Channel Myanmar

Uma Thurman

The Old Guard 2 (2025) 7.2
The Old Guard 2 (2025)  The Old Guard 2 (2025)ဒါကတော့ ၂၀၂၀ မှာ ထွက်ရှိခဲ့တဲ့ The Old Guard 1 ရဲ့ အဆက်ဖြစ်ပြီးတော့ တော်တော်များများ စောင့်မျှော်နေကြတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။အခုမှ စကြည့်မဲ့သူတွေကတော့ မသေမျိုးတွေ သူတို့ရဲ့ ရည်ရွယ်ချက်တွေ အဖြစ်သနှစ်တွေကို လုံးစေပတ်စေ့ နားလည်ဖို့ဆိုရင် အပိုင်းတစ်ကို ပြန်သွားကြည့်စေချင်ပါတယ်။ဇာတ်လမ်းအကျဉ်းဒီဒုတိယအပိုင်းမှာတော့ အန်ဒီဟာ သူမရဲ့ မသေမျိုးဘဝကို ဆုံးရှုံးသွားခဲ့တာ ၆ လကျော်ရှိပြီဖြစ်ပါတယ်။ဒါပေမဲ့ အန်ဒီဟာ သူမရဲ့ မသေမျိုးစစ်သည်တော်တွေရဲ့ လူသားမျိုးနွယ်ကို အန္တရာယ်ပြုလာနိုင်တဲ့ကိစ္စတွေကို လိုက်လံတားဆီး ကာကွယ်နေဆဲဖြစ်ပါတယ်။အဲအချိန်မှာ သူမထက်တောင် ပိုပြီးတော့ ကမ္ဘာပေါ်မှာ နေထိုင်လာတာသက်တမ်းကြာပြီဖြစ်တဲ့ ရှေးကျတဲ့ မသေမျိုး အမျိုးသမီး ဒစ်စကော့က သူမနဲ့ပတ်သက်ပြီး မှတ်တမ်းတင်ထားတဲ့ သမိုင်းကြောင်းတွေကို ခိုးယူသွားခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲ အန်ဒီနဲ့အတူ ကတိအပြန်အလှန်ထားရှိခဲ့တဲ့ ကွင်ကလည်း ပိတ်လှောင်ခံထားရတဲ့နေရာကနေ လွတ်မြောက်လာခဲ့ပါတယ်။ဒီတော့ အန်ဒီတစ်ယောက် ဘာလို့ မသေမျိုးဘဝကို ဆုံးရှုံးလိုက်ရတာလဲ၊ ...
movie

The Old Guard 2 (2025)

2025
4K HEVC
Kill Bill: Vol. 1 (2003) 8.2
Kill Bill: Vol. 1 (2003) Kill Bill : Vol. 1 (2003) & Kill Bill : Vol. 2 (2004)IMDb Rating (8.2) / IMDb Rating (8.0)ဒီဖက်ခေတ်ရဲ့ လွှမ်းမိုးမှုအရှိဆုံးဒါရိုက်တာတွေထဲက တစ်ဦးဖြစ်ပြီး ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့  ၄ ကားမြောက်ရုပ်ရှင်ဖြစ်ပြီး Volume 1/2 အဖြစ် ၂ ပိုင်းခွဲ ထွက်ရှိခဲ့ပါတယ်။ဇာတ်လမ်းကတော့....အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ် အယ်လ်ပါဆို မြို့ကလေးရဲ့ ဘုရားကျောင်းငယ်လေးတစ်ခုက လပ်ထပ်ပွဲတစ်ခုမှာ ကိုယ်ဝန်ဆောင် သတို့သမီးတစ်ယောက်အပါအဝင် လူကိုးဦး၊ (သတို့သမီး ဗိုက်ထဲကကလေးပါ ပါရင် ၁၀-ဦး)တို့ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။သူတို့ကို သတ်ခဲ့တဲ့သူတွေက “မရဏမြွေပွေး” လို့ခေါ်တဲ့ ကြေးစားလူသတ်သမားအဖွဲ့တစ်ခုကဖြစ်ပြီး သူတို့တစ်ကယ်သတ်ချင်ခဲ့တာကတော့ သူတို့ရဲ့ အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ အဖွဲ့ခေါင်းဆောင် ...
movie

Kill Bill: Vol. 1 (2003)

2003
4K HEVC
Burnt (2015) 6.6
Burnt (2015)  ဒီဇာတ်ကားလေးကတော့ 2015 ခုနှစ်ကထွက်ရှိထားတဲ့ ဟာသဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေ အနေနဲ့ကတော့ Bradley Cooper,Sienna Miller နဲ့ Daniel Brühl တို့က ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာ John Wells ကရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်း…….Adam Jones ဟာ မီချယ်လင် ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ စားဖိုမှူးတစ်ယောက်ဖြစ်ပါတယ်။ Adam ဟာ အားလုံးကို ပိုင်ဆိုင်ခဲ့ပြီးမှ သူ့ရဲ့အမူအကျင့်ဆိုးတွေ အောင်မြင်မှုကို မထိန်းသိမ်းနိုင်မှုတွေကြောင့် ပြန်လည်ဆုံးရှူံးခဲ့ရပါတယ်။အဲ့တာကြောင့်သူဟာ သူ့ကိုယ်သူပြန်လည်ရှာဖွေရင်း ပဲရစ်မြို့ကနေ လန်ဒန်မြို့ကို ပြောင်းရွှေ့လာပါတယ်။လန်ဒန်မှာ သူ့ရဲ့ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ပြီး မီချယ်လင် ကြယ်သုံးပွင့်အဆင့် စားဖိုမှူးဖြစ်အောင် ကြိုးစားပါတော့တယ်။ သူ့ရဲ့အိပ်မက်အမှန်တကယ်ဖြစ်မြောက်လာအောင် Adam တစ်ယောက်ဘယ်လိုတွေလုပ်သွားမလဲ ဘယ်သူတွေက သူ့ကိုကူညီပေးမှာလဲ သူလိုချင်တဲ့ အရာတွေရော ရရှိသွားမလားဆိုတာတွေကို စိတ်ဝင်းစားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ်။2015 ခုနှစ်ကတည်းကထွက်ရှိထားတဲ့ကားလေးဆိုပေမယ့် ဘယ်အချိန်ကြည့်ကြည့်ရိုးမသွားမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…(1.4 GB)/(720 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre... ...
movie

Burnt (2015)

2015
The House That Jack Built (2018) 6.8
The House That Jack Built (2018) The House that Jack Built(2018) IMDb: 6.8/10 Rotten Tomatoes: 60% Genre: Psychological Horror/ Psychological Thriller "ဂျက်ခ်တည်ဆောက်ခဲ့တဲ့အိမ်လေး" တဲ့ရုပ်ရှင်ခေါင်းစဉ်က။မသိရင်ပဲ သာယာလှပတဲ့ ရုပ်ရှင်လိုလိုနဲ့။ တကယ်တမ်းဒီရုပ်ရှင်ကအတော်လေးစိတ်ညစ်ဖို့ကောင်းပါတယ်။ တကယ်လည်းကောင်းတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။American Psycho ကြိုက်ရင် ဒီရုပ်ရှင်ကိုသဘောကျမှသေချာပါတယ်။ ကျွန်တော်ကအကျင့်တစ်ခုရှိတယ်။ အဲဒါက ရုပ်ရှင်တစ်ခုကို ဘာသာမပြန်ချင် အဲဒီရုပ်ရှင်နဲ့ပတ်သက်သမျှကို လိုက်ရှာကြည့်တာ။ ရှာကြည့်တော့ တကယ်ပဲ ဒီရုပ်ရှင်က လူကြိုက်များလှပါတယ်။ တချို့ဆိုရင် ရုပ်ရှင်ဝေဖန်ရေးသမားတွေပြောတာကိုနားမယောင်နဲ့။ ဒီရုပ်ရှင်ကိုကြည့်ဖြစ်အောင်ကြည့်လို့ဆိုပါတယ်။ တကယ်ပဲကောင်းတယ်လို့ပြောပါရစေ။ဇာတ်ညွှန်း ဂျက်ခ် ဟာ OCD ရောဂါခံစားနေရတဲ့ စိတ်ရောဂါရှင် ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာလူကိုကြုံရင်ကြုံသလိုသတ်နေတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာလူသတ်ရတာကိုအနုပညာမြောက်တယ်လို့ထင်နေပြီး လူသတ်တာကိုပဲပျော်မွေ့နေတဲ့လူဖြစ်ပါတယ်။ သူ့ရဲ့အယူအဆတွေက တကယ့်လက်တွေ့လောကနဲ့လုံးဝကိုဆန့်ကျင်နေပြီး အတော်လေးလည်းကြောက်ဖို့ကောင်းလှပါတယ်။ သူဘယ်နှစ်ယောက်ထိထပ်ပြီးတော့သတ်နိုင်မှာလဲ။ ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကိုကြည့်လိုက်ပါ။ ကြည့်နေရင်းနဲ့ သူ့ရဲ့အယူအဆတွေကိုတောင်လက်ခံမိမလိုလို ဘာသာပြန်ရင်းဖြစ်သွားပါသေးတယ်။ဂျက်ခ်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Matt Dillion ဟာလည်းအတော်လေးကိုသရုပ်ဆောင်ကောင်းလှပါတယ်။ ဒီဇာတ်လမ်းလေးကိုတော့ ၁၂ နှစ်တာကာလအတွင်းမှာ သူသတ်ခဲ့တဲ့လူတွေအကြောင်းကိုပြန်ပြောပြတဲ့ပုံစံနဲ့ ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ File size…    4.5 GB / 1.5 GB Quality… ...
movie

The House That Jack Built (2018)

2018
Pulp Fiction (1994) 8.9
Pulp Fiction (1994) Pulp Fiction (1994) IMDb Rating (8.9) / Rotten Tomatoes (94%) အကောင်းဆုံးရုပ်ရှင် ၁၀၀ ဆိုပြီး ရှာကြည့်လိုက်ရင် ဒီကားက နံပါတ် ၄ခုမြောက်မှာရှိပါတယ်.. ကောင်းဆို ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာက သူ့ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဒီဖက်ခေတ်ရဲ့ လွမ်းမိုးမှုကြီးမားတဲ့ ဒါရိုက်တာ Quentin Tarantino  ဖြစ်ပါတယ်... Pulp Fiction (1994) က သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကားကနေ သူဟာ နာမည်ကျော်ဒါရိုက်တာဘဝကို စလှမ်းနိုင်ခဲ့တယ် ဆိုရပါမယ်။ .အကောင်းဆုံးဆိုတာကိုရွေးချယ်တဲ့နေရာမှာ ရွေးချယ်တဲ့စံနှုန်း ရွေးချယ်တဲ့ အဖွဲ့တွေမတူညီပေမယ့် ဒီကားက တော်တော်များများရဲ့ စာရင်းထဲမှာပါနေတယ်... အမေရိကန်ရုပ်ရှင်လောက်ကမှာ အကောင်းဆုံးဆိုတဲ့ ကာလအဖြစ်သတ်မှတ်ထားတဲ့ ၁၉၉၀ ခုနှစ်ကာလကို မသိနားမလည်စွာ မှတ်ချက်ချမိတာကဒီဘက်ခေတ်အမြင်နဲ့ဆို အံမဝင်ဘူးလို့ ကလေးဆန်ဆန်တွေးမိသွားတယ်.. တကယ့်လို ကျွန်တော့်လိုအတွေးမျိုးခင်ဗျားတို့ဆီမယ်ရှိနေရင် နီးစပ်ရာမြောင်းထဲကိုသာလွှင့်ပစ်လိုက်ပါလို့အကြံပြုပါရစေ.. .ဒီကားက ခပ်ဆိုးဆိုးလူတွေ ဒိုင်ယာလော့ စကားလုံး ခပ်ကြမ်းကြမ်းတွေနဲ့တည်ဆောက်ထားတယ်....ဆဲဆိုတဲ့စကားလုံး၂၆၅ လုံးတောင်ပါသတဲ့...ပြီးတော့ ဒိုင်ယာလော့တွေက ဘာသာပြန်အတွက် အတော်လေးအခက်အခဲရှိခဲ့ပါတယ်.. တစ်ချို့စကားပြောတွေက အဆဲလေးနဲ့မှပိုရုပ်လုံးကြွတဲ့သဘောရှိပေမယ့် ...
movie

Pulp Fiction (1994)

1994
4K HEVC
My Super Ex-Girlfriend (2006) 5.2
My Super Ex-Girlfriend (2006) My Super Ex-Girlfriend (2006)Ghostbusters ဇာတ်ကားတွေနဲ့ No Strings Attached လို နာမည်ကျော်ဇာတ်မျိုးကို ရိုက်ခဲ့တဲ့ ဒါရိုက်တာရဲ့ ရုပ်ရှင်ပါ။ အိုဝင်ဝီလ်ဆန်ရဲ့ညီ လုခ်ဝီလ်ဆန်နဲ့ အူမာသာမန်းတို့လို တန်းရှိ သရုပ်ဆောင်တွေကို သုံးထားပါတယ်။ လုခ်ဟာ အိုဝင်လောက်တော့ လူသိမများပေမဲ့လည်း ဝက်စ်အန်ဒါဆန်ရဲ့ ပွဲဦးထွက်ကားတွေနဲ့ တခြားကားကောင်းတွေမှာ ပါဖူးတဲ့ သရုပ်ဆောင်ပါပဲ။ Ethan Hawke ရဲ့ မိန်းမ အူမာသာမန်းကတော့ မသိသူမရှိလောက်ပါဘူး။ တာရန်တီနိုရဲ့ Kill Bill, Pulp Fiction တို့မှာ သရုပ်ဆောင်ဖူးတဲ့သူပါ။ သူ့ရဲ့အကောင်းဆုံးလက်ရာကတော့ Maya Hawke ပါပဲ။စူပါပါဝါရှိတဲ့မိန်းကလေးတစ်ယောက်နဲ့တွဲမိရာကနေ အလွဲလေးတွေကြုံရပုံကို ကြည့်ရမှာပါ။ ဒီဇိုင်းကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ Single ဖြစ်နေတာကြာပြီဖြစ်တဲ့ မက်က ရထားပေါ်မှာတွေ့တဲ့ ဂျန်နီဆိုတဲ့ကောင်မလေးကို သူငယ်ချင်းရဲ့တိုက်တွန်းမှုကြောင့် ဖွင့်ပြောပြီး တွဲဖြစ်သွားပါတယ်။ နယူးယော့ခ်မှာ G-Girl ဆိုပြီး လူတွေကိုအန္တရာယ်တွေကနေကာကွယ်ပေးနေတဲ့ စူပါဟီးရိုးကောင်မလေးတစ်ယောက်ရှိပါတယ်။ ...
movie

My Super Ex-Girlfriend (2006)

2006
Bel Ami (2012) 5.4
Bel Ami (2012) Bel Ami (2012)နှုတ်ခမ်းနီမလေးတို့ရဲ့အသည်းကျော် Twilight ဗမ်ပိုင်းယားမင်းသားအဖြစ်လူသိများပြီး လတ်‌တ‌လောမှာလည်း Batman ကာရိုက်တာအဖြစ်နဲ့ အားလုံးရဲ့အာရုံကိုဖမ်းစားထားနိုင်တဲ့ ရောဘတ်ပတ်တင်ဆန်ရဲ့ ရှေးခေတ်နောက်ခံ ဒရာမာကားဟောင်းလေး‌တစ်ခုကို တင်ဆက်ပေးပါရစေ။ဒီကားလေးထဲမှာ ရောဘတ်ပတ်တင်ဆန်က ဂျော့ဂ်ျစ်ဒူရွိုင်ဆိုတဲ့ ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ၂၆နှစ်အရွယ် ဆင်းရဲသားစစ်သားဟောင်းတစ်ဦးအဖြစ်ကနေ ပဲရစ်က လူကုံထဲအသိုင်းအဝိုင်းကြားကို တစ်စတစ်စဘယ်လိုတိုးဝင်မလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပဲရစ်လူကုံထံအသိုင်းအဝိုင်းမှာ ယောက်ျားတွေထက် မိန်းမတွေက လည်လည်ဝယ်ဝယ်အချက်အချာကျနေတာဟာ ဂျော့ဂ်ျစ်တစ်ယောက်အတွက် သူရဲ့နှစ်လိုဖွယ် ညှို့ဓာတ်ကို ကောင်းကောင်းအသုံးချစရာဖြစ်လာခဲ့တယ်။ သူဟာ ခြစ်ကုပ်နေထိုင်ရတဲ့ မီးရထားဝန်ထမ်းဘဝကနေ စာနယ်ဇင်းအယ်ဒီတာ၊ အတင်းအဖျင်းတို့ရဲ့ဥက္ကဌ၊ နိုင်ငံရေးသမားဆိုတဲ့ ရာထူးဂုဏ်သိမ်တွေကို စာကောင်းကောင်းလည်း မတတ်ပါဘဲနဲ့ ဘယ်လိုရောက်လာခဲ့လဲ... ဘယ်သူတွေကို ဘယ်လိုအသုံးချပြီး ဘယ််သူတွေဆီက ဘယ်လိုသတင်းတွေကိုရယူခဲ့လဲ... ဘယ်လိုအတက်အကျတွေ ရင်ဆိုင်ခဲ့ရလဲ... ဘယ်အမျိုးသမီးကို တကယ်ချစ်လျက်နဲ့ ဘယ်သူတွေနားပဲဝဲခဲ့ရလဲ... အစရှိတာတွေကို စောင့်စားကြည့်ရှုရမှာပဲဖြစ်ပါတယ်။တစ်ခုထူးတာက ဒီကားထဲမှာ Cast ကြမ်းကြမ်းဆိုလို့ ရောဘတ်ပတ်တင်ဆန်တစ်ယောက်တည်းတင်မဟုတ်ဘဲ Kill Bill, Pulp Fiction တို့နဲ့ ...
movie

Bel Ami (2012)

2012
Down a Dark Hall (2018) 5.1
Down a Dark Hall (2018) Down a Dark Hall (2018) IMDb - 5.1/10_____Rotten - 50%   Kit Gordy ဟာ ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းသူလေးတစ်ယောက်။ကိုးနှစ်သမီးကတည်းက အရမ်းချစ်ရတဲ့အဖေဆုံးပါးသွားခဲ့ပြီးတော့ ဖတဆိုးလေးဖြစ်ခဲ့တာကြောင့် ကြီးလာတဲ့အခါမှာ ခပ်ဆိုးဆိုးခပ်ပေပေမိန်းကလေးတစ်ဦး ဖြစ်လာခဲ့ပါတယ်။အမေဖြစ်သူဟာ David ဆိုတဲ့လူနဲ့နောက်အိမ်ထောင်ပြုလိုက်တာကြောင့် Kit တစ်ယောက် ပထွေးနဲ့အတူနေဖို့အကြောင်းဖန်လာပါတော့တယ်။David ဟာလူကောင်းတစ်ယောက်ဖြစ်ပြီးတော့ Kit ကို ကိုယ့်သမီးအရင်းလိုစောင့်ရှောက်ပေးခဲ့ပေမယ့် Kit ရင်ထဲကကွက်လပ်ကြီးကိုတော့ မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ဒါကြောင့်လည်း Kit ဟာဆိုးသွမ်းပျက်စီးနေတဲ့သူတစ်ဦးဖြစ်လာပါတော့တယ်။ဘယ်လောက်ဆိုးလိုက်သလဲဆိုရင် မီးရှို့မှုအပါအဝင်နဲ့တခြားအမှုတွေနဲ့ စွဲချက်တင်ခံရတဲ့အထိပါပဲ။Kit ကတော့ သူလုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပေမယ့်လည်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမရှိခဲ့တာကြောင့် လက်ရှိတက်ရောက်နေတဲ့ကျောင်းကနေနားပြီး လူငယ်သင်တန်းကျောင်းဆန်ဆန် ကျောင်းတစ်ခုဖြစ်တဲ့ Blackwood အကယ်ဒမီကျောင်းကို ကျောင်းအိပ်ကျောင်းစားအဖြစ်နဲ့ အချိန်တစ်ခုထိ ပြောင်းရွှေ့တက်ရောက်ဖို့အတွက် သဘောတူလိုက်ရပါတော့တယ်။တကယ့်ဇာတ်လမ်းက ဒီမှာစတာပါပဲ။Blackwood လို့ခေါ်တဲ့ကျောင်းဟာ ကျောင်းလို့သာခေါ်တွင်ပေမယ့် အဆောက်အဦးက ရှေးဟောင်းအဆောက်အဦးတစ်ခုပဲ ဖြစ်ပါတယ်။အဆောက်အဦးအတွင်းက ပရိဘောဂအသုံးအဆောင်ပစ္စည်းတွေကလည်း အတော်ကိုရှေးကျပြီး အဆောက်အဦးတစ်ခုလုံးကိုထိန်လင်းနေအောင် ထွန်းပေးနိုင်မယ့် လျှပ်စစ်မီးသီးအလုံအလောက်မရှိတာကြောင့် အနည်းငယ်မှောင်မိုက်နေပြီး ...
movie

Down a Dark Hall (2018)

2018
The Con is On(2018) N/A
The Con is On(2018) 1999 လောက် ကထွက်ရှိခဲ့ဘူးတဲ့ Steven Martian တို့ ရိုက်ကူးထားတဲ့ကားကိုတဖန်ပြန်လည်ဆန်းသစ်ပြီးတော့ ရိုက်ကူးထားတာဖြစ်ပြီးတော့ လောင်းကစာသမားတွေရဲ့သဘောသဘာဝတွေ နဲ့ လောင်းကစားသမားတွေမှာ ရှိတတ်တဲ့ အမူအကျင့်တွေကိုပုံဖော်ရိုက်ကူးပြထားတာဖြစ်ပါတယ် လောင်းကစားသမားဆိုတဲ့ အမျိုးက ပေါက်ကရ လျှောက်ပြောပေါက်ကရစကားတွေနဲ့ ပေးထားတဲ့ ကတိကိုတည်တတ်တဲ့လူမျိုးမဟုတ်ပါဘူး ဒါ့ကြောင့်လောင်းကစားသမားတွေနဲ့ ဆက်ဆံရင် သတိထားကြဖို့ ဒီကားလေးက သတိပေးထားသလိုပါပဲဇာတ်လမ်း အကျဉ်းလေးကတော့ဟယ်ရီဆိုတဲ့လောင်းကစားမက်တဲ့အမျိုးသမီးကကိုယ်စားဘိန်းအရောင်းအဝယ်လုပ်လို့ရလာတဲ့ငွေတွေကိုလောင်းကစားဝိုင်းမှာအကုန်သုံးစွဲပစ်လိုက်တယ်။ ယောက်ျားဖြစ်သူရောမိန်းမဖြစ်သူရောကလည်း ဘိန်းစားတွေဖြစ်ပါတယ်။သူတို့လင်မယားအကုန်သုံးလိုက်တဲ့ပိုက်ဆံတွေကအရီနာဆိုတဲ့အမျိုးသမီးဂိုဏ်းစတားတစ်ဦးရဲ့ငွေပါ။ အရီနာကသူတို့လင်မယားကိုလိုက်သတ်ဖို့လုပ်တဲ့အချိန်မှာတော့သူတို့အကုန်သုံးလိုက်တဲ့ငွေတွေကိုပြန်ရှာပေးဖို့ လော့စ်အိန်ဂျလစ်မြို့ကိုထွက်လာပါတော့တယ်ပိုက်ဆံတွေကို ဘယ်လိုလိမ်ကောက်ပြီးရှာကြမလဲဆိုတော့Qty - 720p Web DLGern - ComedyDuration - 1hr 44minTranslator - Ye Man AungEncoder - Kyaw Ye Aung
movie

The Con is On(2018)

2017
Batman & Robin (1997) 3.7
Batman & Robin (1997) Unicodeဒီကားလေးဟာ DC Fan တွေအကြိုက်တွေ့စေမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... Batman & Robin ဇာတ်ကားဟာ DC Comics ဇာတ်ကောင် Batman နဲ့ Robin ကိုအခြေခံပြီး ထုတ်လုပ်ခဲ့တဲ့ 1997 ခုနှစ်ထွက် အမေရိကန်စူပါဟီးရိုးရုပ်ရှင်ပဲဖြစ်ပါတယ်.... ဒီကားဟာ Warner Bros ရဲ့စတုတ္တမြောက်နဲ့နောက်ဆုံးအရစ်ကျ ထုတ်လုပ်မှု့လည်းဖြစ်ခဲ့ပါတယ်.. ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Schumacher နဲ့  Akiva Goldsman တို့ကပူးတွဲရိုက်ကူးခဲ့ပါတယ်... နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြတဲ့ Arnold Schwarzenegger, George Clooney Chris O'Donnell,  Alicia Silverstone နဲ့ Uma Thurman တို့နဲ့ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်... ဒီကားမှာ မစ္စတာ ရေခဲအဖြစ်သရုပ်ဆောင်တဲ့ ကျွန်တော်အသိများတဲ့ အာနိုးဟာဖြင့် သူ့မိန်းမကို ပြန်လည်ကယ်တင်ဖို့ ဘာမဆိုလုပ်ချင်နေတဲ့ ဒေါက်တာတစ်ဦးပါ... သူ့မိန်းမကိုပြန်လည်ကယ်တင်ဖို့အတွက်လုပ်ရာကနေ နောက်ပိုင်းမှာတော့ မကောင်းမှု့ဘက်ကိုဦးတည်သွားခဲ့ပါတယ်.. နောက်ထပ် ဗီလိန်တွေကတော့ မတော်မဆထိခိုက်မှု့ဖြစ်လာရာကနေ အစွမ်းရှိလာနဲ့ လှပတဲ့ အဆိပ်မယ်နဲ့ Bane တို့ပဲဖြစ်ပါတယ်.... ဒီကားထဲမှာ Batman နဲ့ Robin တို့နားလည်မှု့လွဲရာကနေပြီးတော့ သူ့ရဲ့ဝတ်စုံကိုပြန်လည်အားဖြည့်ဖို့ စိန်တွေကို လိုက်လံခိုးယူနေတဲ့ မစ္စတာရေခဲတို့တွေ့ဆုံခဲ့ကြပါတယ်... နောက်ဆုံးမှာတော့ မစ္စတာရေခဲဟာ အဆိပ်မယ် ရဲ့ကမ်းလှမ်းချက်ကို လက်ခံပြီးတော့ Batman နဲ့ Robin တို့ကို တိုက်ခိုက်မှု့များကို စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်.... Zawgyi ဒီကားလေးဟာ DC Fan တွေအကြိုက်တွေ့စေမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... Batman & ...
movie

Batman & Robin (1997)

1997