Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vatsal Sheth
5.7
Heroes (2008)
Heroes (2008) သူရဲကောင်းများဒီတစ်ခါတင်ဆက်ပေးမှာကတော့ မင်းသားကြီးဆယ်လ်မန်ခန်းကိုယ်တိုင် ဒါရိုက်တာအဖြစ်ရောမင်းသားအနေနဲ့ပါ ရိုက်ကူးသရုပ်ဆောင်ထားတဲ့ heroes ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်ဗျ..နိုင်ငံသားတွေဆီက အမြင်ကောင်းတွေရရှိခဲ့တဲ့ဇာတ်ကားတစ်ခုဖြစ်သလို ဒီဇာတ်ကားနဲ့ပဲ ဇာတ်ညွှန်းဆရာ Aseen Arora က Flimfare Awards ဆုပေးပွဲမှာ အကောင်းဆုံးဇာတ်လမ်းဆုအတွက် ၊ အယ်လီအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Vastal Sheth က Stardust Awards ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် လျာထားစရာရင်းဝင်ခဲ့ပါသေးတယ်ဇာတ်လမ်းအကျဉ်းကတော့ရုပ်ရှင်တက္ကသိုလ်ကျောင်းသားများဖြစ်ကြတဲ့ အယ်လီနဲ့ဆမ်မီတို့ဟာ ပေါက်ကရတလွဲတွေလုပ်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။ ဒီလိုနဲ့ သူတို့တွေဘွဲ့ယူဖို့အတွက် ရုပ်ရှင်တစ်ကားကိုရိုက်ကူးဖို့လိုအပ်လာကြတဲ့အခါမှာတော့ "အိန္ဒိယတပ်မတော်သို့ မဝင်သင့်တဲ့အကြောင်းအရင်းများ"ဆိုတဲ့ ခေါင်းစဉ်နဲ့ Documentary တစ်ခုရိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။အဲဒီနောက်မှာတော့ သူတို့ဟာ သတင်းအချက်အလက်တွေစုဆောင်းဖို့အတွက် စစ်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဲဘော်မိသားစုတွေကို စာပို့ရမယ့်တာဝန်ကိုယူပြီး ဆိုင်ကယ်နဲ့ခရီးထွက်ခဲ့ကြပါတယ်။ပျော်ပျော်နေသေခဲ မော်တော်နေရေထဲ အိမ်မှာနေ အမေဆဲမယ့် အယ်လီနဲ့ဆမ်မီတို့ ဒီခရီးတလျှောက် ဘာတန်ဖိုးရှိတဲ့သတင်းအချက်အလက်တွေကိုစုဆောင်းနိုင်ခဲ့မလဲ?အိန္ဒိယတပ်မတော်ကိုမဝင်ရမယ့်အကြောင်းပြချက်တွေရော ဒီခရီးစဉ်အပြီးမှာ ပိုမိုခိုင်လုံလာနိုင်မလား? စစ်ပွဲအတွင်း ကျဆုံးစစ်သည်တို့ရဲ့မိသားစုတွေဘက်ကရော ဘာတွေဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ ဇာတ်ကားတလျှောက် ကြည့်ရှုခံစားပေးကြပါဦးဗျ။(ဇာတ်ကားနဲ့အညွှန်းကတော့ CM Bollywood Team မှ ရေးသားထားတာဖြစ်ပါတယ်) File size…2.89 GB / 1.45 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 19min Subtitle….Myanmar ...
movie
Heroes (2008)
Adipurush (2023)
Adipurush (2023) ============ ဝေဖန်သံတွေညံခဲ့ပြီး 2023ရဲ့ ဒုတိယ၀င်ငွေအများဆုံးရုပ်ရှင်အဖြစ် ရပ်တည်နေတဲ့ ရာမာယဏရုပ်ရှင်ဇာတ်ကားကြည်တောက်ရှင်းထွက်လာပါပြီ။အရင်ဦးဆုံးတောင်းပန်လိုတာက နာမည်နဲ့အသုံးအနှုန်းတွေပါပဲ။ကျွန်တော်တို့မြန်မာတွေနားနဲ့မစိမ်းတဲ့ ရာမ၊လက္ခဏ၊သီတာ၊ရာ၀ဏ ဒီလိုနာမည်တွေပဲခေါ်ဝေါ်သုံးစွဲထားလို့ပါ။ ကျွန်တော်တို့ဘာသာပြန်အဖွဲ့သုံးနှုန်းခဲ့တဲ့ နာမည်တွေ နာမ်စားတွေကြောင့် ဘာသာဝင်တဦးတယောက်ချင်းစီကို စော်ကားမိသလိုဖြစ်သွားရင် ကျွန်တော်တို့အဖွဲ့ကနေ အနူးအညွတ်တောင်းပန်ပါကြောင်း ဦးစွာပြောကြားပါရစေ။ဒဿဂီရိဟာ အချစ်ရှုံးတာမဟုတ်ပါဘူး။အငြိုး အာဃာတတွေနဲ့ အချစ်ရူးခဲ့လို့ ကိုယ့်ပြည်ကိုယ်ပြန်ဖျက်မိတဲ့မင်းတစ်ပါးဖြစ်ခဲ့တာပါ။ အရင်အတိတ်ကံကြောင့် ကျိန်စာမိထားပြီး အမျိုးသမီးတစ်ဦးကို အလိုမတူပဲထိကပါးရိကပါးမလုပ်ရဲတာကြောင့် သီတာအပေါ်မှာ ဘာမှကိုယ်ထိလက်ရောက်မကျူးလွန်ရဲခဲ့တဲ့သူတစ်ဦးသပ်သပ်ပါပဲ။ဇာတ်လမ်းကတော့ အားလုံးသိပြီးသား ရာမမင်းက သီတာဒေဝီကို လင်္ကာပြည်ကနေ ကယ်တင်တဲ့အကြောင်းဖြစ်ပေမဲ့ ဇာတ်လမ်းကို ချဉ်းကပ်တဲ့ပုံစံက အရင်ကရှိခဲ့ဖူးပြီးသား adaptation တွေနဲ့ ပုံစံကွဲထွက်နေပါတယ်။ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်သရုပ်ဆောင် ပရာဘာ့စ်ဟာ ရာမဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ ဝေဖန်ခံခဲ့ရပေမယ့် သီတာဒေဝီနေရာမှာသရုပ်ဆောင်တဲ့ ကရီသီးဆန်နွန်ကတော့ မင်းသမီးနေရာကနေ ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံစွာ ကျက်သရေရှိလှပနေပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ထင်သလောက်မအောင်မြင်ခဲ့ပေမဲ့ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ဂန္တဝင်လင်္ကာရှည်ကြီးကို တမူဆန်းသစ်ရိုက်ကူးထားတာမလို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ဝေဖန်ဖို့ပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ (အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollowood Team မှဖြစ်ပါတယ်) File size…2.73GB / 1.33GB Quality…1080p NF WEB DL / 720p ...
movie
Adipurush (2023)
2023
4.6
Taarzan: The Wonder Car (2004)
Taarzan: The Wonder Car (2004)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားကြီးအဂျေးပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးပဲဖြစ်ပါတယ်ရိုးသားကြိုးစားတဲ့ ကားဒီဇိုင်နာလေး ဒေဗင်ကို ေမာ်တော်ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုက မကောင်းကြံပြီး သတ်ပစ်လိုက်ကြတယ်အထက်အရာရှိတွေနဲ့ ညှိစားပေါင်းစား ပြီး ဒီအမှုဟာ မတော်တဆမှုအဖြစ် တစ်ခန်းရပ်သွားခဲ့တယ်...12နှစ်ကြာပြီးတဲ့နောက် ဒီလုပ်ငန်းက ပါတနာတွေ တစ်ယောက်ပြီး တစ်ယောက်အသတ်ခံရလာခဲ့ပါတော့တယ်...မျက် မြင်သက်တွေရဲ့ပြောပြချက်အရ သူတို့ကိုကားတစ်စီးက လိုက်သတ်နေပြီး မောင်းနေတဲ့သူကို သဲသဲကွဲကွဲမမြင်ရပါဘူးတဲ့...ဒါဆို ယာဥ်မောင်းမပါတဲ့ ကားတစ်စီးက လူလိုက်သတ်နေတာလား...ဒီအမှုဟာ ထင်သလို မရိုးရှင်းလာတဲ့အခါ ဘယ်လိုအဖြေရှာဖေါ်ထုတ်ကြမလဲ....တကယ့်အဖြစ်မှန်နဲ့ လှည့်ကွက်လေးတွေက ဘယ်လိုဖြစ်နေမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားပေးပါ... File size…2.89GB / 1.37GB Quality…1080p WEB DL AAC2.0CH / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by T.A.Y.L.O.R
movie
Taarzan: The Wonder Car (2004)
2004