Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vivek Prasanna
6.2
Ring Ring (2025)
Ring Ring (2025) "ကလင် ကလင်" IMDb - 8.3/10ချစ်သူ၊ လင်မယားတွေကြားက အလွဲတွေကို ဟာသနှောပြီးရိုက်ကူးပုံဖော်ထားတဲ့ တမီးလ်ဟာသဒရာမာရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။မိန်းမရှိတဲ့ကောင်တွေကလည်း မိန်းမကွယ်ရာမှာ ဖောက်ပြန်၊ ရည်းစားရှိပြီးသားကောင်ကလည်း နှစ်ယောက်ပြိုင်တွဲ၊ဒီလိုမျိုး ငရှုပ်ငပွေးသူငယ်ချင်းလေးယောက်ထဲကတစ်ယောက်ရဲ့မွေးနေ့မှာ လက်ရှိဇနီးသည်တွေ ချစ်သူတွေကို ခေါ်လာကြပြီး ပါတီကျင်းပကြရာကစလိုက်တဲ့ ဇာတ်လမ်း။ဒီလိုငရှုပ်ငပွေးတွေက ရိုးသားမှု၊ သစ္စာရှိမှု၊ ခင်မင်မှုချစ်မေတ္တာတွေကို စမ်းသပ်ဖို့အတွက်ဂိမ်းတစ်ခု ကစားကြတဲ့အခါမှာတော့။ချစ်သူ၊ လင်မယား၊ သူငယ်ချင်းတွေကြားက ဖုံးကွယ်ထားတာတွေ ပေါ်ပေါက်လာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…1.6 GB / 800 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 2min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Ring Ring (2025)
7.9
Family Padam (2024)
Family Padam(2024) ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ်အခုတစ်ခါ ပရိသတ်ကြီးကို တင်ဆက်ပေးချင်တဲ့ တမီးလ်ဇာတ်ကားလေးကတော့ ကျွန်တော်ကိုယ်တိုင်ပေးထားတဲ့ မြန်မာမှုနာမည်လေးအတိုင်းပေါ့အကြည်တော်စာအုပ်ထဲက မချောတို့မိသားစုလိုပဲ တစ်ယောက်တစ်ပေါက်နဲ့ ရုန်းကန်ကြရင်း လောကဓံကို ဂျိုနဲ့လားဆိုပြီး ရယ်ရယ်မောမော ရင်ဆိုင်နေကြတဲ့ မိသားစုလေးအကြောင်းပါပဲ။ဇာတ်လမ်းအစ တစ်မြို့လုံးဒေပါဝလီပွဲတော်ကျင်းပနေချိန်မှာ ဇာတ်လိုက်ကျော်ကြီးတို့မိသားစုကတော့ အိမ်လုံးကျွတ်ရဲစခန်းကိုရောက်နေပါတယ်အမှုကတော့ ခန်းဝင်ပစ္စည်းတွေယူပြီးမှ ယူရမယ့်မိန်းမကိုမယူပဲ လစ်သွားလို့ပါတဲ့..... ဒီလိုတလွဲတချော်တွေအားလုံး အစပြုရာမိသားစုဝင်တွေကလည်း စိတ်ဝင်စားစရာလူတွေပါပဲ အဖေက ကာယဗလမောင်၊အမေကမှီခို၊အဘိုးက နိုင်ငံရေးတွေလေကန်နေတဲ့ ကျောင်းစာရေး(ငြိမ်း)၊ အကိုကြီးကအစိုးရရှေ့နေ၊အကိုလတ်က ညပိုင်းပဲအလုပ်လုပ်ရတဲ့အိုင်တီသမား၊ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီးက ဘာရုပ်ရှင်ကားကြီးမှမရိုက်ရတဲ့လက်ထောက်ဒါရိုက်တာပါဒီလိုလူလတ်တန်းစားမိသားစုလေးက အားလပ်ချိန်မှာ ရုပ်ရှင်ကြည့်ရင်းအပန်းဖြေရတာဝါသနာပါပါတယ်တဲ့..အဲ့မှာပဲ သူတို့ရဲ့အငယ်ဆုံးသားလေးက ရုပ်ရှင်ကားကြီးရိုက်ရမယ့် ဒါရိုက်တာဖြစ်ချင်ဝာာကို အားလုံးကအဖြစ်မရှိအသုံးမကျတဲ့ကောင်လို့ မပြောတဲ့အပြင် ဝိုင်းအားပေးကူညီရာကနေစပြီး တစ်မိသားစုလုံးပါ ရဲစခန်းရောက်သွားပါတော့တယ်..အဲ့တော့ ဒီလိုကပေါက်တိကပေါက်ချာ အမှုတွေတက်အောင် ဘာတွေတလွဲလုပ်လိုက်ကြတာလဲ ဇာတ်လိုက်ကျော်ကြီးရဲ့ ဒါရိုက်တာဖြစ်ချင်တဲ့အိမ်မက် အကောင်အထည်ပေါ်သွားမလားဆိုတာ ပရိသတ်ကြီးပဲ ဆက်လက်ရှုစားကြဖို့ တင်ဆက်ပေးလိုက်ပါတယ်....အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size… 1.7 GB / 863 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Family Padam (2024)
7.5
Aalan (2024)
Aalan (2024)အတိတ်စေရာ CM Bollywood ပရိသတ်ကြီးအတွက် Rating လည်းမြင့် ဇာတ်အိမ်သေသပ်ကောင်းမွန်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကြောင်းတွေနဲ့ ချိတ်ဆက်ပေးထားတဲ့ ဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးပါရစေ…လူတစ်ယောက်ဟာ ဘယ်လိုပဲပြေးပြေးမလွတ်နိုင်တာ သူ့ရဲ့အတိတ်ဆီကပဲလို့ ပြောလို့ရမယ်ထင်ပါတယ်… အချိန်တွေဘယ်လိုကြာညောင်းညောင်း အဖြစ်အပျက်တွေဘယ်လိုပြောင်းပေမယ့် ခံစားချက်ပေါင်းစုံကတေ့ာ တွေးမိလိုက်ရင် အသစ်တဖန်ပြန်ဖြစ်နေမယ့် အမှတ်ရစရာအတိတ်တွေက လူတိုင်းမှာ တပုံတပင်နဲ့ပေါ့ ဒီထဲကဇာတ်ဆောင်တွေဟာလည်း အတိတ်ကနေထွက်ပြေးရင်း အတိတ်ကနေရုန်းမထွက်နိုင်ကြတဲ့ အကြောင်းကို ရိုက်ပြထားတာပါပဲ။ဇာတ်လိုက်မင်းသားဖြစ်တဲ့ သီယာဂူဟာ ပျော်ရွှင်ရတဲ့ငယ်ဘဝလေးပိုင်ဆိုင်ခဲ့ပေမယ့် ကံဆိုးမှုတစ်ခုကြောင့် အရာရာဆုံးရှုံး ချစ်ရသူကလည်း ကိုမာဝင်မေ့မြောသွားတဲ့အတွက် ကလေးဘဝမှာလည်း လောကြကြီးရဲ့ထရော်မာဒဏ်တွေကို မခံနိုင်လို့ အိမ်ကထွက်ပြေးပြီး ရသေ့လေးလုပ်ရင်း အတိတ်ကို ကြိုးစားမေ့ဖျောက်ငြိမ်းချမ်းမှုရှာဖွေနေတာ ဆယ်နှစ်ကြာသွားခဲ့ပါတယ်…ဘယ်လိုပဲလုပ်လုပ် စိတ်ရဲ့အေးချမ်းမှူကို ရှာမတွေ့နိုင်တဲ့ သီယာဂူဟာ ဘုရားကျောင်းကနေထွက်ပြီး သူ့ရဲ့ဘဝကြီးကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်အပြီးမှာ အဟောင်းတွေကပဲအသစ်ဖြစ်မလား….အသစ်တွေကပဲ အတိတ်သစ်ထပ်ဖြစ်သွားမလား….ဘဝအချိုးအကွေ့ပေါင်းများစွာကို ဘယ်လိုကြုံရမလဲဆိုတာ ပရိသတ်ကြီးတို့ပဲ ဇာတ်ဆောင်တွေနဲ့အတူ လိုက်ပါစီးမြောခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။အညွန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်… File size… 2.2 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Aalan (2024)
6.1
Petta Rap (2024)
Petta Rap 2024 အကမင်းသားရဲ့ ချစ်ခရီးအကပိုင်းမှာ အတော်လေးကျော်ကြားတဲ့ တမီလ်မင်းသားကြီး ပရာဘူဒေဗာရဲ့ musical comedy action ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ genreနဲ့ဇာတ်လိုက်ကြီးကို ကြည့်တာနဲ့တင် မြူးမြူးကြွကြွအကတွေ အတော်လေးပါမှာကိုတော့ ထူးထွေပြောဖို့မလိုလောက်ပါဘူး။ဘာလာဟာ ကျောင်းတုန်းက အကမှာဆရာသမားဆိုပေမဲ့ သူဖြစ်ချင်တာကတော့ အကကြယ်ပွင့်မဟုတ်တဲ့ အက်ရှင်မင်းသားတစ်ယောက် ခက်တာက လူရွေးပွဲနဲ့ဘာလာနဲ့က ၃ နဲ့ ၄ လို အကြောင်းတရားချင်းမတိုက်ဆိုင် ဇာတ်ရံတောင်မဟုတ် အပိုလူအနေနဲ့ဘဲ ပါခွင့်ရတဲ့ မောင်ဘာလာတစ်ယောက် စိတ်ပျက်ပျက်နဲ့ ဆူ-ိုက်တော့မယ်အတွေးမှာ ဂျန်နီဆိုတဲ့ ကချေသည်မလေးနဲ့ ဆုံတွေ့ဖို့ ဖြစ်လာတဲ့အခါ...ဂျန်နာကီကလည်း ဘာလာလိုပဲ အကထက်ကို ပေါ့ပ်အဆိုတော်ဖြစ်ဖို့ အားသန်နေတဲ့သူတစ်ယောက်ပါပဲ။ဒီလိုနဲ့တစ်ချိန်က ဇာတ်လမ်းတွေရှိခဲ့ကြဖူးပြီး အိပ်မက်ကိုယ်စီနဲ့လူနှစ်ယောက်ရဲ့ တွေ့ဆုံမှုအောက်မှာ သူတို့ဘဝရဲ့ တစ်ဆစ်ချိုးအပြောင်းအလဲနဲ့ ကြုံကြိုက်ဖို့ကံကြမ္မာဖန်လာချိန်မှာတော့.....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 2.8 GB / 1.67 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard ...
movie
Petta Rap (2024)
7
Dhonima (2024)
Dhonima 2024 ဒိုနီမာယစ်ထုတ်ကြီးယောက်ျားနဲ့ရထားတဲ့ ဒါနမ်တစ်ယောက်ကတော့ အားကိုးမရဘဲ ကိုယ်တိုင်ရုန်းကန်ရင်း မိသားစုကိုထောက်ပံ့နေရသူပေါ့။ဖြစ်ချင်တော့ သားလေးကလည်း နားမှာချို့ယွင်းချက်ဖြစ်နေတော့ ခွဲစိတ်ဖို့ ငွေကလည်း လိုနေပြန်တာပေါ့။ဒါပေမဲ့ အဖေဖြစ်သူက အိမ်တွင်းရေးကိစ္စနဲ့ပတ်သက်လို့ ဘာမှစိတ်မဝင်စား တာဝန်မယူလေတော့ စားဝတ်နေရေးက ပိုပိုကြပ်တည်းလာတာပေါ့။ဒါပေမဲ့ ဒီလိုကြပ်တည်းနေတဲ့ကြားက ဒါနမ်တစ်ယောက် အမှိုက်ပုံထဲကနေ ခွေးပေါက်လေးတစ်ကောင်ကို သနားလို့ဆိုပြီး သားလေးလည်းအဖော်ရအောင် ကောက်ပြီးမွေးစားလိုက်ပါတော့တယ်။အဲဒီခွေးကလေးကတော့ ဒိုနီမာဆိုတဲ့ ဂိုးဒင်းရီထရီဗာအမလေးပါပဲ။ သိပ်လိမ္မာတဲ့ ဒိုနီမာလေးက တစ်အိမ်လုံးရဲ့အချစ်တော်ဖြစ်ပြီး မိသားစုတစ်ပိုင်းဖြစ်လာချိန်ကျမှ ယစ်ထုတ်ကြီးအဖေက ဒီခွေးလေးကို အကြွေးဆပ်ဖို့ရောင်းစားလိုက်တဲ့အခါ....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.4 GB / 784 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Dhonima (2024)
7.6
Black (2024)
Black 2024 (အမှောင်လောက)ဟိုးတစ်ချိန်ပေါ့ ညအမှောင်အချိန်မှာ မိဘတွေက သဘောမတူလို့ ခိုးရာလိုက်ပြေးခဲ့တဲ့ စုံတွဲတစ်တွဲ၊ သူတို့ကို လိုက်ပြီးကူညီပေးနေတဲ့သူကတော့ သူတို့ရဲ့အချစ်ဆုံးသူငယ်ချင်းပေါ့။သူငယ်ချင်းဖြစ်သူရဲ့ ကမ်းခြေအိမ်မှာ ပုန်းခိုပြီးတော့ နေခဲ့ကြတာပေါ့။ အဲဒီစုံတွဲမသိလိုက်တာကတော့ ကောင်မလေးဖြစ်သူကို သူငယ်ချင်းဖြစ်သူကလည်း တိတ်တိတ်လေးချစ်နေပြီးတော့ သူ့ဆီကို လာအကူအညီတောင်းမိတဲ့အတွက် ရင်ထဲမှာ အစိုင်အခဲတွေရှိနေတယ်ဆိုတာပါပဲ .....လက်ရှိကာလအချိန်မှာတော့ လူငယ်စုံတွဲလေးဖြစ်တဲ့ ဗာဆန့်နဲ့ အာညာတို့ဟာ ဘားမှာ ပြဿနာဖြစ်ခဲ့ပြီးတော့ အခုလက်ရှိအိမ်ကနေ ကမ်းခြေအိမ်ကို ပြောင်းရွေ့လာဖို့ ဖြစ်လာပါတော့တယ်။ သူတို့စုံတွဲ ကမ်းခြေအိမ်ကို ရောက်သွားတဲ့အခါမှာတော့ ဘယ်လိုကိစ္စတွေ ဖြစ်လာမလဲ...... ဟိုးတစ်ချိန်တုန်းက ခိုးရာလိုက်ပြေးခဲ့တဲ့ စုံတွဲနဲ့ ဗာဆန့်တို့စုံတွဲကရော ဘာတွေ ဆက်စပ်နေမလဲ ...... ဘယ်လို ရှုပ်ထွေးနက်နဲတဲ့ ပြဿနာတွေကြားထဲမှာ ဘယ်လို ခြောက်ခြားဖွယ်ရာတွေ ကြုံတွေ့ကြရမလဲဆိုတာကို ကြည့်ရှုရမယ့် Thriller ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်၊(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Yunni~KKKZ~Linn ဖြစ်ပါတယ်) File size… 1.2 GB / 649 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Black (2024)
7.6
Hitler (2024)
Hitler (2024) "ဟစ်တလာ" IMDb - 7.6/10စွယ်စုံရတောင်ပိုင်းမင်းသားကြီး ဗီဂျေးအန်တိုနီရဲ့ တမီးလ်အက်ရှင်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ရွေးကောက်ပွဲကာလ နီးကပ်နေတဲ့အချိန်။ ဝန်ကြီးချုပ်ဖြစ်ဖို့အရေး ငွေဘယ်လောက်သုံးရသုံးရ၊ လူဘယ်လောက်ပဲ သတ်ရသတ်ရ ဝန်ကြီးချုပ်ဖြစ်ရင်ပြီးရောဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်။တမီးလ်မှာ လက်နက်ကိုင်အကြမ်းဖက်တာကို တင်းတင်းကျပ်ကျပ်တားမြစ်ထားတဲ့ကြားက ဆက်စပ်မှုမရှိကြတဲ့ လူမိုက်သုံးယောက် ပစ္စတိုတစ်လက်တည်းနဲ့ပစ်သတ်ခံလိုက်ရပါတယ်။အဲဒီအမှုကိုစုံစမ်းဖို့ တာဝန်ပေးခံရတဲ့ ရဲအရာရှိတစ်ယောက်။ ချန်နိုင်းကို အင်တာဗျူးဖြေဖို့ဆိုပြီး သူ့ကိုဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်ဆီမှာ သူငယ်ချင်းကလည်း ငါ့ကိုမမှတ်မိတော့ဘူးလား ဘာညာဆိုပြီး လာနေတဲ့လူတစ်ယောက်။ ဒီသုံးယောက်ကြား ဘယ်လိုတွေဆက်စပ်ပြီး ဘယ်လိုဖြစ်လာမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 2.03 GB / 1.08 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Hitler (2024)
5.8
Inga Naan Thaan Kingu (2024)
Inga Naan Thaan Kingu 2024 (ငါသည်သာ တစ်ဦးတည်းသောဘုရင်)IMDb- 5.9/10 ဒီတစ်ခါမှတော့ မိန်းမရှာပုံတော်ထွက်ရင်း တလွဲတွေဖြစ်ရတဲ့ ဟာသဇာတ်မြူးကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မွမ်ဘိုင်းမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီးတော့ လူရာနဲ့ချီသေဆုံးရပြီး ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေပါတယ်။ ဒီဖြစ်စဉ်ဟာ အကြမ်းဖက်သမားတွေကြောင့်ဖြစ်တာလို့ ရဲဘက်မှ ကြေညာထားပြီး နောက်ထပ် ဗုံးပေါက်ကွဲမှုက ချန်နိုင်းမှာ ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီလိုကိစ္စတွေ ဖြစ်နေတဲ့အချိန်မှာ အိမ်တစ်လုံးပိုင်ဆိုင်ပြီးရင် အိမ်ထောင်ပြုရတယ်ဆိုတဲ့ အဆိုစကားကြောင့် ဗီထရီဟာ သူငယ်ချင်းဖြစ်သူဆီကနေ ပိုက်ဆံ၂၅သိန်းချေးပြီး အိမ်ဝယ်လိုက်ပေမယ့် လူပျိုကြီးပဲဖြစ်နေတုန်းပါပဲ။အိမ်ထောင်ပြုတဲ့အခါ ခန်းဝင်ပစ္စည်းအနေနဲ့ အိမ်ဝယ်လို့ အကြွေးတင်နေတဲ့ ၂၅သိန်းရမှဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိမ်ထောင်ဘက်လိုက်ရှာပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဒီလိုနဲ့ အောင်သွယ်နဲ့ရှာတာ အဆင်မပြေတဲ့နောက် ကိုယ်တိုင်အောင်သွယ်အေဂျင်စီတစ်ခုမှာ အလုပ်ဝင်ရင်း ရှာခဲ့ပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အောင်သွယ်ဆီကနေ ရာသီနာပူရီဂျာမင်က တော်ဝင်မိသားစုဆီကနေ ကမ်းလှမ်းချက်ရလာတယ်ပြောလို့ သွားတွေ့ရာကနေ ချက်ချင်းပဲ အိမ်ထောင်ပြုဖို့ ဖြစ်လာရင်းနဲ့ ....... ဗီထရာရဲ့ အိမ်ထောင်ဖက်နဲ့ရော ဘယ်လိုဆက်ဖြစ်မလဲ ....ဗုံးပေါက်ကွဲမှုတွေနဲ့ ဗီထရီက ဘယ်လိုဆက်စပ်သွားမှာလဲ ..... ရုတ်တရက်ကြီး ဆောင်လိုက်ရတဲ့ အိမ်ထောင်ရေးကရော ...
movie
Inga Naan Thaan Kingu (2024)
2024
8.1
Maanagaram(2017)
Maanagaram (2017) "မြို့ပြရဲ့ သားကောင်များ"IMDb 8.1 ရထားတဲ့ ဒါရိုက်တာ Lokesh Kanagaraj ရဲ့ တမီးလ် action/thriller ကား(UNCUT version) ဖြစ်ပါတယ် ဒါရိုက်တာ Lokesh ကို ဘာလို့ ထည့်ပြောရသလဲဆိုရင် လတ်တလောလေးက ထွက်ထားတဲ့ ဗီဂျေးရဲ့ သောက်ကြမ်းကား Leo(2023) ရဲ့ ပဲ့ကိုင်ရှင်ဖြစ်နေလို့ပါဒါရိုက်တာ Lokesh ဟာ action/thriller ကားတွေနဲ့ တမီးလ်ရုပ်ရှင်လောကမှာ နောက်ပိုင်း ထင်ပေါ်လာသူတစ်ယောက်ဖြစ်ပါတယ် Kaithi, Vikram နဲ့ Leo ဆိုပြီး သုံးကားတွဲ (Lokesh Cinematic Universe - LCU)ဆိုပြီး ကင်ပွန်းတပ်ရတဲ့အထိ အောင်မြင်ခဲ့ပြီး ဒီ Maanagaram ကတော့ သူ့ရဲ့ ပွဲဦးထွက် ကိုယ်တိုင် ဇာတ်ညွှန်းရေး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် တက်သစ်စ ဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ဆိုပေမယ့် ဘတ်ဂျက် သန်း ၄၀ နဲ့ ရိုက်ကူးခဲ့ရာမှာ ...
movie
Maanagaram(2017)
2017
8.7
The Road (2023)
The Road (2023) အဝေးပြေးလမ်းမ IMDb(8.8/10)ဒီကားလေးကတော့ Crime, Thriller ကို အခြေပြုထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပြီးတော့ လျှို့ဝှက်မှုတွေပြည့်နှက်နေတဲ့ဇာတ်အိမ်ကိုမှ ကြည့်ချင်တဲ့သူတွေအတွက် အလွတ်မခံသင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ... လူသတ်မှု သေဆုံးမှုတွေနဲ့ ခိုးယက်မှုတွေဆက်တိုက်ဖြစ်ပေါ်နေတဲ့ အမြန်လမ်းမတစ်ခု...မိသားစုပေါင်းများစွာရဲ့ အသက်ကို ခိုးယူနေတဲ့ ဒီလမ်းမက ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ မီရာရဲ့ ဘဝတစ်ကွေ့မှာ ဆုံရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အကြောင်းကတော့ မီရာရဲ့ သားဖြစ်သူ ကာဗင်ရဲ့ မွေးနေ့ပွဲအတွက် ခင်ပွန်းဖြစ်သူနဲ့အတူ မိသားစုခရီးထွက်ဖို့ စီစဉ်ခဲ့ပေမဲ့ အဲဒီအချိန်မှာမှန်း ကိုယ်ဝန်နှစ်လလွယ်ထားရမှန်းသိတဲ့အခါမှာတော့ ခရီးမသွားနိုင်တာဖြစ်ခဲ့ရပါတယ်...အဲဒါကြောင့်ပဲ ကာဗင်စိတ်ချမ်းသာအောင် သားဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ကိုပဲ နှစ်ရက်ခရီးစဉ်သွားခိုင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီလိုကနေတစ်ဆင့် သားအဖနှစ်ယောက်က ဒီအဝေးပြေးလမ်းမထက်မှာ ဖြတ်သွားရင်းနဲ့ ကားမတော်တဆမှုဖြစ်ကာ သေဆုံးသွားခဲ့ပါတယ်။ဒီလိုကနေ ဒီလမ်းမထက်ကို စုံစမ်းဖို့ ဖြစ်လာခဲ့တဲ့ မီရာက ဒီလမ်းမရဲ့ နောက်ကွယ်က အကြောင်းတရားကို ထုတ်ဖော်သွားနိုင်သွားမလား နောက်ထပ် ဘယ်သူတွေရဲ့ ဘဝတွေနဲ့ သက်ဆိုင်နေဦးမလဲဆိုတာကိုတော့ ရှုစားရင်းနဲ့ ခံစားကြည့်ကြပါဦး.... ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Teamမှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...
movie
The Road (2023)
2023
7.6
Parundhaaguthu Oor kuruvi (2023)
Parundhaagudhu Oor Kuruvi 2023(ပဲလှော်ကြား ဆားညပ်) IMDb 8.2/10 ThrillerIMDb အမိုက်စားနဲ့ ကြည့်ရကျိုးနပ်စေမယ့် တမီးလ်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အာဒီဆိုတဲ့သူဟာ ခါးပိုက်နှိုက်အဖြစ် မြို့ထဲမှာ နာမည်ကြီးတဲ့သူပေါ့။ ခိုးလွန်းလို့ ရဲတွေနဲ့တောင် အရမ်းရင်းနှီးပြီး ရဲစခန်းဟာ အိမ်ဦးနဲ့ကြမ်းပြင်လိုတောင် ဖြစ်နေတာပါ။ တစ်ရက်မှာတော့ ရဲစခန်းကို လူသတ်မှုကျူးလွန်မိပါတယ်ဆိုပြီး ဖြောင့်ချက်လာပေးတဲ့သူတွေ ရောက်လာပါတယ်။ဒီအမှုကို စုံစမ်းဖို့အတွက် ရဲအရာရှိဘိုဆီကို အာဒီက အခင်းဖြစ်ရာ သစ်တောဆီ လမ်းပြပေးရပါတယ်။ သစ်တောတစ်နေရာမှာ လူသေအလောင်းကိုတွေ့တဲ့အခါ ဘိုဆီက အာဒီနဲ့အဲဒီအလောင်းကို လက်ထိပ်ခတ်ခဲ့ပြီး ဆက်စုံစမ်းဖို့သွားပါတော့တယ်။ ဒါပေမဲ့ လူသေအလောင်းဟာ မသေသေးဘဲ အသက်ရှင်နေသေးတာကို အာဒီသိခဲ့ရပါတယ်။ အဲဒီလူဟာ မာရာဆိုသူဖြစ်ပြီး အခက်ကြုံနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အာဒီတစ်ယောက် မာရာနဲ့ ပတ်သက်ပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲ။ မာရာကရော ဘယ်လိုလူလဲ။ သူ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေရှိနေဦးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Aditi, KKKZ, Cherryနဲ့ Deeတို့ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File ...
movie
Parundhaaguthu Oor kuruvi (2023)
2023
5
Love (2023)
Love (2023) ===========အလုပ်မှန်သမျှ အရှုံးပေါ်နေတဲ့ အဂျေးနဲ့ ဖခင်ရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေတဲ့ ဒီဗီယာတို့ဟာ မိဘတွေက တွေ့ခိုင်းလို့ ကော်ဖီဆိုင်တစ်ခုမှာ ဒိတ်ကျရင်း တစ်ယောက်နဲ့တစ်ယောက် သဘောကျသွားကာ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။Love ဆိုတဲ့ ခေါင်းစဉ်အတိုင်း သူတို့တွေဟာ ကြည်နူးစရာအချစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ကြပေမဲ့ အဲဒါဟာ ရုပ်ရှင်အစ ငါးမိနစ်လောက်ပါပဲ။သူတို့လက်ထပ်ပြီး နှစ်ချီကြာလာတဲ့ထိ အဂျေးဟာ ပြောင်းလဲမလာခဲ့ဘဲ အရက်သမားလုံးလုံးဖြစ်ကာ ကိုယ်ဝန်လွယ်ထားရတဲ့ ဒီဗီယာနဲ့ ပြဿနာတက်ရင်း လက်လွန်ခြေလွန်ဖြစ်ကြတဲ့နောက်မှာတော့...။Love ဆိုတဲ့ အချစ်ကားမဟုတ်တဲ့ အချစ်ကားလေးကို ပရိသတ်တွေအတွက် စီအမ်ကနေ တင်ဆက်ပေးလိုက်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုသူတွေကတော့ V, BpL, YH, Yunni နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) File size…1.4GB / 700MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~ BpL~ YH~ Yunni ~ Zwe Yan
movie
Love (2023)
2023
6.6
Regina (2023)
Regina (2023)IMDb-6.6/10မင်းသမီးချောလေး Sunaina ပါဝင်ထားတဲ့ အမျိုးသမီးတစ်ယောက်တည်း တစ်ကိုယ်တော်နွှဲပြမဲ့ Crime/Thriller ဇာတ်ကားလေးဖြစ်ပါတယ်ရေဂျီနာငယ်ငယ်တုန်းက သူ့မျက်စိရှေ့မှာပဲ သူ့အဖေကို ရက်ရက်စက်စက်သတ်တာမြင်လိုက်ရသူပါ ဒီလိုနဲ့ အဖေတစ်ခုသမီးတစ်ခုဘဝကနေ တစ်ကောင်ကြွက်တစ်မျက်နှာနဲ့ အပြုံးအရယ်မရှိ ဘဝကိုဖြတ်သန်းနေရင်း ဂျိုးဆိုတဲ့အချစ်ကိုရှာတွေ့သွားချိန်မှာတော့ ဘဝကပြန်စိုပြေပျော်ရွှင်လာတာပေါ့ဂျိုးနဲ့ပျော်လို့မှမဝသေးခင် ဂျိုးအလုပ်လုပ်တဲ့ဘဏ်ကိုဝင်စီးပြီး မျက်နှာဖုံးနဲ့လူတွေသတ်တာခံလိုက်ရပါတော့တယ် ရဲတွေကလည်းတာဝန်ယူအမိဖမ်းမပေးပါဘူး ဂျိုးနဲ့ရတဲ့ကိုယ်ဝန်ကလည်းပျက်နဲ့ ဘဝဟာသေမထူးနေမထူးဖြစ်နေချိန်မှာ.......... ရေဂျီနာတစ်ယောက် အိမ်ကထွက်ပြီးပင်လယ်ကမ်းခြေမြို့လေးမှာ အလုပ်သွားလုပ်နေပါတော့တယ်ဒါဟာသူ့ဘဝကို အေးဆေးပဲဖြတ်သန်းတော့မဲ့အဓိပ္ပာယ်လား နာကျင်ခဲ့ရတာတွေကို အလွယ်တကူမေ့ပစ်မှာတဲ့လား နောက်ကွယ်ကဘာအကြောင်းအရာတွေရှိနေမလဲဆိုတာရှုစားကြည့်ပါဦး File size…1.7GB / 815MB Quality…1080p WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Zwe~V~Yunni
movie
Regina (2023)
2023
6.4
Paayum Oli Nee Yenakku (2023)
Paayum Oli Nee Yenakku(2023) IMDb-6.5/10လောလောလတ်လတ်ထွက်ရှိထားတဲ့ အိန္ဒိယတမီးလ်အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အက်ရှင်တွေကြားထဲမှာ အိုင်တီပညာရှင်လေးနဲ့ အခမ်းအနားအပြင်အဆင်တွေတာဝန်ယူလုပ်ကိုင်နေတဲ့ အမျိုးသမီးလေးတို့ကြားက ရိုမန့်စ်လေးကိုလည်း ခံစားကြရမှာပါ။အိုင်တီပညာရှင် အရာဗင်က ရှားပါးတဲ့အမြင်အာရုံချို့ယွင်းမှုကို ခံစားနေရပြီး အလင်းရောင်ထဲမှာပဲ သူ့မျက်လုံးတွေက မြင်နိုင်စွမ်းရှိတာပါ။အဲဒီအခြေအနေကြောင့်ပဲ ဖြစ်ခဲ့တဲ့ မတော်တဆမှုတခုကနေ သူ့မိဘတွေကို ဆုံးရှုံးခဲ့ရပါတယ်။ဒါပေမယ့် ဦးလေးဖြစ်သူမိသားစုနဲ့အတူနေရင်း ပျော်ရွှင်တဲ့မိသားစုဘ၀လေးပိုင်ဆိုင်ပြီး ချစ်ရသူလေးနဲ့ကလည်း အပေးအယူတွေမျှနေပါပြီ။ဒီလိုနဲ့တစ်ရက် အိမ်အပြန်လမ်းမှာ မသမာသူလူတစုရဲ့ ပြန်ပေးဆွဲခြင်းခံလိုက်ရတာကနေစ သူ့အဖေဆုံးပါးသွားခဲ့ရတာရော သူ့အလုပ်နဲ့ပတ်သက်တာတွေကရော သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ သိလိုက်ရပါတော့တယ်။မမျှော်လင့်ထားတဲ့ အကူအညီကြောင့် သူပြန်လွတ်မြောက်လာပြီးနောက်မှတော့ ဖြစ်စဉ်တွေအကုန်လုံးကို ပြန်ပြီးဖော်ထုတ်နိင်မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~Cherryတို့ပဲဖြစ်ပါတယ်) File size…1.8GB / 815MB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Moon~Cherry
movie
Paayum Oli Nee Yenakku (2023)
2023
6.4
Run Baby Run (2023)
Run Baby Run (2023) IMDb 6.4ခြေနှစ်ချောင်းမကယ်ကောင်းတဲ့ သနားစိတ်ဝင်ပြီး ကယ်မိရာက အေးဆေးနေတဲ့ကိုယ့်ဘဝကို ငရဲကျအောင်လုပ်မိတဲ့ ဆပ်သရာ ..ဇာတ်လမ်းစစချင်းမှာကို ကျောင်းဆောင်ပေါ်က ကောင်မလေးတစ်ယောက်ခုန်ချသွားခဲ့တယ် နာမည်ကဆိုဖီယာတဲ့ သတ်သေတာလား လုပ်ကြံခံရတာလား...ဆပ်သရာကတော့ ဘာမှမသိဘဲခံရမဲ့ကောင်ပါ တစ်နေ့ .. သူ့ကားထဲမှာဘယ်ကမှန်းမသိတဲ့ကောင်မလေးရောက်နေပါတယ် သူ့နောက်ကိုလူတွေလိုက်လို့ပါဆိုပြီးတက်ပုန်းနေရင်းသူနဲ့တွေ့တယ်ပေါ့ ဖုန်းအားလေးသွင်းချင်လို့ လာကြိုတဲ့လူကိုစောင့်ချင်လို့ဆိုပြီး သူ့တိုက်ခန်းထဲရောက်လာပါတယ် ဆပ်သရာကသနားပြီး တစ်ညတည်းခိုခွင့်ပေးလိုက်မိရာက မနက်ရောက်တော့ အဲဒီကောင်မလေးကထူးဆန်းစွာသူတိုက်ခန်းထဲမှာသေဆုံးနေပါတယ် ဒီလိုနဲ့ရဲသူငယ်ချင်းရဲ့အကြံပေးမှုနဲ့ အလောင်းဖျောက်ဖို့လုပ်ရာကနေ ကြုံတွေရမဲ့ ဒုက္ခတွေ ကြားထဲမှာလည်း Plot Twist တွေ ပါတာကြောင့် မိသွားမလားဆိုတဲ့ခံစားချက်နဲ့ ကြည့်ရမဲ့ဇာတ်ကားကောင်းဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ် File size…2.6GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Nyein Aye
movie
Run Baby Run (2023)
2023
8.0
Irumbu Thirai(2018)
အခုတစ်ခါတော့ IMDb 8.0 ရထားတဲ့ ပညာပေးကားလေးတစ်ကားကိုတင်ဆက်ပေးမှာပါ ဒီနေ့ခေတ်ကြီးမှာ ခဏခဏ ကြားနေကြရတာကတော့အကောင့် Hack ခံရတယ် ပဆံတွေလိမ်ခံရတယ်ဆိုတာတွေပါပဲ ဒါကြောင့်IT ခေတ်ကြီးမှာ အလိမ်မခံရစေဖို့ အိန္ဒိယကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတတယ်ယနေ့ခေတ်ကြီးမှာ လူတိုင်းနီးပါးရဲ့လက်ထဲမှာ စမတ်ဖုန်းကိုယ်စီရှိနေကြပါပြီတချို့Applicationတွေ installလုပ်တဲ့အခါ ရေးထားတာတွေကို သေချာမကြည့်ဘဲကျွန်တော်တို့တွေ Allow ဆိုတာကို ဆက်တိုက်နှိပ်မိတတ်ကြတယ်။အဲ့ဒီsoftwareကို hackerတစ်ယောက်ကသာထွင်ထားမယ်ဆိုရင်Allowနှိပ်လိုက်တဲ့အတွက် ကျွန်တော်တို့ရဲ့personal lifeကိုအဲ့ဒီhackerက ဝင်ကြည့်လို့ရသွားမှာပါ ယခုဇာတ်ကားမှာတော့ White Devil ဆိုတဲ့hackerတစ်ယောက်က အဖွဲ်အစည်းတစ်ခုထောင်ပြီးဘဏ်ကနေချေးငွေမရတဲ့ပြည်သူတွေကို စာရွက်စာတမ်းအတုတွေလုပ်ပေးပြီးဘဏ်ကနေငွေလိမ်ချေးလို့ရအောင် စည်းရုံးတာဖြစ်ပါတယ်။ စာရွက်စာတမ်းအတုတွေကနေလိမ်ပြီးချေးလို့ရလာတဲ့ငွေတွေအားလုံး ပြည်သူတွေအကောင့်ထဲရောက်လာချိန်မှာဟက်ပြီးယူလုပ်ပါတော့တယ်။ သူဘယ်လိုတွေလုပ်ဆောင်သွားမလဲသူ့ကိုဘယ်သူကရောတားဆီးနိုင်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်Cyber Crime ဇာတ်ကားတွေကြိုက်တဲ့ပရိသတ်တွေအတွက်ကြည့်လို့ကောင်းစေမယ့်ဇာတ်ကားတစ်ကားပါ Qty - Web Dl 720pGern - Cyber / CrimeSubtitle - MyanmarTranslater - Ye Man AungEncoder - Kyaw Ye Aung
movie
Irumbu Thirai(2018)
2018