Channel Myanmar

TSK

Lubber Pandhu (2024) 8.8
Lubber Pandhu (2024) Lubber Pandhu (2024) "ချည်သောကြိုးများ"ကမ္ဘာမှာ ခရစ်ကတ်ကစားနည်းကို အနှစ်သက်ဆုံးရော အအောင်မြင်ဆုံးအသင်းအဖြစ်ရောပါဝင်နေတဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယဆိုတာ ထိပ်ဆုံးမှာပါဝင်နေတာ အိန္ဒိယရုပ်ရှင်ပရိသတ်တွေသိကြမှာပါ။အခုတင်ဆက်ပေးမှာက ဒါရိုက်တာ Tamizharasan Pachamuthuရဲ့ ပွဲဦးထွက်လက်ရာ တမီးလ်ရုပ်ရှင်။ ခရစ်ကတ်အားကစား၊ အချစ်နဲ့ ဟာသကို အချိုးညီညီချက်ပြုတ်ထားတဲ့ ဟင်းကောင်းတစ်ခွက်မို့ မြည်းစမ်းကြည့်ကြစေဖို့ တင်ဆက်ပေးလိုက်ပါတယ်။ဂျိုလီဖရန့်ဆိုတဲ့ ခရစ်ကတ်အသင်းမှာ ဝင်ကစားရမယ်ဆိုတဲ့စိတ်နဲ့ ရောက်လာခဲ့တဲ့ အန်ဘူး။ သဘောထားချင်းမတိုက်ဆိုင်လို့ ဂျိုလီဖရန့်မှာ ဝင်မကစားတော့ဘဲ တစ်ဘက်အသင်းမှာကစားနေတဲ့ ဒူဘိုင်းပြန် မြို့ရဲ့ဂုဏ်ဆောင် ဂီသူးဆိုတဲ့လူကြီးရဲ့ အံ့မခန်းရိုက်ချက်တွေကို ရပ်ကြည့်နေခဲ့တဲ့ကောင်လေး။ဂျိုလီဖရန့်အသင်းဝင်မဖြစ်ခဲ့တဲ့အန်ဘူးတစ်ယောက် ဆယ်နှစ်ဆိုတဲ့အချိန်ကာလကိုဖြတ်ကျော်ပြီးချိန်မှာ ဘယ်အသင်းသားမှမလုပ်ဘဲ ကြုံရာအသင်းမှာ ဧည့်သည်ကစားသမားအဖြစ်နဲ့ ဝင်ကစားနေပြီး အားကစားဝတ်စုံဆိုင်လေးဖွင့်ထားခဲ့တာပေါ့။ တစ်နေ့တော့ မင်္ဂလာဆောင်တစ်ခုမှာ ကောင်မလေးတစ်ယောက်ကို ကြွေမိသွားရာကစ သူငယ်ငယ်က ရပ်ကြည့်ခဲ့ရတဲ့ ဆရာကြီးဂီသူးရဲ့သမီးဆိုတာကိုသိရတဲ့နောက်မှာတော့...။ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကို မြူးမြူးကြွကြွတင်ဆက်ရိုက်ကူးထားမှုမှာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size… 3.2 GB / 1.56 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Lubber Pandhu (2024)

Karungaapiyam (2023) 7.7
Karungaapiyam (2023) Karungaapiyam(2023) IMDb 7.7/10 တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထဲ လူမသိလိုက်တဲ့ ထူးခြားဆန်းကြယ်ပုံပြင်စာအုပ်တစ်အုပ်ကို ဖတ်‌နေရသလိုခံစားချက်မျိုးအပြင် Kajal Aggarwal နဲ့ Regiana Cassandra တို့လို နာမည်ကြီးတွေပါဝင်သရုပ်ဆောင်ထားပြီး ဘာဘူကလဲ ပါဝင်အားဖြည့်ထားတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ကိုဗစ်ကာလရဲ့ ပျောက်ဆုံးသွားတဲ့အချိန်တွေကို ပြန်ပြောင်းပြောရရင် Lock down နဲ့အတူ ပြတ်တောက်သွားတဲ့ဆက်သွယ်မှုတွေထဲက သီးသန့်ဆန်သွားတဲ့ လူနေအိမ်တွေထဲကအကြောင်းအရာတွေကလည်း မပါမဖြစ်‌ပေါ့။ ဒီကားလေးမှာဆိုရင် အစပိုင်းမှာ ကိုဗစ်ကလည်းဖြစ်၊ ဘဲကလည်းပစ်ခံလိုက်ရတဲ့ မင်းသမီးဟာ သူငယ်ချင်းကျေးဇူးနဲ့ ရှေးဟောင်းစာကြည့်တိုက်တစ်ခုမှာ သွားဖတ်ဖို့အခွင့်အရေးရသွားလို့ သွားလိုက်တယ်ဆိုပြီး ပေါ့ပေါ့ပါးပါးလေးစထားပေမယ့် သူဖတ်လိုက်မိတဲ့ ‘မဟူရာ ပုံပြင်များ’ဆိုတဲ့ စာကြည်တိုက်ထောင်စကတည်းက ရှိနေတဲ့ နှစ်တစ်ရာကျော်ကြာပုံပြင်စာအုပ်ထဲ ဘယ်လိုအဖြစ်အပျက်တွေပါနေမလဲ …အပြင်လောကနဲ့ရောဘယ်လို ဆက်စပ်နေမလဲ ..သူနဲ့ရော ဘာတွေပတ်သတ်နေမလဲ ..စတာတွေကို အသည်းတအေးအေး ကျောတချမ်းချမ်းနဲ့ကြည့်ရမယ့်အပြင် ကိုဗစ်ကာလအိပ်မက်ဆိုးကြီးကိုလည်း ဟာသလေးတွေနှောပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးထားပါတယ်။ (အညွှန်းကို Aditi မှရေးထားပြီး Aditi,BpL,Voldemort&Cherryတို့မှ ဘာသာပြန်ထားပါတယ်) File size…2.13GB / 863MB Quality…1080p WEBDL AAC5.1CH / 720p Format…mp4 Duration….2h8mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ BpL~ Voldemort~ Cherry
movie

Karungaapiyam (2023)