Channel Myanmar

Vaiyapuri

Thug Life (2025) 5
Thug Life (2025) Thug Life (2025) "သေမင်းနဲ့စစ်ခင်းဝံ့သူ"official WEB DL အကြည်ဆုံးဗားရှင်းရရှိပါပြီနာမည်ကျော်တမီးလ်မင်းသားကြီး ကာမယ်ဟာဆန်ရဲ့ ရုံတင်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ဆက်သီဗယ်ဆိုတာ မမွေးခင်ကတည်းက သေမင်းနဲ့စစ်ခင်းလာခဲ့တဲ့သူ။ အရွယ်ရောက်လာကတည်းက သူ့ကိုယ်သူ မာဖီးယားတစ်ယောက်လို့သတ်မှတ်ပြီး သေမင်းနဲ့စစ်ခင်းရင်း ကြမ်းခဲ့ရမ်းခဲ့တာပေါ့။တစ်နေ့ ဂိုဏ်းအချင်းချင်းညှိနှိုင်းနေတုန်း ရဲတွေရောက်လာလို့ ထွက်ပြေးချိန်မှာ အာမာဆိုတဲ့ကလေးတစ်ယောက်ကို ခေါ်လာခဲ့တယ်။ ရဲတွေလက်ကလွတ်မြောက်သွားချိန်မှာတော့ အာမာ့ကို ခေါ်ထားပြီး အာမာအရွယ်ရောက်ချိန် နှစ်ယောက်သား လက်တွဲညီညီနဲ့ ပြိုင်ဖက်တွေကိုရှင်းရင်း တစ်စင်ထောင်ထားနိုင်ခဲ့တယ်။တစ်ရက် လူသတ်မှုတစ်ခုကြောင့် ဆက်သီဗယ် ထောင်ထဲရောက်သွားချိန် ကိစ္စတွေရှုပ်ထွေးကုန်ပြီး အာမာနဲ့ ဆက်သီဗယ်တို့ မပြေလည်ကြချိန်မှာတော့...။ ဂိုဏ်းအချင်းချင်းတိုက်ပွဲတွေ၊ မိသားစုကြားက မပြေလည်မှုတွေ ပြဿနာတွေ သံယောဇဉ်တွေကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့CM Bollywood Teamတို့ပဲဖြစ်ပါတယ်) File size… 2.7 GB /1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Thug Life (2025)

Kadaisi Thotta (2025) 6.8
Kadaisi Thotta (2025) Kadaisi Thotta (2025) နောက်ဆုံးကျည်ဆန်သည်းထိတ်ရင်ဖို ဒရမ်မာ ပရိသတ်တို့အတွက် မှုခင်းဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ရက်ရှန်က အခုမှအိမ်ထောင်ကျပြီးတဲ့ သတို့သားအသစ်လေးပေါ့။ သူ့မိန်းမနဲ့ ပျားရည်ဆမ်းခရီးထွက်မယ်ဆိုပြီး ကျေးလက်တောရွာ ရှုခင်းလေးတွေရှိမယ့် အပန်းဖြေစံအိမ်တစ်ခုကို စီစဉ်ထားပါတယ်။သူတို့ရောက်လို့မှ မကြာသေးပါဘူး ရက်ရှန်ဟာ ရှော့ခ်ရလောက်စရာ လူသတ်မှုမြင်ကွင်းကို တွေ့မြင်လိုက်ရပါတော့တယ်။ ကောင်မလေးတစ်ယောက်ကိုသတ်ပြီး အပန်းဖြေအိမ်ရာဝင်းထဲ စွန့်ပစ်ထားခဲ့တာပါ။အဲဒီလိုနဲ့ ရဲတွေရောက်လာပြီး အမှုကိုစုံစမ်းစစ်ဆေးပါတော့တယ်။ စုံစမ်းထောက်လှမ်းရင်း ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေပါ ပေါ်ပေါက်လာတဲ့အခါမှာတော့...............ရက်ရှန်ကရော ဒီအမှုနဲ့ဘယ်လိုပါဝင်ပတ်သတ်သွားရတာလဲ၊ လူသတ်မှုကရောဘာလဲ၊ အပန်းဖြေစံအိမ်နဲ့ အမှုအခင်းနဲ့ ဘာတွေ ဆက်စပ်နေမလဲဆိုတာ ခံစားကြည့်ရှု အဖြေထုတ်ကြည့်ကြရအောင်ပါ။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…1.5 GB/ 780 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 46min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kadaisi Thotta (2025)

Paraman (2024) 6.8
Paraman (2024) Paraman (2024) "လယ်သမားကြီး ပါရာမန်"တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့ရတဲ့ လယ်သမားဦးလေးကြီးတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ တမီးလ်ကျေးလက်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ပါရာမန်ဆိုတဲ့ လယ်သမားကြီးက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ နောက်ကျိုးဓားနဲ့ထိုးတဲ့လုပ်ရပ်ကြောင့် သူ့အမေအမွေပေးထားတဲ့လယ်မြေလေး မဆုံးရှုးရဖိုအရေး တရားရင်ဆိုင်နေရပါတယ်။တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို အစိုးရကဖောက်လုပ်မဲ့ လေးလမ်းသွားလမ်းမကြီးအတွက် လယ်တွေသိမ်းမယ်ဆိုတော့ သူ့လယ်လေးက ပါနေပြန်ရော။အမေဖြစ်သူ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး သူ့အတွက်ထားခဲ့တဲ့ လယ်မြေလေးကို အသက်နဲ့လဲပြီးကာကွယ်ဖိုဆုံးဖြတ်ထားတဲ့ လယ်သမားကြီးပါရာမန်တစ်ယောက်ရဲ့ လောကဓံရိုက်ချက်တွေကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size… 2.5 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Paraman (2024)

Gemini (2002) 6.2
Gemini (2002) Gemini (2002)"ဂျီမီနီ" =================၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Gemini ဆိုတဲ့ ဒီရုပ်ရှင်လေးဟာဆိုရင် မေလ ၂၁ ရက်နေ့နဲ့ နဲ့ ဇွန်လ ၂၁ ရက်နေ့ကြားမှာမွေးတဲ့ မေထုန်ရာသီဖွားတွေအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာ မဟုတ်ဘဲ ဂျီမီနီဆိုတဲ့နာမည်နဲ့လူဆိုးတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ဂျီမီနီဆိုတာကတော့ တမီလ်နာဒူးပြည်နယ်ထဲမှာရှိတဲ့ မြို့ငယ်လေးတစ်မြို့က လူမိုက်တစ်ယောက်ပါ။သူဟာ အစတုန်းက မြို့ခံဂိုဏ်းစတားကြီးတွေဆီမှာ အလုပ်လုပ်ခဲ့ပေမဲ့ သူအလုပ်လုပ်ပေးတဲ့ ဂိုဏ်းစတားတိုင်း အဖမ်းခံရ အရှော့ခံရဖြစ်ကုန်တဲ့အတွက် သူယုံကြည်ရတဲ့သူတွေကို စုပြီး ကိုယ်တိုင် ဂိုဏ်းစတားလုပ်ဖို့ ကြံစည်ပါတော့တယ်။သူဟာ ဂိုဏ်းစတားတစ်ယောက်အနေနဲ့ အထိုက်အလျောက်အောင်မြင်ခဲ့ပေမဲ့ သူဌေးတစ်ယောက်ရဲ့ သမီးအလှလေးကို မေတ္တာသက်ဝင် ချစ်ခင်စုံမက်မိသွားချိန်မှာတော့ ဂိုဏ်းစတားပေါက်စ ဂျီမီနီရဲ့ဘဝလမ်းကြောင်းတွေ ပြောင်းလဲခဲ့ရပုံကို ဒီ တမီလ်စကားပြော အက်ရှင်ဒရာမာရုပ်ရှင်လေးထဲမှာ မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 4.02 GB / 1.98 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Gemini (2002)

Pokkiri (2017) 7.6
Pokkiri (2017) Pokkiri 2007 (လူမိုက်လေးရဲ့ ချစ်ပုံပြင်) IMDb - 7.6/10ယခုတစ်ခါမှာတော့ ဗီဂျေးမင်းသားရဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒါ့အပြင် ဇာတ်လိုက်တွေထဲမှာလည်း နာမည်ကြီးတွေပါတဲ့အတွက် အဟောင်းထဲက အကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ချန်နိုင်းမြို့မှာ ဂိုဏ်းတွေကြီးစိုးနေပြီးတော့ အဲဒီထဲမှာမှ နာရာဆင်မဟန်နဲ့ အာလီဘိုင်တို့ရဲ့ ဂိုဏ်းကတော့ အမြဲတမ်း ရန်ပွဲတွေရှိပြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းနေပါတော့တယ်။ဒီအချိန်မှာ ချန်နိုင်းကို အရာရှိအသစ်ပြောင်းလာခဲ့ပြီးတော့ နာမည်ကတော့ မိုဟာမတ် မိုင်ဒီခန်းလို့ခေါ်ပါတယ်။သူဟာ ပြောင်းရွှေ့လာပြီးပြီးချင်းမှာ ပထမဆုံးယူရတဲ့ တာဝန်ကတော့ သောင်းကျန်းနေတဲ့ ဂိုဏ်းတွေကို ဖြိုခွင်းဖို့ပါပဲ။လုပ်ရပ်နဲ့သက်သေပြတယ်လို့ပဲ ပြောရမလား၊ တာဝန်ထမ်းဆောင်ချိန် ၄၈နာရီအတွင်းမှာပဲ လူမိုက် ၃၀၀ကျော်ကို ဖမ်းပြီးတော့ လူမိုက်၈ယောက်ကတော့ အသတ်ခံလိုက်ရပါတယ်။ဒီလိုအချိန်မှာပဲ ပိုက်ဆံအတွက်ဆိုရင် ဘာမဆိုလုပ်တဲ့ လူမိုက်လေးတစ်ယောက်လည်း ချန်နိုင်းမှာရှိနေပါတယ်။ သူဟာ ချစ်မိသွားပြီဆိုတဲ့ ဒုက္ခတွေ့ပြီမှတ်လို့ ယုံကြည်ထားခဲ့ပေမယ့် ရှရူသီလို့ခေါ်တဲ့ ကောင်မလေးကို မြင်မြင်ချင်းပဲ ချစ်မိသွားပါတော့တယ်။ဒါပေမဲ့လည်း လူမိုက်လေးချစ်မိသွားတဲ့ ကောင်မလေးဟာ အကြမ်းဖက်တဲ့ကိစ္စကို အရမ်းကို မုန်းတီးတဲ့သူဖြစ်နေပါတော့တယ်။ဒီလိုနဲ့ ပိုက်ဆံအတွက်ဆိုရင် ဘာမဆိုလုပ်တဲ့ လူမိုက်လေးနဲ့ အကြမ်းဖက်မှုတွေဆိုရင် မုန်းတီးတတ်တဲ့ ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းမှာ ဘယ်လို အတားအဆီးတွေကို ဖြတ်ကျော်ရမလဲ...... ချန်နိုင်းမှာ သောင်းကျန်းနေတဲ့ ဂိုဏ်းတွေနဲ့ရော လူမိုက်လေးနဲ့ ဘယ်လိုတွေ ဆက်စပ်ပြီးတော့ ...
movie

Pokkiri (2017)

Dasavatharam (2008) 7.3
Dasavatharam (2008) Dasavatharam (2008) "ဇီဝလက်နက်"IMDb 7.3နာမည်ကျော်မင်းသား ကာမယ်ဟာဆန် ပါဝင်ထားတဲ့ တမီးလ်ဇာတ်ကားအဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဒီရုပ်ရှင်ဟာ ဝေဖန်ရေးဆရာတွေချီးကျူးခဲ့တဲ့ သိပ္ပံရုပ်ရှင်ဖြစ်ပြီး တမီးလ်ရုပ်ရှင်ထဲမှာ ရုံဝင်ငွေရူပီး ၂၀၀ ကုဋေရရှိခဲ့တဲ့ ပထမဆုံးတမီးလ်ရုပ်ရှင်ဆိုလည်း မမှားပါဘူးဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဒေါက်တာဂိုဗင်က US မှာရှိတဲ့သုတေသနအဖွဲ့အစည်းလက်အောက်က ဇီဝသိပ္ပံပညာရှင်တစ်ယောက်တစ်နေ့ သူတို့ရဲ့စမ်းသပ်ခံမျောက်လေးက သူတို့စမ်းသပ်ထားတဲ့ ဆေးပုလင်းကို သောက်လိုက်မိပြီး အားလုံးရှေ့မှာတင် ရုပ်ပျက်ဆင်းပျက် သေဆုံးသွားရတယ်ဒီရလဒ်ကြောင့် သူ့အထက်လူက အကြမ်းဖက်တွေကို ဇီဝလက်နက်အဖြစ်ရောင်းချဖို့ ကြံရွယ်လာတဲ့အခါ ဒေါက်တာဂိုဗင်တစ်ယောက် မဖြစ်မနေတားဆီးဖို့ ဖြစ်လာပါတော့တယ်ဘယ်လိုစွန့်စားခန်းတွေနဲ့ ဘယ်လိုသီအိုရီတွေနဲ့ ရိုက်ကူးတင်ဆက်ထားလဲဆိုတာ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 4.8 GB / 2.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….3h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Dasavatharam (2008)

Local Sarakku (2024) 7.1
Local Sarakku (2024) Local Sarakku(2024) (ပြည်တွင်းဖြစ်အရက်)IMDb 7.4/10 နာမည်ကြီးဟာသသရုပ်ဆောင် ယိုဂီဘာဘူပါဝင်ထားတဲ့ တမီးလ်ဟာသဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဆာရာဗာနားဆိုတဲ့ လူတစ်ယောက်ဟာ နေ့နေ့ညည အရက်သောက်ရင်းနဲ့ပဲ အချိန်ကုန်လေ့ရှိတဲ့ အရက်ဂျိုးကြီးတစ်ယောက်...ညီမဖြစ်သူရဲ့ဝင်ငွေကိုပံ အားကိုးနေရတာကြောင့် အရက်ဖိုးလေးကိုက်အောင် ရရာအလုပ်ဝင်လုပ်ပေမယ့်လည်း အမျိုးမျိုးအဆင်မပြေ...တစ်ရက်မှာတော့ ဆာရာဗာနားတို့အိမ်နားကို မာဟက်ရှ်ဆိုတဲ့ မိန်းမချောလေးပြောင်းလာခဲ့တယ်... မာဟက်ရှ်က မထင်မရှားသရုပ်ဆောင်လေးတစ်ယောက်ဖြစ်ပေမယ့် ရတဲ့အလုပ်ကို ကျေနပ်စွာလုပ်ပြီး ကြိုးစားတဲ့သူ...ဆာရာဗာနားတစ်ယောက် မာဟက်ရှ်ကို မြင်မြင်ချင်းချစ်မိသွားတဲ့အခါ... အရက်ဂျိုးကြီးတစ်ယောက် ဘာတွေဆက်လုပ်မလဲ ကိုယ့်ကိုယ်ကိုပဲ ပြောင်းလဲတော့မလား ဘာတွေဆက်ဖြစ်မလဲဆိုတာ ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.37GB / 1.08GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Local Sarakku (2024)

2023
Velayudham (2011) 6.1
Velayudham (2011) Velayudham 2011 ( IMDb 6.1/10)ပရိတ်သတ်များအချစ်တော် စွယ်စုံရမင်းသားဗီဂျေးရဲ့ ရုံတင်ငွေအရလဲအောင်မြင်ခဲ့ပြီး ဇာတ်လမ်းအရလဲ ရသစုံလင်တဲ့ ဇာတ်ကားကောင်းတွေကို CM Bollywood ပရိသတ်ကြီးအတွက် တင်ဆက်ပေးပါရစေဇာတ်လမ်းအစမှာတော့ အိန္ဒိယတောင်ပိုင်းမှာ လူကုန်ကူးမှုတွေ ဗုံးခွဲမှုတွေကို စီစဉ်နေတဲ့အဖွဲ့ကို ဝင်ရောက်သတင်းထောက်တဲ့ မင်းသမီးတို့ သူငယ်ချင်းသုံးယောက်နဲ့စပါတယ်…လူဆိုးတွေက သူတို့ကို သတင်းခိုးယူနေတာသိလို့ လိုက်သတ်တဲ့အခါမှာ မင်းသမီးက ဓားဒဏ်ရာနဲ့လွတ်သွားပြီး ကျန်တဲ့နှစ်ယောက်ကသေဆုံးသွားပါတယ်.. လူဆိုးတွေလဲ ကံဆိုးချင်တော့ အပြန်မှာ အက်ဆီးဒင့်ဖြစ်ပြီး သေသွားပါတယ်… အဲ့ဒါကို မင်းသမီးက အမှန်တရားဘက်တော်သား ဗယ်လာယူဒမ်က လုပ်ကြံခဲ့တာလို့ စာရေးခဲ့ပြီး ဘတ်မန်းလိုမျိုး နာမည်ကြားတာနဲ့ လူဆိုးတွေကြောက်ရွံ့မဲ့ အမှတ်အသားတစ်ခုကို စတင်ဖန်တီးခဲ့ပါတော့တယ်နာမည်အရင်းက တကယ့် ဗယ်လာယူဒမ်ဖြစ်တဲ့ ရွာသားတွေ ဗယ်လူလို့ခေါ်ကြတဲ့ ဗီဂျေးကတော့ ဒါတွေကိုဘာမှမသိပဲ သိပ်ချစ်ရတဲ့ ညီမလေးကိုခေါ်ပြီး မြို့တက်လာခဲ့တဲ့ တောသားလေးပါ ဒါပေမဲ့ တိုက်ဆိုင်မှုတွေဖြစ်လာပြီး ဗယ်လူဟာ ဗယ်လာယူဒမ်ဖြစ်လာတဲ့အခါ….ဇာတ်လမ်းလေးလန်းသလို ဗီဂျေးရဲ့ အချစ်အကြမ်းအကခန်းတွေနဲ့ မြိုင်ဆိုင်တဲ့အပြင် ဂိမ်မာတွေအတွက် Assassin Creed စတိုင် ဗီဂျေးရဲ့ သောက်ကြမ်းကြီး ဗယ်လာယူဒမ်ကို ခံစားကြည့်ရှုနိုင်ဖို့ ...
movie

Velayudham (2011)

2011
Leo (2023) 7.9
Leo (2023) Leo (2023) "လီယို" IMDB-7.9/10King Khanရဲ့ Jawan(2023)နဲ့အတူပဲ အများမျှော်လင့်ထားကြတဲ့ Leo(2023)ရုံတင်ကားကြီးက ခုချိန်မှာတော့  WEB DLကြည်ရှင်းဗားရှင်အနေနဲ့ ထွက်ရှိလာပြီမို့ Quality Updateလေးကို တင်ဆက်ပေးလိုက်ပါတယ်...LCUဆိုပြီး ဒါရိုက်တာကြီး Lokesh Kanagarajရဲ့ Lokesh Kanagaraj's Cinematic Universeအဖြစ်နဲ့ Kaithi(2019)၊ Vikram (2022)ရုပ်ရှင်တွေနဲ့အချိတ်အဆက်ဖြစ်တဲ့ အခုLeo(2023)ထွက်ရှိလာတာကို တင်ဆက်ပေးလိုက်ပါတယ်။မင်းသားတွေကတော့ အားလုံးသိပြီးဖြစ်တဲ့ ဗီဂျေး၊ မင်းသားကြီး ဆန်ဂျေးဒတ်တို့အပြင် ဗီလိန်ဇာတ်ရုပ်နဲ့ နာမည်ကြီးလှတဲ့ ဘာဘူအန်တိုနီတို့နဲ့အတူ ဒါရိုက်တာလိုကတ်ရှ်ရဲ့ ထုံးစံအတိုင်း အက်ရှင်ခန်းတွေကို ရင်တလှပ်လှပ်ကြည့်ရှုခံစားရမှာပါ။ဇာတ်လမ်းအညွှန်းမြို့ထဲကို ဝင်လာတာကတော့ ဂေါ်ဇီလာကြီးမဟုတ်ပေမယ့် အတော်လေးဆိုးတဲ့ ဟိုင်အီးနားခေါ် ခွေးအကြီးပေါ့။ ပါဝါရိန်းဂျားတောင်မနိုင်ဆိုသလို ရဲတွေ တောခေါင်းတွေလည်းမနိုင်တော့ပါဘူး၊အဲဒီအချိန်မှာပဲ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် မင်းသားတစ်ဖြစ်လဲ သောက်ကြမ်းကြီးမစ္စတာလီယိုရောက်ရှိ ထိန်းသိမ်းသွားပါတော့တယ်။လီယိုက အေးချမ်းတဲ့မြို့လေးမှာ မိသားစုလေးနဲ့အတူအေးအေးချမ်းချမ်းဖြတ်သန်းနေသူ ကော်ဖီဆိုင်ပိုင်ရှင်ပေါ့။ သေနတ်ဆိုတာ တာဝန်ရှိတဲ့သူတွေပဲအသုံးပြုကိုင်တွယ်တတ်တဲ့ ဒီမြို့လေးမှာ သေနတ်ကြောင့်သေတဲ့လူသတ်မှုဖြစ်ပါတော့တယ်။ဒီလိုလူဆိုးတွေရှိလာတာကို ကြားသိရတဲ့ ကော်ဖီဆိုင်ပိုင်ရှင် လီယိုတစ်ယောက် သူ့ကော်ဖီဆိုင်လေးထဲကိုပဲ လူဆိုးတွေကတန်းတန်းမတ်မတ်ကြီး ရောက်လာတဲ့အခါမှာတော့။ ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုတွေ ကြမ်းပြရမ်းပြမလဲဆိုတာကို အိမ်မှာတင် အေးဆေးကြည့်ရှုအပန်းဖြေလို့ရအောင် ကျွန်တော်တို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( ...
movie

Leo (2023)

2023
4K HEVC
Kick (2023) 8.4
Kick (2023) Kick (2023)IMDb-8.5/10ဟာသမင်းသားစူပါစတား Santhanam ခေါင်းဆောင်ပါဝင်ထားပြီး ရှာရွတ်တို့ခေတ်တည်းက ဟာသဇာတ်ပို့အနေနဲ့ မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသား အန်ကယ်ကြီး Brahmanandam လည်း ပါဝင်ထားပါတယ်။ ဒီကားထဲက ရှီဗာနီ့ဘော့စ်နေရာမှာ ပါဝင်ထားတဲ့ ဇာတ်ပို့သရုပ်ဆောင်ကြီး Manobala မကွယ်လွန်ခင် နောက်ဆုံးသရုပ်ဆောင်‌သွားတဲ့ကားလည်းဖြစ်ပါတယ်။ဆိုတော့ ဒီကားက ရိုက်ကွင်းရိုက်ကွက်ထက် ဒီဟာသအကျော်အမော်တွေရဲ့ ကြိုးစားမှုနဲ့ အမှတ်တရအဖြစ် ရှုစားကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါဇာတ်လမ်းအညွှန်း ရှီဗာနီနဲ့ ဆန်တို့ရှ်ဆိုတာ အပြိုင်ကြော်ငြာအေဂျင်စီ ကုမ္ပဏီနှစ်ခုမှာ လုပ်ကြသူတွေ ၊ သူတို့အချင်းချင်းလည်း အပြိုင်အဆိုင်တော်ကြချဲကြသူတွေပေါ့ ဆန်တို့ရှ်က အမြဲဉာဏ်များပြီးနှာတဖျားသာနေတာကြောင့် ရှီဗာနီက ကြော်ငြာကောင်စီကို တိုင်စာတင်တာကအစပြု သူတို့တွေ့ကြတော့တာပါပဲဒီနယ်ပယ်အတွင်းက အတော်ဆုံးလူနှစ်ယောက်ထိပ်တိုက်တွေ့ကြတဲ့ပွဲကို အရယ်အမောအလွဲအချော်လေးတွေနဲ့ ကြည့်ရှူရမှာပါအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ Dee ~ Alex ~ Yoon ~ KKKZ တို့ပဲဖြစ်ပါတယ် File size…3.18GB / 1.35GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ...
movie

Kick (2023)

2023