Channel Myanmar

Vivek Mushran

Do Patti (2024)
Do Patti (2024) Do Patti (2024) "မျက်နှာနှစ်ဖက်"Netflix မှ အသစ်ထွက်ရှိလာတဲ့ မင်းသမီးချောနှစ်လက်နဲ့ ဟင်ဒီရုပ်ရှင်ကားလေးကို ထွက်ထွက်ချင်း တင်ဆက်ပေးလိုက်ပါတယ်ငယ်ရွယ်တဲ့အလှ- ကရီတီဆန်နွန်နဲ့ မင်းသမီးကြီး ကာဂျိုးလ်တို့နှစ်ယောက် Diwale(2015)နောက်ပိုင်း ကိုးနှစ်ကြာမှ ပြန်တွဲရိုက်တဲ့ ဒီရုပ်ရှင်လေးမှာဆိုရင် မင်းသမီးကြီး ကာဂျိုးလ်က တည်ငြိမ်ရင့်ကျက်တဲ့ အင်စပတ်တာအရှာရှိမလေးအဖြစ်သရုပ်ဆောင်ထားပြီး ကရီတီဆန်နွန်ကတော့ စရိုက်နှစ်မျိုးနဲ့ အမြွှာညီမနေရာကနေ သရုပ်ဆောင်တင်ဆက်ထားပါတယ်ဗီဒ်ယာဟာ တရားသူကြီးဖခင်၊ ရှေ့နေမိခင်တို့ရဲ့ခြေရာကို လိုက်နင်းဖို့ကြိုးစားနေတဲ့ အင်စပတ်တာအရာရှိမလေးတစ်ယောက်ဖြစ်ပြီး အလုပ်နဲ့ကိုယ်ရေးကိုယ်တာ နှစ်ဖက်လုံးမှာ ကိုယ်ဘဝကိုယ်အားမရဖြစ်နေသူတစ်နေ့မှာ ဘာရယ်မဟုတ် သာမန်အိမ်တွင်းအကြမ်းဖက်မှုထင်ရတဲ့ ဖုန်းခေါ်ဆိုတိုင်ကြားချက်တစ်ခုကနေ စောမြနဲ့ ရှာလီဆိုတဲ့ အမြွှာညီအစ်မအကြောင်းတစ်စွန်းတစ်စသိလာရတယ်အချစ်အတွက်ယှဥ်ပြိုင်ဘက်လည်းဖြစ် စရိုက်လက္ခဏာဆန့်ကျင်ဘက်ဖြစ်တဲ့ ညီအစ်မနှစ်ယောက်ကြားက ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကတော့ ....အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.47 GB / 758.51 MB Quality…WEB DL 1080p HEVC / 720p Format…mkv/ mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Do Patti (2024)

Ram Jaane (1995) 5.4
Ram Jaane (1995) (Unicode)ခပ်လာ့စ်( ရှော့လိုက် /ပွဲသိမ်း) ၊ တပိုရိးလို့ဂ် ( street guys) ....အစရှိတဲ့ ရှာရွတ်ဗန်းစကားတော်တော်များများကို ဒီဇာတ်ကားထဲမှာ လေ့လာလိုက်နော် ။သင်ဟာ လူတစ်ယောက်သာစစ်မှန်ခဲ့ပါစေ....ကိုယ့်ဘဝမှာ ဘယ်လောက်ပဲ မျှော်လင့်ချက်မဲ့တဲ့ ချောက်ကမ်းပါးထဲကျရောက်နေခဲ့ရင်တောင် သင့်လိုမျိုး မိုက်မိုက်ကန်းကန်း ချောက်ကမ်းပါးထဲ မျက်စိစုံမှိတ်ခုန်ချမဲ့ အနာဂတ်လူငယ်တွေကိုတော့ ဒီနေရာကြီဟာ အန္တရယ်တွေရောပြွန်းနေတဲ့ မျှော်လင့်ချက်မဲ့ချောက်ကမ်းပါးဆိုတာ တနည်းနည်းနဲ့တော့ သိစေသင့်တယ် မဟုတ်ပါလား?Ram Jaane (ဘုရားသိတယ်)★★★★★★ပြစ်မှု ၊အက်ရှင်ဒရမ်မာ၊ ဇာတ်မြူးအမျိုးအစား ဘောလီးဝုဒ် ရုပ်ရှင်" Ram Jaane " ကို ဇာတ်ညွှန်း ဗီနေးရွှတ်ကလား ရေးသားပြီး ၊ ဒါရိုက်တာ ရာဂျစ်ဗ်မဟဲရာ ရိုက်ကူးခဲ့ကာ ရှာရွတ်ခန် ၊ ဂျူဟီးချော်လာ ၊ မူရှရန်း ၊ ပန်ကတ်ရ်ှကပူးရ် (ရှာဟစ်ကပူးရ် ဖေဖေ) ၊ ဂူလ်ရှန်းဂရိုဗာ ...
movie

Ram Jaane (1995)

1995
Begum Jaan (2017)
Begum Jaan (2017)   ဒီတစ်ခါတော့ ဘောလီဝုဒ်ဖန်တွေအတွက် ၂၀၁၇ထွက် အလန်းစား တစ်ကားကို တင်ဆက်ပေးထားပါတယ်။ #ဒီဇာတ်ကားက အက်ရှင်ဇာတ်ကား တစ်ကား မဟုတ်ပါဘူး #ဒီဇာတ်ကားက အနုအရွလေးတွေပါတဲ့ ဒရာမာကား တစ်ကား မဟုတ်ပါဘူး။ #နှစ်ချို့ဝိုင်လို စူးရှရှ ခပ်ပြင်းပြင်းနဲ့ တကယ့် အနှစ်တွေပါတဲ့ ဇာတ်ကားတစ်ကားပါ (ဝိုင်ဘယ်လို အရသာရှိလဲ မသိဘူးနော် :p) ဒီဇာတ်ကားဟာ ၁၉၄၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယကို အုပ်ချူပ်နေတဲ့ ဗြိတိသျှနောက်ဆုံး ဘုရင်ခံဟာ အိန္ဒိယ နိုင်ငံကြီးကို အိန္ဒိယ-ပါကစ္စတန် ဆိုပြီး နှစ်နိုင်ကွဲထွက်သွားအောင် နှစ်ခြမ်းခွဲခဲ့ပါတယ်။ နိုင်ငံ တစ်နိုင်ငံကနေ အစစအရာရာဟာ နှစ်ပိုင်းဖြစ်ပြီး နယ်စပ်မျဉ်း နှစ်ကြောင်းရေးဆွဲကာ သံဆူးကြိုးတွေကာရံခဲ့ပါတယ်။ အရာရာကို နှစ်ခြမ်းခွဲခဲ့ပေမယ့် နယ်စပ်မျဉ်း နှစ်ကြောင်းလုံးပေါ်မှာ တည်ရှိနေတဲ့ အိမ်တစ်ခု ရှိနေပါတယ် အဲ့ဒါကတော့ #ဘေဂွန်ဂျမ်းရဲ့ ဆောင်ကြာမြိုင်ပါပဲ။ #ဘေဂွန်ဂျမ်းဆိုတာ ငယ်ဘဝကတည်းက ဒုက္ခကို မိတ်ဖွဲ့ပြီး ဘဝကို ဒေါင်ကျကျပြားကျကျ ဒူပေဒဏ်ပေခံလာသူ တစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ သတို့သမီးဘဝနဲ့ မွေးရပ်မြေက စွန့်ခွာသွားခဲ့ရပေမယ့် ကံကြမ္မာဆိုးကြောင့် ...
movie

Begum Jaan (2017)

2017