Channel Myanmar

Wan Meixi

Butterfly Shadow ( 2023 ) 5.7
Butterfly Shadow ( 2023 ) တရုတ်နိုင်ငံမှာ နေရာအနှံ့မှာ စစ်ဗိုလ်မှူးတွေ အုပ်ချုပ်တဲ့ခေတ် ဖြစ်ပါတယ်။ အရိပ်နက်အဖွဲ့ဝင် တျဲယင်ဟာ မာဂိုဏ်းဓားပြတွေကို ချေမှုန်းဖို့ အမိန့်ရခဲ့ပါတယ်။ ဒါပေမဲ့ သူတကယ်သတ်လိုက်တာက အနောက်မြောက်ပိုင်းဒေသရဲ့ သူရဲကောင်းစစ်သူကြီး ယန်ကျန့်ရှင်းဖြစ်ကြောင်းသိလိုက်ရပါတယ်။ သူ့ရဲ့ အမှားကို ပြန်ပေးဆပ်ဖို့ ယန်ကျန့်ရှင်းရဲ့ တစ်ဦးတည်းသော သမီးလေးကို ကယ်တင်ပြီး မွေးစားထားခဲ့ပါတယ်။၁၈ နှစ်ခန့် ကြာတဲ့အခါမှာ တျဲယင်ဟာ စူးကျွေ့ဆိုတဲ့ နာမည်ပြောင်းနဲ့ နယ်စပ်မြို့လေးတစ်မြို့မှာ နေထိုင်ခဲ့ပါတယ်။ ယန်ကျန့်ရှင်း သေဆုံးသွားပြီး နောက်ပိုင်းမှာ အနောက်မြောက်ပိုင်းဒေသက လူတွေရဲ့ဘဝတွေက ပိုပြီး ခက်ခဲလာတာကို နေ့စဉ်နဲ့အမျှ တွေ့နေရပါတယ်။ သမီးလေးရှောင်ချန်ကလည်း အရာရာကို သည်းမခံနိုင်ဘဲ သိချင်စိတ်အပြည့်ရှိတဲ့ အရွယ်ရောက်နေတာ ဖြစ်တဲ့အတွက် တျဲယင်တစ်ယောက် ခေါင်းကိုက်နေရပါသေးတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ အရိပ်နက်အဖွဲ့ ပြန်လည်နိုးထလာပြီဆိုတဲ့ သတင်းက တျဲယင်ကို တုန်လှုပ်စေခဲ့ပါတယ်။ ရှောင်ချန်ကို ကယ်ခဲ့တဲ့အတွက် သူ့ကို သစ္စာဖောက်လို သဘောထားတဲ့ အရိပ်နက်အဖွဲ့က တစ်ချိန်ချိန်မှာ သူ့ဆီ ရောက်လာမယ်ဆိုတာကို သူသိနေပါတယ်။ သမီးလေးရှောင်ချန်နဲ့အတူ ထွက်ပြေးဖို့ လုပ်တဲ့အချိန်မှာတော့ အရာရာဟာ နောက်ကျသွားခဲ့ပါတယ်။တျဲယင်တစ်ယောက် အရိပ်နက်အဖွဲ့ရဲ့ လိုက်လံသတ်ဖြတ်ခြင်းရန်က လွတ်မြောက်နိုင်မလား...... ရှောင်ချန်ကရော သူ့မိဘအရင်းကို သတ်တဲ့လူကို ၁၈ နှစ်လုံးလုံး အမေလို့ခေါ်ခဲ့ရတာကို သိသွားမလား...... ဆိုတာကို ...
movie

Butterfly Shadow ( 2023 )