Channel Myanmar

Tuppence Middleton

Jupiter Ascending (2015) 5.3
Jupiter Ascending (2015)  Jupiter Ascending (2015)ဒီဇာတ်ကားကတော့ အကာသသိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Wachowskis ကရိုက်ကူးထားတာပါ။သရုပ်ဆောင်တွေအဖြစ် Mila Kunis, Channing Tatun, Sean Bean, Eddie Redmayne, Douglas Booth တို့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလူသားတွေကို နတ်ဘုရားတွေကအုပ်စိုးတဲ့အနာဂါတ်ကာလမှာဖြစ်ပါတယ်။Jupiter Jones ဟာကံမကောင်းတဲ့ ရုရှားပြောင်းရွှေ့အခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး အလုပ်အကိုင်အဖြစ် အိမ်သာတွေကိုသန့်ရှင်းရေးလုပ်ပြီး အသက်မွေးပါတယ်။ဂျူပီတာဟာ နက္ခတ်တာရာကြည့်မှန်ပြောင်းဝယ်ဖို့ ငွေလိုသဖြင့် သူ၏အစ်ကိုဝမ်းကွဲ အကြံပေးချက်ကြောင့် မမျိုးဥကို ဆေးခန်းတစ်ခုမှာသွားရောင်းပါတော့တယ်။ဆေးခန်းမှာ မထင်မှတ်ထားတဲ့တိုက်ခိုက်ခံရမှုတွေကြားမှ ကယ်တင်ရှင်တစ်ဦးပေါ်လာကာ သူမသည် တော်ဝင်သွေးဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။သူမ၏ ဇစ်မြစ်က သူမကို ဘယ်လိုအန္တရယ်ဖြစ်စေနိုင်မလဲ၊ သူမကို ဘာကြောင့်အန္တရာယ်ပြုချင်နေရတာလဲ စသည်တို့ကို ကြည့်ရှုခံစားရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)File size…(1.7 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Sci-Fi Duration….02:08:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated ...
movie

Jupiter Ascending (2015)

2015
Spooks: The Greater Good (2015) MI 5 6.2
Spooks: The Greater Good (2015) MI 5 Spooks: The Greater Good သို့မဟုတ် တစ်ချို့နိုင်ငံတွေမှာ MI-5 အဖြစ်မိတ်ဆက်ခဲ့တဲ့ဒီဇာတ်ကားဟာ နာမည်ကျော်ဗြိတိန်စပိုင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Spooks ရဲ့နောက်ဆက်တွဲဖြစ်ပြီး Jon Snow လို့ လူသိများတဲ့ GOT မင်းသား Kit Harington ခေါင်းဆောင်ပါဝင်ထားပါတယ်။ MI5 ရဲ့အကြမ်းဖက်တိုက်ဖျက်ရေး ဌာနအကြီးအကဲ ဟယ်ရီဟာ အမေရိကန်ကအလိုရှိနေတဲ့ အကြမ်းဖက်သမား Adem Qasim ကို ယာဉ်တန်းအစောင့်အရှောက်နဲ့လွှဲပြောင်းဖို့ပို့ဆောင်နေချိန်မှာ တိုက်ခိုက်မှုခံခဲ့ရပြီး Adem Qasim လွတ်မြောက်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုစုံစမ်းရင်းနဲ့ အဲ့ဒီကိစ္စမှာ MI5 ထဲကအကြီးတန်းတွေကိုယ်တိုင်ပါဝင်ပတ်သက်နေပြီး သူတို့အဖွဲ့အစည်းကို အမေရိကန်ဘက်ကသိမ်းယူနိုင်ဖို့ပူးပေါင်းကြံစည်ခဲ့ကြတယ်ဆိုတာ သိလိုက်ရတဲ့နောက် နောက်ဆက်တွဲဖြစ်ရပ်တွေကို Suspense အပြည့်နဲ့ရှုစားကြရမှာပါ။File size_(1.9GB)/(980MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Action, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Spooks: The Greater Good (2015) MI 5

Lord of Misrule (2023) 5.1
Lord of Misrule (2023) Lord of Misrule (2023)ကျေးလက်ပုံပြင်တွေကို အခြေခံထားတဲ့ ဟော်ရာကားတစ်ကားပေါ့။ ဒီလိုကားတွေက မကောင်းတောင် တော်တော်တော့ ကြည့်ကောင်းတတ်တယ်။ ဥပမာဆို The Witch, Kwaidan, The Wailing, Sleepy Hollow, The Ritual နဲ့ In the Earth တို့လို ကားမျိုးတွေပေါ့။ ဒီကားကလည်း ဒေသတစ်ခုက နတ်ဆိုးလိုလို နတ်လိုလို မမြင်အပ် မြင်အပ်အရာတစ်ခုအကြောင်း ဇာတ်လမ်းကို အခြေခံထားတယ်။တရားဟောဆရာမလုပ်နေတဲ့ ရေဘက်ကာဟော်လန်ဟာ ဒေသသစ်တစ်ခုမှာ အခြေသွားချတယ်။ ခေါင်သီတဲ့ဒေသတစ်ခုပေါ့။ အဲဒီဒေသက‌ ကောက်ရိတ်သိမ်းပွဲတော်မှာ သူ့သမီးက ကောက်ရိတ်သိမ်း နတ်သမီးအဖြစ် ရွေးချယ်ခံထားခဲ့ရတယ်။ အဲဒီပွဲမှာ သူ့သမီးလေးပျောက်သွားတဲ့နောက် ရေဘက်ကာဟာ ရဲတွေ အိမ်နီးချင်းတွေရဲ့အကူအညီနဲ့ သူ့သမီးလေးကိုရှာဖို့လုပ်တယ်။ ဒါပေမဲ့ ၃ရက်တန်သည်အထိ သူ့သမီးရဲ့ အရိပ်ကိုတောင်မမြင်ရဘူး။ ဒီနောက်မှ သူသိလိုက်ရတာက လွန်ခဲ့တဲ့ ၁၂နှစ်ကလည်း ဒါမျိုးအဖြစ် ဖြစ်ဖူးကြောင်းပေါ့။ ...
movie

Lord of Misrule (2023)

2023
The Current War (2017) 6.4
The Current War (2017) (Unicode)ဒီရုပ်ရှင်ကတော့ ၁၈၈၅ ဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ သောမတ်အက်ဒီဆင်၊ နီကိုလာ တက်စလာ၊ ဂျော့ ဝက်စတင်ဟောက် တို့ရဲ့ အားပြိုင်မှုတွေကို အခြေတည်ထားတာပါ။အက်ဒီဆင်ဆိုတဲ့ ဥာဏ်ကြီးရှင်ကို မကြားဖူးတဲ့သူ ရှားပါလိမ့်မယ်။ဒီရုပ်ရှင်မှာလည်း ဥာဏ်ကြီးရှင်ဇာတ်ရုပ်တွေအတွက် မွေးလာသလို့ထင်ရတဲ့ မင်းသားပဲ သရုပ်ဆောင်ထားတာပါ။ဘန်နီဒစ် ကမ်းဘားဘက်ခ်ျ ပါပဲ။သူ့ရဲ့လက်ထောက်အဖြစ်တော့ စပိုက်ဒါမန်းမင်းသား တွမ်ဟော်လန် က ပါဝင်ထားပါတယ်။နီကိုလာတက်စလာ အဖြစ်တော့ နီကိုလတ်ဟောက်ထ် က သရုပ်ဆောင်ထားပါတယ်။သူ့ကိုတော့ x-men အဖြစ်ရော warm bodies ထဲက ဇွန်ဘီးအဖြစ်ရော သိကြမှာပါ။သူတို့တွေရဲ့ အဓိက အားပြိုင်မှုကတော့ လျှပ်စစ်ဖြန့်ဖြူးရေး စျေးကွက်မှာပါပဲ။အက်ဒီဆင်က DC Current ကိုအသုံးပြုပြီး AC ဟာ လူသေနိုင်ချေ အရမ်းများတဲ့အတွက် အသုံးမပြုခဲပါဘူး။ဂျော့ဝက်စတင်ဟောက်နဲ့နီကိုလာတို့ကတော့ ဒီစီထက် သုံးဆလောက် စျေးသက်သာမယ့် အေစီနဲ့ စျေးကွက်ကို ယှဉ်ပြိုင်လာပါတယ်။ဒီတော့ အက်ဒီဆင်က အေစီတွေဟာ လူသေစေနိုင်ကြောင်း သက်သေပြဖို့ ကြိုးစားရင်းနဲ့လျှပ်စစ်ကုလားထိုင်ကို တီထွင်ဖို့ ...
movie

The Current War (2017)

2017
Trance (2013) 6.9
Trance (2013) ဆိုင်မွန်နယူတန်ဆိုတဲ့သူက ပန်းချီကားတွေ အနုပညာလက်ရာတွေကို လေလံပစ်တဲ့သူအဖြစ် လုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ် သူတို့လေလံပွဲတွေမှာကလဲ သိတဲ့အတိုင်းလုယက်တာတွေ တိုက်ခိုက်တာတွေ ခိုးယူတာတွေဆိုတာဖြစ်လေ့ရှိတဲ့ကိစ္စတစ်ခုပါ တစ်နေ့တော့ ဆိုင်မွန်တို့ရဲ့လေလံပွဲမှာ ဂိုရာရဲ့ 'လေထဲကစုန်းမများ'ဆိုတဲ့ပန်းချီကားကိုလေလံဆွဲဖို့ပြင်ဆင်ပါတော့တယ် ဒီတော့ပွဲစပြီးတော့သိပ်မကြာခင်မှာပဲ ပန်းချီကားကိုလုယူဖို့ ဓာတ်ငွေ့တွေနဲ့တိုက်ခိုက် ရုန်းရင်းဆန်ခတ်တွေဖြစ်နေတဲ့အချိန်မှာ ဆိုင်မွန်ဟာချက်ချင်းပန်းချီကားကိုဖြုတ်သိမ်းပြီး လုံခြုံတဲ့နေရာကိုပို့ဖို့သွားတဲ့အချိန်မှာ လမ်းကနေဖြတ်လုခံလိုက်ရပါတယ် ဆိုင်မွန်ကတားဖို့လုပ်တော့ဆိုင်မွန့်ခေါင်းကိုသေနတ်ဒင်နဲ့ဖြတ်ရိုက်ခံလိုက်ရတယ် ဒါပေမယ့်ပြသနာကအဲ့တာတွေမဟုတ်ပါဘူး ဆိုင်မွန်တစ်ယောက် ကတုံးပေါ်ထိပ်ကွက်ခံရတာပါ ပန်းချီကားကိုအကွက်ကျကျနဲ့ခိုးဖို့လုပ်ထားပြီးကာမှ သူ့ဆီကနေပြန်အခိုးခံလိုက်ရတာပဲဖြစ်ပါတယ် အတိတ်မေ့ချင်သလိုလိုဖြစ်နေတဲ့ဆိုင်မွန်ဟာအိပ်ငွေ့ချနည်းနဲ့ ပန်းချီကားကိုပြန်ရှာဖို့ကြိုးစားရင်ကုထုံးပညာရှင်မမအဲလီဇဘတ်နဲ့တွေ့ပါတော့တယ် သူခိုးရယ် သူခိုးဆီကပြန်ခိုးတဲ့သူခိုးရယ် မိန်းမတစ်ယောက်ရယ် ဖြစ်လာတဲ့ဇာတ်ကြောင်းကမအီသွားပဲတစ်ကားလုံးကို rating6.9အထိခေါ်သွားနိုင်ပါတယ် ဆိုင်မွန်နယူတန်အဖြစ် james mcavoy ကသရုပ်ဆောင်ထားပါတယ်ဗျ ဒီမှာ ကုထုံးပညာရှင်မမရဲ့ပါးစပ်လေးအဟောင်းသားဖြစ်ရမဲ့ဇာတ်ဝင်ခန်းတစ်ချို့ပါပါတယ် ညိုချောတွေလှတော့လဲဂလုဂလုရတော့မှာပေါ့ဗျာ (ကျော်မကြည့်နဲ့နော်.ကျော်ကြည့်လိုက်လို့ဇာတ်ကြောကဖီးလ်ကျဲသွားရင် ဒလဘယ်ဆောရီးပဲ) သရုပ်ဆောင်များ -James McAvoy, Vincent Cassel, Rosario Dawson ထွက်ရှိသည့်ခုနှစ် - 2013 ဇာတ်ကားကြာချိန် -101minutes Translated by Aye Chansu Encoded by sithu
movie

Trance (2013)

2013