Channel Myanmar

Vikram Adhitya

Manamey (2024) 6.1
Manamey (2024) Manamey 2024 (မိသားစု)ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ ဟာသမင်းသားကြီး Vennela Kishore ပါဝင်ထားတဲ့ ကလေးလေးတစ်ယောက်နဲ့တိုင်ပတ်ကြမဲ့ ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ဘဝကို ပျော်ပျော်နေတတ်တဲ့ ပါတီဘွိုင်းလေး ဗစ်ကရမ့်မှာ အချစ်ဆုံးသူငယ်ချင်း အာနူရန်ဆိုသူရှိပါတယ်။အချစ်ရဆုံးသူငယ်ချင်းတွေဆိုပေမဲ့လည်း ဗစ်ကရမ်ကတော့‌ ပျော်ပျော်နေတတ်ပြီး ဘဝကို ပေါ့ပေါ့ပါးပါးပဲ နေတတ်သူတစ်ယောက်ပါ၊ အာနူရန်ကတော့ ချစ်ရသူရှိပြီး ချစ်ရသူနဲ့အတူတူဘဝကို ဖြတ်သန်းချင်တဲ့သူပေါ့။ သူတို့နှစ်ယောက်ဟာ ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေကြရင်း ကံကြမ္မာဆိုးကြီးတစ်ခုက ရောက်လို့လာခဲ့ပါတယ်။အဲဒီကံကြမ္မာဆိုးကြီးကတော့ အာနူရန်နဲ့ သူ့ဇနီးသည်ဟာ အက်စီးဒန့်ဖြစ်ပြီးတော့ ဆုံးပါးသွားရတာပါပဲ။အာနူရန်တို့ ဆုံးပါးသွားခဲ့ပေမဲ့ အာနူရန်ရဲ့ကလေးလေး ခူရှီကတော့ သေကံမရောက်တဲ့အတွက် အသက်ရှင်ကျန်ရစ်နေခဲ့ပါတော့တယ်။ ဒီအခါမှာ ခူရှီလေးအတွက် ထည့်သွင်းစဉ်းစားလာရပါတော့တယ်။ခူရှီလေးကို အာနူရန်ရဲ့ဇနီးသည်ဖြစ်သူရဲ့သူငယ်ချင်းဖြစ်သူ စမီသာဟာ မွေးစားခွင့်တောင်းခံခဲ့ပေမဲ့ စည်းမျဉ်းဥပဒေတွေအရ မွေးစားမဲ့သူဟာ အိမ်ထောင်သည်ဖြစ်မှ မွေးစားလို့ရမယ်ဆိုတဲ့အတွက် အခက်ကြုံရပါတော့တယ်။စမီသာဟာလည်း စေ့စပ်ထားပေမဲ့ လက်မထပ်ရသေးတဲ့အတွက်ခူရှီလေးကို မွေးစားဖို့အတွက် စမီသာနဲ့အတူ ဗစ်ကရမ်ပါ ၆လကြာအောင် ကလေးကို ပျိုးထောင်ပေးတဲ့အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက်ချပေးဖို့ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ ပါတီဘွိုင်းလေး ဗစ်ကရမ်နဲ့ စေ့စပ်ထားပြီးသား စမီသာတို့နှစ်ယောက် ခူရှီလေးကို ဘယ်လိုပုံစံနဲ့ တစ်အိမ်တည်းအတူနေပြီး ပျိုးထောင်သွားကြမလဲ ...
movie

Manamey (2024)

Vallavan Vaguthathad (2024)
Vallavan Vaguthathad (2024) Vallavan Vaguthadhada (2024) "လောဘသားတို့သွားရာလမ်း"Crime dramaကိုမှ ဆန်းသစ်တဲ့ဇာတ်ကွက် ဇာတ်ကောင်နာမည်ကအစ အသေးစိတ်ပုံဖော်ထားတဲ့ ဇာတ်လမ်းမျိုးကိုကြိုက်သူတွေအတွက် တမီလ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ ဥစ္စာရမ္မက် ငမ်းငမ်းတက်နေတဲ့ လူသဘာဝတစ်စိတ်တစ်ပိုင်းနဲ့ တောင်တစ်လုံးထက် နောက်တောင်တစ်လုံးကမြင့်တဲ့ဒုစရိုက်လောကမှာ ဘယ်လိုတွေကြုံရမလဲဆိုတာ ရှုစားရမှာပါ။ဒီဇာတ်လမ်းလေးထဲမှာတော့ အဓိက ဇာတ်လိုက်တဖြစ်လည်း ဗီလိန်ဒုစရိုက်သား ၅ ယောက်ကိုမြင်ရမှာပါ။ နာမည်ကသာ နီသီ(တရားမျှတမှု) တရားမျှတမှုကလွဲရင် မကောင်းတာမှန်သမျှတစ်ခုမှမချန်တဲ့ အင်စပက်တာကြီးရယ်၊ လူကသာချမ်းသာပေမဲ့ စိတ်ဓာတ်ဆင်းရဲတဲ့ အကြွေးမဆပ်နိုင်သူတွေကို ကိုယ်တွင်းအင်္ဂါတွေယူတဲ့ ငွေတိုးချေးစားတဲ့ကူဘာရန်၊ ရုပ်လှလှကိုဗန်းပြပြီး လူတကာကိုလိမ်စားနေတဲ့ မိန်းမမာယာသဲကိုးဖြာနဲ့ အာဂလ်ယာ၊ နောက်ဆုံးအနေနဲ့ သူခိုးနှစ်ယောက်ဖြစ်တဲ့ ချာကရာဗာသီနဲ့ ချီရန်ဂျီ‌ဗီဒီလူ ၅ ယောက်ကို ဇာတ်ကွက်တစ်ခုတည်းမှာ ဆုံဆည်းစေမယ့် ဇာတ်ဆရာရဲ့လှည့်ကွက်က ဘာဖြစ်မလဲ။ သူတစ်ပါးဥစ္စာကိုမှ ငမ်းငမ်းတက်တဲ့ ဒီလူ ၅ ယောက်အတွက် ကံကြမ္မာဇာတ်ဆရာက ဘယ်လိုပြစ်ဒဏ်ချမှတ်သွားမလဲဆိုတာ...(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ ToMo ~ V ~ Alexတို့ပဲဖြစ်ပါတယ်) File size… 1.47GB / 672MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 44m Subtitle….Myanmar ...
movie

Vallavan Vaguthathad (2024)

2024