Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Wang Kai Jie
5.8
Giant Fish 2 ( 2024 )
ဘဝကြီးမှာ အရာအားလုံးမတည်မြဲခြင်းတရားကို လူတိုင်းသိကြသော်လည်းထာဝရတည်မြဲအောင် လုပ်နေကြတဲ့လူသားတွေကို ဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို CM မှပရိသတ်ကြီးဆီ တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းလေးကတော့ကျန်းချန်ဆိုတဲ့လူကတော့ မအိုဆေးကို သုတေသနလုပ်တာ အောင်မြင်သွားပေမဲ့လည်း ဘေးထွက်ဆိုးကျိုးရှိနေတာကြောင့် ဈေးကွက်ထဲကို မဖြန့်ပဲနေလိုက်ရာ လျော်ကြေးအကြွေးတွေ တင်နေခဲ့တာကြောင့် အရူံးသမားလို့ကိုယ့်ကိုယ်ခံယူနေခဲ့တယ်။သူ့နဲ့ (၁၇) နှစ်ကြာပေါင်းသင်းခဲ့တဲ့မိန်းမ ယန်ထုံကတော့ ငယ်ရွယ်ပြီးလှပတဲ့မိန်းကလေးတစ်ယောက်ပေါ့။ တနေ့မှာမိန်းမဖြစ်သူက ဖောက်ပြန်တယ်လို့သံသယဝင်ပြီး မိန်းမရှိတဲ့နိုင်ငံခြားကိုသွားပြီးလက်ပူးလက်ကြပ်မိအောင် ဖမ်းဖို့နိုင်ငံခြားကို ကျန်းချန်နဲ့သူ့သူငယ်ချင်းသာ့ဖေးတို့ ထွက်ခဲ့ကြတယ်။ ယန်ထုံအလုပ်လုပ်တဲ့နေရာကတော့ ဟေးဟူလို့အမည်တွင်ပြီး ဟေးဟူဆိုတာကမိန်းကလေး ဧည့်သည်တွေကို အထူးပစ်မှတ်ထားတဲ့ အသားအရည်ထိန်းသိမ်းရေးစင်တာဖြစ်တယ်။ဒါပေမဲ့ဒီဟေးဟူရဲ့ထူးဆန်းစေတဲ့အရာတစ်ခုကတော့ သူတို့ချပေးတဲ့ ငါးအသားကိုစားလိုက်ရုံနဲ့ အိုမင်းနေတဲ့အသားအရည်ကနေ ငယ်ရွယ်နုပျိုတဲ့အသားအရည်အဖြစ်ပြောင်းလဲသွားစေပြီး ဟေးဟူကိုတည်ထောင်တဲ့ မီယာမိန်းကလေးကို လာရောက်တဲ့ဧည့်သည်တွေကနတ်ဘုရားသဖွယ်ကိုးကွယ်နေကြတာဖြစ်တယ်။ဒီလိုနဲ့ကျန်းချန်နဲ့သာ့ဖေးတို့က ယန်ထုံအလုပ်လုပ်တဲ့ဟေးဟူကို မိန်းကလေးပုံစံအဖြစ်ဟန်ဆောင်ဝင်ရောက်သွားပြီး ယန်ထုံဖောက်ပြန်မှုကိုဖော်ထုတ်ရန်ကြိုးစားပါတော့တယ်။ ယန်ထုံက ဟေးဟူရဲ့သုတေသနပညာရှင်ဝမ်ပါမောက္ခနဲ့ ဖောက်ပြန်နေတာလို့ သံသယဝင်ကြပြီးအဲ့သက်သေကို ကျန်းချန်နဲ့သာ့ဖေးရှာဖွေကြရင်း မတော်တဆဟေးဟူဝန်ထမ်းက သတိထားမိသွားလို့ ထွက်ပြေးကြတဲ့အချိန်မှာ နှစ်ဦးသားမတော်တဆ ဝမ်ပါမောက္ခနေတဲ့အခန်းကိုရောက်သွားခဲ့တယ်။ဝမ်ပါမောက္ခအခန်းထဲမှာ ယန်ထုံအတွင်းခံဘောင်းဘီကို တွေ့ခဲ့တာကြောင့် ကျန်းချန်ကသူ့မိန်းမဖောက်ပြန်နေတာလို့ တထစ်ချမှတ်ပြီး ၂ ဦးသားစကားများကွာရှင်းဖို့ဆုံးဖြတ်ပြီးနောက် ကျန်းချန်နဲ့သာ့ဖေးတို့ထွက်သွားဖို့ပြင်ဆင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ကားရပ်ထားတဲ့ကားပါကင်မှာ လူအလောင်းတွေကို ဖျက်စီးနိုင်တဲ့ကိုယ်ပျော့သတ္တဝါအများအပြားကိုတွေ့ရှိသွားတဲ့အချိန်မှာ ကျန်းချန်က ဒီသတ္တဝါတွေကလူလုပ်ဖန်တီးထားတယ်ဆိုတာ သတိပြုမိသွားပြီး နောက်ယောင်ခံလိုက်တဲ့အချိန်မှာ ငါးမန်းပုံစံနဲ့ရေခူပုံစံ လူသားစားတဲ့ထူးဆန်းငါးကြီးကိုတွေ့ရှိသွားခဲ့တယ်။ဒါကိုအမှုဖွင့်ရဲတိုင်ဖို့ကြိုးစားရာကနေ မီယာမိန်းကလေးတစ်ယောက် သိသွားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ ဒီငါးကြီးကကော ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာအပြင် မိန်းကလေးတွေရဲ့ အလှအပအလွန်အမင်းမက်မောမှုကြောင့် ကိုယ့်အသက်ကိုတောင်မမှုပဲနုပျိုအောင်ဖန်တီးနေကြတဲ့အရာတွေကို ပီပြင်အောင်ရိုက်ကူးထားတာဖြစ်တာကြောင့် လက်မလွတ်တမ်းစောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 1.14 GB / 629 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Thriller , Fantasy ...
movie
Giant Fish 2 ( 2024 )
5.9
Tomb Keeper ( 2023 )
ဒီဇာတ်လမ်းလေးတော့ နာမည်အတိုင်း သင်္ချိုင်းစောင့်တွေရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ သဲထိတ်ရင်ဖိုဖွယ် ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ် ။ဇာတ်လမ်းမှာထူးခြားတာက ဒီကားထဲက သင်္ချိုင်းစောင့်နေတာ ရိုးရိုးမြေပြင်ပေါ်က သင်္ချိုင်းတွေကို စောင့်တာမဟုတ်ဘဲ ရေဘေးကြောင့်နဲ့နစ်မြစ်သွားရတဲ့ ရေထဲက သင်္ချိုင်းတွေကို စောင့်ကြပ်ကြတာပဲဖြစ်ပါတယ် ။ရှေးဟောင်းသင်္ချိုင်းတွေနစ်မြုပ်နေတဲ့နေရာက မြစ်ဝါမြစ်ရဲ့ ကြမ်းအောက်ခြေမှာဖြစ်ပြီး ထိုမြစ်ဝါမြစ်မှာ အလုပ်လုပ်ပြီး ဘိုးဘေးအမွေတွေကို ဆက်ခံနေတဲ့ သင်္ဘောဂိုဏ်းတစ်ဂိုဏ်းကလည်းရှိနေပါတယ် ။ အဲ့ဒီသင်္ဘောဂိုဏ်းမှာက ထောင်ရှား ( ရွှေကျင်တဲ့အဖွဲ့ ) , မြစ်ထဲကအလောင်းဆယ်ယူတဲ့အဖွဲ့နဲ့ အလောင်းမြှပ်ပြီး သင်္ချိုင်းစောင့်အဖွဲ့ဆိုပြီးလေးဖွဲ့ရှိပါတယ် ။မြစ်ဝါမြစ်ရဲ့လျို့ဝှက်ချက်တွေကဘယ်အရာတွေဖြစ်နိုင်မလဲ ဘယ်လိုမျိုးအန္တရာယ်တွေရှိနိုင်လဲ...သင်္ချိုင်းစောင့်အဖွဲ့ တွေကြားထဲက ပတ်သတ်မှုတွေကရောဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုဆက်လက်ကြည့်ရှုပါCGI တွေလည်းတကယ်ကောင်းပြီး တရုတ်ရိုးရာ ပြင်္ကဒိန်ကခုနှစ်လတွေနဲ့ လုပ်ထားတဲ့ စက်ယန္တယားတွေ တခြားစိတ်ဝင်စားစရာ ရာဇဝင်တွေရော အစုံပါပါသေးတယ်။ ဆိုတော့ ဇာတ်လမ်းကစလယ်ဆုံးဟာကွက်မရှိလို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ချင်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Horror Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie
Tomb Keeper ( 2023 )