Channel Myanmar

Wang Ruofei

Executioner’s Strange Talk ( 2022 ) 6.5
Executioner’s Strange Talk ( 2022 ) သေဒဏ်ကျခံရတဲ့ အပြစ်သားတွေကိုခေါင်းဖြတ်ကွပ်မျက်ဖို့တာဝန်ယူရတဲ့ အာဏာပါးကွက်သားတွေမှာ စည်းမျဥ်းတစ်ခုရှိပါတယ်။ မွန်းတည့်မကျော်ခင်မှာ အပြစ်သားကို စီရင်ရတာပါပဲ။ စီရင်ချိန်ကျော်သွားခဲ့ရင် စည်းမျဥ်းကိုဖောက်ဖျက်မိသလိုဖြစ်ပြီး သရဲဝိဉာဥ်တွေက လက်စားချေဖို့ပြန်လာတတ်ကြပါတယ်တဲ့။အာဏာပါးကွက်သားတစ်ယောက်ဖြစ်တဲ့ရှဲ့ချီဟာ ပြစ်ဒဏ်စီရင်ရာမှာ အချိန်ကျော်လွန်သွားရာကနေ စည်းမျဥ်းကိုဖောက်ဖျက်မိသွားပါတယ်။ သူကွပ်မျက်ခဲ့တဲ့သရဲမဟာ သူ့ကိုပြန်လာရှာရာကနေ ၊ သူတင်မက တစ်မြို့လုံးကို ကံဆိုးမှုတွေစတင်လွှမ်းခြုံလာတဲ့အခါ ၊ ခြောက်ခြားဖွယ်ရာဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာတဲ့မခါမှာ.. မြို့ထဲကလူတွေကလည်း ရှဲ့ချီကိုဝိုင်းပြီးအပြစ်တင်ကြပါတော့တယ်။သရဲတွေ မိစ္ဆာတွေ ကျိန်စာတွေပါဝင်နေတဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ရအောင်။ Filesize : 1.32 GB / 712 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Mystery , Fantasy , Thriller Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Executioner’s Strange Talk ( 2022 )

Butterfly Shadow ( 2023 ) 5.7
Butterfly Shadow ( 2023 ) တရုတ်နိုင်ငံမှာ နေရာအနှံ့မှာ စစ်ဗိုလ်မှူးတွေ အုပ်ချုပ်တဲ့ခေတ် ဖြစ်ပါတယ်။ အရိပ်နက်အဖွဲ့ဝင် တျဲယင်ဟာ မာဂိုဏ်းဓားပြတွေကို ချေမှုန်းဖို့ အမိန့်ရခဲ့ပါတယ်။ ဒါပေမဲ့ သူတကယ်သတ်လိုက်တာက အနောက်မြောက်ပိုင်းဒေသရဲ့ သူရဲကောင်းစစ်သူကြီး ယန်ကျန့်ရှင်းဖြစ်ကြောင်းသိလိုက်ရပါတယ်။ သူ့ရဲ့ အမှားကို ပြန်ပေးဆပ်ဖို့ ယန်ကျန့်ရှင်းရဲ့ တစ်ဦးတည်းသော သမီးလေးကို ကယ်တင်ပြီး မွေးစားထားခဲ့ပါတယ်။၁၈ နှစ်ခန့် ကြာတဲ့အခါမှာ တျဲယင်ဟာ စူးကျွေ့ဆိုတဲ့ နာမည်ပြောင်းနဲ့ နယ်စပ်မြို့လေးတစ်မြို့မှာ နေထိုင်ခဲ့ပါတယ်။ ယန်ကျန့်ရှင်း သေဆုံးသွားပြီး နောက်ပိုင်းမှာ အနောက်မြောက်ပိုင်းဒေသက လူတွေရဲ့ဘဝတွေက ပိုပြီး ခက်ခဲလာတာကို နေ့စဉ်နဲ့အမျှ တွေ့နေရပါတယ်။ သမီးလေးရှောင်ချန်ကလည်း အရာရာကို သည်းမခံနိုင်ဘဲ သိချင်စိတ်အပြည့်ရှိတဲ့ အရွယ်ရောက်နေတာ ဖြစ်တဲ့အတွက် တျဲယင်တစ်ယောက် ခေါင်းကိုက်နေရပါသေးတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ အရိပ်နက်အဖွဲ့ ပြန်လည်နိုးထလာပြီဆိုတဲ့ သတင်းက တျဲယင်ကို တုန်လှုပ်စေခဲ့ပါတယ်။ ရှောင်ချန်ကို ကယ်ခဲ့တဲ့အတွက် သူ့ကို သစ္စာဖောက်လို သဘောထားတဲ့ အရိပ်နက်အဖွဲ့က တစ်ချိန်ချိန်မှာ သူ့ဆီ ရောက်လာမယ်ဆိုတာကို သူသိနေပါတယ်။ သမီးလေးရှောင်ချန်နဲ့အတူ ထွက်ပြေးဖို့ လုပ်တဲ့အချိန်မှာတော့ အရာရာဟာ နောက်ကျသွားခဲ့ပါတယ်။တျဲယင်တစ်ယောက် အရိပ်နက်အဖွဲ့ရဲ့ လိုက်လံသတ်ဖြတ်ခြင်းရန်က လွတ်မြောက်နိုင်မလား...... ရှောင်ချန်ကရော သူ့မိဘအရင်းကို သတ်တဲ့လူကို ၁၈ နှစ်လုံးလုံး အမေလို့ခေါ်ခဲ့ရတာကို သိသွားမလား...... ဆိုတာကို ...
movie

Butterfly Shadow ( 2023 )