Channel Myanmar

Upasana Rai

Oru Thavaru Seidhal (2024) 7.1
Oru Thavaru Seidhal (2024) Oru Thavaru Seidhal ( 2024 ) "မြေနေရာသေးသေးလေးပေးပါ..အိမ်လေးတစ်အိမ်ဆောက်ချင်လို့ပါ" ပိုက်ဆံမရှိတဲ့ ဆင်းရဲသားနင်းပြားသူငယ်ချင်းတစ်စုဟာ အလုပ်ရှာဖို့မြို့ပေါ်ကိုတက်လာကြပါတယ်။ မြို့ပေါ်မှာလည်းထင်သလိုမဖြစ်ဘဲ နောက်ဆုံးအိမ်ငှားခတောင်မပေးနိုင်တော့တဲ့အတွက် အခန်းကနှင်ထုတ်ခံရပြီး ညအိပ်စရာတောင်မရှိတာကြောင့် ဈေးကြီးထဲမှာ အချိန်သွားဖြုန်းရပါတော့တယ်။အဲဒီမှာ ပန်းသည်ကြီးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီး ပိုက်ဆံရှာနည်း တွက်ချက်နည်း ဈေးရောင်းနည်းတွေကို လက်ချာရိုက်ခံလာပြီး ဖုန်းတစ်ကော ၁၀ ရူပီးနဲ့ ငှားစားကာ ပထမဆုံးပိုက်ဆံ ၁၀၀ စရှာလာနိုင်ခဲ့ပါတော့တယ်။သူတို့အဖွဲ့ရဲ့ မျှော်လင့်ချက်အိပ်မက်က အိမ်လေးတစ်အိမ်ဆောက်ပြီး အတူတကွပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ပိုက်ဆံရှာချင်ကြတဲ့သူတို့တစ်စုဟာ ငွေလွယ်လွယ်ရနိုင်မယ့်အခွင့်အရေးတစ်ခုနဲ့ တွေ့ကြုံလိုက်တဲ့အခါမှာတော့ လှည့်စားမှုတွေ၊ မမြင်နိုင်တဲ့အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ အဲဒီလမ်းကြောင်းကိုပဲ လျှောက်လှမ်းဖို့ရွေးကြမလား..ဘဝနဲ့ချီပြီးရင်းခဲ့တဲ့ ဒီအလောင်းအစားကိုပဲ အနိုင်ယူနိုင်မလား.. ကိုယ်ပိုင်ရည်မှန်းချက်တွေအောက်မှာပဲ သားကောင်အဖြစ် ကျရောက်သွားမလား.... တမီးလ်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး Crime, Thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။( ဘာသာပြန်နဲ့အညွှန်းကို CM Bollywood Team မှ တင်ဆက်ပေးထားတာဖြစ်ပါတယ် ) File size… 2.45 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Oru Thavaru Seidhal (2024)

Local Sarakku (2024) 7.1
Local Sarakku (2024) Local Sarakku(2024) (ပြည်တွင်းဖြစ်အရက်)IMDb 7.4/10 နာမည်ကြီးဟာသသရုပ်ဆောင် ယိုဂီဘာဘူပါဝင်ထားတဲ့ တမီးလ်ဟာသဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဆာရာဗာနားဆိုတဲ့ လူတစ်ယောက်ဟာ နေ့နေ့ညည အရက်သောက်ရင်းနဲ့ပဲ အချိန်ကုန်လေ့ရှိတဲ့ အရက်ဂျိုးကြီးတစ်ယောက်...ညီမဖြစ်သူရဲ့ဝင်ငွေကိုပံ အားကိုးနေရတာကြောင့် အရက်ဖိုးလေးကိုက်အောင် ရရာအလုပ်ဝင်လုပ်ပေမယ့်လည်း အမျိုးမျိုးအဆင်မပြေ...တစ်ရက်မှာတော့ ဆာရာဗာနားတို့အိမ်နားကို မာဟက်ရှ်ဆိုတဲ့ မိန်းမချောလေးပြောင်းလာခဲ့တယ်... မာဟက်ရှ်က မထင်မရှားသရုပ်ဆောင်လေးတစ်ယောက်ဖြစ်ပေမယ့် ရတဲ့အလုပ်ကို ကျေနပ်စွာလုပ်ပြီး ကြိုးစားတဲ့သူ...ဆာရာဗာနားတစ်ယောက် မာဟက်ရှ်ကို မြင်မြင်ချင်းချစ်မိသွားတဲ့အခါ... အရက်ဂျိုးကြီးတစ်ယောက် ဘာတွေဆက်လုပ်မလဲ ကိုယ့်ကိုယ်ကိုပဲ ပြောင်းလဲတော့မလား ဘာတွေဆက်ဖြစ်မလဲဆိုတာ ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.37GB / 1.08GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Local Sarakku (2024)

2023
Yaaro (2022)
Yaaro (2022) Yaaro (2022) "မဖိတ်ခေါ်ထားသော ဧည့်သည်"ထိုင်ခုံအစွန်းက မခွာပဲ ရင်တမမ ထိုင်ကြည့်ရမယ့် တမေးလ် psychological-horror/ thriller တစ်ကားတင်ဆက်ပေးလိုက်ပါတယ်"ဂျွန်" က ခန့်မှန်းရခက်တဲ့လူ သူပိုင်တဲ့အိမ်က အကြီးကြီး ဒါပေမယ့် အလုပ်ထဲမှာ သူဌေးမငယ်ငယ်တစ်ယောက် ဆူတာ အမြဲခံရတဲ့ ဝန်ထမ်း တစ်ချိန်က ချမ်းသာတဲ့မိဘတွေလည်း ဦးလေးဖြစ်သူရဲ့ သစ္စာဖောက်မှုကြောင့် ရှိသမျှကုန်ပြီး သားလေးအတွက် အိမ်တစ်လုံးပဲ ကျန်ခဲ့တယ် အမေဖြစ်သူကလည်း စိတ်ရောဂါနဲ့ဆုံး အဖေကလည်း ဇနီးဇောနဲ့ စိတ်ဒဏ်ရာရပြီး အိမ်က ပျောက်သွားလို့ "ဂျွန်" တစ်ယောက် အိမ်ကြီးထဲမှာ တစ်ကိုယ်တည်းနေရတယ်ချန်နိုင်းမြို့ကြီးမှာ တစ်နေ့တခြား ကွင်းဆက်လူသတ်မှုတွေ များလာတယ် သတင်းတွေမှာတော့ "အိမ်ပြင်မထွက်ပါနဲ့ သူစိမ်းအဝင်မခံပါနဲ့" စသဖြင့် တောက်လျှောက် တက်နေတာပဲတစ်နေ့ ညဘက်ကြီး ခြံထဲကို လူစိမ်းတစ်ယောက် ဝင်လာပြီး "ရေတိုက်ပါ" လို့ ဂျွန်ကို ပြောတယ် ဂျွန်လည်း ပထမ တော့ အတင်းငြင်းလွှတ်ပေမယ့် နောက်ဆုံးတော့ သူစိမ်းအတွက် ရေသွားယူနေတုန်း ပြန်လာတော့ အဲဒီလူ မရှိတော့ဘူးအဲဒီအချိန် အမှတ်တမဲ့ ...
movie

Yaaro (2022)

2023