Channel Myanmar

Walton Goggins

The Uninvited (2024) 5.4
The Uninvited (2024)  The Uninvited (2024)IMDb Rating (5.4) / Rotten Tomatoes (78%) ဒီဇာတ်လမ်းလေးရဲ့အစကတော့ Hollywood Hills မှာနေတဲ့ လင်မယားနှစ်ယောက်ဖြစ်တဲ့ Sammy နဲ့ Rose က ညနေခင်းပါတီပွဲတစ်ခု သူတိုအိမ်မှာ စီစဉ်ထားကြတယ်။ဒါပေမယ့် ပါတီပွဲ စပြီးကျင်းပနေတဲ့အချိန်မှာပဲ Helen ဆိုတဲ့ အဘွားကြီးတစ်ယောက်က သူတိုအိမ်ကိုရောက်လာပြီး အဲဒါသူ့ရဲ့အိမ်ပါလို ပြောလာတယ်။Rose လည်း လမ်းပျောက်နေပုံရတဲ့ Helen ကို အိမ်ထဲခေါ်ပြီး Helen ရဲ့ မိတ်ဆွေတွေဆီကို ဖုန်းဆက်အကူအညီတောင်းခဲ့တယ်။အဲဒီမှာ Rose သိလိုက်ရတာက Helen မှာ ရောဂါတစ်ခုရှိပြီးတော့ မကြာခင်ဆုံးတော့မယ်ဆိုတာကိုပါပဲ။အဲဒီအပြင် Ross ရဲ့ ရည်းစားဟောင်း Lucian ပါတီပွဲကို ရောက်လာတာတွေ၊ Helen ရဲ့ သူငယ်ချင်းကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းတာတွေနဲ့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ သရုပ်ဆောင်လောကရဲ့ အသက်အရွယ်အရေးပါမှုတွေ၊ တကယ့်လက်တွေ့ ဟောလိဝုဒ်ရဲ့ ...
movie

The Uninvited (2024)

2024
The Luckiest Man in America (2025) 6.3
The Luckiest Man in America (2025) The Luckiest Man in America (2025)IMDb Rating (6.3) / Rotten Tomatoes (66%) ဒါကတော့ အမေရိကမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။၁၉၈၀ကာလတွေမှာ အမေရိကန်မှာ နာမည်ကြီးဂိမ်းရှိုးတစ်ခုရှိပါတယ်။ Press Your Luck လို့ခေါ်တဲ့ ဂိမ်းရှိုးတစ်ခုဖြစ်ပြီး ပြိုင်ပွဲဝင်တွေက ဘုတ်ပြားကို လှည့်ပြီး ကျတဲ့ပိုက်ဆံကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။အဲ့ဘုတ်ပြားမှာ ဝမ်မီလို့ခေါ်တဲ့ အကွက်တွေပါပြီး အဲ့တာတွေကျရင်တော့ ရသမျှကုန်မှာပါ။အဲ့လိုနဲ့ပဲ တစ်ရက်မှာတော့ ဒီဂိမ်းရှိုးကို ရေခဲမုန့်ကားမောင်းတဲ့ အိုဟိုင်းရိုးက မိုက်ကယ်လာဆန်ဆိုတဲ့လူတစ်ယောက်က လာပြိုင်ပါတယ်။သူပြိုင်တဲ့အချိန်မှာတော့ ဝမ်မိတစ်ခါပဲ ကျပြီး နောက်ပိုင်းမှာ ဆက်တိုက် ပိုက်ဆံရမယ့်အကွက်တွေကိုပဲ ကျကုန်ပါတော့တယ်။သူကဘယ်လောက်ထိတောင် ရောက်သွားသလဲဆို ဒေါ်လာတစ်သိန်းကျော် အထိရောက်ကုန်ပါတယ်။အဲ့လောက်များတဲ့ ငွေပမာဏထိရောက်အောင် သူ့ကံကပဲ အရမ်းကောင်းလွန်းနေတာလား။တကယ်တော့ မိုက်ကယ့်မှာ လျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်။ အဲ့ဒါကြောင့်ပဲ သူက ဂိမ်းရှိုးမှာ ဆက်တိုက်ဆိုသလိုအနိုင်ရနေတာပါ။အဲ့တာကရော ဘာများဖြစ်မလဲ။ သူဆက်တိုက်အနိုင်ရနေတာကိုရော ရှိုးပွဲကလူတွေက ခွင့်ပြုနိုင်ပါ့မလား ...
movie

The Luckiest Man in America (2025)

2025
Mojave (2015) 5.2
Mojave (2015) Mojave (2015)မိုဟာဗီး ကန္တာရထဲမှာ စာရေးဆရာတစ်ယောက်နဲ့ စာဖတ်သူတစ်ယောက် တွေ့ကြတဲ့ဇာတ်လမ်းလေးပါ။စာရေးဆရာက ၁၉ နှစ်သားကတည်းက နာမည်ရလာတဲ့ စာရေးဆရာ၊ စာဖတ်တဲ့သူက ၂ နှစ်သားကတည်းက စာဖတ်လာတဲ့သူ။ သူတို့ရဲ့ ဇာတ်လမ်းအပေါ် စိတ်ကူးဉာဏ်ကွန့်မြူးပုံတွေ လူ့ဘဝအပေါ် အမြင်တွေက တူတူလိုဖြစ်နေပြီး တစ်ချိန်တည်းမှာ တခြားစီလိုဖြစ်နေတာကို တွေ့ရမှာပါ။သူတို့ရဲ့ တွေ့ဆုံပုံက ရိုးရှင်းနေပေမဲ့ ဆန်းကြယ်နေသလို နောက်ထပ်ဖြစ်လာတဲ့ သူတို့ရဲ့ အဖြစ်အပျက်တွေ မတော်တဆတွေက ထူးဆန်းတဲ့ ဖြစ်ရပ်မှန်တစ်ခုလို စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်လို ဖြစ်နေလိမ့်မယ်။ နှစ်ယောက်က အချင်းချင်း သတ်ဖို့ ကြိုးစားနေကြတယ်ဆိုပေမဲ့ လက်နက်တွေ ခန္ဓာကိုယ်တွေ အသုံးချတဲ့ တိုက်ပွဲမျိုးထက် ပိုပါတယ်။နှစ်ယောက်လုံးက ဇာတ်လမ်းကို ချစ်ကြသူတွေဖြစ်တော့ ဇာတ်လမ်းတွေနဲ့ တိုက်ခိုက်သွားကြတာကို တွေ့ရပါလိမ့်မယ်။ရှိတ်စပီးယား ပရိသတ် စာဖတ်သူရဲ့ လူ့ဘဝအပေါ် အမြင်တွေကလည်း တစ်မျိုးထူးဆန်းနေပြီး တချို့ အတွေးတွေက ကိုယ့်စိတ်ကူး အချို့နဲ့ တိုက်ဆိုင်နေတာတွေကို တွေ့ရမှာပါ။ဗုဒ္ဓက ...
movie

Mojave (2015)

2015
Django Unchained (2012) 8.4
Django Unchained (2012) Django Unchained (2012)IMDb Rating (8.5) / Rotten Tomatoes (87%)ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့  နာမည်ကျော် Western ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။Leonardo DiCaprio, Christoph Waltz , Samuel L. Jackson , Jamie Foxx တို့လို သူနဲ့တွဲရိုက်နေကျ သရုပ်ဆောင်တွေအပြင် တခြားသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ဇာတ်လမ်းဟာ လူမည်းကျွန်စနစ်ရှိတဲ့ ခေတ်ကာလကို တည်ထားတယ်။ နောက်ပြီးဒီဇာတ်ကားက တကယ့် Black Comedy။Dr. King Schultz ဆိုတာ နယ်လှည့်သွားလာနေတဲ့ သွားဆရာဝန်အမည်ခံ ဂျာမန်လူမျိုး bounty hunter တစ်ယောက်ပဲ။ သူရှာနေတာက မြေပိုင်ရှင် ညီအစ်ကို ၃ ယောက်။ သူတို့ကို ရှာမယ်ဆိုပေမယ့် တွေ့လည်း မတွေ့ဖူးဘူး။ ညီအစ်ကို ...
movie

Django Unchained (2012)

2012
4K HEVC
The Hateful Eight (2015) 7.8
The Hateful Eight (2015)  The Hateful Eight (2015)IMDb Rating (7.8) / Rotten Tomatoes (75%)ဒီရုပ်ရှင်ကတော့ ဒါရိုက်တာကြီး ကွင်တင် တာရန်တီနိုရဲ့ နာမည်ကျော် ရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။သူရိုက်ခဲ့တဲ့ Pulp fiction, Kill Bill, Inglourious bastards,Django unchained တို့ကို ကြည့်ဖူးရင် သူဘယ်လိုကားမျိုးတွေရိုက်တတ်လဲ သိမှာပါ။ ဒီဇာတ်လမ်းမှာလဲ ကာရိုက်တာ မျိုးစုံကို အခန်းတစ်ခုထဲမှာထည့်ပြီး ပဟေဠိတွေနဲ့ လှလှပပ ပြသထားတာ တွေ့ပါလိမ့်မယ်။ဇာတ်လမ်းကတော့ အမေရိကန် ပြည်တွင်းစစ်အပြီး နှစ်အနည်းငယ်အကြာကိုအခြေပြုထားတာပါ။ မြောက်ပိုင်းတပ်က ထွက်လာတဲ့ ဗိုလ်မှူးမားကွစ်( ဆမ်မြူရယ် ဂျက်ဆန်) ဟာ ကြေးစားလူဆိုးဖမ်းသမားအဖြစ်အသက်မွေးနေပါတယ်။ တစ်နေ့မှာ ဝိုင်အိုးမင်းနယ် တောင်ပေါ်တစ်နေရာမှာနှင်းမုန်တိုင်းကြောင့် ပိတ်မိနေရင်း လှည်းတစ်စီးနဲ့ လမ်းကြုံလိုက်ခဲ့ရတယ်။အဲဒီလှည်းပေါ်မှာ ပါလာတဲ့ လူတွေနဲ့ ဆိုင်လေးတစ်ခုမှာ ဝင်ခိုနားကြတယ်။အဲဒီဆိုင်ထဲမှာလည်း ရောက်နှင့်ပြီးတဲ့သူတွေ ရှိနေပါပြီ။အဓိကကတော့သူတို့တွေကြားထဲက ပတ်သတ်မှုနဲ့ လျို့ဝှက်ချက်တွေကိုစိတ်ဝင်စားစရာထိုင်ကြည့်နေရမှာပါပဲ။ကြာမြင့်ချိန် ၃ ...
movie

The Hateful Eight (2015)

2015
4K HEVC
Officer Down (2013) 5.5
Officer Down (2013) Officer Down (2013) ==================ဒီ Officer Down ဇာတ်ကားကိုတော့ ဒါရိုက်တာ Brian A. Miller က တည်းဖြတ်ထားတဲ့ သဲထိပ်ရင်ဖို အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်လမ်းကိုတော့ "ကယ်လာဟမ်" လို့ခေါ်တဲ့ စုံထောက်တစ်ယောက်အပေါ် ဇာတ်အိမ်တည်ထားတာဖြစ်ပြီး သူ့ရဲ့ မတူညီတဲ့ဘဝနှစ်ခုအကြောင်းကို ပြန်လည်သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းနောက်ခံ----- ကယ်လာဟမ်ဆိုတဲ့ဆိုထောက်တစ်ယောက်ဟာ အလက်ဇန္ဒားဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ပြုထားပြီး လာနာလို့ခေါ်တဲ့ သမီးတစ်ယောက်ထွန်းကားထားပါတယ်။စုံထောက်တစ်ယောက်ဆိုပေမယ့်လို့ ကယ်လ်ဟာ ကျင့်ပျက်ခြစားတဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးနဲ့ အရက်သေစာကို စွဲလမ်းနေတဲ့အပြင် ဖော်ချွတ်ကလပ်မှာပါ ရမ္မက်ဖြေလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ ကယ်လ်ဟာ ဆေးရောင်းဝယ်ရေးသမား တစ်ယောက်ကိုစစ်ဆေးရင်း သေနတ်နဲ့ပစ်ခံပြီး သေလုဆဲဆဲဖြစ်သွားပါတယ်။ ဒါပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ အရေးပေါ်အခြေကနေလွတ်ခဲ့ပြီး အတော်အတန်မေ့မျောပြီးတဲ့နောက် သတိပြန်ရလာခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာ ကယ်လ်ဟာ သူ့ရဲ့အတိတ်ကဆိုးသွမ်းမှုတွေကို သတိမရခဲ့ပါဘူး။ ဒါပေမဲ့ သူပြန်ကြားရတဲ့အရ သူအသက်ရှင်သွားခဲ့ရတာဟာ သူအပစ်ခံလိုက်တဲ့အချိန်တုန်းက အရေးပေါ်ကယ်ဆယ်ရေးကို ကယ်ဖို့ခေါ်ခဲ့တဲ့လူတစ်ယောက်ရှိတယ်ဆိုတာကို သိလိုက်ရပါတယ်။ကယ်လ်ကို ကယ်ခဲ့တဲ့သူဟာ ဘယ်သူဖြစ်မလဲ၊ ကယ်သေနတ်နဲ့ပစ်ခံခဲ့ရတဲ့နောက်ကွယ်မှာ မစဉ်းစားနိုင်လောက်အောင်ကြီးမားတဲ့ ဒုစရိုက်မှုတွေရှိနေမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ...
movie

Officer Down (2013)

Shanghai Noon (2000) 6.6
Shanghai Noon (2000)  (function(f,b,n,j,x,e){})(); ၁၉ရာစုနှောင်းပိုင်းတုန်းက ချောင်ဝမ် ( Jackie Chan ) ဟာ အင်မတန်ကို့ရို့ကားယားနိုင်ပြီး တရုတ်နိုင်ငံရဲ့ ဘုရင့်သက်တော်စောင့်တစ်ယောက်ဖြစ်ပါတယ်… ဘုရင်ကြီးမှာ သမီးတော်တစ်ပါးရှိပြီး မင်းသမီးလေး ဖေးဖေး ( Lucy Liu) လို့ အမည်တွင်ပါတယ်…တနေ့မှာ တရုတ်ပြည်ကို ရောက်လာတဲ့ နိုင်ငံခြားသားတွေက မင်းသမီးလေးကို တစ်ဖက်လှည့်နဲ့ အမေရိကကို ပြန်ပေးဆွဲခေါ်ဆောင်သွားပါတော့တယ်…ဒီအခါမှာ ချောင်ဝမ်တို့တွေဟာ မင်းသမီးလေးကို ကယ်တင်ဖို့အတွက် တာဝန်ပေးခြင်းခံလိုက်ရပြီး အနောက်ဘက်ကိုထွက်လာခဲ့ကြပါတော့တယ်…အဲ့ဒီအချိန်မှာ မလိမ့်တပတ် လူလိမ်လုပ်စားနေတဲ့ သူခိုးတစ်ယောက်လည်းဖြစ်တဲ့ ရွိုင်းအိုဘန်နွန်နဲ့ တွေ့တဲ့ အခါမှာတော့….ချောင်ဝမ်တစ်ယောက် မင်းသမီးလေးကို ပြန်ပြီး ကယ်တင်နိုင်မှာလား ??? ဘယ်လိုပြန်ကယ်တင်မလဲ ??? ချောင်နဲ့ ရွိုင်းအိုဘန်နွန်နဲ့ရော ဘယ်လိုနှစ်ပါးသွားကြမလဲ ??? ဆိုတာတွေကိုတော့ ဆက်လက်ကြည့်ရှုခံစားပေးကြပါလို့…မင်းသားကြီးဂျက်ကီချန်းနဲ့ ဟာသသရုပ်ဆောင် အိုဝင် ဝီလ်ဆင် တို့ အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားကြပြီး ဟာသအက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်…IMDb rating 6.6/10 ရရှိထားပြီး ဂျက်ကီချန်းပရိတ်သတ်တွေအကြိုက်တွေ့စေမယ့်ကားကောင်းတစ်ကားဖြစ်ပါကြောင်း… ကြည့်ရှုအားပေးကြပါဦး  File ...
movie

Shanghai Noon (2000)

2000
House of 1000 Corpses (2003) 6
House of 1000 Corpses (2003) House of 1000 Corpses (2003)​Halloween ပွဲ​တော်လည်း​ရောက်​​​​တော့မယ်ဆို​တော့ Halloween Theme နဲ့ရိုက်ထားတဲ့ ဇာတ်ကား​တွေထဲက ကြည့်ရှုသူကို ဆွဲ​ခေါ်သွား​ပေးနိုင်တဲ့ ဇာတ်ကား​လေးတစ်ခုဖြစ်တဲ့ ၂၀၀၃ ခုနှစ်ကထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖိုကား​လေး House of 1000 Corpses ကို တင်ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~အရာရာကို စူးစမ်းချင်တဲ့ ​ဘေလ်၊ ဂျယ်ရီ၊ မယ်ရီ နဲ့ ဒယ်နီးဆိုတဲ့ သူငယ်ချင်း​​လေး​ယောက် ​တစ်​နေ့ အ​မေရိကန်နိုင်ငံရဲ့ လူသွားနည်းလမ်းကားလမ်း​​မကြီး​တွေ​ဘေးက ဆွဲ​ဆောင်မှုရှိတဲ့ ​နေရာ​တွေအ​ကြောင်း စာအုပ်​ရေးဖို့ လိုက်ရှာရင်း ​ဟောလိုဝင်း​နေ့ကြီးမှာ ကပ္ပတိန်စ​​ပေါတင်းဆိုတဲ့​နေရာ​လေးကို​ရောက်သွားပါတယ်။အဲဒီ​နေရာ​လေးက​နေ မြို့ရဲ့ ​ပျောက်ဆုံး​နေတဲ့ ​ဒေါက်တာ​စေတန်အ​ကြောင်း လိုက်ရှာမယ်ဆိုပြီးထွက်အသွား ​သူစိမ်းကောင်မ​လေးတစ်​ယောက် လမ်းကြုံအကူအညီ​​​တောင်းတာကိုကူညီရင်း ​​သူစိမ်းအိမ်ကို​ရောက်သွားပါတယ်။ အဲဒီအိမ်ကြီးကို ​ရောက်ပြီး​နောက်ပိုင်း သူငယ်ချင်းလေး​ယောက် ဘယ်လိုမူမမှန်မှု​တွေ ထိတ်လန့်​ခြောက်ခြားစရာ​တွေ... အဲဒီအိမ်ကြီးမှာ ဘာ​​တွေဖြစ်ပျက်ခဲ့လဲ... ဆိုတာ​တွေကို သည်းထိတ်ရင်ဖိုကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

House of 1000 Corpses (2003)

2003
Dreamin’ Wild (2022) 6.7
Dreamin’ Wild (2022) Dreamin' Wild (2022)~ IMDb - 6.7/10, Rotten Tomatoes - 90% ~ကိုယ်ဘာဖြစ်ချင်တာလဲကိုယ်သိဖို့နဲ့ ကိုယ်ဖြစ်ချင်တဲ့လူမျိုး ဖြစ်လာအောင်လုပ်ဖို့က မလွယ်ဆုံးအရာတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ကံကောင်းတဲ့ တချို့ကျတော့လည်း စောစောစီးစီးပဲ သူတို့ ဘာဖြစ်ချင်လဲ သူတို့သိသွားကြတယ်။ သူ့နောက်ဆက်တွဲကံဆိုးခြင်းကတော့ မြင်ဖူးသလောက်ဆို အဲဒီလိုစောစောစီးစီးသိသွားကြတာတွေမှာ မလွယ်ကူတာတွေတော့ တော်တော်များတယ်။ ဒီရုပ်ရှင်ထဲက ကောင်လေးတွေလိုပေါ့။၁၅ ၁၆လောက်မှာတင် သူတို့ဘာဖြစ်ချင်လဲ သူတို့ကောင်းကောင်းသိခဲ့ကြတယ်။ အဆိုတော်ကြီးတွေ ဒရမ်မာကြီးတွေ ဖြစ်ချင်ခဲ့ကြတယ်။ သူတို့ထဲကတစ်ယောက်ဆို ၁၅နှစ်မှာတင် တူရိယာပေါင်းစုံတီးနိုင်တဲ့အထိ ပါရမီပါခဲ့တယ်။ ဒီနေရာမှာ မိသားစုရဲ့သက်ရောက်မှုက ပါလာပြီ။ စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တွေကို အားမပေးကြတဲ့ မိဘတွေကတော့ သဘာဝအတိုင်းပဲ ပိုများလိမ့်မယ်။ ဒီလိုနဲ့ပဲ ရပ်တန့်သွားတဲ့ အိပ်မက်တွေရှိခဲ့လိမ့်မယ်။ သူတို့လည်း မှားတော့ မှားမနေဘူး။ ဘာလို့ဆို ဒီရုပ်ရှင်ထဲက ကောင်လေးတွေရဲ့မိဘတွေဟာ သူတို့ကလေးတွေရဲ့အိပ်မက်အတွက် လယ်ဧက၁၇၀၀လောက်ကနေ ၆၅ဧကလောက်ပဲ ကျန်တော့တဲ့အထိ ...
movie

Dreamin’ Wild (2022)

2022
The Bourne Identity (2002) 7.8
The Bourne Identity (2002) The Bourne Identity (2002)IMDb Rating (7.8) / Rotten Tomatoes (84%)++++++++++++Jason Bourneဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး ...
movie

The Bourne Identity (2002)

4K HEVC
Predators (2010) 6.4
Predators (2010) မတူညီတဲ့ နိုင်ငံက မတူညီတဲ့ စရိုက်နဲ့ လူ ၇ ယောက် ။ လေယာဉ်ပေါ်ကနေ လေထီးနဲ့ အကန်ချခံလိုက်ရတယ် ။ သူတို့ ကျသွားတဲ့နေရာက အင်မတန်နက်ရှိုင်းတဲ့ တောကြီးမျက်မဲပေါ့ ။တကယ်တော့ အဲဒိတောနက်ကြီးက တစ်ခြားဂြိုလ်ကမ္ဘာက ဂြိုလ်သားတွေရဲ့ အမဲလိုက် ကစားကွင်းကြီးပဲ ဖြစ်နေတယ် ။ ဂြိုလ်သားတွေဟာ သူတို့ရဲ့ သူရဲကောင်းဘွဲ့အတွက် ဒီဂြိုလ်မှာ လူနဲ့ တစ်ခြားဂြိုလ်က ဂြိုလ်သားတွေ ဖမ်းပြီး အမဲလိုက်လေ့ရှိတယ် ။အဲဒိဂြိုလ်သားတွေက လူရဲ့ နှလုံးကို အာရုံခံပြီး ဖမ်းလေ့ရှိတယ် ။ အရင်တုန်းက အဲဒီလို ဂြိုလ်သားလက်ကနေ လူတစ်ဦး လွတ်လာဖူးတယ် ။ သူက သူ့ကိုယ်ခန္ဓာကို ရွံ့ဗွက်တွေနဲ့ သုတ်လိမ်းပြီး သူ့ နှလုံးခုန်တာကို မမြင်အောင် ကာကွယ်ခဲ့တယ် ။ (Predator 1987 ဇာတ်ကားထဲမှာ)ပထမကားတုန်းကတော့ ဂြိုလ်သားက တစ်ယောက်ထဲပဲ ။ ဒီဇာတ်ကားမှာတော့ အမဲလိုက်မယ့် ဂြိုလ်သားတွေ များလာတယ် ...
movie

Predators (2010)

2010
1080p HEVC
Tomb Raider (2018) 6.3
Tomb Raider (2018) လာရာခရော့ဖ်ဟာ ဖခင် ရစ်ချက် ပျောက်ဆုံးသွားပြီးတာ တောင်မှ ဘဝကို ပူပင်ကြောင့်ကြ မဲ့ နေနေတာပါ။ တစ်ရက်မှာတော့ ယာဉ်တိုက်မှုတစ်ခုကြောင့် အ ဖမ်းခံရပြီး သူ့အဖေရဲ့ စီးပွား ဖက် အန်နာမစ်လာက လာရာကို အာမခံနဲ့ လာထုတ်ခဲ့ပါတယ်။ ရစ်ချက်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဟာ လာရာအမွေဆက်ခံမလုပ် ကိုင်ဘူးဆိုရင် ရောင်းပစ်ရမယ့် အနေအထားဖြစ်နေပြီလို့ သတိ ပေးခဲ့တာကြောင့် လာရာတစ် ယောက် သူ့အဖေရဲ့ရုံးခန်းဆီ သွားခဲ့ပါတယ်။အဲဒီမှာ သူ့အဖေထားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဒဏ္ဍာရီဘုရင်မ ဟီမီကိုနဲ့ပတ် သက်ပြီး သုတေသနလုပ်ထားတာ တွေကို ပြောပြထားကာ အန္တ ရာယ်များလွန်းတဲ့အတွက် ဆက် မလုပ်ဖို့နဲ့ ဖျက်ဆီးပစ်ဖို့ မှာခဲ့ပေ မယ့် လာရာကတော့ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အဲဒါနဲ့ လာရာဟာ ဟောင် ကောင်ကို ခရီးထွက်ခဲ့ပြီး ဟီမီကို ဘုရင်မ အုတ်ဂူရှိနိုင်မယ့် ကျွန်း ...
movie

Tomb Raider (2018)

2018
4K HEVC
Lincoln (2012) 7.3
Lincoln (2012) Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေ‌လောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie

Lincoln (2012)

2012
Three Christs (2020) 5.9
Three Christs (2020) Three Christs (2020)================IMDb Rating - 5.9/10#Unicode2020 ဇန်နဝါရီလထဲ ထွက်ရှိထားတဲ့ Three Christ ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားတင်ဆက်ပေးချင်ပါတယ်။ပစ်တာခတ်တာတွေ ကြမ်းတာရမ်းတာတွေ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။စိတ်ပညာရပ်နဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေကိုအခြေခံထားတဲ့ ဒရာမာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။မီချီဂမ် ကောလိပ်မှာ ဆရာလုပ်နေတဲ့ စိတ်ရောဂါဆရာဝန် ဒေါက်တာစတုန်းဟာ သုတေသနကိစ္စအတွက် ကျောင်းဆရာအလုပ်ကနေထွက်ပြီး စိတ်ရောဂါကု ဆေးရုံကိုရောက်လာပါတယ်။သူရောက်လာတဲ့ ဆေးရုံမှာ သူ့ကိုယ်သူ ယေရှုခရစ်တော်လို့ထင်နေတဲ့ လူနာတစ်ယောက်နဲ့ တွေ့ပါတယ်။ ဆက်ပြီး စုံစမ်းကြည့်တော့ စင်ဒရဲလားလို့ ထင်နေတဲ့သူတွေ အိုင်စင်ဟောင်ဝါလို့ သူတို့ကိုယ်သူတို့ ထင်နေသူတွေကို တွေ့ခဲ့ရတယ်။ အဲ့ဒီထဲကမှာ ယေရှူလို့ထင်နေတဲ့သူတွေကိုရှာခိုင်းလိုက်တော့နောက်ထပ် ၂ ယောက် ထပ်တိုးလာပါတယ်။ ယေရှုလို့ သူတို့ကိုယ်သူတို့ထင်နေတဲ့ စိတ်ကစဉ့်ကလျား ရောဂါသည်၃ ယောက်ကို သုတေသနအတွက်ရွေးချယ်ပြီး ဒေါက်တာစတုန်းဟာ ရှေးနည်းနဲ့မတူတဲ့ ကုသချဉ်းကပ်နည်းတွေနဲ့ကုသပေးဖို့ကြိုးစားပါတော့တယ်။IMDb - 5.9/10 ရရှိထားပြီး Richard Gere ...
movie

Three Christs (2020)

2020
Them That Follow (2019) 5.4
Them That Follow (2019) Drama/Thriller ကားတစ်ကားပါ။ဝေးလံခေါင်ပါးတဲ့ တောင်ပေါ်ဒေသလေးတစ်ခုမှာပေါ့အရမ်းဘာသာရေးကိုယုံကြည်အစွန်းရောက်နေတဲ့သူတွေနေကြတာပေါ့။ဘယ်လိုမျိုးလဲဆိုရင် သူတို့ဘုရားကျောင်းမှာနှစ်ခြင်းဖျန်းခြင်းတွေလုပ်တာမျိုးမဟုတ်ဘဲမြွေတွေကိုလည်ပင်းမှာပတ်ခိုင်းပြီးဘုရားသခင်အပေါ်ယုံကြည်မှုကိုစမ်းသပ်တာပေါ့။မြွေကလည်းရိုးရိုးမြွေမဟုတ်ဘဲအဆိပ်အင်မတန်ပြင်းလှပါတယ်ဆိုတဲ့ ခလောက်မြွေတွေပေါ့။(မြွေကိုသုံးရတဲ့အကြောင်းအရင်းကစေတန်ကအိဗ်ကိုပန်းသီးစားဖို့ မြူဆွယ်တုန်းကမြွေယောင်ဆောင်ခဲ့လို့ဒါကိုစမ်းသပ်ချက်တစ်ခုအဖြစ်လုပ်ဆောင်တာလို့ ကျွန်မယူဆမိပါတယ်။)အဲ့လိုမျိုးတင်းကြပ်တဲ့ဒေသမှာ သင်းအုပ်ဆရာရဲ့သမီးမှာစစ်စတာတစ်ယောက်ရဲ့သားနဲ့ရတဲ့ကိုယ်ဝန်ရှိလာပါလေရော။စစ်စတာရဲ့သားက အဲ့တောင်ပေါ်မှာဘာသာရေးကိုမယုံကြည်တဲ့တစ်ယောက်တည်းသောသူ။ဒါနဲ့ကောင်မလေးက သူတို့နှစ်ယောက်မဖြစ်နိုင်ဘူးဆိုတာလည်းသိပြန်၊သူ့ကိုကြွေနေပြီး သူ့အဖေကလည်းသဘောတူထားတဲ့ကောင်ကလည်းရှိ‌ဆိုတော့အဲ့ကောင်ကိုပဲ ဂျိုတပ်ဖို့လုပ်တာပေါ့။ဒါပေမယ့် အဲ့အကြောင်းကို စစ်စတာသိသွားပြီးသူ့သားကိုပြောလိုက်တဲ့အခါမှာတော့ဘာသာရေးကိစ္စတွေပါရောထွေးပြီး ဗြောင်းဆန်ကုန်တော့တာပါပဲ။အစပိုင်းမှာပျင်းစရာကောင်းပေမယ့်နောက်ကြအရှိန်တက်လာပါတယ်။ ခံစားကြည့်ရှုလိုက်ပါအုံး။ File Size : ( 918 MB , 341 MB)Quality :  WEB-DL 720pRunning Time : 1 hr 38 minFormat : Mp4Genre : ...
movie

Them That Follow (2019)

2019