Channel Myanmar

Vamsi Krishna

Maan Karate (2014) 5.2
Maan Karate (2014) Maan Karate (2014) "ကံစေရာ" IMDb - 5.2/10တမီးလ်မင်းသမီးချော ဟန်ဆီကာ၊ တမီးလ်အဆိုတော်သရုပ်ဆောင် မင်းသားဆီဗာကာသီယန်နဲ့ ဟာသသရုပ်ဆောင်ယိုဂီဘာဘူတို့ရဲ့ ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။သူငယ်ချင်းငါးယောက် တောထဲကို အပျော်ခရီးထွက်ရင်း သူတော်စင်ကြီးတစ်ဦးနဲ့တွေ့ပါတယ်။ ဝန်ထမ်းတွေဖြစ်တာမို့ ငွေရေးကြေးရေးကြပ်တည်းတဲ့အတွက် သန်းကြွယ်သူဌေးကြီးတွေဖြစ်အောင် လုပ်ပေးဖို့တောင်းဆိုကြပါတယ်။သူတော်စင်ကြီးက ဆုတစ်ခုကိုပဲ ဖြည့်ပေးမယ်ဆိုတော့ မယုံတဲ့ကောင်က အနာဂတ်ကာလ သတင်းစာတိုက်ပိတ်တဲ့နေ့က သတင်းစာတစ်စောင်ကိုတောင်းဆိုလိုက်တယ်။ သတင်းစာတကယ်ရလာပြီး အဲဒီသတင်းစာထဲကအတိုင်း အကုန်ဖြစ်ပျက်နေတဲ့အပြင် သူတို့ငါးယောက်နာမည်ပါ သတင်းထဲမှာပါလာတဲ့အခါမှာတော့...။ သတင်းစာကျေးဇူးနဲ့ သန်းကြွယ်သူဌေးကြီးတွေ ဖြစ်အောင်လုပ်နိုင်မလားဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAMဖြစ်ပါတယ်။) File size… 3.58 GB / 1.7 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM BOLLYWOOD TEAM
movie

Maan Karate (2014)

Nenu..Sailaja (2016) 6.9
Nenu..Sailaja (2016) Nenu Sailaja ( 2016 ) အချစ်ရှာသူဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၁၆ ခုနှစ်ထွက် IMDb 6.5/10 ရရှိထားတဲ့ အချစ်ဟာသကားလေးပါ..ဇာတ်လမ်းအကျဉ်းကတော့..ဟာရီလို့အမည်ရတဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ DJ တစ်ဦးဖြစ်ပြီး သူဟာ ငယ်စဉ်ကလေးဘဝ ကျောင်းစတက်တဲ့နေ့ကတည်းက တိတ်တခိုးချစ်မြတ်နိုးရတဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့ပါတယ်။ဒါပေမဲ့ ဖွင့်မပြောလိုက်ရခင်မှာပဲ သူတို့နောက်တစ်နေရာကိုပြောင်းရွှေ့ခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး သူဟာ နောက်ထပ်မိန်းကလေးတွေနဲ့ပတ်သက်ပြီး တူညီတဲ့အမှားမလုပ်ဖို့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချမှတ်ခဲ့ပါတော့တယ်။အဲဒါကြောင့် သူသဘောကျတဲ့မိန်းကလေးကိုတွေ့လိုက်တိုင်း သေချာပေါက်ဖွင့်ပြောတော့တာပဲ။ ကံမကောင်းစွာနဲ့ သူဖွင့်ပြောလိုက်တိုင်း အငြင်းချည်းခံရပါတော့တယ် ဆောရီး ဟာရီ ဆောရီး ဟာရီ ဆောရီး ဟာရီ ဒါဟာ မိန်းကလေးတိုင်းရဲ့သူ့အပေါ်တုံ့ပြန်စကားပါပဲ။ဒါကြောင့် သူ့ဘဝမှာ နောက်ထပ်အချစ်ဆိုတဲ့စကားလုံးမရှိတော့ဘူးလို့ ကြွေးကြော်လိုက်တဲ့အချိန်မှာပဲ နောက်ထပ်ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတော့တယ်။နာမည်မသိ လိပ်စာမသိတဲ့ကောင်မလေးကို အချစ်မရှိကြွေးကြော်ထားတဲ့ ကိုဟာရီတစ်ယောက်ထပ်ကြွေသွားဦးမလား.. ဘယ်လိုအလွဲတွေထပ်ကြုံရဦးမလဲဆိုတာကို ဟာသဆန်ဆန်ပေါ့ပေါ့ပါးပါးရိုက်ကူးထားတာဖြစ်လို့ ပျော်ရွှင်စွာကြည့်ရှုခံစားပေးပါဦးခင်ဗျာ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.2 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Nenu..Sailaja (2016)

Viswam (2024) 5
Viswam (2024) Viswam 2024ဒီတစ်ခေါက် 2024 ခုနှစ်ထွက် ဘောလိဝုဒ်ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ပါကစ္စတန်နဲ့ အိန္ဒိယတို့အကြား အကြမ်းဖက်မှုတွေကိုလုပ်ဆောင်နေတဲ့ လူတစ်စုက ကလေးငယ်လေးတစ်ယောက်ကို လိုက်လံရှင်းလင်း သတ်ဖြတ်ကြမယ့်စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအကျဉ်းအကြမ်းဖက်လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ ဂျာလာလူဒင်ကာရက်ရှီဆိုတဲ့လူက ဦးဆောင်ပြီး သူတို့လမ်းမှာ အဟန့်အတားဖြစ်လာမယ့် ဝန်ကြီးတစ်ဦးကို အဲဒီဝန်ကြီးရဲ့ညီဖြစ်သူနဲ့ပေါင်းသတ်လိုက်ပါတယ်။သူတို့အဲဒီလို ဒုစရိုက်မှုကျူးလွန်နေတာကို မတော်တဆ ကလေးမလေးတစ်ယောက်ကမြင်သွားခဲ့ပါတယ်။ဂျာလာလူဒင်တို့လည်း ဒီမျက်မြင်သက်သေကလေးမလေးကို သတ်ဖို့လုပ်ကြတော့တာပေါ့။ ထိတ်လန့်နေတဲ့ ဒီကလေးမလေးကို သူ့အဘိုးဖြစ်သူတို့က သက်သာရာသက်သာကြောင်း ဘုရားကျောင်းလိုက်ပို့တဲ့အချိန်မှာ သူ့ကိုသတ်ဖို့လိုက်လာတဲ့ လူမိုက်အုပ်စုနဲ့တွေ့ပါတော့တယ်။ဒီကလေးမလေးနဲ့ သူတို့မိသားစုကို ကယ်တယ်ပေးသွားမယ့် ကယ်တင်ရှင်က ဘယ်သူဖြစ်ပြီး ဘယ်လိုအကြောင်းအရာများနဲ့ပေါ်လာပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ။) File size… 3.5 GB / 1.8 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Viswam (2024)

Vasco Da Gama (2024) 7.8
Vasco Da Gama (2024) Vascodagama The Evolution 2024 (ဗာဆူရဲ့ဘဝခရီးလမ်း)မဟာဒေဗန်နဲ့ ဗာဆူဒေဗန်ဆိုတဲ့ အရမ်းကို ချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။မဟာဒေဗန်ဟာ ညီငယ်ဖြစ်သူ ဗာဆူဆိုးသမျှကို အစ်ကိုကြီးပီပီလိုက်ထိန်းပေးခဲ့ပြီး ဗာဆူပြဿနာရှာလို့ အချုပ်ကျတိုင်းလည်း အမြဲ မငြိုမငြင် အာမခံလိုက်ထုတ်ပေးလေ့ရှိပါတယ်။ဗာဆူဟာ အရမ်းကို ဗရုတ်ကျတဲ့အတွက် အိမ်နီးချင်းတွေဟာ သူခြေငြိမ်သွားအောင် မိန်းမပေးစားခိုင်းတဲ့အထိကို ဖြစ်လာပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ အစ်ကိုကြီးမဟာတစ်ယောက် လက်ကို ရှမိသွားတဲ့ဒဏ်ရာကို ကုသဖို့အတွက် ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့သွားတဲ့ဆေးရုံဟာ ရိုက်စားဆေးရုံဖြစ်နေပြီးတော့ မလိုအပ်တဲ့ဆေးကုသမှုတွေကြောင့် အစ်ကိုကြီးမဟာတစ်ယောက် အသက်ကိုပါ ပေးလိုက်ရပါတော့တယ်။အစ်ကိုကြီးကိုပဲ အမြဲဆိုးပြီးနေခဲ့တဲ့ ဗာဆူတစ်ယောက် အစ်ကိုကြီးဆုံးပါးသွားတဲ့နောက်မှာ ဘဝကို ဘယ်လိုတွေ ဖြတ်သန်းသွားမလဲ ........ သူ့ရဲ့ မဟုတ်မခံတတ်တဲ့စိတ်နဲ့ ဘဝကို တစ်ယောက်တည်း ဘယ်လိုတွေ ရင်ဆိုင်ဖြတ်ကျော်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် Comedy Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.3GB / 1.04GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 5m Subtitle….Myanmar ...
movie

Vasco Da Gama (2024)

Yenni Thuniga (2022) 7.5
Yenni Thuniga (2022) Yenni Thuniga (2022)ယခုမိတ်ဆက်ပေးမယ့် တမဲလ်ဇာတ်ကားလေးကတော့ ပုံမှန်စုံထောက်ကားတွေနဲ့ မတူဘဲ ရသတစ်မျိုးကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ ဇာတ်လမ်းစစချင်းမှာ ရိုးရှင်းမယ်လို့ ထင်ရပေမယ့် မထင်မှတ်ထားတဲ့ အရှုပ်အထွေးတွေနဲ့အတူ ကြည့်ရှုသူတိုင်းကို ရင်တထိတ်ထိတ်နဲ့ ခံစားရစေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းအစမှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် အမတ်လောင်းရဲ့ ရတနာဆိုင်ကို ဓားပြဝင်တိုက်ခံလိုက်ရပါတယ်။ ရွေးကောက်ပွဲနီးမှ သူ့ဒေသမှာ ရာဇဝတ်တွေဟာ မှိုလိုပေါက်လာတာမို့ အမတ်လောင်းလည်း ခေါင်းခြောက်ရတာပေါ့။ အဲ့ဒီထက်ပိုဆိုးတာက့ ရွေးကောက်ပွဲကာလမှာ အသုံးပြုမယ့် ရူပီး ကုဋေ ၂၀၀၀ အထိ တန်ဖိုးရှိတဲ့စိန် ၁၀ လုံးပါ အခိုးခံလိုက်ရတော့ အမတ်လောင်းတစ်ယောက် တစ်ပူပေါ် နှစ်ပူဆင့်ရပါတော့တယ်။ ကံကောင်းချင်တော့ ဓားပြအဖွဲ့က ပြန်ပေးဆွဲသွားတဲ့ မိန်းကလေးက အသက်မသေခဲ့ပြန်ဘူး။ ဒါပေမဲ့ ကိုမာဝင်သွားတော့ သတိပြန်ရဖို့အရေး နံပါတ်တစ်အနေနဲ့ လုပ်ရပြန်တယ်။ ဓားပြအဖွဲ့ကလည်း ပိရိလွန်းပြီး ခြေရာလက်ရာ မကျန်တာမို့ ဦးရဲကြီးတို့လည်း ခေါင်းရှုပ်ရတာပေါ့ဗျာ။ ကိုမာဝင်သွားတဲ့ မိန်းကလေးရဲ့ အစ်ကဖြစ်သူကတော့ ရေဆုံးမြေဆုံးလိုက်ပြီး ရှာဖွေတဲ့အခါမှာတော့...ဓားပြအဖွဲ့ကို မိသွားနိုင်မလား...?ဒါ့အပြင် ဓားပြအဖွဲကို ပြည်ပစိန်မှောင်ခိုဂိုဏ်းက ခိုင်းစေခဲ့ပေမယ့် အဲ့ဒီထက် ရှုပ်ထွေးတဲ့ မထင်မှတ်ထားတဲ့သူတစ်ယောက် ...
movie

Yenni Thuniga (2022)

2022
4K HEVC Web-DL
Thani Oruvan(2015) 8.6
Thani Oruvan(2015)  ဒီတစ်ခါတော့IDM8.6အထိရရှိထားတဲ့ဘောလိဝုဒ်ကားတစ်ကားနဲ့မိတ်ဆတ်ပေးချင်ပါတယ်။ဇာတ်ကားလေးက၂၀၁၅မှာထွက်ရှိထားတဲ့THANI ORUVAN ကားလေးပါ။ ဇာတ်ကားလေးကအက်ရှင်ကားတစ်ကားဖြစ်ပြီးရဲတစ်ယောက်ရဲ့လှုပ်ရှားပုံတွေကိုဖော်ညွန်းထားလို့လို့စုံထောက်ကားတွေကြိုက်တဲ့သူတွေအတွတ်ကြည့်သင့်တဲ့ကားလေးပါ။မီးလ်သရမ်ဆိုတဲ့IPS အရာရှိရဲတစ်ယောက်ဟာရာဇဝတ်မှုတွေကိုသူ့ရဲ့သူငယ်ချင်းရဲအရာရှိတွေနဲ့အတူတူလျို့ဝှက်ဖော်ထုတ်ပေးနေတာပါ။တစ်ရက်မှာအမှုတစ်ခုကိုလိုက်ရင်းနဲ့မထင်မှတ်ဘဲသူလျို့ဝှက်စုံစမ်းထားတဲ့ အမှုတွေနဲ့ဆက်စပ်တဲ့ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်းကိုသိရှိသွားပါတယ်။အဲ့ဂိုဏ်းကိုချူပ်ကိုင်နေတဲ့သူတွေဟာလည်းနှယ်နှယ်ရရလူတွေမဟုတ်ဘဲစီးပွားရေးလုပ်ငန်းရှင်တွေအစိုးရဌာနအကြီးအကဲတွေကိုယ်တိုင်ဖြစ်နေပါတယ်။ အဲ့ဂိုဏ်းရဲ့ခေါင်းဆောင်လို့ယူဆရတဲ့ဆီဒါက်ရှ်ဆိုတဲ့သိပွံပညာရှင်တစ်ယောက်ဟာဆေးဝါးတစ်ခုကိုဖော်ထုတ်နိုင်ခဲ့တဲ့သူ့လက်အောက်ငယ်သားကိုရှင်းပစ်ခဲ့ပြီးအဲ့ဆေးဝါးကိုလက်ဝါးကြီးအုပ်ဖို့ကြံစည်ခဲ့ပါတယ်။ဆီဒါက်ရှ်ဟာအဲ့ဆေးဝါးကိုခလေးငယ်တွေနဲ့စမ်းသပ်ခဲ့ပြီးခလေးငယ်တွေသေဆုံးမှုတွေလည်းဖြစ်လာပါတယ်။မီးလ်သရမ်ကလည်းနောက်ဆုံးသူလိုက်ခဲ့တဲ့အမှုနဲ့ဆက်စပ်ပြီးအဲ့ခလေးငယ်တွေသေဆုံးမှုရဲ့နောက်ကွယ်မှာရှိနေတဲ့ဆီဒါက်ရှ်ကိုဖမ်းဆီးဖို့ကြိုးစားလာပါတယ်။ဆီဒါက်ရှ်ရဲ့နောက်မှာလည်းဝန်ကြီးတွေပါတီခေါင်းဆောင်တွေရှိနေတဲ့အတွတ်သူ့အနေနဲ့ဘယ်လိုဖမ်းဆီးနိုင်မှာလဲ။ဒါမှမဟုတ်ဆီဒါက်ရှ်ကဘဲ မီးလ်သရမ်ဆိုတဲ့IPSအရာရှိကိုဒုက္ခရောက်အောင်ပေးနိုင်မလားဆိုတာဇာတ်လမ်းပြီးတဲ့အထိရင်ခုန်စွာစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက ကို Crystal Light ပါFile Size…(849MB) Quality…HD-Rip 720p Format…mp4 Duration…02:41:00 Subtitle…Myanmar Subtitle(Hardsub) Encoder...Phyo Pyae Translated by Crystal Light 
movie

Thani Oruvan(2015)

2015