Channel Myanmar

Vijay Varadharaj

Emakku Thozhil Romance (2024) 6
Emakku Thozhil Romance (2024) Emakku Thozhil Romance (2024)"ချစ်လိပ်ပြာ" ====================================Por Thorzhil တို့ Blue Star တို့လို ရုပ်ရှင်ကောင်းတွေရိုက်ကူးခဲ့တဲ့ မင်းသား အာရွှတ်ခ်ဆယ်လ်ဗန်ရဲ့ တမီလ်စကားပြော ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ထဲမှာ ဘရတ်ပစ်နဲ့ အိန်ဂျလီနာဂျိုလီတို့လည်း cameo ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့.. အူမာဆိုတဲ့ လက်ထောက်ဒါရိုက်တာလေးဟာ တမီလ်ရုပ်ရှင်လောကမှာ နာမည်ရစပြုနေတဲ့ ဒါရိုက်တာအလောင်းလျာတစ်ယောက်ပါ။သူကူညီရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားတချို့ဆိုရင် ပရိသတ်တွေက ခုံတွေရိုက်ချိုးပစ်ပေါက်ကြတဲ့ထိ အားပေးကြပါတယ်။ အဲဒီလို အောင်မြင်မှုတွေရနေတဲ့ အူမာဟာ ကိုယ်တိုင်ဒါရိုက်တာဖြစ်မှ မိန်းမယူမယ်လို့လည်း သံဒိဌာန်ချထားပါသေးတယ်။ဒါပေမဲ့ လီယိုဆိုတဲ့ မိန်းမလှလေးတစ်ယောက် အူမာ့ဘဝထဲဝင်လာတဲ့အချိန်မှာတော့ အဲဒီသံဒိဌာန်တွေ ပျောက်ဆုံးပြီး အဖြစ်အပျက်မျိုးစုံ ကြုံတွေ့ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.3 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Emakku Thozhil Romance (2024)

Love Today (2022) 8.1
Love Today (2022) Love Today (2022) IMDb - 8.1/10၂၀၂၂ မှာထွက်ရှိထားပြီး rating ရှယ်ရထားတဲ့အပြင် ရုံ၀င်ငွေမှာရှယ်မြတ်ထားတဲ့ တမီးလ်ရုပ်ရှင်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ လူကြိုက်များတဲ့အပြင် မစိမ်းတဲ့တမီးလ်နာမည်ကြီးသရုပ်ဆောင်တွေပါပြီး ယူတတ်ရင် ပညာလည်းရမယ့် ရုပ်ရှင်တစ်ကားပေါ့...ဇာတ်လမ်းအကျဉ်း ချစ်သူနှစ်ယောက်ဟာ အချင်းချင်းချစ်တယ်လို့ပြောကြတယ်၊ သက်တမ်းကြာလာရင်ကိုယ့်အကြောင်း သူ့အကြောင်းထဲထဲ၀င်၀င်သိကြတယ်၊ ဘာလျှို့ဝှက်ချက်မရှိဘူး အချင်းချင်းယုံကြည်ပါတယ်လို့ပြောကြတယ်...ဒါပေမယ့်အဲ့ဒါကစကားအရပဲလား၊ အဲ့ဒါကိုတကယ်သက်သေပြရဲကြရဲ့လား... ဒါဆိုရင်ကိုယ့်ရဲ့ ကိုယ်ပိုင်ဖုန်းကို ကိုယ်ချစ်ရတဲ့သူ၊ ယုံကြည်ရပါတယ်ဆိုတဲ့ သူကိုပေးသုံးရဲလား၊ password နံပါတ်တွေပေးရဲလားပေါ့... ဒီဇာတ်ကားမှာတော့ ချစ်သူနှစ်ဦးဟာ အချင်းချင်းချစ်ကြတယ် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိတယ်ဆိုတာကို သက်သေပြဖို့ တစ်ယောက်နဲ့တစ်‌ယောက် ဖုန်းချင်းလဲသုံးခိုင်းပါတော့တယ်။အဲ့မှာဇာတ်လမ်းစတော့တာပါပဲ...ဒီတော့ အချင်းချင်းယုံကြည်ပါတယ်ဆိုတဲ့ ချစ်သူနှစ်ဦးက ဖုန်းကိုအသာတကြည်လဲသုံးနိုင်ကြရဲ့လား၊ ဖုန်းpassword မဖွင့်မနိုင်အောင် ဘယ်လိုကြံစည်ကြမလဲ၊ ဘာလျှို့ဝှက်ချက်တွေများ ရှာတွေ့သွားကြမလဲ၊ အချင်းချင်းလက်ခံနိုင်ပါဦးမလားဆိုတာ... ကိုယ့်မှာလည်းချစ်ရတဲ့သူရှိရင် ဖုန်းလဲသုံးခိုင်းပြီး အချစ်စမ်းကြည့်လို့ရတာပေါ့... File size…2.3GB/ 1.1GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~Nyein
movie

Love Today (2022)

2023