Channel Myanmar

Wang Shuangbao

Bodyguard 3 ( 2025 ) 5.6
Bodyguard 3 ( 2025 ) သာမန်ရုပ်ရည်နဲ့ကောင်းထျန်းတစ်ယောက်ဟာ ရုပ်ချောချောကောင်မလေးတစ်ယောက်ကို ရည်းစားတော်ထားရတော့ သည်းသည်းလှုပ်အရမ်းချစ်ပါတယ်။ တစ်နေ့မှာ ကောင်မလေးကကျွန်းတစ်ကျွန်းပေါ်အပန်းဖြေခရီးထွက်နေတဲ့အချိန်မှာ လူတစ်စုဖမ်းသွားတာကိုခံရပါတယ်။ ကောင်မလေးကိုတစ်သက်လုံးစောင့်ရှောက်ပါမယ်လို့ ကတိပေးထားတဲ့ ကောင်းထျန်းဟာ ကောင်မလေးကိုရေကုန်ရေခန်းလိုက်ရှာပါတော့တယ်ရည်းစားလေးကိုလိုက်ရှာရင်းနဲ့မှ ဒီအဖွဲ့အစည်းက လူကုန်ကူး၊မူးယစ်ဆေးအရောင်းအဝယ်၊ ရှေးဟောင်းပစ္စည်းမှောင်ခိုအရောင်းအဝယ်စတဲ့ တရားမဝင်တဲ့အလုပ်တွေအကုန်လုပ်တဲ့အဖွဲ့ဆိုတာသိလိုက်ရပါတယ်။ ဒီလူဆိုးအဖွဲ့ကိုသက်တော်စောင့်လေးတစ်ယောက်ကဘယ်လိုအလွဲတွေကြားမှာ တွန်းလှန်နိုင်ပါ့မလားဆိုတာကို ကြည့်လိုက်ပါဦးနော်။ Filesize : 1.49 GB / 823 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Comedy Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK    
movie

Bodyguard 3 ( 2025 )

Atrocious ( 2025 ) 5.6
Atrocious ( 2025 ) မင်ကော်ခေတ်အတွင်းမှာ ဓားပြတစ်ဖွဲ့ကြောင့် ရှန်မိသားစုရွာ တစ်ခုလုံး ခေါင်းဖြတ်သတ်ခြင်း ခံခဲ့ရပါတယ်။ နောက်မှာတော့ ရှန်မိသားစုရဲ့ ရွှေ ၈ အိုး၊ ငွေ ၈ အိုးနဲ့ ကျောက်စိမ်းရတနာ ၈ အိုးကို အဲဒီရွာမှာ ရှိကြောင်းကောလာဟလ ပြန့်နေတဲ့အတွက် လူမိုက်တွေက ရွာပျက်မှာ လာရောက် စုဝေးနေကြပါတယ်။ ဒါပေမဲ့ ရွာပျက်ထဲကို ဝင်လိုက်တာနဲ့ ခေါင်းပြတ်သရဲ တွေရဲ့ ခြောက်လှန့်ခြင်း၊ ပုံရိပ်ယောင်တွေ မြင်ရခြင်း စတဲ့ ထိတ်လန့်စရာ အဖြစ်တွေနဲ့ ကြုံတွေ့ခဲ့ကြပါတယ်။လူမိုက်အဖွဲ့က ရတနာကို ရှာတွေ့နိုင်မလား...... ရှန်မိသားစုရွာ တစ်ရွာလုံးကို ရက်စက်စွာ သတ်ဖြတ်သွားတဲ့ သမိုင်းကြောင်းက ဘယ်လိုဖြစ်မလဲ...... ခေါင်းပြတ်သရဲတွေကရော တကယ်ရှိနေသလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 0.98 GB / 538 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Adventure , Mystery Runtime : ...
movie

Atrocious ( 2025 )

Flying Swords of Dragon Gate ( 2011 ) 5.9
Flying Swords of Dragon Gate ( 2011 ) Jet Li ရဲ့အမိုက်စားအက်ရှင်တွေနဲ့ သဘာဝကျတဲ့ Effectsအလန်းစားတွေနဲ့ သိုင်းကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နာမည်ကျော် လုံမိန်တည်းခိုခန်းမီးလောင်သွားပြီးတော့ ပိုင်ရှင်ဖြစ်တဲ့သူပျောက်သွားပြီး (၃)နှစ်မှာ တိုင်းပြည်အုပ်ချုပ်ရေးမျာကြီးစိုးနေတဲ့ အာဏာကိုအလွဲသုံးစားလုပ်နေတဲ့ မိန်းမစိုးအင်အားစုကို ကျောက်ဟွိုင်အန်းတို့လူစုက ဖြိုလှဲဖို့ကြိုးစားနေခဲ့ကြတယ်။တစ်ချိန်ထဲမှာပဲ ကျောက်ဟွိုင်အန်းဆိုတဲ့နာမည်နဲ့ လူတွေကိုကယ်တဲ့သူတစ်ယောက်ရှိလာတယ်။ နန်းတွင်းကိုအပျိုတော်လေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်းနဲ့ သဲကန္တာရထဲက လုံမိန်တည်းခိုခန်းကိုရောက်လာခဲ့ကြတယ်။ သိပ်မကြာခင်မှာ သဲမုန်တိုင်းကြီးကျလာတော့မှာဖြစ်တဲ့အတွက် တည်းခိုခန်းထဲမှာ ပိတ်မိမလိုဖြစ်လာတဲ့အခါ သဲမုန်တိုင်းကြားကသူတို့ရဲ့တိုက်ပွဲဟာ ဘယ်လိုတွေပြင်းထန်မလဲဆိုတာကို အမိုက်စားအက်ရှင်တွေနဲ့ကြည့်ရမှာဖြစ်ပါတယ်။ ဒီကားမှာ Jet Li အပြင် မမZhou Xun နဲ့ Chen Kun တို့ကအားဖြည့်ပါဝင်ထားပါတယ်။ Filesize : 2.55 GB / 1.24 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Adventure , Drama Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Flying Swords of Dragon Gate ( 2011 )

Stop! Thieves ( 2019 ) 5.9
Stop! Thieves ( 2019 ) ဒီတစ်ခေါက်မှာတော့ အားလုံးအတွက် ဟာသကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... Alibaba အကြောင်းကြားဖူးမယ်ထင်ပါရဲ့... ဒီကားထဲမှာ ချန်အစ်ကိုကြီးလည်း ဒီလိုပဲ သူ့ညီအစ်ကိုတွေနဲ့အတူ အိမ်တွေက ရှေးဟောင်းပစ္စည်းတွေကို ခိုးပြီး ပြန်ရောင်းတဲ့ စီးပွားရေးလုပ်ပါတယ်... ဟုတ်ပါတယ်... သူခိုးကြီးပါ...ဇာတ်လမ်းအကျဉ်းလေးပြောရမယ်ဆို ငွေအရမ်းမက်တဲ့ ရှောင်းချန်က သူ့ညီ ဖက်တီးနဲ့ ချွဲ့ဇီ ကိုခေါ်ပြီး တစ်အိမ်တက်ဆင်း ပစ္စည်းတွေခိုးပြီး ပြန်ရောင်းတဲ့အလုပ်ကို လုပ်ပါတယ်.. ပစ္စည်းခိုးတာကို လူမိရင်တော့ ပြေးတာပေါ့,,, တိုက်တိုက်ဆိုင်ဆိုင် သူတို့ ခိုးတာ လူမိလို့ တစ်ပတ်ရိုက်ပြေးချိန်မှာပဲ... ကားတစ်စီးနဲ့ ဝင်တိုက်ခဲ့တယ်..အဲ့ကားပေါ်မှာ သူတို့တွေ့ခဲ့တဲ့ သူက သူဌေးတစ်ယောက်ရဲ့ ဦးလေးဖြစ်ပြီး ပြန်ပေးဆွဲခံရတာတဲ့... ဒီဦးလေးကို ကယ်ထုတ်ပေးနိုင်ရင် ဆုကြေးရမယ်ဆိုလို့... မှန်းထားတဲ့အတိုင်းပါပဲ ငတက်ပြား ညီအစ်ကို ၃ ယောက်ရဲ့ ကယ်ဆယ်ရေးခရီး စခဲ့တာပေါ့... ကဲ ဦးလေးကို ကယ်ထုတ်ပေးနိုင်မှာလား... ဒီညီအစ်ကိုတွေက ဘာလို့ ဒီလောက်တောင် ငွေမက်တာလဲ... ဘယ်လို အလှည့်အပြောင်းတွေရှိဦးမလဲဆိုတာ ဇာတ်လမ်းလေးကိုကြည့်လိုက်ရအောင်နော်... Filesize : 1.20 GB / 691 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : ...
movie

Stop! Thieves ( 2019 )

Midnight Inn ( 2024 ) 5.8
Midnight Inn ( 2024 ) သည်းထိတ်ရင်ဖိုရုပ်ရှင်တွေမှ ကြိုက်တတ်တဲ့ ပရိသတ်ကြီးတို့အတွက် Midnight Inn ဆိုတဲ့ တရုတ်သည်းထိတ်ရင်ဖိုရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့......စန်းကန်းတည်းခိုခန်းဟာ လူသေရော လူရှင်ရော တည်းခိုဖို့ လက်ခံတဲ့နေရာ တစ်ခုဖြစ်ပါတယ်။ အရှေ့ခြံမှာ မီးဖြူထွန်းပြီး ဖြတ်သွားဖြတ်လာခရီးသည်တွေကို ကြိုဆိုပြီး အနောက်ခြံမှာ မီးနီထွန်းပြီး မသင်္ဂြိုလ်ရသေးတဲ့ လူသေတွေကို လက်ခံပါတယ်။ ဒီစန်းကန်းတည်းခိုခန်းအတွက် ကြောက်စရာ ကောလာဟလတွေလည်း အများကြီး ရှိခဲ့တာပေါ့။မိုးသည်းတဲ့ ညတစ်ညမှာ စန်းကန်းတည်းခိုခန်းမှာ ဆိုက်ရှန်ရှန်းရဲ့ အလောင်းကို လာရှာတဲ့ လူ ၂ ယောက် ရောက်လာပါတယ်။ ဂုဏ်သရေနဲ့ပြည့်ဝတဲ့ သူဌေးကတော်နဲ့ နာမည်ကြီးပြဇာတ်က ဇာတ်ဆောင်မင်းသားကြီးတစ်ယောက်ပေါ့။ သူတို့နှစ်ယောက်ကနေပြီး ဆိုက်ရှန်ရှန်းရဲ့ အတိတ်က အကြောင်းတွေကို ပြန်ပြောပြတဲ့အခါ......လွန်ခဲ့တဲ့ ၁၀ နှစ်က အန်းမိသားစုမှာ ဖြစ်ခဲ့တဲ့ ၂ လောင်းပြိုင် လူသတ်မှုရဲ့ တရားခံက ဘယ်သူဖြစ်မလဲ...... ဆိုက်ရှန်ရှန်းက တကယ်ပဲ သူတို့ပြောသလို ရက်စက်ယုတ်မာတဲ့ လူတစ်ယောက်လား...... လူ့စိတ်ကို တကယ်ခြောက်လှန့်နေတဲ့အရာက ဘာဖြစ်မလဲ...... ဆိုတာကို ရုပ်ရှင်ထဲမှာ မထင်ထားတဲ့ လှည့်ကွက်တွေနဲ့ တင်ဆက်ပေးထားတာမလို့ ဆက်ကြည့်လိုက်ရအောင်နော်။ Filesize : 1.15 GB / 618 MB Quality : ...
movie

Midnight Inn ( 2024 )

Modern Bathhouse ( 2024 ) 5.8
Modern Bathhouse ( 2024 ) အဖေ့ရဲ့ဆတ္တာသည်အလုပ်အပေါ်ရှက်ပြီး မကျေမနပ်စိတ်နဲ့ ရှင်သန်လာတဲ့သားဟာ မိုးကြိုးတွေပစ်ပြီးမိုးသည်းထန်ရွာတဲ့ တစ်နေ့မှာ မတော်တဆအဖေငယ်ရွယ်စဉ် အတိတ်ကိုပြန်ရောက်သွားတဲ့အခါ.....သူ့အဖေရဲ့လူပျိုဘဝကို အတူဖြတ်သန်းကြည့်တဲ့အခါမှ ဒီလိုသိမ်ငယ်တယ်လို့သူယူဆခဲ့တဲ့ အလုပ်ရဲ့နောက်ကွယ်က ရည်မှန်းချက်ကြီးကိုသိခဲ့လိုက်ရတယ်။ တဖြည်းဖြည်းနဲ့ အဖေဖြစ်သူကိုပိုနားလည်လာခဲ့တယ်။ သားဆိုးလေးပီပီ လူပျိုဘဝကအဖေကိုလဲ ပြဿနာတွေမနည်းပေးခဲ့ပြီး အများကြီးကူညီခဲ့တဲ့အတွက် အနာဂတ်မှာ လုပ်ငန်းကိုပိုတိုးတက်အောင်ကူညီခဲ့တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Modern Bathhouse ( 2024 )

The Diamond Heist ( 2024 ) 5.8
The Diamond Heist ( 2024 ) ဒီရုပ်ရှင်လေးကတော့ သိန်း ၂၀၀ တန် စိန်တုံးကို အုပ်စု ၂ စုက ဓားပြတိုက်ခဲ့ပြီး ကမောက်ကမ ဖြစ်သွားခဲ့တာက စပါတယ်။ လူရိုးကြီးတွေ ဖြစ်တဲ့ ကျန်းဟောက်နဲ့ ဝူအာဝေါ့ တို့ဟာ သမီးလေး ခယ်လဲ့ရဲ့ ခွဲစိတ်စရိတ်အတွက် မလုပ်စဖူး ရွှေဆိုင်ကို ဓားပြတိုက်ဖို့ လုပ်ခဲ့ပါတယ်။သူတို့နှစ်ယောက် တွေဝေနေတဲ့ အချိန်မှာပဲ နောက်ထပ် အဖွဲ့တစ်ဖွဲ့က လက်နက်အပြည့်အစုံနဲ့ ရွှေဆိုင်ကို ဖြတ်သွားတဲ့ ငွေသယ်ကားကို လုယက်ခဲ့ပါတယ်။ ရှုပ်ထွေးနေတဲ့ အချိန်မှာ ဓားပြတွေက ကျန်းဟောက်တို့ကို အဖွဲ့သားတွေလို့ ထင်သွားပြီး တန်ဖိုးကြီးလှတဲ့ စိန်ထုပ်ကို ပစ်ပေးခဲ့ပြီး နှစ်ယောက်သား စိန်လုယက်မှုမှာ ပါဝင်ခဲ့ရပါတယ်။ဒါပေမဲ့ လမ်းတစ်ဝက်မှာ ပြေးရင်း လွှားရင် စိန်ထုပ်ကြီးက ပျောက်သွားတဲ့အခါ...... ကျန်းဟောက်တို့ တစ်တွေ ခယ်လဲ့လေးအတွက် ခွဲစိတ်စရိတ်ကို ရဖို့ ဘယ်လို ဒုစရိုက်မှုတွေကို လုပ်မလဲ...... တခြားအဖွဲ့က ဓားပြတွေရဲ့ အန္တရာယ်ကိုရော ဘယ်လို ဖြေရှင်းမလဲ...... ဆိုတာကို ဟာသလေးတွေနဲ့ အပန်းဖြေ ကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p ...
movie

The Diamond Heist ( 2024 )

River God: The Strange Story ( 2023 ) 6
River God: The Strange Story ( 2023 ) သည်းထိတ်ရင်ဖိုကားတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တွေအတွက် River God ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -မင်ကော်ခေတ်မှာ ထျန်းကျင်းဝေ့မြို့မှာ ရေဘေးအန္တရာယ်တွေ အကြိမ်ကြိမ်ကြုံတွေ့နေရပြီး သဘာဝလွန် ဖြစ်ရပ်သတင်းတွေ မပျက်ကြားနေရပါတယ်။ ရေပေါ်ရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ကောသယ်ယိုဟာ သူ့ဆရာရဲ့ ပညာတွေကို ဆက်ခံထားပြီး မြစ်နတ်အဖြစ် နာမည်ကြီးနေပါတယ်။တစ်နေ့မှာ ကောသယ်ယိုတစ်ယောက် မြစ်ထဲကနေ အလောင်း ၂ ခုကို ဆယ်ခဲ့ပြီးနောက်မှာတော့ ပုံရိပ်ယောင်တွေကို မြင်လာခဲ့ပါတယ်။ ပုံရိပ်ယောင်တွေက တစ်ဆင့် သူ့အစ်ကို သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ကလေးပျောက်ဆုံးမှုနဲ့ ပတ်သက်နေတာ သိခဲ့ရပါတယ်ကောသယ်ယို၊ တင်းမောင်နဲ့ လီတာ့လန့်တို့ ၃ ယောက်ဟာ အမှန်တရားကို ရှာဖွေဖို့အတွက် စွန်စားခန်း စတင်ခဲ့ပါတယ်။ စာကြည့်တိုက်မီးလောင်မှု၊ ဝက်ခေါင်းလူကြီးရဲ့တိုက်ခိုက်မှုတွေ၊ ယင်းရန်မြစ်နတ်ရဲ့ လမ်းညွှန်မှု၊ ဝေမိသားစုသင်္ချိုင်းက သရဲအိမ်ကြီး စတဲ့ နေရာတွေကို တစ်ယောက်ယောက်က တမင်လမ်းညွှန်ပြနေပါတယ်။ကောသယ်ယိုတစ်ယောက် လွန်ခဲ့တဲ့ နှစ် ၂၀ က အမှန်တရားကို ဖော်ထုတ်နိုင်ပါ့မလား...... ပုံရိပ်ယောင်တွေနဲ့ သူ့ကို တိုက်ခိုက်နေသူကရော ဘယ်သူဖြစ်မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ...
movie

River God: The Strange Story ( 2023 )

The Yin Yang Crossover Man ( 2023 ) 5.9
The Yin Yang Crossover Man ( 2023 ) CM ရဲ့ ပရိတ်သတ်တွေအတွက် သည်းထိတ်ရင်ဖိုဖြစ်စေမဲ့ ရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-အလောင်းဆယ်သူ ယန်ဟွမ်နဲ့ ဆရာဖြစ်သူ လောင်ကျန်းတို့ဟာ ထျန်းဆွေရွာမှာ အလောင်းဆယ်ဖို့အတွက် ရောက်လာခဲ့ပါတယ်။ သို့သော် ထိုအလောင်းကို ဘယ်လိုပဲ ရှာပါစေ မြစ်ထဲမှာ မတွေ့ဘူး ဖြစ်နေပါတယ်။ရွာသားတွေကတော့ သေဆုံးသူ လင်ယွိဟာ မြစ်နတ်ရဲ့ သတို့သမီးအဖြစ် ရွေးချယ်ခံရတဲ့အတွက် မြစ်ထဲကျသွားခဲ့တယ်လို့ ပြောကြပါတယ်။ လင်ယွိရဲ့ သူငယ်ချင်းဖြစ်သူ သတင်းထောင်လင်ယောင် ကတော့ အယူသီးမှုတွေကို လက်မခံသူဖြစ်ပါတယ်။ယန်ဟွမ်နဲ့ လင်ယောင်တို့နှစ်ယောက် လင်ယွိရဲ့ သေဆုံးမှုကို လိုက်လဲစုံစမ်းရင်း လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က သူတို့အဖေတို့ လုပ်ခဲ့တဲ့ ပြစ်မှုကြီးကို သိသွားတဲ့အခါ......ရွာထဲမှာ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားတဲ့အခါ တရားခံက ဘယ်သူဖြစ်မလဲ...... လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မတရားမှုကိုရော သူတို့ ဖော်ထုတ်နိုင်ပါ့မလား...... ဆိုတာကို သည်းထိတ်ရင်ဖိုရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , ...
movie

The Yin Yang Crossover Man ( 2023 )

Mountain Village Inn ( 2023 ) 5.9
Mountain Village Inn ( 2023 ) CM မှာအရင်တင်ပြီးသားဖြစ်တဲ့ ( The Haunting)ဆိုတဲ့ဇာတ်ကားရဲ့ နောက်တစ်ကားဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းရှင်လေးJiang Shuoရဲ့ အိမ်အရောင်းဝယ်လုပ်ငန်းကိုလုပ်ကိုင်ရင်း နောက်ထပ်ကြုံတွေ့ရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ရေမြေမကောင်းလို့ လာဘ်မကောင်းလို့ သရဲခြောက်လို့ ဆိုပြီး အလောတကြီးရောင်းချင်တဲ့အိမ်တွေကတော့ Jiang shuo ရဲ့အကြိုက်ပါပဲ။ ဒီတစ်ခါမှတော့ Jiang ဟာ အယူသီးတဲ့ထုံးတမ်းဓလေ့တွေရှိတဲ့ တောင်ပေါ်ကမိုတယ်တစ်ခုကိုဆောက်လုပ်ရေးကုမ္ပဏီတစ်ခုအတွက် သွားဝယ်ပေးရင်း ကြုံတွေ့ခဲ့ရတဲ့လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်လေးပါ.....ရွှံံတောင်ပြိုတဲ့ဖြစ်ရပ်ကြောင့် မိုတယ်မှာတည်းတဲ့ တောင်တက်သမား (၃၆)ယောက်ဟာပျောက်ဆုံးနေပြီး ဘယ်လိုမှရှာမတွေ့တော့ပါဘူး….. မိုတယ်ကိုဝယ်ဖို့ရောက်လာတဲ့ Jiang တို့လူစုဟာ လူပျောက်မှုနဲ့ပတ်သက်ပြီး ဘာတွေသိလာရမလဲ……ခြောက်ခြားစရာကောင်းတဲ့ဒီမိုတယ်မှာ ဘယ်လိုကျောချမ်းစရာတွေ ကြောက်စရာတွေနဲ့ကြုံရဦးမလဲဆိုတာ ခံစားလိုက်ဦးနော်….. Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK  
movie

Mountain Village Inn ( 2023 )

Black Hunting Operation ( 2022 ) 6.1
Black Hunting Operation ( 2022 ) တရုတ်နိုင်ငံအတွင်းမှာ အမြတ်ကြီးစား လက်ဝါးကြီးအုပ်ချင်ကြတဲ့ ဒုစရိုက်ဂိုဏ်းသားတွေဟာ အပြစ်မဲ့ပြည်သူတွေကို ချုပ်ကိုင်ပြီး ငွေတိုးချေးခြင်း လောင်းကစားရုံတွေဖွင့်ခြင်း အစရှိတဲ့ ဥပဒေချိုးဖောက်တဲ့ အလုပ်တွေကို လုပ်ကိုင်လျှက်ရှိကြပါတယ် ။ငွေတိုးအဆမတန်ချေပြီး ပြန်မပေးနိုင်ပါက ပြည်သူတွေကို ဓားစာခံအဖြစ် ခေါ်ယူနှိပ်စက်မှုတွေ ကြုံလာတဲ့အခါမှာတော့ ပြည်သူ့ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး နှိမ်နင်းဖို့အထိ ဖြစ်လာခဲ့ပါတယ် ။ အဲ့အထဲမှာလဲ ရဲတပ်ဖွဲ့ခေါင်းဆောင် ချင်ဖုန်းကလဲ အပါအဝင်ပါ ။ပြည်သူတွေအတွက် လက်စားချေပေးဖို့အရေး နောက်ကွယ်က ကြိုးကိုင်သူကို ဖမ်းဆီးဖို့အတွက် ရဲတပ်ဖွဲ့ခေါင်းဆောင်ချင်ဖုန်းကိုယ်တိုင် ဒုစရိုက်ဂိုဏ်းအတွင်း ဝင်ရောက်ကာ ချဥ်းကပ်ခဲ့ပါတော့တယ် ။❏ ဒီတော့ ခေါင်းဆောင်ချင်ဖုန်း နဲ့ သူ့ရဲ့ ရဲဘော်တွေ ဒီဒုစရိုက်လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို ရှာတွေ့နိုင်ပါ့မလား ?❏ သက်သေအထောက်အထား စုံစုံလင်လင်နဲ့ ကြိုးကိုင်သူ ခေါင်းဆောင်ကို ဖမ်းဆီးကာ ပြည်သူတွေအတွက် တရားမျှတမှုကို ရှာပေးနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို စိတ်ဝင်တစား ကြည့်ရှုရအောင်ပါနော် ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : ...
movie

Black Hunting Operation ( 2022 )

Golden Robbery ( 2023 ) 5.9
Golden Robbery ( 2023 ) ဒီတစ်ခေါက်တော့ CM ပရိသတ်တွေအတွက် ဟာသလေးနှောထားတဲ့ မှုခင်းကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ရဲစခန်းလုံခြုံရေးအစောင့်မာတာနဲ့ သူ့ရဲ့ရည်းစာချောလေး လျိုစီးကျားတိုဟာ သာမန်ဘဝကို ဖြတ်သန်းနေကြတဲ့ စုံတွဲလေးတစ်တွဲပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ တစ်စုံတစ်ယောက်က မာတာရဲ အဖေဆိုပြီး ဖုန်းဆက်လာခဲ့ပါတယ်။နှစ် ၂၀ လောက် ပျောက်သွားခဲ့တဲ့ အဖေက ရုတ်တရက် ပြန်ပေါ်လာတဲ့အချိန်ကစ မာတာရဲ့ အေးချမ်းတဲ့ ဘဝကြီးက စတင်ရှုပ်ထွေးလာပါတော့တယ်။ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းမှောင်ခိုမှု၊ သင်္ချိုင်းဖောက်မှု၊ ရဲအတု အစစ်တွေနဲ့ ဘယ်လို အရှုပ်တွေ ဖြစ်မလဲဆိုတာကို Golden robbery ဆိုတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ပါနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Mystery Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by ...
movie

Golden Robbery ( 2023 )