Channel Myanmar

Unni Lalu

Maharani (2024) 7.4
Maharani (2024) Maharani (2024)"မဟာရာနီ" ======================၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော ဟာသရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးရဲ့ နမူနာဟာဆိုရင် ယူကျုပေါ်မှာ ကြည့်ရှုသူ ၁ သန်းခွဲတောင် ရရှိခဲ့တာပါ။ကီနာဆယ်ရီဆိုတဲ့ ရွာလေးတစ်ရွာမှာ တော်တော်လေး ဘရုတ်ကျတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။သူတိုညီအစ်ကိုနှစ်ယောက်မှာ အကြီးကောင်က အမြဲတမ်း ရည်းစားပူမိနေပြီး အငယ်ကောင်ကတော့ ရွာထဲက မိန်းကလးတိုင်းနဲ့ ပတ်ရှုပ်နေတဲ့ ပလေးဘွိင်းဖြစ်ပါတယ်။တစ်နေ့မှာတော့ သူတိုညီအစ်ကိုဟာ ကိစ္စတစ်ခုကြောင့် လူတစ်ယောက်နဲ့ ပြဿနာတက်ရာကနေ တစ်ရွာလုံး ရုန်းရင်းဆန်ခတ်တွေဖြစ်တဲ့ထိ ကိစ္စတွေ ကြီးကျယ်ကုန်ပါတယ်။သူတိုတွေ ဘယ်လိုပြဿနာတွေဖြစ်ကြတာလဲ၊ ညီအစ်ကိုနှစ်ယောက် ဘယ်လိုတလွဲတွေလုပ်ကြတာလဲ၊ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာမြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.19 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Maharani (2024)

2024
Parannu Parannu Parannu Chellan (2025) 5.7
Parannu Parannu Parannu Chellan (2025) Parannu Parannu Parannu Chellan (2025) လွတ်လပ်စွာ ပျံသန်းဖို့အချစ်ဆိုတာ တည်ငြိမ်အေးချမ်းမှုပါတဲ့ဒါပေမဲ့ နှစ်ကိုယ်တူဘဝ တည်ဆောက်ဖို့ရာမှာတော့ အချစ်တစ်ခုတည်းမဟုတ်တော့ဘဲ ညှိနှိုင်းစဉ်းစားရမှာတွေ ရှိလာပါတယ်ကမ္ဘာအဝှမ်းမှာ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမျိုးရေးတွေ အမျိုးအစားစုံ ရှိသလိုပဲ အိန္ဒိယမှာလည်း တချို့သောသူတွေက ဒါတွေကို အလေးပေးနေဆဲပါပဲယောက်ျားလေးတစ်ယောက်ဟာ အဆင်ခြင်မဲ့ ရူးမိုက်စွာလုပ်ဆောင်လာတာရှိရင် ဒါဟာအချစ်ကြောင့်ပါပဲတဲ့ ရွာက သာမန်ကောင်လေးတစ်ယောက်က လူငယ်သဘာဝ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်မိပါတယ်ဒါပေမဲ့ကောင်မလေးတို့က မျိုးရိုးမြင့်ထဲကပါသူတို့အကြောင်းသိသွားတော့ သဘောလုံးဝမတူပါဘူး ကောင်လေးဖြစ်သူကိုအနုနည်းနဲ့ လှောင်ပြောင်သရော်တာတို့ ရှိသလို အကြမ်းနည်းနဲ့ ခြိမ်းခြောက်ဒုက္ခပေးတာတွေပါရှိလာပါတယ်ကောင်လေးကတော့ သူချစ်တဲ့သူနဲ့ခွဲခွာမှာမဟုတ်သလို အခွင့်ကြုံလာရင်လည်း လက်စားချေဖို့ တွေးတောနေတာပါခံစားချက်တွေ စစ်မှန် နက်ရှိုင်းနေတဲ့ စုံတွဲလေးကတော့ အခက်အခဲတွေကို အံတုကျော်လွှားရင်း သည်းမခံနိုင်လာတဲ့တစ်ရက်ကျ ခိုးရာလိုက်ပြေးဖို့ စီစဉ်ကြပါတော့တယ်အဲဒီအချိန်မှာပဲ သူတို့အစီအစဉ်ကို ကောင်မလေးဘက်က သိသွားဝာာမို့ သူတို့ကြံစည်ချက်အထမမြောက်ဖို့ ကောင်မလေးရဲ့မိသားစုက လုပ်ဆောင်ပါတော့တယ်ဒီဇာတ်လမ်းလေးက ၉၀ ခုနှစ်များဆီက ကျေးလက်တောရွာ ဓလေ့လေးကို ဇာတ်အိမ်တည်ထားတာပါ အဲဒီခေတ် အဲဒီပတ်ဝန်းကျင်နယ်ပယ်ရဲ့ အချစ်ကိုပုံဖော်ပုံလေးပေါ့လေသူတို့စုံတွဲလေးရဲ့ ဘဝခရီးလမ်း ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုခံစားကြည့်ကြရအောင်ပါ( အညွှန်းနဲ့ ...
movie

Parannu Parannu Parannu Chellan (2025)

Kattis Gang (2025) 5.1
Kattis Gang (2025) Kattis Gang (2025) "ဒါရိုက်တာကြီး" IMDb - 6.1/10အသစ်ထွက်ရှိလာတဲ့ မလေယာလမ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂန္ထဝင်မင်းသားကြီး ရာဂျ်နီကန့်သ်ရဲ့ ဘာရှာရုပ်ရှင်ထဲမှာ သရုပ်ဆောင်ဖူးပါတယ်ဆိုပြီး နှစ်တိုင်း ဘာရှာရုပ်ရှင်ကို ပြနေခဲ့တဲ့ အဖေဖြစ်သူကြောင့် ရုပ်ရှင်ပိုးဝင်ခဲ့တဲ့ သားဖြစ်သူအာနန်။ဒါရိုက်တာကြီးဖြစ်ရမယ်ဆိုတဲ့ အိပ်မက်တစ်ခုနဲ့ ရှင်သန်ခဲ့တဲ့သူ။ ဒါပေမဲ့ အခြေအနေတစ်ခုကြောင့် ရုပ်ရှင်ရိုက်ဖို့ ရပ်လိုက်ရပေမဲ့ မွေးရပ်ဇာတိမြေမှာတော့ ဒါရိုက်တာကြီးဆိုပြီး လူတွေအထင်ကြီးလာကြတဲ့အခါ။မိသားစုရော မြို့သူမြို့သားတွေကရော သူ့ကို ရုပ်ရှင်ကားကြီးရိုက်လာတဲ့ သူတို့မြို့ရဲ့ပထမဆုံးဒါရိုက်တာဆိုပြီး တလေးတစားဆက်ဆံကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…2.5 GB / 1.3 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 24min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kattis Gang (2025)

Officer on Duty (2025) 7.7
Officer on Duty (2025) Officer on Duty (2025) "တာဝန်ကျအရာရှိ" IMDb - 7.7/10အီလေးဆွဲမနေဘဲ ဇာတ်လမ်းဇာတ်အိမ်ခပ်သွက်သွက်နဲ့ စိတ်ဝင်စားစရာအိန္ဒိယရုပ်ရှင်သစ် တောင့်တနေသူတွေအတွက်ဒီမလေယာလမ်ကားလေးက စိတ်အဆာပြေစေမှာပါ။ဆယ်စုနှစ် နှစ်ခုကျော်လောက်မှာ ရုပ်ရှင်ကားပေါင်းတစ်ရာကျော်ရိုက်ကူးခဲ့ပြီးတဲ့ မလေယာလမ်မင်းသားကြီး ကွန်ချက်ကိုဘိုဘာရဲ့ရုပ်ရှင်ကားသစ်။Box Officeမှာဆိုလည်း ဝင်ငွေကောင်းခဲ့တဲ့ရုပ်ရှင်။ဒီထဲမှာ ခပ်ကြမ်းကြမ်း ရဲအရာရှိနေရာက သရုပ်ဆောင်ထားပေမဲ့ သူ့ရဲ့ အချစ်ဇာတ်ရုပ်ပိုင်နိုင်မှုကြောင့် ချောကလက်ကောင်လေးလို့တောင်ခေါ်ခြင်းခံရတဲ့ မင်းသားတစ်လက်ပါ။ဟာရီဆိုတာ ဒုရဲမှူးရာထူးကနေ ရဲအုပ်အဖြစ် ရာထူးလျောခြင်း ခံထားရတဲ့သူ။သူ့ရဲ့ ဒေါသစိတ်၊ အလိုလိုသိစိတ်နဲ့ အမှန်တရားဘက်တော်သားဆိုတဲ့စိတ်ကို အထက်အရာရှိတွေကတောင် လန့်ကြရတယ်။တစ်နေ့ အပေါင်ဆိုင်မှာ စပယ်ယာတစ်ယောက် ဆွဲကြိုးအတုလာပေါင်ရာကစလို့ မီးခိုးကြွက်လျှောက်လိုက်ပြီးဖော်ထုတ်မိချိန်မှာထိတ်လန့်အံ့ဩစရာအမှုအခင်းတွေရယ် သူ့ရဲ့အတိတ်က အဖြစ်အပျက်တွေရယ်နဲ့ ဆက်စပ်နေချိန်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။) File size…1.5 GB / 870 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 14min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Officer on Duty (2025)

Rekha (2023) 6.4
Rekha (2023) Rekha 2023 ရေခါIMDb -6.4/10သူများအလုပ်ကို စပ်စပ်စုစုရှိတတ်တဲ့ ရပ်ကွက်စီစီတီဗီတွေများတဲ့ရပ်ကွက်မှာနေရတဲ့ရေခါဟာ ရှက်ရွံ့တတ် ကြောက်တတ်တဲ့ သာမန်မိန်းကလေးတွေမတူတဲ့ မိန်းကလေးတစ်ယောက်ပတ်ဝန်းကျင်က ဘယ်လောက်ပဲ အတင်းအဖျင်းတွေပြောပြော ရေခါကတော့ သူ့ရဲ့ရပ်တည်ချက်အတိုင်းပဲ လုပ်တတ်တဲ့သူပါ။ရှေးရိုးစွဲတဲ့ အမေကြီးကတော့ ရေခါနဲ့မကြာခဏစကားများတတ်ပေမဲ့ သူ့ကိုအမြဲအလိုလိုက် နားလည်ပေးတဲ့အဖေကိုတော့ အရမ်းချစ်တဲ့ အဖေချစ်သမီးလေးပေါ့။ရှေးရိုးစွဲလူကြီးတွေကြားမှာ နေရသူပီပီ ရေခါက သူ့မှာချစ်သူရှိတာကိုထုတ်မပြောဘဲ ညတိုင်းဖုန်းနဲ့ပဲ တီတီတာတာလုပ်‌နေပေမဲ့ ချစ်သူအာဂျွန်ကတော့ ဖုန်းနဲ့စကားပြောရတာလောက်နဲ့ မတင်းတိမ်နိုင်ပဲ တစ်လက်မပေးတစ်မိုင်လိုချင်လာပြီး အဓမ္မရယူဖို့ကြံလာတဲ့အခါ...အရာရာတိုင်းမှာ ဆုံးဖြတ်ချက်ပြတ်သားခဲ့တဲ့ ရေခါတစ်ယောက် အချစ်နဲ့ပတ်သက်ပြီး မရေရာမသေချာရာကနေ စလိုက်တဲ့မီးပွားက ဘယ်လောက်ထိပြဿနာကြီးသွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ ToMo ~ KKKZတို့ပဲဖြစ်ပါတယ်။) File size… 1.5GB / 649MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex ~ ToMo ~ KKKZ
movie

Rekha (2023)

2023