Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vijaya Lakshmi
7.4
Janaka Aithe Ganaka (2024)
.Janaka Aithe Ganaka 2024 (ဖခင်တစ်ယောက် ဖြစ်လာပြီဆိုရင်)ပရာဆပ်ဆိုတဲ့ကောင်လေးဟာ ငယ်စဉ်က ဖခင်ဖြစ်သူကို မြေနေရာကောင်းတစ်ခုဖြစ်လာနိုင်မယ့်နေရာကောင်းတစ်ခုကို ဝယ်ခိုင်းခဲ့ပေမယ့် သူ့အဖေက လက်မခံပဲ တခြားနေရာမှာ မြေကို ဝယ်ခဲ့လိုက်ပါတော့တယ်။ဖြစ်ချင်တော့ ဖခင်ဖြစ်သူဝယ်ခဲ့တဲ့မြေနေရာဟာ ရေကန်ကြီးဖြစ်လာခဲ့ပြီးတော့ သူဝယ်ခိုင်းလိုက်တဲ့နေရာကတော့ အရမ်းကို ဖွံ့ဖြိုးတိုးတက်ပြီးတော့ ကွန်ဒိုတွေအများကြီးနဲ့ ဖြစ်နေပါတော့တယ်။ ဖခင်ဖြစ်သူဟာလည်း သူ့သားစကားဆို ဘယ်တော့မှ လက်မခံသလို သားဖြစ်သူဟာလည်း ဒီအချက်ကိုပဲ နင်းပြီးပြောလေ့ရှိပါတယ်။ဒီလိုနဲ့ အသက်တွေကြီးလာပြီးတော့ အိမ်ထောင်ရက်သားကျပြီးတဲ့နောက်မှာတော့ ငွေကြေးမပြည့်စုံတဲ့အတွက် ပရာဆပ်ဟာ ကလေးယူဖို့အတွက်ကို ဝန်လေးလို့နေခဲ့ပါတော့တယ်။ဒါပေမဲ့လည်း အလုပ်ကို ကြိုးစားလုပ်ရင်း Magic Wash ဆိုတဲ့ အဝတ်လျှော်စက်ကုမ္ပဏီတစ်ခုမှာ အလုပ်ရခဲ့ပါတယ်။ အဲဒီအချိန်ကျတော့မှ သူ့မိန်းမသွားချင်တဲ့ အူတီဆိုတဲ့နေရာကို လိုက်ပို့ပေးဖို့ စိတ်ကူးယဉ်အိပ်မက်တွေ မက်ရင်း ကလေးယူဖို့အတွက် စတင်ပြီးတော့ တွေးတောခဲ့ပါတော့တယ်။ပရာဆပ်တစ်ယောက် ဖခင်တစ်ယောက်ဖြစ်လာပြီး သူ့ဖခင်နဲ့မတူအောင် ကလေးကို ပျိုးထောင်ပေးနိုင်ပါ့မလား .......... မပြည့်စုံတဲ့ဘဝကနေ ဘယ်လိုတွေ ကြိုးစားရုန်းကန်ပြီးတော့ ဘဝကို နေထိုင်သွားမလဲ..... ဆိုတာကို ကြည့်ရှုရမယ့် ဒရာမာကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒါတင်မကပဲ ဟာသမင်းသားကြီး Vennela Kishoreလည်း ပါတာဖြစ်လို့ ဒရာမာဇာတ်ကားကို ဟာသလေးတွေနှောပြီးတော့ အခွီလေးတွေနဲ့ ကြည့်ရှုရမယ့် ဒရာမာကားလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM ...
movie
Janaka Aithe Ganaka (2024)
6.5
Dopamine @ 2.22 (2024)
Dopamine at 2:22 (2023) " ဒိုပါမင်း (၂:၂၂)" IMDb - 7.1/10ဒီရုပ်ရှင်မှာ မတူညီတဲ့လူနေမှုဘ၀တွေနဲ့ လူခြောက်ယောက်ရဲ့ဘ၀တွေကို အလှည့်ကျရိုက်ကူးတင်ဆက်ထားတာ မြင်တွေ့ရမှာပါ။ ကျွန်တော်တို့ကမ္ဘာကြီးက သဘာ၀တရားကြီးနဲ့အတူ ယဉ်ကျေးမှုတွေဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ ဖွံ့ဖြိုးလာတာနဲ့အမျှ မော်ဒန်ကမ္ဘာကြီးရယ်လို့ဖြစ်လာခဲ့တယ်။ မော်ဒန်ကမ္ဘာကြီးမှာ ဘာဖြစ်လာလဲဆိုတော့ ဆိုရှယ်မီဒီယာရဲ့လွှမ်းမိုးမှုကို ခံရမှန်းမသိခံရင်း နစ်မြုပ်တိုးဝင်နေကြလေရဲ့။ရုပ်ရှင်နာမည်မှာပါတဲ့ ဒိုပါမင်းဆိုတာဘာလဲ။ဒိုပါမင်းဆိုတာ ကျွန်တော်တို့ဦးနှောက်တွေထဲမှာ လျှို့ဝှက်ထားတဲ့အရာတစ်ခုပေါ့။ ကိုယ်တိုင်စူးစိုက်အာရုံနှစ်မြုပ်ပြီး လုပ်နေတဲ့အရာတစ်ခု အောင်မြင်သွားပြီး အသိအမှတ်ပြုခံရတဲ့အခါတွေမှာဦးနှောက်ကနေ ဆုလာဘ်အနေနဲ့ထုတ်ပေးလိုက်တဲ့အရာလို့ပဲ ဆိုကြပါစို့။ဒီတော့ အဲဒီအလုပ်ကိုထပ်ခါထပ်ခါနဲ့ လုပ်ချင်နေတဲ့စိတ် အောင်မြင်ချင်နေတဲ့စိတ် ဖြစ်ပေါ်စေတဲ့အရာ။အဲဒီအရာက ဒိုပါမင်းပေါ့။ ဒီရုပ်ရှင်မှာတော့ အဲဒီဒိုပါမင်းက နှစ်နာရီနှစ်ဆယ့်နှစ်မိနစ်အတိမှာ လူသတ်မှုဖြစ်ပေါ်စေမဲ့အရာဖြစ်လို့နေပါတော့တယ်။ မတူညီတဲ့ဇာတ်ကောင်တွေကို ချိတ်ဆက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်အလှည့်အပြောင်းတွေကိုကြည့်ရှုရမှာမို့ အားပေးကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 1.5 GB / 728 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Dopamine @ 2.22 (2024)
8
Veppam Kulir Mazhai (2024)
Veppam Kulir Mazhai (2024) "ရေကြည်တစ်ပေါက်"ပတ်ဝန်းကျင်မှာ မြင်ဖူးနေကျဇာတ်လမ်းကို ခပ်ဆန်းဆန်းပုံဖော်ထားတဲ့ တမီလ်ရုပ်ရှင်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။လိုတာမရ ရတာမလိုဆိုတာလိုပဲ လိုချင်သူတွေကျ နည်းအမျိုးမျိုး ဆေးအဖုံဖုံနဲ့ ကြံဆပေမဲ့ ဘယ်လိုမှမရကြသလို မလိုချင်သူတွေကျပြန်တော့ တားနေတဲ့ကြားက တဖွတ်ဖွတ်ထွက်လာတတ်ကြတာကတော့ ရတနာလို့တင်စားကြတဲ့ သားသမီးရင်သွေးတွေပေါ့။ ဒီဇာတ်လမ်းမှာလည်း အိမ်ထောင်ရက်သားကျလို့ အချိန်တစ်ခုကြာတဲ့အထိ သားသမီးမရတဲ့ လင်မယားစုံတွဲကိုတွေ့ရမှာပါ။သူတို့လင်မယားက သားသမီးမရတာကို ဘယ်လိုမှမနေပေမဲ့ ပတ်ဝန်းကျင်ရဲ့ သွားပုတ်လေလွင့်ပြောတဲ့ဒဏ်၊ ယောက္ခမဖြစ်သူရဲ့ ပူညံပူညံစကားသံကို နားမခံနိုင်တော့တဲ့ ချွေးမဖြစ်သူရဲ့ ပူပင်သောကဒဏ်တွေနဲ့ လင်မယားနှစ်ယောက် သားသမီးရဖို့အရေး အကြိတ်အနယ် ကြိုးစားကြပုံကို ဇာတ်လမ်း ဇာတ်အိမ် ခပ်ဆန်းဆန်းနဲ့တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.9GB / 896MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Veppam Kulir Mazhai (2024)
2024