Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vaishnavi Chaitanya
5.2
Jack(2025)
Jack (2025) ဂျက်ပါဘလိုနီရူဒါ အရာအားလုံးမှာဂျက်ဖြစ်ရမယ်တဲ့။ ဒါကတော့ ပါဘလိုရဲ့အမေက သူ့သားကို ဖြစ်စဉ်ချင်တဲ့ဆန္ဒတစ်ခုပေါ့။ဒါပေမဲ့ အဖေဖြစ်သူကတော့ ပါဘလိုကို တစ်ခုခုမှာ ထူးချွန်စေချင်တာပါ။ဒါပေမဲ့ ပါဘလိုကတော့ အမေ့ဆန္ဒကိုလိုက်ခဲ့ပုံရပါသတဲ့။အရာအားလုံးကို တတ်မြောက်ပေမဲ့ ဘယ်တစ်ခုမှာမှ ထူးချွန်တယ်ရယ်လို့မရှိပါဘူး။အင်ယာဘွဲ့ရပေမဲ့ အင်တာဗျူးမှာ ပေါက်ကရတွေလုပ်လွန်းလို့ အလုပ်ကလည်းမရပြန်၊ ဝေလေလေ 109-110 လုပ်နေတဲ့ ပါဘလိုတစ်ယောက် တစ်နေ့မှာ သူနဲ့အံကိုက်မယ့်အလုပ်ကို အတွေးပေါက်သွားသတဲ့။အဲဒါကတော့ RAW အေးဂျင့်လုပ်ဖို့အတွက်ပါ။ ဒါပေမဲ့ သူ့ရဲ့အဖေကိုတော့ သူအသိမပေးထားပါဘူး။ဒီတော့ ဟိုစပ်စပ် ဒီစပ်စပ်ဖြစ်နေတဲ့သားကို စိုးရိမ်နေတဲ့အဖေနဲ့ RAW မှာသွားမွှေမယ့် အမွှေစိန်ပါဘလိုတို့ ဘာတွေဆက်ဖြစ်ကြမလဲ ရှုစားကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM B Teamမှပဲဖြစ်ပါတယ်) File size…2.6 GB / 1.3 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 13min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie
Jack(2025)
5.4
Love Me If You Dare (2024)
Love Me if You Dare 2024 ဝိညာဉ်ချစ်သူအချစ်ဟာမျက်ကန်းလို့ပဲပြောပြော ချစ်တဲ့သူကမျက်ကန်းပဲပြောပြော ကျွန်တော်တို့အားလုံးဟာ ချစ်မိပြီဆိုရင် သူ့ရဲ့ဆိုးကွက်တွေကို ဘာမှမမြင်ဘဲ ရူးရူးမိုက်မိုက် ချစ်မိတတ်ကြသတဲ့။ ဒီဇာတ်လမ်းလေးထဲက အာဂျွန်သည်လည်း ထိုနည်းတူပေါ့။အာဂျွန်ဟာ ဖြစ်ရပ်ဆန်းတွေကို လိုက်လံစုံစမ်းတတ်တဲ့ YouTuberလေးတစ်ယောက်ပါ။ သူနောက်ဆုံးမျက်စိကျမိသွားတာကတော့ ဒီဗ်ယာဗာသီဆိုတဲ့မိန်းကလေးနဲ့ ရွာထဲက တစ်နာရီလောက်အမြဲငိုသံကြားရတဲ့ ထူးဆန်းတဲ့အိမ်ကြီးအာဂျွန်ကတော့ ဒီဗ်ယာဗာသီအကြောင်းကို စုံစမ်းဖို့ စိတ်အားထက်သန်နေပေမဲ့ ဒီဗ်ယာဗာသီကို မြင်လိုက်တဲ့သူတိုင်း အသက်မရှင်ဘူးဆိုတဲ့ နာမည်ဆိုးကြောင့် အာဂျွန်ကိုစိတ်ပူနေတဲ့ ပရီယာနဲ့ ပရာတပ်ဒီအကြောင်းကိုစုံစမ်းလေလေ သိချင်စိတ်နဲ့အတူ ဒီဝိညာဉ်မလေးအပေါ် ရင်ထဲကအချစ်စိတ်တွေ ယိုဖိတ်လာမိတဲ့အာဂျွန်တစ်ယောက် တစ်စတစ်စ နက်နက်ရှိုင်းရှိုင်း တိုးဝင်မိရင်း ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ~ V ~ Alex ~ Yunniတို့ပဲဖြစ်ပါတယ်။) File size… 1.6GB / 750MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ToMo ~ V ~ ...
movie
Love Me If You Dare (2024)
2024
7.9
Baby (2023)
Baby (2023) IMDb-7.9/10 အခုတင်ဆက်ပေးမယ့် ရုံတင်ငွေကုဋေခုနစ်တယ်ထိ ရရှိအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းလေးက တလေဂူးစကားပြော အိန္ဒိယအချစ်ဇာတ်လမ်းတစ်ပုဒ်။"တကယ်တော့ အချစ်ဆိုတာ သိစိတ်ရဲ့ခဏတာရူးသွပ်မှုနဲ့ မသိစိတ်ရဲ့စိတ်လိုလက်ရနိုင်တဲ့ထင်မြင်ချက်နှစ်ခု အေးစက်စွာခပ်မြူးမြူးတွေ့ဆုံတဲ့ တဒင်္ဂလေးပါပဲ။ချစ်သူနဲ့အတူ ချစ်ခဲ့တယ်ဆိုတဲ့ သက်တမ်းကလည်း အသေအချာစစ်ကြည့်ရင် အဲဒီတဒင်္ဂရဲ့ပြတ်တောက်မှုကို သတိမပြုမိဘဲ ဆက်ပြီးထင်ခဲ့မိတဲ့ မသိစိတ်ရဲ့လှည့်စားမှုတရပ်ပါ။ဒီတဒင်္ဂတွေက တခုနဲ့တခုပတ်သက်နေပေမဲ့လည်း တခုနဲ့တခု တာဝန်တော့မယူ။ခင်ဗျားတို့လက်ထဲမှာ ရှိနေတဲ့အဲဒီတဒင်္ဂလေး ပျက်စီးသွားတာနဲ့ ရှေ့မှာရှိခဲ့တဲ့ တဒင်္ဂများစွာတို့ကလည်း ပြိုလဲပျက်စီးသွားနိုင်တယ်။ဒါမှမဟုတ် ရပ်တန့်ငြိမ်သက်သွားတတ်ကြတယ်။ အချစ်ဆိုတာ တဒင်္ဂသာပိုင်ဆိုင်ရတတ်တဲ့ ခံစားမှုအစုအဝေးတခုပဲဖြစ်ပြီး တဒင်္ဂတည်းနဲ့ ဆုံးရှုံးသွားနိုင်တဲ့အရာလည်း ဖြစ်တယ်။"(ဒီစကားစုက ဆရာနီကိုရဲရဲ့ မကြည်ပြာနှင့်ချစ်ခြင်း၏နဂ္ဂတစ်များ၀တ္ထုထဲက စကားပြေကို စကားပြောနဲ့ပြန်ရေးပြထားတာပါ)ဒီဇာတ်လမ်းက သစ္စာမဲ့တာလား သစ္စာရှိနိုင်လွန်းတာပဲလား ကျွန်တော်လည်းမဝေခွဲတတ်။ ငယ်ငယ်ကတည်းက အိမ်နားနီးချင်းကောင်လေးနဲ့ကောင်မလေးတို့ ဆယ်တန်းကျောင်းသားဘ၀မှာ ချစ်သူတွေဖြစ်ခဲ့ပြီး ကောင်မလေးက ကောလိပ်ကိုသွားတက်တဲ့အချိန် တတိယတယောက်ပေါ်လာတဲ့အခါမှာတော့။ ချစ်ခြင်းတရားဆိုတာ ဝေးကွာနေတာပဲဖြစ်စေ အနီးဆုံးမှာပဲရှိနေပါစေ စိတ်ချင်းနီးပြီးချစ်တတ်သူတို့အဖို့ပါပဲ။ ဒီသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကိုကြည့်ပြီး ကြည့်ရှုသူအပေါင်းဘ၀အမောတွေတိုးလာကြပါစေလို့ဆန္ဒပြုရင်း တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~Zwe~BpL~Vတို့ပဲဖြစ်ပါတယ်) File size…2.7GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~Zwe~BpL~V
movie
Baby (2023)
2023
8.2
Premadesam (2023)
Premadesam 2023 IMDb (8.1/10)CM ပရိသတ်ကြီးအတွက် နောက်ဆုံးထွက် တလဂူးရိုမန့်ဒရမ်မာကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်အချစ်ဇာတ်လမ်းလေးက တစ်ခုမဟုတ်ပါဘူး နှစ်ခုပါ လူလေးယောက် ပြသနာနှစ်ခု အဖြေတစ်ခု ဖြစ်ရပ်တစ်ခု အဲ့ဖြစ်ရပ်တစ်ခုကြောင့် သူတို့ပြသနာတွေပြေလည်သွားနိုင်မလား ရိုမန်တစ်ဆန်ဆန် ဆွတ်ပျံ့ကြည်နူးဖွယ်ဒီဇာတ်လမ်းလေးဟာ မျက်ရည်ဝဲစေမဲ့ ဒရာမာလေးတွေလည်းပါရှိတာမို့ ဇာတ်ကားကြည့်ခေါင်းလေးမှီစရာ ပခုံးပိုင်ရှင်လေးတွေ လိုအပ်တယ်လို့တော့ တစ်ခါတည်း အကြံပြုပါရစေကိုယ့်ရဲ့ေကာလိပ်ကျောင်းသားဘဝကိုလည်း ပြန်အမှတ်ရစေမယ့် ဇာတ်ဝင်ခန်းတွေလည်းပါရှိတဲ့အပြင် မင်းသားမင်းသမီးအကုန်လုံးက ကြည့်ရရှုရတာ မျက်စိလည်းအေး ရင်လည်အေးပြီး ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းတာမို့ ပရိသတ်ကြီးအတွက် အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…2.59GB / 1.26GB Quality…1080p WEB DL /720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ~BpL~ Nyein
movie
Premadesam (2023)
2023