Channel Myanmar

Vimal

Badava (2025) 5.6
Badava (2025) Badava (2025) ဘဝရဲ့ အချိုးအ‌ကွေ့လေးတွေIMDb 6.7/10အက်ရှင် ဟာသဒရမ်မာပရိသတ်တို့အတွက် တမီးလ်ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဗယ်လန်က အလုပ်လက်မဲ့ ပြဿနာအိုးလေးတစ်ယောက်ပါ။ သူ့ကို အလုပ်လုပ်ဖို့ဆိုပြီး အိမ်ကသူအားလုံးက မလေးရှားကို အတင်းပြောင်းရွှေ့ခိုင်းကြပါတယ်။မလေးရှားရောက်သွား‌တော့လည်း အဆင်မပြေပြန်တဲ့အတွက် အလုပ်ပြုတ်ပြီး အိမ်ပြန်ရဖို့ပဲ ဖြစ်လာလေရဲ့။အဲဒီအချိန်မှာပဲ အုတ်ဖိုပိုင်ရှင်တစ်ယောက်ဟာ သူ့နယ်ခံအလုပ်သမားတွေကို လခနည်းနည်းပဲပေးပြီး အလုပ်မတရားခိုင်းနေတာကို သူက သိသွားပါတယ်။ဒီလိုနဲ့ မဟုတ်မမှန်ရင်ခေါင်းငုံ့မခံတတ်တဲ့ သူ့ရဲ့စိတ်ဓာတ်လေးပေါ်ထွက်လာပြီး ခေါင်းပုံဖြတ်နေတဲ့ အလုပ်ရှင်ကို ဆန့်ကျင်တော်လှန်ပါတော့တယ်။ဗယ်လန်ရဲ့ အခက်အခဲတွေကိုသတ္တိရှိရှိနဲ့ရင်ဆိုင်ပုံ၊ အရှုံးမပေးပုံတို့ကို စိတ်ခွန်အားတက်ကြွဖွယ်နဲ့ ဟာသဆန်ဆန်လေး တွေ့မြင်ရမှာမို့ ခံစားကြည့်ရှု အားပေးကြရအောင်ပါ။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…3.4 GB / 1.6 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 30min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Badava (2025)

Sir (2024) 8.6
Sir (2024) Sir 2024 (ကျောင်းဆရာ)ပညာရေးဆိုတာ လူတိုင်းအတွက် ညီတူညီမျှပါပဲ။ ပြဿနာကတော့ ဒါကို နားမလည်တဲ့သူတွေ ရှိနေတာပါ။အထက်တန်းစားလူတွေက ဆင်းရဲနွမ်းပါးတဲ့သူတွေသာ ပညာတက်သွားရင် သူတို့ရဲ့ လွှမ်းမိုးနိုင်စွမ်းတွေ လုပ်နိုင်စွမ်းတွေ ပျောက်ပျက်သွားမှာ စိုးရိမ်ရာကနေ ဒီဇာတ်လမ်းလေး စတင်ခဲ့ပါတယ်။ဒီဇာတ်လမ်းကတော့ မန်ဂိုလိုင်ရွာလေးကို အခြေတည်ထားတာဖြစ်ပြီး ဒီရွာလေးရဲ့ ပညာရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးတော့ မြင်တွေ့ရမှာဖြစ်ပါတယ်။ဂနာနမ်တို့ရဲ့ မိသားစုဟာ ကျောင်းဆရာမျိုးရိုးဖြစ်ပြီးတော့ သူ့အဘိုးက မန်ဂိုလိုင်ရွာလေးမှာ စာသင်ကျောင်းစတင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။ သို့ပေမဲ့ ကံအကြောင်းမလှတဲ့ အဘိုးဖြစ်သူဟာ အသက်အရွယ်ကြီးတဲ့အခါအမှာ စိတ်ရောဂါဖြစ်သွားပြီး စိတ်မနှံ့ဘဲ လုပ်ချင်တာ လျှောက်လုပ်နေလို့ ရွာက အရူးဆရာရယ်လို့ ခေါ်ကြပါတယ်။ဂနာနမ်နဲ့ ရွယ်တူတွေထဲက တချို့ကလေးတွေဟာ ဂနာနမ့်ကို အရူးဆရာရဲ့မြေးဆိုပြီးတော့ ပြဿနာလိုက်ရှာတာမျိုးကိုလည်း ခံရပါသေးတယ်။ ဒီလိုနဲ့ ဂနာနမ် အသက်ကြီးလာတဲ့အခါမှာလည်း ကျောင်းဆရာမျိုးရိုးဖြစ်တဲ့အတိုင်း ကျောင်းဆရာဖြစ်ဖို့ မြို့မှာ ကျောင်းသွားတက်လို့နေပါတယ်။ဒီအချိန်မှာပဲ ဂနာနမ့်အဖေဟာ ရွာကကျောင်းလေးကို မူလတန်းကနေ အလယ်တန်းအထိ တိုးချဲ့လာနိုင်ခဲ့ပါတယ်။ ဂနာနမ့်အဖေရဲ့ ရည်မှန်းချက်အိပ်မက်ကတော့ ရွာကျောင်းလေးကို အထက်တန်းကျောင်းအထိ တိုးမြှင့်ပေးချင်တာဖြစ်ပြီး ဒီတာဝန်ကိုတော့ ဂနာနမ့်လက်ထဲအပ်လိုက်ပါတော့တယ်။ဒီလိုနဲ့ ဆင်းရဲသားတွေ ပညာတက်မှာကို ကြောက်တဲ့ အထက်တန်းအုပ်စုက ဂနာနမ် ရွာကျောင်းလေးကို အထက်တန်းကျောင်းဖြစ်အောင်ကြိုးစားမယ့်လမ်းမှာ ...
movie

Sir (2024)

Pogumidam Vegu Thooramillai (2024) 7.4
Pogumidam Vegu Thooramillai (2024) Pogumidam Vegu Thooramillai (2024) "ဤခရီး မဝေးပါ"ဇာတ်လမ်းဇာတ်အိမ်ခပ်ဆန်းဆန်းနဲ့ တမီးလ်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။တီရူနယ်ဗယ်လီမှာ စော်တအားကြည်လို့ မိန်းမတစ်ယောက်ထက်မကယူလိုက်တဲ့ နာရာယာနာဆိုတဲ့လူတစ်ယောက်ရှိတယ်။မယားကြီးနဲ့ရော မယားငယ်နဲ့ရော မွေးလိုက်တဲ့သားတွေက စိတ်ကြမ်းကိုယ်ကြမ်း လူ့ဘီလူးတွေ။ နာရာယာနာကြီး မတော်တဆမှုနဲ့ ချန်နိုင်းမှာလျှောသွားတော့ ဈာပနကျင်းပဖို့အရေး မယားကြီးနဲ့ မယားငယ်ရဲ့ သားသမီးတွေ အလောင်းလုဖို့စိုင်းပြင်းကြပါရော။အလောင်းသွားပို့ရမှာက မွေးခါနီးဖွားခါနီးဇနီးသည်နဲ့ ဒုက္ခများနေတဲ့ ကူးမား။ ဇနီးသည်မီးဖွားစရိတ်ရဖို့အရေး အလောင်းပို့မယ်လုပ်တော့ အလောင်းလုမဲ့အရေးသိနေတဲ့နယ်ခံတွေက ဘယ်သူမှမလိုက်ရဲကြ။ဒါကိုမသိဘဲ ကူးမားတစ်ယောက် တီရူနယ်ဗယ်လီဆီ အလောင်းတစ်ခု ကိုယ်တစ်ခုရယ်နဲ့ခရီးနှင်လာခဲ့ပြီး လမ်းမှာ ကိုလေပေါတစ်ကောင်က လမ်းကြုံလိုက်လာရာကစ ဘယ်မှာဆုံးမလဲ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.4 GB / 1.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Pogumidam Vegu Thooramillai (2024)

Thudikkum Karangal (2023) 7.5
Thudikkum Karangal (2023) Thudikkum Karangal 2023 IMDb-7.5/10အမှောင်ထုကြီးစိုးနေတဲ့လောကမှာ လူကောင်းတစ်ယောက်လုပ်ရတာလည်း မလွယ်လှပါဘူး။ အထူးသဖြင့် အကျင့်ပျက်ခြစားမှု လာဘ်ပေးလာဘ်ယူမှုတွေ မူးယစ်မှောင်ခိုမှုတွေ ထမင်းစားရေသောက်လိုလုပ်နေကြတဲ့ နိုင်ငံရေးလောကရဲ့အမှောင်ခြမ်းအကြောင်းကို ဖော်ကောင်လုပ်မယ့်လူဆိုရင်တော့ ဝါးမြိုချင်တဲ့ဒုစရိုက်ကောင်တွေနဲ့ သေချာပေါက်ရင်ဆိုင်ရပါလိမ့်မယ်။ဗီတရီဟာ အမှန်တရားကိုမြတ်နိုးပြီး လူတွေကို ကယ်တင်ချင်တဲ့ YouTuber တစ်ယောက်ပါ။ ဒါပေမဲ့ အမှန်ချည်းပြောတဲ့လူကို လူမုန်းကြသလိုပဲ အကျင့်ပျက်ခြစားမှုတွေ ဒုစရိုက်သမားတွေအကြောင်းကို YouTubeကနေ ဗီဒီယိုတင်တင်နေတဲ့ ဗီတရီဟာလည်း လူတွေမကြာခဏ ဆွမ်းကြီးလောင်းတာခံရပါတယ်။ မိဘတွေကတော့ဗီတရီကို အခြေတကျအလုပ်တစ်ခုနဲ့ အိမ်ထောင်ရက်သားကျလို့ အတည်တကျဖြစ်စေချင်ပေမဲ့ ဥပဒေနောက်လိုက်နေတဲ့ဗီတရီကတော့ နိုင်ငံကိုကယ်တင်မယ့် အမှန်တရားဘက်တော်သားဖြစ်ချင်စိတ်ကသာ များနေတာပေါ့။တစ်နေ့မှာတော့ မြို့တက်ရင်း သားကိုလာရှာတဲ့အဘိုးကြီးကို ကူညီပေးချင်လို့ သားပျောက်ရှာဗီဒီယိုကို ရိုက်ပြီးတင်ပေးလိုက်ရာကနေ လူပျောက်တာထက်ပိုတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးရဲ့သမီးပါ ပါနေတဲ့ လူသတ်မှုကွင်းဆက်ထဲ ရောက်မှန်းမသိ ရောက်သွားတဲ့အခါမှာတော့...အရင်တုန်းက သူတင်နေကြတွေထက် အဆပေါင်းများစွာနက်ရှိုင်းတဲ့ ဒီအမှုကြောင့် နဂိုကမှ ရန်စတွေမနည်းလှတဲ့ ဗီတရီတစ်ယောက် ဘယ်လိုအန္တရာယ်တွေကြုံလာရမလဲ။ အမှန်တရားဘက်တော်သားပီပီ ဒီအမှုကို သူဘယ်လိုဖြေရှင်းသွားမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie

Thudikkum Karangal (2023)

2023