Channel Myanmar

Vishnu Oi

Uppu Kappurambu (2025) 5.6
Uppu Kappurambu (2025) Uppu Kappurambu (2025) "သင်္ချိုင်းနေရာ"လူတစ်ယောက်သေဆုံးသွားတဲ့အခါ ကောင်းကောင်းမွန်မွန်မြှုပ်နှံပေးခြင်းဟာ ကျန်ရစ်သူတို့ရဲ့ချစ်ခြင်းတရားကို ပြသခြင်းတစ်မျိုးဖြစ်မယ် ထင်ပါတယ်။ ဒါတွေကလည်း လူတွေရဲ့အယူအဆနဲ့ အခြေအနေအပေါ် မူတည်ပြီး ကွဲပြားသွားမှာပါ။အခုတင်ဆက်ပေးမဲ့ ကျေးလက်နောက်ခံ ဟာသ-ဒရာမာဇာတ်လမ်းဟာလည်း အဲဒီအကြောင်းကိုအခြေခံပြီး စိတ်ကူးဖန်တီး ရိုက်ကူးထားတာဖြစ်ပါတယ်။ချစ်တီဂျေယာပူရမ်ဆိုတာ အနီးနားရွာတွေကြားမှာ ထူးခြားလှတဲ့ရွာလေးတစ်ရွာပါ။ အဓိကကတော့ သူ့ရဲ့သမိုင်းကြောင်းနဲ့ သေသူတွေကိုမြှုပ်နှံပေးရာမှာ ထူးခြားတဲ့ အလေ့အထကြောင့်ပါပဲ။အဲဒီရွာလေးမှာ သေသူတိုင်းကို ပြီးစလွယ်မဟုတ်ဘဲ အုတ်ဂူတွေနဲ့ အသေအချာမြှပ်နှံပေးကြတဲ့ ဓလေ့ရှိပါတယ်။ အုတ်ဂူမှာလည်း နာမည် မွေးရက် သေဆုံးရက်တို့တင်မက သေဆုံးရတဲ့အကြောင်းကိုပါ ရေးထွင်းလေ့ရှိပါတယ်။သေသူတွေကို ပြီးစလွယ်မမြှုပ်ကြတာဟာလည်း ရွာကလူတွေရဲ့ရှေးသမိုင်းကြောင်းတစ်ခုနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်ပါတယ်။ဒါပေမဲ့ တစ်နေ့တော့ သူတို့ရွာမှာ သင်္ချိုင်းနေရာရှားပါးလာပါတယ်။ သေသူကိုပြီးစလွယ်မြှုပ်နှံလို့မရတဲ့ သမိုင်းအစဉ်အလာကလည်း ရှိနေတာမို့ အဒီကိစ္စဟာ ရွာအတွက် ပြဿနာကြီးတစ်ခု ဖြစ်လာပါတော့တယ်။အဲဒီအခါ အဖေ့နေရာကိုဆက်ခံပြီး မဖြစ်ချင်ဘဲ ရွာလူကြီးဖြစ်လာရတဲ့ အာပူဗာဆိုတဲ့မိန်းကလေးရယ်၊ သုဘရာဇာလေး ချင်နာရယ်၊ ရွာသူရွာသားတွေရယ် ပူးပေါင်းပြီး ရွာအတွက် ဘယ်လိုအဖြေရှာကြမလဲ၊ဘာတွေကြုံတွေ့ရမလဲဆိုတာကို ဟာသနှောပြီး တင်ဆက်ထားတာမို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားကြရမှာ ...
movie

Uppu Kappurambu (2025)

Mad Square (2025) 6.0
Mad Square (2025) Mad Square (2025) ရူးသွပ်မှုနှစ်ဆIMDb -6.1/102023 ခုနှစ်မှာ Madဆိုတဲ့နာမည်နဲ့ အင်ယာကျောင်းသားတွေ လေးယောက်ပေါင်း လောင်းကျော်တဲ့ဇာတ်ကားလေး ထွက်ရှိခဲ့ပြီး နှစ်နှစ်အကြာမှာတော့ Mad Squareဆိုတဲ့နာမည်နဲ့ sequelထပ်မံထွက်ရှိလို့လာပါပြီ။ဒီတစ်ခါမှာတော့ ဘွဲ့ရပြီး လူကြီးတွေဖြစ်သွားပေမဲ့ ပြဿနာရှာမပျက်တဲ့ အာရှို့ ဒီဒီ မန်နို့ခ်ျနဲ့ ရှီဗာတို့တစ်သိုက် ဒီတစ်ခါမှာရော ဘာတွေဘယ်လိုမွှေကြမလဲ ရှုစားကြပါဦး။သူငယ်ချင်းတစ်သိုက်ထဲမှာ အငြိမ်ဆုံးဖြစ်တဲ့လဒူတစ်ယောက် ထူးထူးဆန်းဆန်းပဲ ထောင်နန်းစံနေရပြီ ထောင်ထဲမှာ ဆရာကြီးဖြစ်နေလေရဲ့။ ထောင်သားတွေကလည်းရိုသေ ရဲတွေကလည်း လေးစားရတော့ ကျန်တဲ့ထောင်သားတွေလည်းတအံ့တဩဖြစ်ပြီး လဒူကို ဘာတွေလုပ်ခဲ့လို့ ဒီလောက်အားလုံးရှိန်နေရတာလဲလို့ လာမေးချိန်မှာတော့ လဒူတစ်ယောက် သိပ်ချစ်ရတဲ့ သူငယ်ချင်းမျောက်လောင်းလေးကောင်နဲ့ စွန့်စားခန်းကို ချပြဖို့ဖြစ်လာပါတော့တယ်။ကျောင်းတော်ကြီးကနေ ကိုယ်စီဘွဲ့ရပြီး လေးနှစ်တာကာလအကြာမှာတော့ ကိုယ်စီဗရုတ်လုပ်နေတဲ့ သူငယ်ချင်းတစ်သိုက် လဒူ မင်္ဂလာဆောင်တော့မယ်ဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။တကယ်တမ်းကျတော့ သူ့ရဲ့သူငယ်ချင်းတွေရဲ့ ပြဿနာရှာနိုင်စွမ်းကို ကောင်းကောင်းသိထားတဲ့သူပီပီ ပွဲပျက်မှာစိုးနေတဲ့အတွက် လဒူတစ်ယောက် အာရှို့တို့လေးယောက်ကို တမင်အသိမပေးဘဲထားထားတာပါ။ဖုံးထားရဲ့သားနဲ့ တကွဲတပြားစီဖြစ်နေတဲ့ သူငယ်ချင်းလေးယောက်လုံးစုပြီး လဒူရဲ့မင်္ဂလာပွဲဆီကိုမှ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အခါမှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Mad Square (2025)

Maa Nanna Superhero (2024) 8.6
Maa Nanna Superhero (2024) Maa Nanna Superhero 2024 (အဖေ့အတွက်သူရဲကောင်းကျွန်တော်)အဖေနဲ့သားကြားက သံယောဇဉ်ကို အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတဲ့ တေလဂူရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။အဖေအရင်းရယ် မွေးစားအဖေရယ် သူတို့ရဲ့သားရယ် သူတို့ 3 ယောက်ကြားက အလွဲလေးတွေအပြင် အရယ်အငိုရသစုံခံစားရစေမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ။ရင်ခွင်ပိုက်အရွယ် ကလေးငယ်လေးနဲ့ တစ်ကိုယ်တော်အဖေပရာကတ်ရှ်တစ်ယောက် သားလေးကိုမိဘမဲ့ဂေဟာမှာ ခဏအပ်ထားပြီး ကားသမားအနေနဲ့ ပုံသေအလုပ်ရဖို့ အော်ဒါလိုက်သွားပါတယ်။ကံဆိုးချင်တော့ သူမောင်းရတဲ့ကားက ဆေးခြောက်သယ်လာတဲ့ကားဖြစ်လို့ မူးယစ်မှောင်ခိုမှုနဲ့ ထောင်ဒဏ်နှစ်နှစ်ဆယ်ကျသွားပြီး နှစ်နှစ်ဆယ်ကြာမှပဲ ထောင်ကပြန်လွတ်လို့ သားဖြစ်သူကို လိုက်ရှာပါတော့တယ်။တစ်ဖက်က သားဖြစ်သူဂျွန်နီကလည်း ‌မွေးစားအဖေရဲ့စတော့ရှယ်ယာကြွေးကိုဆပ်လိုက် ဟိုကအကြွေးပြန်တင်လိုက်နဲ့ သံသရာလည်နေပေမဲ့ အဖေ့ကို အပြစ်မမြင်တဲ့သူပေါ့။ ဒီလိုနဲ့ ကံကြမ္မာဇာတ်ဆရာရဲ့အလိုကျ ဒီ လူ 3 ယောက် ဆုံဆည်းဖို့ ဖြစ်လာတဲ့အခါ....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 2.12 GB / 1.06 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Maa Nanna Superhero (2024)

Kotabommali PS (2024) 7.5
Kotabommali PS (2024) Kota Bommali PS (2023)"သိက္ခာလုပွဲ" ==============================Cm ပရိသတ်တွေအတွက် IMDb 7.7/10 ရထားတဲ့ Kota Bommali PS ဆိုတဲ့ တေလဂူးစကားပြော မှုခင်းရုပ်ရှင်သစ်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ရဲအရာရှိဟောင်းတစ်ယောက်ရဲ့သားဖြစ်သူ ရာဗီဟာ သူ့အဖေတာဝန်ကျခဲ့တဲ့ ရဲစခန်းမှာ ရဲအဖြစ်ပြန်ဝင်လုပ်ရင်း သူ့အဖေရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်သူ ရဲအရာရှိ ရာမာခရစ်ရှနာနဲ့ ရင်းနီးသွားခဲ့ပါတယ်။ရွေးကောက်ပွဲကာလအတွင်းမှာ သူတို့နှစ်ယောက်ဟာ တာဝန်အတူကျရင်း လုပ်ဖော်ကိုင်ဖက် ရဲဝန်ထမ်းမလေးကို စော်ကားမော်ကားလုပ်ဖို့ကြိုးစားတဲ့ မူနာဆိုတဲ့ အာဏာရှိပါတီထဲကလူတစ်ယောက်နဲ့ ပြဿနာတက်ရာကနေ မူနာအကွက်ဆင်ချောက်ချတာကိုခံရပြီး မကြုံသင့်တာတွေ ကြုံလာရပါတော့တယ်။ဒီရုပ်ရှင်ဟာဆိုရင် ၂၀၂၁ က ထွက်ရှိခဲ့တဲ့ Nayattu ဆိုတဲ့ မလျာလမ်စကားပြောရုပ်ရှင်ကို remake ပြန်ရိုက်ထားတာဖြစ်ပြီး မူရင်းရုပ်ရှင်ကိုမကြည့်ဖူးသေးရင်တော့ ကြည့်ရတာ တော်တော်အရသာရှိမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.6GB ...
movie

Kotabommali PS (2024)

2024
Keedaa Cola (2023) 8.3
Keedaa Cola (2023) Keedaa Cola (2023) "ကီဒါ ကိုလာ"အသစ်ထွက်ရှိထားတဲ့ အမှန်အကန်ရယ်ရမယ့် တေလဂူး crime/comedy ကားလေးဖြစ်ပါတယ်IMDb 8.3 နဲ့ Rotten Tomatoes 79% ရထားပြီး အိန္ဒိယရုပ်ရှင်ဝေဖန်ရေးဆရာ Paul Nicodemus ရဲ့ စကားနဲ့ပြောရရင် "ကြောင်တောင်တောင်နိုင်တဲ့ ဟာသရုပ်ရှင်ထဲကို ဒဿန ပါးပါးလေး သွတ်ထည့်ထားခြင်း" လို့ ညွှန်းချင်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ အဓိကဇာတ်ကောင် ဗီစသူ တစ်ယောက် ငယ်ငယ်တုန်းက ကားအက်ဆီးဒင့်တစ်ခုမှာ မိဘတွေ သေသွားခဲ့လို့ စကားထစ်သွားခဲ့ပြီး ဝှီးချဲလ်မှာ အဆင်သင့်သေးပေါက်လို့ ရတဲ့ အဘိုးဖြစ်သူနဲ့ပဲ နေထိုင်ခဲ့ပါတယ်ပင်ပင်ပန်းပန်းပိုက်ဆံမရှာပဲ အေးအေးချမ်းချမ်း ဘဝကို တောင့်တနေတဲ့ ဗီစသူ တစ်ယောက် ပိုက်ဆံလွယ်လွယ်ရဖို့ တရုတ်ကလာတဲ့ သရုပ်ပြလူနာ(patient simulator) အရုပ်မ တွေကို ဝယ်ပြီး ဆေးရုံတွေမှာ လိုက်ရောင်းဖို့ ကြိုးစားပေမယ့်လည်း အလုပ်မဖြစ်ပါဘူး မဖြစ်တဲ့အပြင် အဲဒီအရုပ်ကြောင့်ပဲ သူ့ရဲ့ ၃၅ ကြိမ်မြောက် မိန်းမတောင်းရမ်းပွဲမှာလည်း ...
movie

Keedaa Cola (2023)

2023
MAD (2023) 7.8
MAD (2023) MAD 2023 IMDb - 7.9/10ဟိုးအရင်တုန်းကကျောင်းသားဘဝကို ပြန်လည်အမှတ်ရစေမဲ့ နောက်ထပ်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အင်ဂျင်နီယာကောလိပ်ကျောင်းကြီးမှာနေရာပြုထားပြီး ကျောင်းတော်ကြီးရဲ့ထုံးစံအတိုင်း ကျောင်းသားတိုင်းချစ်ကြတဲ့ စည်းကမ်းတင်းကြပ်တဲ့ ကျောင်းအုပ်ကြီးရှိမယ်။ကျောင်းသားတွေထဲမှာဆိုရင် နယ်မြို့ငယ်လေးကနေကျောင်းလာတက်တဲ့ မျက်စိသူငယ်နားသူငယ်တစ်‌ယောက်ရယ်၊ ဟိုက်ပါတစ်ယောက်ရယ်၊ အားကိုးရတဲ့ဗလနဲ့ဘဲကြီးရယ်၊ ဆော်ကြောင်တဲ့ကောင်ရယ်၊ ဗရုတ်ဒုက္ခလျှောက်လုပ်တဲ့ကောင်ရယ် ရှိပါတယ်။ဒီဇာတ်လမ်းမှာ‌တော့ ကျောင်းသားကျောင်းသူတွေရဲ့ အချစ်အလွမ်း‌၊ ရိုမန့်တွေဆိုတာထက် အထူးသဖြင့်ယောက်ျားလေးဆောင်က ဆရာသမားတွေရဲ့ ညီအစ်ကိုသံယောဇဉ် သူငယ်ချင်းသံယောဇဉ်နဲ့ ကျောင်းသားဘဝမှာ ကြုံရတတ်တဲ့ ပဋိပက္ခတွေကို ဟာသနှောပြီးရယ်တလှည့် ငိုတလှည့်ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3.3GB / 1.5GB  Quality…1080p WEB DL / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

MAD (2023)

2023