ်ပါတယ်။4K & 1080p Quality >> Only On CM App ( www.cmapp.tv ) Filesize : 1.54 GB / 908 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Comedy Runtime : 1h 54 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Open Door (2025)

The Way Out (2025) 6.2
The Way Out (2025) သိပ်တော်လွန်းတဲ့ ပါရမီရှင်နဲ့ စိတ်ရောဂါဝေဒနာရှင်ဆိုတာကလေ စည်းလေးတစ်ခုပဲ ခြားနေတယ်ဆိုတာကိုသိကြလား... ဒီကားလေးမှာတော့ စီနီယာ ပရိုဂရမ်မာ ဟယ်လီဝေတစ်ယောက်ဟာ သူ့ရုံးမှာ သူပဲမြင်ရတဲ့ ကုလားအုတ်ဆိုတဲ့သူနဲ့အတူ ပရောဂျက်တစ်ခုကို ဒီဇိုင်းစပြီး အဆုံးသတ်ထိ တာဝန်ယူဖန်တီးခဲ့ပေမယ့်...သူဌေးရဲ့ တစ်ဖက်သတ်အမြင်ကြောင့် ငြင်းပယ်ခံခဲ့ရပါတယ်... ဒါပေမယ့်လည်း သူဌေးအတည်ပြုတဲ့ ပရောဂျက်မှာသုံးထားတာက သူဒီဇိုင်းဖြစ်နေပြန်တာကြောင့် သူ့ဉာဏမူပိုင်ခွင့်တောင်းရာကနေ နောက်ဆုံးမှာတော့ သူ့ကိုစိတ်ဝေဒနာသည်လို့ ခေါင်းစဉ်တပ်ပြီးတော့ စိတ်ရောဂါစင်တာကို ပို့ခဲ့တာပါပဲ...တည်ဆဲဥပဒေအရလည်း စိတ်ဝေဒနာသည်မှာ တောင်းဆိုနိုင်တဲ့ လူ့အခွင့်အရေးမရှိသလို လူ့အခွင့်အရေး တောင်းဆိုခွင့်ပြုထားတဲ့ ဥပဒေလည်း မရှိနေပြန်ဘူး... ဒါကြောင့်လည်း သူဟာ မရူးကြောင်းကို သက်သေပြဖို့ကြိုးစားခဲ့တာပေါ့...တစ်ဖက်မှာလည်း ငယ်ငယ်တည်းက မမျှတဆက်ဆံခံရတဲ့ သူ့အစ်ကိုက သူ့ကိုတစ်သက်လုံး စိတ်ရောဂါစင်တာမှာ ရှိနေစေချင်ပြန်တာကတစ်ကြောင်း တစ်ဖက်မှာလည်း ဉာဏမူပိုင်ခွင့်ကို အပိုင်သိမ်းချင်တဲ့ သူဌေးရန်ကတစ်ကြောင်းနဲ့ ဟယ်လီဝေတစ်ယောက် အကြပ်ရိုက်ခဲ့ပါတော့တယ်...ဒီလိုနဲ့ ဆေးရုံစင်တာက ထွက်ပြေးခဲ့ရင်းကနေ သူမိတ်ဆွေ ကုလားအုတ်က တကယ် အပြင်မှာမရှိဘူးဆိုတာကို သိလိုက်ရချိန်မှာတော့... Filesize : 1.92 GB / 1.06 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres ...
movie

The Way Out (2025)

The River of Fury (2025) 6
The River of Fury (2025) မိုးအေးအေးနဲ့ တွေးစရာတွေများတဲ့ရာသီဥတုမှာ ကြည့်လို့ အရမ်းလိုက်ဖက်မယ့်ဇာတ်ကားလေးCMမှတင်ဆက်ပေးလိုက်ပါတယ်။ ၁၉၉၈ခုနှစ်ရဲ့ နွေရာသီတစ်ခုမှာ မိုးတွေရွာတဲ့အခါတိုင်း မိန်းကလေးတစ်ယောက် သတ်ခံရတဲ့သတင်းဆိုးတွေတက်လာခဲ့ပါတယ်။ နွေရာသီတစ်ခုထဲမှာတင် လူသတ်မှု(၅)မှုတိတိဖြစ်ခဲ့ပါတယ်။သဲလွန်စတွေမလုံလောက်တာကြောင့် ဒီကွင်းဆက် လူသတ်မှုဟာတရားခံမပေါ်ပဲဖြစ်နေခဲ့ပါတယ်။ နှစ်တွေတော်တော်ကြာတဲ့အချိန်မှ ဒီကွင်းဆက်လူသတ်မှုလိုမျိုးလုပ်နည်း လုပ်ဟန်တွေပြန်ပေါ်လာခဲ့ပါတယ်။တကယ်ပဲ ကွင်းဆက်လူသတ်သမားပြန်ပေါ်လာပြီးတော့ လူတွေထပ်သတ်ပြန်ပြီလား။ ရှုပ်ထွေးမှုတွေနဲ့သံသယပေါင်းများစွာတွေနဲ့ ဒီအမှုရဲ့နောက်ကွယ်က အမှန်တရားဟာဘယ်လိုဖြစ်နေမလဲဆိုတာကို မထင်မှတ်တဲ့ အပြောင်းအလဲတွေနဲ့ တင်ဆက်သွားမယ့် မှုခင်းဇာတ်ကားပဲဖြစ်ပါတယ်။ Filesize : 1.07 GB / 629 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Crime, Mystery Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The River of Fury (2025)

Across the Furious Sea (2023) 6.7
Across the Furious Sea (2023)   Across the Furious Sea (2023)IMDb Rating (6.7) / Rotten Tomatoes (89%) ရှေးရိုးစွဲအယူများနဲ့ ပြည့်နေတဲ့ ကျွန်တော်တို့အရှေ့ပိုင်းဒေသတွေမှာ ဒုက္ခပြဿနာတွေဆိုတာ ရှိစမြဲပါ။အချစ်၊ အမုန်း၊ မေတ္တာ၊ မုဒိတာ အစရှိတဲ့အရာတွေဟာ အစဉ်အလာ ဓလေ့ထုံးတမ်းရဲ့လွှမ်းမိုးမှုကို ခံလိုက်ရတဲ့အခါ လောကဓံရဲ့ဆိုးကျိုးဟာ ပုထုစင်လူသားတွေ မခံမရပ်နိုင်လောက်အောင် ရိုက်ချပုတ်ခတ်တတ်ပါတယ်။ဇာတ်လမ်းအကျဉ်းကျင်လိနာ (နာနာ) လို့ခေါ်တဲ့ မိန်းမငယ်လေးတစ်ယောက်ဟာ ဂျပန်မှာကျောင်းသွားတက်ရင်း ရုတ်တရက်အကြီးအသတ်ခံရတဲ့ သတင်းထွက်လာခဲ့ပါတယ်။ဒါကိုသိသွားတဲ့ သူ့ရဲ့တရုတ်ပြည်က ဖခင်ဟာ မခံမရပ်နိုင်ဖြစ်ပြီး ဂျပန်ကို အပြေးအလဲထွက်လာခဲ့ပါတယ်။နာနာဟာ ဖခင်လက်အောက်ကထွက်လာခဲ့ပြီးနောက်ပိုင်း ကောင်လေးနဲ့အတူနေခဲ့တာဖြစ်တဲ့အတွက် ရည်းစားဖြစ်သူကို ဖခင်ကလိုက်ရှာခဲ့ပါတယ်။မှုခင်းဆေးစစ်ချက်အရ နာနာဟာ မသေခင်နာရီပိုင်းအလိုမှာ အသေးစားဓားဒဏ်ရာများစွာရခဲ့ပြီး ဖြည်းဖြည်းချင်းသွေးထွက်လွန်ပြီးတော့မှ ဆုံးပါးသွားခဲ့တာပါ။ဒီလိုနဲ့ ကောင်လေးရဲ့ အကြမ်းဖက်မှုကြောင့် ဆုံးပါးသွားပါတယ်လို့ ရဲတွေကောက်ချက်ချခဲ့တဲ့အချိန်မှာ ယူကျုံးမရဖြစ်တဲ့ ဖခင်ဖြစ်သူ ကျင်ယွန်ရှိဟာ လက်စားချေဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)File size…(2.4 GB) ...
movie

Across the Furious Sea (2023)

2023
Tiger Wolf Rabbit ( 2024 ) 6.5
Tiger Wolf Rabbit ( 2024 ) ကလေးခိုးခံရတဲ့အတွက် ရင်ကွဲနေရတဲ့ အမုန်းတရားတွေနဲ့ပြည့်နေတဲ့ လူ(၃)ယောက်ရဲ့ ကလေးရှာဖွေတဲ့ ခရီးစဉ်အကြောင်းကို ရိုက်ထားတဲ့ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ဘာမှမသက်ဆိုင်တဲ့ သာမန်မိဘ(၃)ယောက်ဟာ တူညီတဲ့ရည်ရွယ်ချက်တစ်ခုအတွက် အတူဆုံလာခဲ့ကြတယ်။ သူတို့ကတစ်လမ်းလုံးမှာ တစ်ယောက်နဲ့တစ်ယောက် သံသယတွေနဲ့ မှန်းဆရင်းကနေ တစ်ဖြည်းဖြည်းတစ်ယောက်နဲ့တစ်ယောက်ယုံကြည်လာခဲ့ကြတယ်။အများအမြင်မှာတော့ အသက်မဲ့တဲ့အကြည့်တွေနဲ့ ကလေးပျောက်ဆုံးသွားတဲ့ မိဘတွေလို့ထင်ကြပေမယ့် တကယ်တမ်းတော့ သူတို့ဟာ ကိုယ့်သားသမီးအတွက် ခေါင်းမာတဲ့၊ သန်မာတဲ့၊ ဇွဲမလျှော့တဲ့ မိဘတွေဖြစ်ကြောင်းကိုပြသွားခဲ့ပါတယ်။ အခက်အခဲတွေ အန္တရာယ်တွေအမျိုးမျိုးကျော်ဖြတ်ရတဲ့ သူတို့ရဲ့ကလေးပျောက်ရှာတဲ့ခရီးဟာ အဆုံးမှာဘယ်လိုရလာဒ်တွေကစောင့်ကြိုနေမှာလဲ။ဇာတ်လမ်းတွဲတွေမှာ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့်ချီးကျူးခံရတဲ့ မမZhao Li Ying က ဒီရုပ်ရှင်မှာပါ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေကိုချပြထားပါတယ်။ Filesize : 9.30 GB / 1.97 GB / 846 MB Quality : WEB-DL 4K HEVC,  1080p HEVC , 720p Format : mkv / mp4 Genres : Drama , Crime  Runtime : 2h 6 min Subtitle : Myanmar Subtitle ( ...
movie

Tiger Wolf Rabbit ( 2024 )

4K HEVC
Detective Chinatown 2 (2018) 6.2
Detective Chinatown 2 (2018) Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး  ဒီမှာ  https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++ Detective Chinatown 2(2018)အညွှန်း *********************************ချင်းဖောင်ဆိုတဲ့ ကျောင်းသားလေးက Crimemaster လို့ခေါ်တဲ့ App တစ်ခုမှာ အဆင့်နှစ်ချိတ်ထားသူဖြစ်ပါတယ်...Crimemasterဆိုတာက စုံထောက်ဂိမ်းတစ်ခုပါပဲ၊ ဒါပေမယ့်ထူးခြားတာက တကယ်ဖြစ်နေတဲ့အမှုတွေကိုစုံစမ်းဖော်ထုတ်ရတာပဲဖြစ်ပါတယ်။ ချင်းဖောင်က အဲ့ဂိမ်းမှာ အဆင့်နှစ်ဆိုတော့ နယ်နယ်ရရတော့မဟုတ်ဘူးပေါ့...အဆင့်တစ်ကတာ့ "Q" ဆိုတဲ့လူဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှမသိကြပါဘူး။ဦးလေးဖြစ်သူရဲ့ မင်္ဂလာပွဲကိုတက်ဖို့ အမေရိက ကို ချင်းဖောင်တစ်ယောက်ရောက်ရှိလာပါတယ်။တကယ်တော့ဦးလေးဖြစ်သူက ချင်းဖောင်ကို ညာခေါ်လိုက်တာပါ။ တရုတ်တန်းက ဆရာကြီးတစ်ယောက်ရဲ့မြေးဖြစ်သူအသတ်ခံရမှုကိုဖော်ထုတ်ပေးနိုင်ရင် ဒေါ်လာငါးသန်း ပေးမယ်ဆိုတဲ့အတွက်ကြောင့်ချင်းဖောင်ကို လိမ်ပြီးခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့အမှုကိုဖော်ထုတ်ဖို့ရောက်လာတဲ့တခြားလူတွေကလဲCrimemaster app ထဲက ချင်းဖောင်ရဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ အဲ့တော့ ချင်းဖောင်တို့တူဝရီးနှစ်ယောက်အမှုကို ...
movie

Detective Chinatown 2 (2018)

2018
Viva La Vida ( 2024 ) 6.8
Viva La Vida ( 2024 ) CMကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ကျောက်ကပ်ဝေဒနာရှင်ကောင်မလေးနဲ့ ဦးနှောက် အကျိတ်ရောဂါသည်ကောင်လေးတို့ကြားက သံယောဇဉ်လေးကို ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ဝေဒနာကို ခံစားနေရတဲ့ ၂၅နှစ်အရွယ် ကောင်မလေးလင်မင်တစ်ယောက် လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုတွေပျောက်ဆုံးပြီး အတိုင်းအဆတွေနဲ့ အမှားယွင်းမခံတဲ့လူနေမှုဘဝထဲမှာ နေထိုင်ရင်း အသက်ဆက်ရှင်ဖို့ ကျောက်ကပ်အလှူခံခဲ့ပေမယ့်လည်း သူ့ထက်ရှေ့မှာလူတွေအများကြီးရှိနေတာကြောင့် မျှော်လင့်ချက်မဲ့နေခဲ့တဲ့ သူမ တစ်နေ့မှာတော့ သူမကို ကျောက်ကပ်လှူပေးနိုင်တဲ့‌ သူနဲ့ လက်ထပ်ယူပြီး အိမ်သားတွေကိုစောင့်ရှောက်ပေးပါ့မယ်ဆိုပြီး အကျိတ်ဝေဒနာရှင်ဂရုထဲကိုဗီဒီယိုပို့လိုက်ရာကနေမှ ဦးနှောက်အကျိတ်ဝေဒနာကိုခံစားနေရတဲ့ကောင်လေး လွီထူနဲ့ စတင်စုံစည်းခဲ့ပါတယ်လင်မင်က ဂရုထဲကို ဗီဒီယိုပို့ပြီး သိပ်မကြာခင်မှာပဲ ပြန်ဖျက်လိုက်ပေမယ့် လွီထူတစ်ယောက်က ဗီဒီယိုကို ကူးထားပြီး လင်မင်ကို သေချာလိုက်စုံစမ်းပါတော့တယ် စစချင်းမှာတော့ ဒီလုပ်ရပ်ဟာ လင်မင်အတွက် စိတ်အနှောင့်ယှက်ဖြစ်စေခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဝေဒနာရှင်အချင်းချင်းကိုယ်ချင်းစာပြီး ဖေးမရင်းကနေမှ ချစ်ခြင်းသံယောဇဉ်တွေပေါက်ဖွားလာခဲ့ပါတယ်ဒီလိုမျိုး ဝေဒနာရှင်နှစ်ယောက်ရဲ့ အဆုံးသတ်က လှပနိုင်ပါ့မလား သူတို့နှစ်ဦး ချစ်ခြင်းစွမ်းအားက အရာရာကိုကျော်ဖြတ်နိုင်ပါ့မလား ‌ ယနေ့ခေတ်မှာလူအများစုက ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေထိုင်မှုဘဝနဲ့ကျင့်သားရနေကြပြီး ဒီကားလေးကိုကြည့်ပြီးရင်တော့ ကိုယ့်ကျန်းမာရေးကို ပြန်ပြီးတော့ သတိမူလာမိစေနိုင်လောက်အောင် ကျောက်ကပ်ဝေဒနာရှင်တစ်ယောက်ရဲ့ ဒုက္ခတွေကို အသေအချာလေးရိုက်ကူးပြသထားပြီး ကျန်းမာရေးဗဟုသုတလည်းရ ဟာသအနှောလေးနဲ့ရိုက်ကူးထားတာမို့လို့ ရသမျိုးစုံကိုလည်းခံစားရမှာမို့လို့ တရုတ်ကားကြိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 2h 9 ...
movie

Viva La Vida ( 2024 )

Super Villain ( 2024 ) 5.8
Super Villain ( 2024 ) ပိချောင်းဟာ အသက် ၄၀ ပြည့်ခါနီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ အရွယ်တူသူငယ်ချင်းတွေက အောင်မြင်တဲ့ သရုပ်ဆောင်တွေ ဖြစ်နေခဲ့ပေမဲ့ သူကတော့ ပွဲဦးထွက်တာ ကြာပြီး နာမည်မရှိနိုင် ဖြစ်နေပါတယ်။ နာမည်ကြီးချင်တဲ့ ပိချောင်းဟာ မိန်းမနဲ့ ကလေးကို လျစ်လျူရှုမိသလို ဖြစ်နေတဲ့အတွက် မိသားစုဘဝလည်း မသာယာနိုင်ဖြစ်နေပါတယ်။"သူဌေးကြီးကို ပြန်ပေးဆွဲခြင်း" ဆိုတဲ့ ရုပ်ရှင်မှာ ဗီလိန်ကြီးနေရာမှာ သရုပ်ဆောင်ခွင့်ရလိုက်တဲ့အခါ ပိချောင်းဟာ ဒီဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် အပြင်းအထန် လေ့ကျင့်ပါတော့တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ကားမတော်တဆဖြစ်ပြီး အတိတ်မေ့သွားပါတော့တယ်။အတိတ်မေ့သွားတဲ့ ပိချောင်းဟာ ဘေးမှာရှိတဲ့ ရုပ်ရှင်အချက်အလက်ကိုကြည့်ပြီး သူ့ကိုယ်သူ လူသတ်သမားဗီလိန်ကြီးကျောက်တုံးရှန်းလို့ ထင်သွားခဲ့တဲ့အခါ...... သူဌေးကြီးကို ပြန်ပေးဆွဲဖို့ ဘယ်လိုကမောက်ကမ အလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Super Villain ဆိုတဲ့ ဟာသရုပ်ရှင်လေးကို ကြည့်ရှုရယ်မောလိုက်ကြပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 39 min Subtitle : Myanmar Subtitle ...
movie

Super Villain ( 2024 )

Escaping The Madhouse ( 2024 ) 5.7
Escaping The Madhouse ( 2024 ) ဒီရက်ပိုင်း CM ချစ်ပရိသတ်တွေကို Escaping the Madhouse ဇာတ်လမ်းလေးနဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ယွင်ယင်မြို့ပေါ်မှာ လူတွေအများကြီးအဆိပ်မိသေဆုံးကုန်ကြတယ်။ ထောင်ရန်ဆိုတဲ့ လူငယ်စာဂျပိုးလေးကတော့ ဒီအဆိပ်ကိုဘယ်လိုဖြေရမလဲဦးနှောက်ခြောက်ခေါင်းစားနေတဲ့ ရေသူမျိုးနွယ်ဖြစ်တဲ့ ဝမ်အာမိန်းကလေးနဲ့တွေ့ဆုံတယ်။ဝမ်အာတို့ရေသူမျိုးနွယ်တွေကတော့ ကုန်းပေါ်မှာ ယွင်ယင်မြို့သားတွေကငါးလေးတွေကို မဆင်မခြင်လောဘတရားနဲ့ သတ်ဖြတ်နေမှုကြောင့် လက်စားချေဖို့အတွက် ကုန်းပေါ်တက်လာခဲ့တာဖြစ်တယ်။ သူတို့ခေါင်းဆောင်ဖြစ်တဲ့ ရှီသခင်မဆီမှာ အိပ်မက်ဝိဉာဉ်ပုလွေလက်နက်တစ်ပါးရှိပြီး အိပ်မက်သမားတော်မျိုးနွယ်ကပဲ ဒီပုလွေကိုသုံးနိုင်တာကြောင့် ဒီမျိုးနွယ်ရဲ့အမွေဆက်ခံသူ လိုက်လံရှာဖွေဖို့အတွက်လည်း ကုန်းပေါ်တက်လာခဲ့တယ်။ဒီလိုနဲ့ ဒီမျိုးနွယ်ရဲ့မျိုးရိုးဆက်ခံသူက ဘယ်သူများဖြစ်မလဲ။ ဝမ်အာနဲ့ဒီထောင်ရန်သမားတော်လေးနဲ့ ဘယ်လိုများ ဆက်ဖြစ်ကြမလဲ။ မြို့ပေါ်ကအဆိပ်မိနေတဲ့ပြည်သူတွေကော ဘယ်လိုဖြေဆေးရသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကနေ ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Fantasy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Escaping The Madhouse ( 2024 )

Under the Light ( 2023 ) 6
Under the Light ( 2023 ) ဒီကားလေးက မှုခင်းကားကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းလေးက အစိုးရအာဏာရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြား လက်တစ်လုံးခြား လူလည်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထောင်ချောက် ဆင်ကြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းလေးကိုတော့ ကျင်းချန်မြို့လယ်‌ခေါင်မှာ ဘတ်စကားတစ်စီးပြန်ပေးဆွဲခံရပြီး တရားခံက ဒုမြို့တော်ဝန်နဲ့တွေ့ခွင့်ပေးရင်ပေးမပေးရင် ဗုံးဖောက်မယ်ဆိုပြီး ချိန်းခြောက်မှုနဲ့အစဖွင့်ထားပါတယ် ။ ဒုမြို့တော်ဝန်က အခင်းဖြစ်ပွားရာကို ရောက်လာပြီး အချိန်မီတားဆီးဖို့လုပ်ပေမဲ့ မထင်မှတ်ဘဲ ဗုံးကထကွဲခဲ့ပါတယ်။ဒီလိုနဲ့ဒီ‌ဗုံးပေါက်မှုကို စစ်ဆေးကြရာမှာ မထင်မှတ်ထားတဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ စီးပွားရေးနယ်ပယ်မှာ အာဏာရှိတဲ့ တကယ့်ထိပ်တန်းလူတွေပါဝင်ပတ်သတ်နေချိန်မှာတော့... အမှုတစ်ခုကနေ ဖုံးကွယ်ထားတဲ့အမှုပေါင်းများစွာကိုပါ မီးခိုးတောက်လျှောက် စုံစမ်းစစ်ဆေးကြမဲ့ စိတ်ဝင်စားဖွယ်စုံထောက်ဇာတ်လမ်းလေးဖြစ်ဖို့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie

Under the Light ( 2023 )

Papa ( 2023 ) 5.9
Papa ( 2023 ) အဆင့်မြင့် တိုက်တွေ ကားတွေနဲ့ 5G အထိ တိုးတက်နေတဲ့ တရုတ်ပြည်မှာ အားနည်းချက်က ဘာလဲဆိုရင် လူတွေပင်ပန်းတာပါပဲ… ဘယ်လောက်တောင် ပင်ပန်းလဲဆို ၃ နှစ်အရွယ် ကလေးက အစ ၂၄ နာရီအပြည့် လေ့လာမှု အပြည့်နဲ့ ကျောင်းကောင်းမှာ ဝင်ခွင့်အောင်အောင် ကြိုးစားနေရတာပေါ့ဒီလိုကြိုးစားနေတဲ့ထဲ တရုတ်ရိုးရာ ချေးချွတ် ရေချိုးကန်လေးပိုင်ရှင် လေတလီတို့ သားအဖလည်း ပါတာပေါ့… မိတဆိုးလေး လေရှောင်မိအပေါ် လေတလီတစ်ယောက် မျှော်လင့်ထားတာ ၂ ချက်ပဲရှိတယ်… တစ်ခုက ပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းဖို့… နောက်တစ်ခုကတော့ ဆုံးသွားတဲ့ သူ့အမေလိုပဲ ပညာရေးမှာ ထူးချွန်စေချင်တာပေါ့…ဒီလိုနဲ့ လေတလီတစ်ယောက် ရှောင်မိကို နာမည်ကြီး ကိုယ်ပိုင် မူလတန်းကျောင်း ထားဖို့ စွန့်စားခန်း တစ်ခုပြီး တစ်ခု စမ်းသပ်ပြီးနောက်မှာတော့ ရှောင်မိကို ကျောင်းကောင်ထားပေးဖြစ်မှာလား… လေတလီပဲ လက်လျှော့လိုက်မှာလား… ပိုကောင်းတဲ့ ရွေးချယ်မှုပေါ်လာမှာလား… ဇာတ်ကားလေးကြည့်ရင် အဖြေတစ်ခုနဲ့ ခံစားချက်တစ်ဖုံရလာမှာမို့ မိဘကိုချစ်တဲ့သားသမီးတို့ သားသမီးကို ချစ်တဲ့ မိဘတို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးမို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် Quality : WEB-DL ...
movie

Papa ( 2023 )

Never Say Never ( 2023 ) 6
Never Say Never ( 2023 ) CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့ Never say neverဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ လက်ဝှေ့ချန်ပီယံဆုရှင်ရှန့်ထိန်ဟွေးက သူများရဲ့ မတရားအကောက်ကြံမှုကြောင့် ထောင်ကျခဲ့ပြီးထောင်ကလွတ်လာတဲ့အချိန် သဲလုပ်ငန်းလုပ်တဲ့ သူဌေးဖြစ်လာခဲ့တယ်။သူဌေးဆိုပေမဲ့လည်းအကြွေးတွေ နစ်နေတာကြောင့် သူ့သူငယ်ချင်းကနေလက်ဝှေ့သရုပ်ပြပွဲလုပ်ဖို့အတွက် မိဘမဲ့ကလေးတွေကို စုဆောင်းဖို့အကြံပေးခဲ့တယ်။ ဒီလိုနဲ့ရှာတွေ့လာတဲ့ ကလေးတွေက ချို့တဲ့လှတဲ့မြက်ရိုင်းပင်လေးတွေဖြစ်တာကြောင့် မကြာခဏ ပြဿနာတွေဖြစ်လာတာပေါ့။ ဒီလိုနဲ့ရှန့်ထိန်ဟွေးကလက်ဝှေ့သရုပ်ပြဖို့လေ့ကျင့်ပေးရင်း သူ့သူငယ်ချင်းက ဒီကလေးတွေကိုမြေတောင်မြှောက်ပေးဖို့တိုက်တွန်းလာခဲ့အချိန် ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီကလေးတွေကတော့ဘယ်လိုတွေကြိုးစားရုန်းကန်ကြမလဲ စတာတွေကို ဒီဇာတ်ကားလေးကနေပြသပေးသွားမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 57 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Never Say Never ( 2023 )

Keep You Safe ( 2023 ) 6
Keep You Safe ( 2023 ) ပိုင်ဆိုင်မှုအားလုံးကို မိဘမဲ့ဂေဟာသို့ လှူဒါန်းခဲ့တဲ့အတွက် နာမည်ကြီးသွားတဲ့ "အလှူရှင်အစ်မ" ကြီးဟာ တစ်ညအတွင်းမှာပဲ ကလပ်မှ "ကောင်မလေး" အဖြစ် သတင်းထွက်လာသောအခါ......အခုတစ်ခေါက် CM ပရိသတ်တွေအတွက် Keep you safe ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -သူငယ်ချင်းအတွက်နဲ့ ရန်ဖြစ်ပြီး ထောင်ကျခဲ့တဲ့ ဝေ့ဖျင်အန်းဟာ ထောင်ထွက်ပြီးနောက် သင်္ချိုင်းမြေရောင်းသူအဖြစ်နဲ့ အသက်မွေးနေခဲ့ပါတယ်။ လူလတ်အရွယ်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေတဲ့ ဝေ့ဖျင်အန်းဟာ သူ့ရဲ့ သေဆုံးသွားပြီဖြစ်တဲ့ ဖောက်သည်ဖြစ်သူ ဟန်လုရဲ့ ကောလာဟလ သတင်းကို ကြားသိခဲ့ရပါတယ်။ထို ကောလာဟလသတင်းကို ဖြေရှင်းနိုင်ရန်အတွက်၊ ကတိတစ်ခုအတွက် ဝေ့ဖျင်အန်းဟာ ကောလာဟလတွေရဲ့ အရင်းအမြစ်ကို လိုက်ရှာပါတော့တယ်။ လမ်းတစ်လျှောက်မှာ အခက်အခဲတွေနဲ့ ပြည့်နက်နေခဲ့တယ်။ သူ့ညီမဖြစ်သူ ဝေ့ရူရိကလဲ ကောလာဟလဖြန့်တဲ့ထဲ ပါနေပြီး ချမ်းသာကြွယ်ဝလှတဲ့ ဒါရိုက်တာဖုန်ရဲ့ လိုက်လံ နှောင့်ယှက်ခြင်းကိုလဲ ခံခဲ့ရပါတယ်။တဖြည်းဖြည်းနဲ့ သူဟာ "ကိုယ်မှန်တယ်ထင်တဲ့အရာကိုလုပ်ခြင်း" က ပိုပြီးတော့ စိတ်ချမ်းသာစေတယ်ဆိုတာ နားလည်လာခဲ့ပါတယ်။ ဝေ့ဖျင်အန်းတစ်ယောက် ကောလာဟလတွေကို ဖြေရှင်းနိုင်ပါ့မလား...... ဟန်လုရဲ့ သင်္ချိုင်းနေရာကိုရော ထိန်းသိမ်းထားပေးနိုင်မလာ...... ဆိုတာကို CM ရဲ့ ဘာသာပြန်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL ...
movie

Keep You Safe ( 2023 )

Back To The Tomorrow ( 2023 ) 5.9
Back To The Tomorrow ( 2023 ) နေ့ရက်တစ်ရက်ထဲကိုပဲတစ်ဖန်တလဲလဲဖြတ်သန်းနေရမယ်ဆိုရင် သင်တို့ဘာတွေလုပ်ပြီး ဘယ်လိုဖြတ်သန်းကြမလဲ......ကိုယ့်ကိုယ်ကိုကံဆိုးတယ်လို့ သတ်မှတ်ထားတဲ့ပေါင်ကျန့်ဟာ ဘာကိုမှအလေးနက်မထားပဲ ကြုံရာလုပ်စားပြီးနေလာခဲ့တယ်။ သူကအိမ်လခတောင်မှန်အောင်မပေးနိုင်ပါဘူး။ တစ်နေ့တာကုန်ဆုံးသွားပြီး နောက်တစ်နေ့ပြန်နိုးလာတဲ့အချိန်မှ ာ သူကဟာ(၁၁)လ (၁၁)ရက်ကိုပဲပြန်ပြန်ရောက်သွားပြီး ကြုံတွေ့ခဲ့တာတွေကို အတိအကျပြန်ကြုံရတာကိုသိလိုက်ရတယ်......ဒီလိုနဲ့မပြီးဆုံးနိုင်အောင်ဖြတ်သန်းနေရတဲ့(၁၁.၁၁)နေ့ကို ပေါင်ကျန့်ဟာနည်းအမျိုးမျိုးစုံနဲ့ လုပ်ချင်ရာတွေလုပ်ပြီးဖြတ်သန်းရင်း သူလွဲချော်ခဲ့ရတဲ့အရာတွေ အထင်လွဲခဲ့တာတွေကိုနားလည်လာခဲ့တယ်။အဲဒီလိုနဲ့သူ့ရဲ့(၁၁.၁၁)နေ့ကိုပိုပိုကောင်းအောင်ကြိုးစားရင်း အဲဒီညမှာနှလုံးရောဂါနဲ့သေရမယ့် ကလေးရှိတာကိုသိသွားခဲ့ပါတယ်။ ကံကြမ္မာကိုပြောင်းလဲလို့မရတဲ့အတွက် ကလေးလေးရဲ့ မသေခင်ဆန္ဒတွေကို ဖြည့်စည်းပေးဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ လူသားဆန်မှုတွေနဲ့ ဒီချာလည်ရိုက်နေတဲ့နေ့ရက်တစ်ခုကိုဘယ်လိုအကြိမ်ကြိမ်ဖြတ်သန်းကြမလဲ...... မနက်ဖန်ကိုဘယ်လိုများမှရောက်နိုင်မှာလဲ..ဆိုတာကို ခံစားကြည့်ရှုလိုက်ပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Romance Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Back To The Tomorrow ( 2023 )

Look up and see joy ( 2023 ) 5.9
Look up and see joy ( 2023 ) ဒီဇာတ်ကားလေးဟာဆိုရင် မိသားစုအကျပ်အတည်းတွေကြားထဲက မိသားစုရဲ့ တာဝန်ကြီးပုံ ၊ တာဝန်ယူရပုံ ၊ သက်ကြီးရွယ်အို ဘိုးဘွားတွေရဲ့ ချစ်မြတ်နိုးပုံ ၊ ကလေးငယ်လေးတွေရဲ့ သင်ကြားမှု ပညာရေး ပြဿနာ အစရှိတဲ့ မိသားစုရေး အိမ်တွင်းရေး ကိစ္စတွေကို အဓိက ဖော်ပြပေးထားတဲ့ မိသားစုဇာတ်ကားလေးပါပဲဖြစ်ပါတယ်ရှင် ။❏ အလုပ်ထုတ်ခံရပေမဲ့လဲ ကံကြမ္မာကို ဦးမညွှတ်ပဲ ရှေ့ဆက်ပြီး လျှောက်နေသူ ❏ ဆုံးပါးသွားတဲ့ အဘွားဖြစ်သူကို လွမ်းတဲ့စိတ်နဲ့ အတိတ်ကနေ ရုံးမထွက်နိုင်တဲ့ အဘိုးကို ကွန်ပျူတာ နည်းပညာသုံးပြီး အဘွားနဲ့ တွေ့ခွင့်ရအောင် ကြိုးစားပေးနေသူ❏ အလုပ်အကိုင်အခြေအနေတွေကြောင့် သားဖြစ်သူကို မိဘနဲ့ အတူတူမထားနိုင်ရှာပဲ ဘိုးဘွားတွေဆီ အပ်နှံထားရသူ❏ ငွေကြေးချမ်းသာပေမဲ့ တောရွာလေးဆီမှာ ရောက်ရှိလာဖို့ အကြောင်းဖန်လာခဲ့ပြီး သူဌေးသားတစ်ယောက်အနေနဲ့ ကျေးလပ်တောရွာမှာ အသားကျအောင် ကြိုးစားပြီး နေထိုင်နေရသူအစရှိသဖြင့် ဇာတ်လမ်းဇာတ်ကွက် လေးခုခွဲကာ ဒီကားလေးအတွင်း မြင်တွေ့ရမှာဖြစ်တဲ့ အပြင် ကိုယ်ကျရာ ဘဝဇာတ်ခုံမှာ ကကြိုးဆင်ကာ ကပြနေကြတာကိုလဲ မြင်တွေ့ရမှာပဲဖြစ်ပါတယ် ။ ကိုယ်ကျရာ ဘဝမှာ အရှူံးမပေးခေါင်းမငုံ့ပဲ လုပ်ဆောင်ပြီး မိသားစုတွေရဲ့ နွေးထွေးမှုတွေနဲ့ အတူ ...
movie

Look up and see joy ( 2023 )

Our New Life ( 2021 ) 6.1
Our New Life ( 2021 ) လူ့ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေရှိသလို အသက်၁၀၀မနေရသော်လည်း အမှု ၁၀၀ မကကြုံတွေ့ရတတ်ပါတယ်။ သာမန်ဘဝဖြတ်သန်းမှုတွေဟာ ရုပ်ရှင်မဆန်ပေမယ့် စိတ်ဝင်စားစရာတွေတော့ရှိနေကြပါတယ်။ ဒါဆိုရင် သာမန်လူတွေရဲ့ သာမန်ဘဝဖြတ်သန်းမှုတွေ ပြဿနာတွေအကြောင်းကို ရိုက်ကူးထားတဲ့ လက်တွေ့ဆန်တဲ့ဒီရုပ်ရှင်ကို ခံစားကြည့်လိုက်ကြရအောင်။မတူညီတဲ့ဇာတ်လမ်း၅ပုဒ်ကိုကြည့်ရှုရမှာဖြစ်ပြီး တစ်ခုစီဟာလည်း လောကမှာကြုံတွေ့ရတတ်တဲ့ပြဿနာတွေကို မီးမောင်းထိုးပြနေပြီး၊ စိတ်နှလုံးကိုနွေးထွေးစေတဲ့ အကြောင်းအရာများလည်းပါဝင်နေပါတယ်။အသက်အရွယ်အသီးသီး အလွှာအသီးသီးက လူတွေရဲ့ရုန်းကန်မှု ကြိုးစားမှု ပျော်ရွှင်မှုကိုရှာဖွေကြပုံ ဘဝနေထိုင်မှုပုံစံ တွေကိုကြည့်ရှုရင်း ပုံမှန်ဆန်စွာ ပြဿနာတွေကိုဖြေရှင်းကြပုံကို စိတ်ဝင်စားဖွယ် ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်ရှုရမှာမို့ လူ့ဘဝ လူ့သဘာဝအကြောင်းကို ခံစားကြည့်ရှုချင်သူတွေအတွက် အေးအေးဆေးဆေးအပန်းဖြေကြည့်ရှုနိုင်မယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ [ Reviewed By Yin Wai Phyo ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 2h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Our New Life ( 2021 )

The Tipping Point ( 2022 ) 5.8
The Tipping Point ( 2022 ) CM ကနေ ရုပ်ရှင်ကားကောင်းကောင်းလေးတွေကို အမြဲတင်ဆက်ပေးနေကျဖြစ်သလို အခုတစ်ခါမှာတော့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ငွေကြေးခဝါချမှုတွေ တရားမဝင်ငွေချေးမှုတွေ အကြောင်းရိုက်ကူးထားတဲ့ ကားလေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင် တက္ကသိုလ်ကျောင်းသူလေး ကျောက်ရွှယ်နင်တစ်ယောက် ချေးငွေကိစ္စနဲ့ပက်သက်ပြီး အာမခံကုမ္ပဏီရဲ့ အပေါ်ဆုံးထပ်ကနေ ခုန်ချသွားခဲ့ပါတယ်ဝမ်းဟိုင်မြို့မှာ တာဝန်ကျတာမကြာသေးတဲ့ မှုခင်းရဲအရာရှိ ချန်ရွေ့တစ်ယောက်က ဒီအမှုကို လက်ခံပြီး ရှာဖွေစုံစမ်းရာမှာတော့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုမဟုတ်ဘဲ လူသတ်မှုလို့ သံသယရှိလာခဲ့ပါတယ်အဲ့နောက်မှာတော့ အထက်အရာရှိ စခန်းမှူးတုက ဒီအမှုကို အမြန်ဆုံးစုံစမ်းဖော်ထုတ်ခိုင်းပါတော့တယ် ချန်ရွေ့တစ်ယောက် ဒီအမှုရဲ့ကြိုးစကို စတင်ဖြည်ရင်း ပိုပိုရှုပ်ထွေးလာမှန်းသိလိုက်ရပါတယ် အာမခံကုမ္ပဏီအပြင်ကို မြို့ရဲ့ မျက်နှာဖုံး စီးပွားရေးသမား အန်းယိမင်နဲ့သူ့ဇနီး ကျိုးထုံတို့လည်း ပါဝင်ပက်သက်နေတာကို သိလိုက်ရပါတယ် တွင်းနက်လေလေ နှိုက်ရခက်လေလေဆိုတော့ ဒီဝမ်းဟိုင်မြို့မှာ မကောင်းမှုပပျောက်ရေးလှုပ်ရှားမှုကို ဘယ်လိုမျိုး ပြီးမြောက်အောင် လုပ်ဆောင်သွားမှာလဲ ဒီအမှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုအကြံစည်တွေ ရှိနေမှာလဲဆိုတာကိုတော့ ခုတင်ဆက်ပေးမယ့် ကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော်~~~~~~~~ [ Reviewed By Kyawt ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime , Action Runtime : 1h 14 ...
movie

The Tipping Point ( 2022 )

Home Coming ( 2022 ) 6.5
Home Coming ( 2022 ) ဒီနေ့မှာဆိုရင်တော့ Channel Myanmar က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ရုံတင်ခဲ့ပြီး ရုံဝင်ငွေ ၁.၅ ဘီလီယံကျော်ရရှိခဲ့တဲ့《Home Coming》 ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေNumedia နိုင်ငံစစ်ပွဲဖြစ်စဥ် အချိန်ကာလ , သံရုံးမှာ လူအင်အားမမျှသောကြောင့် စစ်ပွဲအတွင်းက တရုတ် ပြည်သူတွေကိုသာ ကယ်ဆယ်ဖို့ စီစဥ်ထားပေမဲ့လဲ အဆင်မပြေခဲ့ပါဘူး တစ်ဆက်ထဲမှာပဲ အဲဒီနေ့ကမှ ဇာတိမြေကို ပြန်ဖို့စိတ်ကူးထားတဲ့ သံတမန်ဝန်ကြီးချုပ်ဟောင်း ဇုံးတဝေ နဲ့ နိုင်ငံရေးဌာနမှ လူသစ်တစ်ဦးဖြစ်တဲ့ ချန်လန် တို့ဟာ အန္တရာယ်ကြားထဲကနေပြီးတော့ တာဝန်တွေကို သက်စွန့်ဆံဖျား လုပ်ကိုင်ပေးခဲ့ကြပြီး မိမိတို့ အိမ်ပြန်မည့် အခွင့်အရေးကို လက်လွှတ်ကာ စစ်ပွဲအတွင်းက ပြည်သူများ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့အတွက် နေရစ်ခဲ့ကြပါတယ်အဲဒီနောက်မှာတော့ တာဝန်တွေကို ကြိုးစားလုပ်ကိုင်ရင်း တာဝန်ပြီးဆုံးသွားပြီလို့ ထင်နေပေမဲ့ နောက်ထပ် စစ်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ တစ်ပြည်ထဲသား လူတစ်စု ရှိနေသေးတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ပိုင်ဟွ ဆိုသူရဲ့ ဦးဆောင်လမ်းပြမှုနဲ့ အတူတူ နယ်စပ်ရွှေ့ပြောင်းရေး စခန်းကို သွားရောက်ခဲ့ကြပါတော့တယ် အရေးပေါ်ဖြစ်နေတဲ့ အခြေအနေအောက်မှာ နှစ်ယောက်သားဟာ အိမ်ပြန်ဖို့ အခွင့်အရေးကို ထပ်မံစွန့်လွှတ်ခဲ့ကြပြီးတော့ စစ်ပွဲအတွင်းထပ်မံခြေချခဲ့ပြန်ပါတော့တယ် အဲဒီနောက်မှာတော့ ...
movie

Home Coming ( 2022 )

Some Like It Hot (2016) 6.8
Some Like It Hot (2016)   ဘဝမှာ သိပ်ချစ်ရတဲ့သူငယ်ချင်းတွေရှိရင် သိပ်လှတယ်... အမူအကျင့် တစ်ခုစီနဲ့ ခွီရတဲ့ သက်လတ်ပိုင်း သူငယ်ချင်း ၅ ယောက်အဖွဲ့... ၁။ တစ်ယောက်က မြင်မြင်ချင်းအချစ်ကိုပဲ ယုံကြည်လို့ တစ်ဘဝလုံး FA လုပ်လာတာ တစ်နေ့တော့ ကောင်မလေးတစ်ယောက်ကိုမြင်မြင်ချင်းမှာ သိပ်ကြွေသွားပြီး Heart Attack နဲ့သေရော.. ၂။ နောက်တစ်ယောက်က တခြားကောင်မလေးတွေနဲ့ အသားကုန်ပွေးပေမယ့် အချိန်တန် အိမ်ပြန်ဆိုတဲ့ ဆောင်ပုဒ်ကိုကိုင်ဆွဲထားတဲ့ သူ့ကောင်မလေးကို အသေချစ်သူ... ၃။ နောက်တစ်ယောက်က အဖွဲ့တစ်ဖွဲ့လုံးရဲ့ ခိုင်းဖတ် မစိုမခြောက်... ၄။ နောက်တစ်ယောက်က အူတူတူနဲ့ လုပ်ချင်ရာလုပ်တတ်ပြီး ဘယ်သူမှမကြိုက်တော့တဲ့ အပျိုကြီးကိုမှ အသည်းစွဲသွားသူ... ၅။ ဇာတ်လိုက်ကျော်ကြီးကတော့ ကိုရီးယားမော်ဒယ်လေးကို မြင်မြင်ချင်း ပလူးချင်လွန်းလို့ အိမ်ကမိန်းမကို ခွကျော်ရမယ့်သူ...ဇာတ်အိမ်ဇာတ်လမ်းလေး ကောင်းမွန်သလို တင်ဆက်ပုံ သွက်သွက်လက်လက်နဲ့ ဆွဲခေါ်သွားမယ့် ဇာတ်ကားပါ။ကျွန်တော်တော့ အတော်အကြိုက်တွေ့မိပါတယ်။ အနားယူချိန်မှာ မိသားစုနဲ့အတူတူကြည့်ပြီး ခွီနေရမယ့် ဇာတ်ကားမျိုးပါ။ (အိမ်ကမိန်းမကို မပိုင်သူတွေကတော့ မိန်းမနဲ့ အတူတူ မကြည့်နဲ့ပေါ့..ဆွဲစိတ်ခံနေရမယ်။)IMDb Rating (6.8) ထိ ရရှိထားပါတယ်။File size…(1.1 GB) and ...
movie

Some Like It Hot (2016)

2016
The Island (2018) 6.4
The Island (2018) ဒီဇာတ်ကားအကြောင်းကိုပြောရမယ်ဆို ရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေမယ်လို့တွေးမိပါတယ် ဘာလို့များလဲ ကျွန်တော်လဲလူသားတစ်ယောက်ပဲကိုး.. ကျွန်တော်တို့လူသားတွေက ဂုဏ်တွေ ပညာတွေနဲ့ စောင့်ထိန်းရမယ့် စည်းကမ်းတွေနဲ့ဒီလောကကြီးထဲမှာနေထိုင်နေရတာမဟုတ်လား လူတိုင်းမှာ မကောငး်စိတ်ဆိုတာရှိစမြဲပဲလေ အဲ့လိုမကောငး်တဲ့စိတ်ကိုပဲ အသိပညာနဲ့ စည်းမျဉ်းတွေကထိန်းချုပ်ထားတာမဟုတ်လား လူတွေရဲ့မကောင်းတဲ့စိတ်ဆိုတာဘယ်လိုအချိန်မှာပေါ်ထွက်လာတတ်လဲ အတ္တ မာနနဲ့ အကောက်ကြံမှုတွေကဘယ်လိုအချိန်မှာပေါ်ထွက်လာတတ်လဲ ရှင်းပါတယ် စိတ်ကွယ်ရာအရပ် သို့မဟုတ် ဥပဒေကင်းလွတ်တဲ့အရပ်မှာဘွင်းဘွင်းကြီးထွက်ပေါ်လာတတ်တယ်မဟုတ်လား ဒီဇာတ်ကားကလဲဒီသဘာဝကို အထင်းသားမြင်ရအောင်ရိုက်ပြထားပါတယ် .. ဇာတ်ကားစစချင်းမှာ ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေကိုနှစ်ပတ်လည်အနေနဲ့ ပင်လယ်ကမ်းခြေကိုအလည်အပတ်ပို့ပေးပါတယ် ကမ္ဘာ့အပြင်ဘက်ကဥက္ကာခဲအန္တရာယ်ကိုလျစ်လျူရှုပြီး ပင်လယ်ထဲအလည်အပတ်ထွက်လာတဲ့သူတို့ဟာ ဥက္ကာခဲကြောင့်ဆူနာမီနဲ့ရင်ဆိုင်ခဲ့ရပြီး ကျွန်းတစ်ကျွန်းပေါ်သောင်တင်ခဲ့ပါတော့တယ် သူတို့နဲ့အတူ ပရော်ဖက်ဆာ တစ်ယောက်ကပါဝင်ခဲ့ပြီးပရော်ဖက်ဆာရဲ့တွက်ချက်မှုက လောကကြီးတစ်ခုလုံး ဥက္ကာခဲကြောင့်ပျက်သုဉ်းသွားပြီး ရှင်ကျန်သူဆိုလို့သူတို့သာကျန်တော့ကြောင်းအဖြေထွက်လာပါတော့တယ် ဒီတော့.. စည်းလုံးမှုတွေလဲပြိုကွဲ နောက်ဆုံးကျန်ခဲ့တဲ့လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်နေရာကိုလဲလိုချင်တပ်မက်လာတဲ့အခါ.. မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးရဲ့ပကတိမျက်နှာဟာ ထိုကျွန်းပေါ်မှာပေါ်ပေါက်လာပါတော့တယ်.. အတ္တတွေ တပ်မက်မှုတွေနဲ့ လူတစ်စုကျွန်းပေါ်မှာဘယ် လိုအသက်ရှင်သွားမလဲဆိုတာ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ပါ.. ဒီဇတ်ကားကို Wai Zin က ဘာသာပြန်ပေးထားပြီး အညွှန်းကို လဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie

The Island (2018)

2018