Channel Myanmar
Tse Kwan-Ho
Cesium Fallout (2025) 6.8
Cesium Fallout (2025) မင်းသားကြီးAndy Lau နဲ့ Love O2Oထဲက မင်းသားချောလေး Bai Yuတို့ရဲ့ရုပ်ရှင်ဇာတ်ကားကြီးလာပါပြီ။ ကပ်ဘေးအန္တရာယ်ကို စွန့်စားပြီးကာကွယ်ရတဲ့ဇာတ်ကားဖြစ်ပါတယ်။ အန္တရာယ်ရှိ ဓာတ်ရောင်ခြည်ပစ္စည်းတွေရုတ်တရက်ယိုစိမ့်လာတဲ့အတွက် ဟောင်ကောင်မြို့ကြီးဟာ ၂၄နာရီအတွင်းအန္တရာယ်ကျရောက်တော့မှာဖြစ်ပါတယ်။ဒီကပ်ဘေးကြီးကလွတ်မြောက်ဖို့ ပညာရှင်ဖန့်ဝေလိနဲ့ Ceciliaတို့က ကိုယ့်အကြောင်းပြချက်နဲ့ကိုယ်ရှိကြပါတယ်။ တစ်ချိန်ထဲမှာပဲ မီးသတ်သမား လိကျယ်ဖုန်းဟာ သူ့တပ်ဖွဲ့နဲ့အတူ ရှေ့တန်းမှာကယ်ဆယ်ရေးကိုကြိုးစားပြီးလုပ်ကိုင်နေခဲ့ပါတယ်။ ဟောင်ကောင်မြို့ကြီးပျက်စီးတော့မယ့်အချိန်နဲ့နီးကပ်လာတာနဲ့အမျှ သူတို့တွေဟာ ကာယ ဉာဏ အင်အားပူးပေါင်းပြီး ဘယ်လိုကယ်တင်သွားမလဲဆိုတာကို သဲထိတ်ရင်ဖိုကြည့်ရမှာပဲဖြစ်ပါတယ်။ Filesize : 3.63 GB / 1.88 GB / 1.03 GB Quality : WEB-DL 4K HEVC, 1080p HEVC , 720p HEVC Format : mkv Genres : Drama , Action , Crime Runtime : 2h 16 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie
Cesium Fallout (2025)
4K HEVC
The White Storm 3: Heaven or Hell ( 2023 ) 6.3
The White Storm 3: Heaven or Hell ( 2023 ) The White Storm ရဲ့တတိယမြောက်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားသုံးကားလုံးကိုဒီနေရာမှာရှာနိုင်ပါတယ် ဒီကားမှာတော့ အရင်ဇာတ်ကားကမင်းသားကြီးဖြစ်တဲ့ Louis Kooတစ်ယောက်ပဲပြန်ပါလာပြီး မင်းသားကြီး Aaron Kwok နဲ့ Sean Lau တို့ထပ်ပါဝင်လာပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဟောင်ကောင်ရဲ့မူးယစ်ရာဇာကြီးခန်းစုချိုင်းဟာ ဟောင်ကောင်မှာ မရှုမလှနှိမ်နင်းခံရတဲ့အတွက် အသက်ဘေးလွတ်မြောက်အောင်ပြေးရင်း ရွှေတြိဂံဒေသ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေရပါတယ်။နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် လက်နက်ကိုင်တပ်ကကြီးစိုးတဲ့ ဘိန်းချက်တဲ့ရွာမှာပဲ လုပ်ကိုင်နေရင်း ရွှေတြိဂံဒေသကိုကြီးစိုးနိုင်ဖို့ ကြံစည်ပါတယ်။ ထိုင်းကိုလွတ်မြောက်သွားတဲ့ မူးယစ်ရာဇာကြီးကိုဘယ်လိုပြန်ဖမ်းကြမလဲဆိုတာကို တင်ဆက်ပြထားတာပဲဖြစ်ပါတယ်။ မင်းသားကြီးတွေရဲ့ အက်ရှင်တွေ အိုက်တင်တွေကပြောစရာမရှိအောင်ပါပဲဆိုတဲ့အတွက် မူးယစ်ဂိုဏ်းသူလျိုကားတွေကိုကြိုက်နှစ်သက်တဲ့ အက်ရှင်ပရိသတ်ကြီးအတွက် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Filesize : 1.88 GB / 1.04 GB Quality : Bluray 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama , Crime Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu ...
movie
The White Storm 3: Heaven or Hell ( 2023 )
A Guilty Conscience ( 2023 ) 6
A Guilty Conscience ( 2023 ) တရားဥပဒေရှေ့မှာ လူတိုင်းဟာ တန်းတူညီမျှကြသလား။ ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ရှေ့နေလင်လျန်ဆွေက အပြောကြမ်းတယ်ဆိုပြီး နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ လူအများဂရုစိုက်နေကြတဲ့ ကလေးညှဉ်းပန်းနှိပ်စက်မှုတစ်ခုကို ဖြေရှင်းချိန်မှာတော့ ကိုယ့်ကိုယ်ကို အလွန်အထင်ကြီးခဲ့တဲ့အတွက် သူ့ရဲ့ အမှုသည် ကျန်းကျဲအာဟာ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။လင်လျန်ဆွေကလည်း နာမည်ပျက်သွားခဲ့ပြီး ဈေးပေါပေါနဲ့ သာမန်ပြည်သူတွေအတွက်ပဲ အမှုလိုက်ပေးနေရပါတယ်။ အမှုကို ပြန်လှန်ဖို့ အခွင့်အရေး ရလာတဲ့အခါမှာတော့ သူက ပြန်လည်အမှုစစ်ဖို့ တင်ပြနိုင်ခဲ့ပါတယ်။ ဒီအမှုက ချမ်သာကြွယ်ဝတဲ့ ကျုံးမိသားစုက လင်မယားနှစ်ယောက်နဲ့ ပတ်သက်နေခဲ့ပါတယ်။ကျုံးမိသားစုရဲ့ ဥပဒေအကြံပေး တုံဝေ့ကော်ရဲ့ အောက်တန်းကျတဲ့ အကြံအစည်တွေကြောင့် သတင်းထောက်တွေရော ရဲဌာနတွေ ဥပဒေဌာနတွေက လင်လျန်ဆွေကို ရန်လိုနေခဲ့ပါတယ်။ တရားရုံးထဲမှာ လင်လျန်ဆွေဟာ အမှုစစ်ရှေ့နေကို ရင်ဆိုင်ပြီး အာဏာရှင်တွေကို အစွမ်းကုန်ကြိုးစား တိုက်ခိုက်ခဲ့ပါတယ်။ကျန်းကျဲအာတစ်ယောက် အပြစ်မှ လွှတ်မြောက်နိုင်ပါ့မလား...... လင်လျန်ဆွေကလည်း လွန်ခဲ့တဲ့ ၂ နှစ်က အမှားတွေကို ပြန်လည်ပြင်ဆင်နိုင်ပါ့မလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါတော့နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , ...
movie
A Guilty Conscience ( 2023 )
Hong Kong Family ( 2022 ) 5.9
Hong Kong Family ( 2022 ) ဒီနေ့မှာတော့ မိသားစု တစ်စုအတွင်းမှာ တွေ့ကြုံလေ့ရှိတတ်တဲ့ အကြောင်းအရာတွေအကြောင်း ရိုက်ကူးထားတဲ့ ဟောင်ကောင် မိသားစု ရုပ်ရှင်ကားလေးကို CM က ပရိသတ်ကြီးအတွက် မိတ်ဆက်ပေးပါရစေ ။ဟောင်ကောင် မိသားစုတစ်စုဟာ ဇာတိမြေကိုပြန်ပြီး ဆောင်းဦးရာသီ မိသားစု လက်စုံထမင်းစားပွဲတစ်ခုကို ကျင်းပခဲ့ပါတယ် ။ ဒါပေမဲ့ ဒီလက်စုံထမင်းစားပွဲဟာ သူတို့ ထင်သလို ချောချောမွေ့မွေ့ဖြစ်မနေခဲ့ပါဘူး ။ မိခင်ဖြစ်သူ နဲ့ သားဖြစ်သူမင် တို့ နားလည်မှုတွေ ဖြစ်ရင်း မင်ဟာအိမ်ပေါ်ကနေ ဆင်းသွားခဲ့ပါတယ် ။ဒါ့အပြင် သမီးဖြစ်သူ လင်ဟာလဲ ယောကျာ်းနဲ့ ပြဿနာတွေဖြစ်ကာ သူတို့ရဲ့ လူမမည် ကလေးတွေကိုပါ စိတ်ဒဏ်ရာရစေခဲ့ပါတော့တယ် ။ သ ားဖြစ်သူ မင် နဲ့ သမီးဖြစ်သူ လင် တို့ရဲ့ အခြေအနေကို ကြည့်ရင်း မိခင်ကြီးမှာ စိတ်မအေးချမ်းနိုင်ဖြစ်ခဲ့ပြီး ဒီမိသားစုရဲ့ ဆက်ဆံရေးဟာလဲ ၁၀ စုနှစ်တိုင်တိုင် အေးစက်လို့ နေခဲ့ပါတယ် ။ဒီလိုနဲ့ နှစ်တွေကြာလာတဲ့အခါ မင် တစ်ယောက် မိခင်ကြီးဆီကို ပြန်လာနိုင်ပါ့မလား ? အဆင်မပြေမှုတွေ ရင်ဝယ်ပိုက်ထားတဲ့ သူတို့ ...
movie
Hong Kong Family ( 2022 )
The Stolen Years (2013) 6.2
The Stolen Years (2013) The Stolen Years (2013) (အညွှန်း)လူနှစ်ဦးချစ်ကြတဲ့အခါ အဲဒီလူနှစ်ဦးလက်ထပ်နိုင်ဖို့အရေး၊ ဇာတ်ပေါင်းထုပ်နိုင်ဖို့အရေးကိုပဲ များသောအားဖြင့် ပဓာနထားတတ်ကြတယ်။ ချစ်သူနှစ်ဦးပေါင်းဖက်နိုင်သွားရင် အရာအားလုံးအဆုံးသတ်သွားပြီ အောင်မြင်သွားပြီလို့ထင်မှတ်တတ်ကြတယ်။ တကယ်တော့မဟုတ်ပါဘူး .. လက်ထပ်ပြီးနောက်ပိုင်းကမှသာ အဲဒီလူနှစ်ယောက်ရဲ့ တကယ့်ဘဝအစလို့ပြောရမှာပါ။Xie Yu နဲ့ He Mann က တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြတဲ့ ချစ်သူတွေအဖြစ်ကနေ အခုမှပူပူနွေးနွေးလက်ထပ်ပြီးကာစ အချစ်ငှက်ကလေးတွေပေါ့။ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြပြီး နှစ်ယောက်အတူရှိလိုက်ရင် အချင်းချင်းစနောက်ပြီး အမြဲပျော်ရွှင်ရယ်မောနေတတ်တာမို့ အများကဝိုင်းအားကျရတဲ့စုံတွဲလေးဆိုလည်းမမှားပါဘူး။ ဒီလိုနဲ့ကြင်စဦးတို့ရဲ့ထုံးစံအတိုင်း ဟန်းနီးမွန်းခရီးစဉ်တစ်ခုထွက်ရာကနေ မတော်တဆမှုတစ်ခုဖြစ်သွားခဲ့တယ် ..။2012 ခုနှစ်ရဲ့မနက်ခင်းတစ်ခုမှာ မတော်တဆမှုနဲ့ဆေးရုံရောက်နေတဲ့ He Mann သတိပြန်ရလာခဲ့တယ်။ နိုးနိုးလာချင်း မတော်တဆဖြစ်တုန်းကအတူတူရှိခဲ့တဲ့ ယောက်ျားဖြစ်သူ Xie Yu ကိုရှာတာပေါ့။ အဲဒီအချိန်မှာ မထင်မှတ်ထားတဲ့ထိတ်လန့်စရာအဖြစ်မှန်တွေကို He Mann ကြုံလိုက်ရတော့တယ်။ သူမှတ်မိနေတဲ့မှတ်ဉာဏ်က 2007 ခုနှစ်ကမှတ်ဉာဏ်တွေဆိုတာရယ် .. လက်ရှိခုနှစ်က 2012 ခုနှစ်ဆိုတာရယ် .. သိပ်ချစ်ခဲ့ကြတဲ့ သူနဲ့ Xie Yu က ကွာရှင်းပြီးသားဆက်ဆံရေးဖြစ်သွားပြီဆိုတာရယ် .. သူကမတော်တဆမှုတစ်ခုကြောင့် ဆေးရုံမှာတစ်လလောက် ကိုမာဖြစ်နေရာကနေ မှတ်ဉာဏ်တချို့ပျောက်ဆုံးသွားပြီဆိုတာရယ် .. ။“ခိုးယူခံလိုက်ရတဲ့ သက္ကရာဇ်တွေ” ...
movie
The Stolen Years (2013)
2013
Drifting (2021) 7.0
Drifting (2021) Drifting (2021)အတိအကျတော့မမှတ်မိတော့ပေမဲ့ မနှစ်တုန်းက တရုတ်တစ်ချို့က Johhnie Toတို့ ဂျွန်ဝူးတို့က ကားဆက်မရိုက်တော့၊ ဝေါင်ကာဝေးတို့ စတီဖင်ချောင်တို့က ပြည်မ ရောက်သွားကြ၊ နိုင်ငံခြားရောက်သွားတဲ့သူတွေလည်းရှ်ိလိုရှိနဲ့ ဟောင်ကောင်ရုပ်ရှင်ရဲ့ အရည်အသွေးကျလာတဲ့အကြောင်း ငိုချင်းချထားတာ ဖတ်လိုက်ရပါသေးတယ်။ ဟောင်ကောင်ရုပ်ရှင်ရဲ့ တစ်ချိန်က Legendတွေဟာ လုံးပါးပါးကုန်ကြပါပြီ။ သို့ပေမဲ့ မနှစ်ကတော့ Limboတို့ DRIFTINGတို့ Hand-rolled cigarettesတို့ Timeတို့လို ဒါရိုက်တာမသစ်တသစ်တွေရဲ့ ဇာတ်ကာကောင်းတွေထွက်ခဲ့တာကြောင့် မျှော်လင့်ချက်တော့ရှိသေးတယ်ဆိုပါတယ်။Driftingဟာ မနှစ်က‌ ဟောင်ကောင်ရဲ့ ရှားရှားပါးပါးထွက်ထားတဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားပါ။ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတစ်ချို့ရထားပါတယ်။ မင်းသားကတော့ Johhnie Toရုပ်ရှင်တွေထဲ ပါနေကျ Francis Ngပါ။ ဇာတ်ကြောင်းကတော့ ၂၀၁၂မှာ တကယ်ဖြစ်ခဲ့တဲ့ ဟောင်ကောင် အိမ်ခြေရာမဲ့တွေနဲ့ ပတ်သက်နေတဲ့တရားခွင်ကို အခြေခံရိုက်ကူးပါတယ်။ဟောင်ကောင်မှာလည်း ဒီကလို ကျူးကျော်တဲဆန်ဆန်တွေ၊ အိမ်ခြေရာမဲ့တွေရှိပါတယ်။ သူတို့ထဲက အများစုကတော့ ပြန်စရာ အိမ်မရှိတော့တဲ့လူတွေပါ။ သူတို့အားလုံးဟာ ဘာမှလုပ်စရာမရှိတဲ့ဘ၀မှာ ...
movie
Drifting (2021)
I Love You, You’re Perfect, Now Change! ( 2019 ) 4.6
movie
I Love You, You’re Perfect, Now Change! ( 2019 )
2019