Channel Myanmar

Vanessa Scalera

Dall’alto di una fredda torre (2024) 5.8
Dall’alto di una fredda torre (2024)  Dall'alto di una fredda torre (2024)IMDb Rating (5.8) အမွှာနှစ်ယောက်ဖြစ်တဲ့ အယ်လီနာနဲ့ အန်တိုနီယိုတို့ဟာ တစ်နေ့မှာ သူတို့ရဲ့အသက်ကြီးနေပြီဖြစ်တဲ့ မိဘနှစ်ပါးမှာ ရှားပါးရောဂါတစ်ခုကို ခံစားနေရပြီးတော့ရိုးတွင်းခြင်ဆီအစားထိုးကုသမခံရင် အသက်မရှင်နိုင်ကြောင်း သိလိုက်ရပါတယ်...ဒါ့အပြင် ရောဂါအခြေအနေကြောင့် တခြားအလှူရှင်တွေရှာဖို့အချိန်လည်း မရှိတော့တာကြောင့် လက်ရှိလှူဒါန်းဖို့ အသင့်တော်ဆုံးမှာ သားသမီးအရင်းတွေဖြစ်ကြတဲ့ သူတို့ပဲရှိပါတော့တယ်... ဒါကြောင့် မိဘတွေကို ရိုးတွင်းခြင်ဆီလှူဒါန်းပေးဖို ဆုံးဖြတ်ခဲ့လိုက်ကြပေမယ့်လည်း ဆေးစစ်မှုတွေ ပြုလုပ်အပြီးမှာ ထင်သလိုဖြစ်မလာခဲ့ဘဲ မိဘနှစ်ပါးမှာ တစ်ယောက်ကိုပဲကယ်ဖို့ ဆုံးဖြတ်ရမယ့်အခြေအနေဖြစ်လာပါတယ်...ဒီတော့ အကျဥ်းအကျပ်ထဲရောက်သွားတဲ့အချိန်မှာ သူတိုမောင်နှမနှစ်ယောက် ဘယ်လိုမျိုးအ‌ဖြေရှာကြမလဲဆိုတာကို ဇာတ်ရှိန်အနိမ့်အမြင့်၊ အတက်အကျများစွာကိုဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာဖြစ်ပြီး ဇာတ်ကားပြီးသွားတဲ့အခါ ကိုယ်သာ သူတို့နေရာမှာဖြစ်နေခဲ့လို့ရှိရင်ဆိုတဲ့ အတွေးမျိုးတွေလည်း ဝင်လာမိမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Spalko ဖြစ်ပါတယ်။)File size…(1.1 GB) / (560 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:27:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated ...
movie

Dall’alto di una fredda torre (2024)

2024
Diabolik (2021) 5.9
Diabolik (2021) Diabolik (2021)၁၉၆၂ ခုနှစ်မှာ အီတလီအပြင် ဥရောပ တခွင် ထိတ်ထိတ်ကြဲ အောင်မြင်ခဲ့တဲ့ ရုပ်ပြတစ်ခုရှိပါတယ်။ ဒီယာဘောလစ်ပါ။ဒီယာဘောလစ်ရဲ့ ပထမဆုံး Live Action ကိုတော့ ၁၉၆၈ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး အာရှတိုင်းပြည်တွေအထိပါ ပေါက်ရောက်ခဲ့ပါတယ်။လူဆိုးတကာ့ လူဆိုးထဲမှာ ဉာဏ်ရည်ထက်မြက်တဲ့ လူဆိုးက ကြောက်ဖို့အကောင်းဆုံးပါပဲ။ ဒီယာဘောလစ်ဟာ အဲဒီလိုဖောက်ထွင်းဝိဇ္ဇာမျိုးပါ။အခုဇာတ်လမ်းကတော့ ၁၉၆၀ ဝန်းကျင် အီတလီနိုင်ငံကို ဇာတ်အိမ်တည်ထားပြီး အဲဒီခေတ်ကာလမှာ ကလာဗေးလ်မြို့ကရဲတွေ ခေါင်းခဲနေရတဲ့ကိစ္စတစ်ခုရှိပါတယ်။ ရဲတွေကို အမြဲနောက်ကောက်ချနိုင်တဲ့ သူမတူအောင် တော်လွန်းတဲ့ ဖောက်ထွင်းဝိဇ္ဇာ ဒီယာဘောလစ်ပေါ့။သူ့ရဲ့ မျက်နှာအမှန်ကို မြင်ဖူးတဲ့သူမရှိတဲ့အပြင် ဒီယာဘောလစ်ဟာ တကယ်တော့ သာမန်လူမဟုတ်ဘဲ မိစ္ဆာတစ်ကောင်လို့ လူတွေကပါ ပြောကြတဲ့အထိ သူ့ရဲ့ ရာဇဝင်ဟာ လျှို့ဝှက်နေပါတယ်။အေဗာကန့်ဟာ သေဆုံးသွားပြီဖြစ်တဲ့ တောင်အာဖရိက စီးပွားရေးသမားကြီးတစ်ဦးရဲ့ ဇနီးပါ။ သူဟာ အဖိုးတန် ပန်းရောင်စိန်နဲ့အတူ ကလာဗေးလ်ကို ပြန်လာခဲ့ပြီး အဲဒီစိန်ကြောင့်ပဲ အဖိုးတန်တာမြင်ရင် ...
movie

Diabolik (2021)

2021