Channel Myanmar

Tom Hollander

Tulip Fever (2017) 6.2
Tulip Fever (2017) Tulip Fever (2017)IMDb Rating (6.2) ၁၇ ရာစုတုန်းက အမ်စတာဒမ်မြို့ဟာ ပန်းတစ်မျိုးကို အရူးအမူးဖြစ်ခဲ့ဖူးပါတယ် - ကျူးလစ်ပန်းပါ။ ဒီပန်းလေးတွေဟာ အရှေ့ဘက်အဝေးကြီးကနေ ရောက်လာပြီး အလွန်ရှားပါးလှပတာကြောင့် လူတွေဟာ ဒီပန်းပိုင်ဆိုင်ဖို့ မှော်ဆန်တဲ့အလိုဆန္ဒတွေနဲ့ ရူးသွပ်ခဲ့ကြပါတယ်။ ချမ်းသာသူဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ် ကျူးလစ်မျိုးဥတွေကို ဝယ်ယူဖို့ ပိုက်ဆံတွေသုံး၊ ချေးငွေတွေယူပြီး ရင်းနှီးခဲ့ကြတယ်။ ကျူးလစ်ပန်းမျိုးဥတွေရဲ့ ဈေးဟာလည်း တဖြည်းဖြည်း မြင့်တက်လာနေခဲ့တဲ့အခါသမယပေါ့... ဒီရုပ်ရှင်ဟာ သမိုင်းမှာ "ကျူးလစ်ပန်း ရူးသွပ်မှု" (Tulip Mania) အဖြစ် ကျော်ကြားခဲ့တဲ့ ၁၇ရာစု နယ်သာလန်က ဖြစ်ရပ်ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့.... ဆိုဖီယာဆိုတဲ့ မိဘမဲ့ကောင်မလေးတယောက်ဟာ ကုန်သည်ကြီးတယောက်ဖြစ်တဲ့ ကောနယ်လစ်ဆန့်ဗို့ဆီကို မယားငယ်အဖြစ်နဲ့ရောက်သွားခဲ့ပါတယ်... တစ်နေ့တော့ ကောနယ်လစ်ဟာ သူနဲ့သူ့မိန်းမရဲ့ပုံတူပန်းချီဆွဲဖို့ ပန်းချီဆရာလေး ဂျန်ဗန်လော့စ်ကိုငှါးခဲ့ရာက ပန်းချီဆရာလေးနဲ့ သူ့မယားငယ်ဆိုဖီယာတို့ဟာ နောက်ကွယ်မှာ တိတ်တိတ်ပုန်းချစ်ကြိုက်သွားပါတော့တယ်။ ကောနယ်လစ်ရဲ့အိမ်ဖော် မာရီယာကတော့ ဈေးသည်ဝီလ်လျံနဲ့ချစ်ကြိုက်နေသူဖြစ်ပါတယ်... အဲ့ဒီအချိန်ကာလမှာ နယ်သာလန်တနိုင်ငံလုံး ပိုက်ဆံအချီကြီးမြတ်တဲ့ကျူးလစ်ဖူးတွေကို လေလံတင်ပြီးရောင်းတာ ခေတ်စားနေချိန်ဖြစ်တော့ ဝီလ်လျံဟာလဲ ...
movie

Tulip Fever (2017)

2017
A Good Year (2006) 7.0
A Good Year (2006) A Good Year (2006)IMDb Rating (6.9)ဒါရိုက်တာကြီး Ridley Scott ရဲ့  ထူးထူးဆန်းဆန်း Comedy,Romance,Drama ရုပ်ရှင်ဇာတ်ကားလေးပါ။မင်းသားကြီး Russell Crowe နဲ့ Taxi မင်းသမီးအဖြစ်မှတ်မှတ်ထင်ထင်ရှိရတဲ့ ပြင်သစ်မင်းသမီးချော Marion Cotillard တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့....ကလေးဘဝကတည်းက မိဘတွေ ဆုံးပါးသွားပြီး၊ ဦးလေးဟင်နရီရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့မက်စ်စကင်နာ။ အရွယ်ရောက်တော့ လန်ဒန်မှာ အခြေချပြီး ဦးလေးဖြစ်သူနဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်တဲ့အထိအလုပ်အရမ်းလုပ်ရင်း ငွေနောက်အရမ်းလိုက်ရင်း တစ်ကိုယ်ကောင်းဆန်သူကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့သူတစ်ယောက် ဖြစ်မှန်းမသိဖြစ်ခဲ့ပါတော့တယ်။ဒါပေမဲ့ တနေ့ ဦးလေးဖြစ်သူ ဆုံးပါးသွားတဲ့အချိန်မှာတော့ ဦးလေးဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းရယူဖို့ ဖြစ်လာပါတော့တယ်။အဲဒီအတွက် နှစ်ပေါင်းများစွာ မရောက်ဖြစ်တဲ့ ငယ်ဘဝကြင်လည်ရာ‌ပြင်သစ်တောင်ပိုင်းက မြို့ငယ်က‌လေးကို သွားရောက်ရင်းငွေပုံကြားထဲမှာနေ့စဉ် ဘဝကိုဖြတ်သန်းနေရတဲ့ အသည်းမာသူ မက်စကင်နာရဲ့ဘဝအချိုးအကွေ့တွေက ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့.....။အေးအေးလေးနဲ့ချစ်စရာကောင်းတဲ့ရုပ်ရှင်ကားလေးမလို့ ကြည့်ရှုခံစားပေးပါဦး။ File size…(2.3 GB) / (1.1 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:57:31 Subtitle….Myanmar Subtitle ...
movie

A Good Year (2006)

Bohemian Rhapsody (2018) 8.0
Bohemian Rhapsody (2018) Bohemian Rhapsody (2018) IMDb - 8.0/10_____Rotten - 60% Won 4 Oscars. Another 40 wins & 76 nominations ၂၀၁၈ ခုနှစ်အတွင်း အကြိုက်မိဆုံး ရုပ်ရှင်တစ်ကားပါ။လက်ရှိမှာတေ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရုပ်ရှင်ဆုနဲ့ အမျိုးသားသရုပ်ဆောင်ဆု ဆွတ်ခူးပြီးသွားပါပြီ။ဘာကြောင့်ဆုတွေရလဲဆိုတာတော့ ကြည့်လိုက်ရုံနဲ့ သိပါလိမ့်မယ်။ ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ အသံ၊ ရိုက်ကွင်းတွေ အားလုံး ကောင်းနေပါတယ်။Queen တီးဝိုင်းအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဖရက်ဒီ မာကျူရီရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ကွင်းအဖွဲ့ရဲ့ ကမ္ဘာကျော်သီချင်းတွေ ဖြစ်လာပုံနဲ့ သီချင်းတွေကို အကောင်းဆုံး ပြထားတဲ့ ရုပ်ရှင်ပါ။ကွင်းအဖွဲ့ရဲ့ ဂန္ဓဝင် Live Aid ရှိုးပွဲကြီးရဲ့ ဖျော်ဖြေမှုကို ပြန်တင်ဆက်ထားတာနဲ့တင် အတော်တန်ပြီပြောရမှာပါ။ဖရက်ဒီမာကျူရီရဲ့ ဂီတအမျိုးအစားပေါင်းစုံ ရောစပ်ထားတဲ့ ဘိုဟီးမီးယမ်း ရာ့ပ်ဆိုဒီ သီချင်းဟာ မာစတာပိစ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့အကောင်းဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။သမိုင်းတစ်လျှောက် ဖျော်ဖြေခဲ့တဲ့ အနုပညာရှင်တွေထဲမှာလည်း ...
movie

Bohemian Rhapsody (2018)

2018
4K HEVC
Mission: Impossible – Rogue Nation (2015) 7.4

Mission: Impossible – Rogue Nation (2015)

2015
4K HEVC
Pirates of the Caribbean: At World’s End(2007) 7.1
Pirates of the Caribbean: At World’s End(2007) Pirates of the Caribbean: At World's End(2007) IMDb...7.1 သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့ အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။ ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်။ ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်... --------------------------------------------------------------------------------------  File Size : (8.8GB )(4.24GB) and (1.53GB) Quality : Blu-Ray 4KHEVC, 1080p 5.1CH,720P Format…mp4 Duration…02:49:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae  
movie

Pirates of the Caribbean: At World’s End(2007)

2007
4K HEVC
Breathe (2017) 7.0
Breathe (2017) အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ဘ၀လေး ရုတ်တရက် ပျက်စီးသွားမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ကိုယ့်ဘ၀ဟာ အဓိပ္ပါယ်မရှိတော့ဘူးလို့ခံယူလိုက်ရင် ဘာတွေဖြစ်မလဲ။ရောဘင်ဟာ သူ့ဇနီးရယ် သူ့သူငယ်ချင်းတွေရယ်နဲ့ ခရီးလှည့်လည်ထွက်ရင်းနဲ့ ရုတ်တရက် ပိုလီယိုရောဂါပိုးကူးစက်ခံရပါတယ်။သူဟာ လည်ပင်းအောက်ပိုင်း လုံးဝ မလှုပ်နိုင်တော့ပဲ လေဖြတ်ခဲ့ပါတယ်။ နောက်ပိုင်း သူဟာ စိတ်ကျရောဂါပါ ခံစားလာရတယ်။ရောဘင့်ရဲ့ မှောင်မိုက်နေတဲ့ ဘ၀ကို အလင်းထဲ သွင်းပေးခဲ့တာကတော့ သူ့ချစ်ဇနီး ဒိုင်ယာနာပါပဲ။ဒိုင်ယာနာဟာ သူ့ခင်ပွန်းကို ဒီလို ခံစားနေရတာ မကြည့်ရက်လို့ သက်သာရာ သက်သာကြောင်းကူညီပေးရင်း အရာရာကို စိန်ခေါ်ခဲ့ပါတယ်။သူ့ယောင်္ကျားကို ဆေးရုံက ရအောင်ဆင်းခဲ့ပါတယ်။ (အဲ့ခေတ်က ပိုလီယိုရောဂါသည်တွေက ဆေးရုံက အသက်ရှူစက်တပ်ထားတဲ့အတွက် ဆေးရုံကုတင်က ရွေ့လို့မရပါဘူး။)ရောဘင့်အတွက် အဆင်ပြေမယ့် အသက်ရှူစက်ကိုပြုလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲသူတို့ဇနီးမောင်နှံနဲ့ သူငယ်ချင်းများပေါင်းပြီး ရောဘင့်အတွက် အဆင်ပြေမယ့်အရာတွေ တစ်ခုပြီးတစ်ခု တိုးတက်တီထွင်ခဲ့ပါတယ်။တဖြေးဖြေး နောက်ပိုင်းမှာ ရောဘင့်အတွက်သာမက တစ်ခြား ပိုလီယိုရောဂါသည်တွေပါ အသုံးပြုနိုင်အောင်ပြုလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ ရောဘင်ဟာ ပိုလီယိုရောဂါရှင်များရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ခဲ့ပါတယ်။ဒီဇာတ်ကား တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ရောဘင်ကာဗန်ဒစ်ရှ်ရဲ့ဘ၀ဖြစ်ရပ်ကို ပုံဖော်ထားပြီး ကိုယ့်ဘ၀မှာ ...
movie

Breathe (2017)

2017
About Time (2013) 7.8
About Time (2013) About Time (2013)IMDb - 7.8/10_____Rotten - 68%   ဒီကားလေးထဲမှာတော့ တင်မ် ဆိုတဲ့ကောင်လေးတစ်ယောက် သူအချိန်ခရီးသွားနိုင်တယ်ဆိုတာကို သူ့အဖေဆီကထူးဆန်းစွာသိခဲ့ရပါတယ်။မကြာခင်မှာပဲ သူတို့အိမ်ကို ခဏလာလည်တဲ့ သူ့ညီမရဲ့သူငယ်ချင်း ရှားလော့ကို ချစ်ကြိုက်မိရာက အချိန်တွေနောက်ပြန်လှည့်ပြီးအမျိုးမျိုးကြိုးစားရုံနဲ့ အချစ်စစ်ကိုမရနိုင်ဘူးဆိုတာ တင်မ်သိသွားခဲ့ပါတယ်။ဒီလိုနဲ့ တင်မ်တစ်ယောက် ချစ်သူရှာဖို့ လန်ဒန်ကို ရောက်လာခဲ့ပြီး တစ်နေ့မှာ မေရီဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပြီးချစ်မိခဲ့ပါတယ်။သူ့ရဲ့နေ့စဉ်ဘဝအလွဲတွေကို အချိန်တွေနောက်ပြန်လှည့်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း မေရီနဲ့ ရည်းစားတွေဖြစ်ခဲ့ပါတယ်။တစ်နေ့မှာ သူတဖက်သတ်ချစ်ခဲ့ရတဲ့ ရှားလော့နဲ့ လန်ဒန်မှာပြန်တွေ့တော့ ရှားလော့ကသူ့ကို လက်ခံဖို့ အရိပ်အယောင်တွေပြနေတဲ့အချိန်မှာ သူ မေရီ့ကို တကယ်ချစ်နေပြီဆိုတာသိခဲ့ပြီး မေရီ့ကို ရိုမက်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့တဲ့ အပိုင်းလေးကိုတော့ အပျိုဖျန်းလေးတွေ တကယ်အားကျသဘောကျကြမှာပါ။ဒီလိုနဲ့ သူတို့နှစ်ယောက် ဘဝခရီးလမ်းလေးဖြောင့်ဖြူးဖို့ အချိန်တွေနောက်ပြန်လှည့် အမျိုးမျိုးကြိုးစားရင်း တင်မ်တစ်ယောက် ဘဝရဲ့ အဓိပ္ပာယ်ကို နားလည်သွားခဲ့ပြီး အချစ်အရှုံးသမားလေးတင်မ်က နောက်ဆုံးမှာ ပျော်ရွှင်စရာမိသားစုလေးတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ဇာတ်လမ်းတစ်လျှောက်လုံးမှာ တင်မ်နဲ့ သူ့သူငယ်ချင်းတွေရဲ့အလွဲတွေကို ...
movie

About Time (2013)

2013
The Promise (2016) 5.9
The Promise (2016) ဒီဇာတ်ကားလေးက ပထမကမ္ဘာစစ်ကာလအတွင်းက ဖြစ်ရပ်မှန်အပေါ်အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။Batman မင်းသားကြီး Christian Bale ရဲ့ဇာတ်ကားလေးပါ။ပထမကမ္ဘာစစ်မဖြစ်ခင်အချိန်မှာ တူရကီအင်ပါယာက တန်ခိုးအာဏာ ကြီးမားခဲ့တဲ့အချိန်ပါ။တဖြည်းဖြည်းနဲ့ တူရကီအင်ပါယာလည်းပြိုယွင်းလုနီးနီး ဖြစ်နေပါပြီ။အဲဒီအချိန်ကတူရကီမှာ ခရစ်ယာန်ဘာသာဝင် လူနည်းစုဖြစ်တဲ့ အားမေးနီးယန်းမျိုးနွယ်စုတွေကိုအစ္စလာမ်ဘာသာကိုးကွယ်တဲ့ တူရကီလူမျိုးကြီးဝါဒရှင်တွေ  အများစုက  မနှစ်သက်ကြဘူး။ပထမကမ္ဘာစစ်ဖြစ်လာတဲ့အချိန်မှာတော့ တူရကီစစ်ခေါင်းဆောင်ပိုင်းတွေကအားမေးနီးယန်းတွေကို တိတ်တဆိတ် စစ်နဲ့အတူရောယောင်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်။ခုချိန်ထိလည်း တူရကီအာဏာပိုင်တွေက ဒီလူမျိုးတုန်း သတ်ဖြတ်ခဲ့မှု ဘူးခံပြီး ငြင်းကွယ်နေဆဲပါပဲ။ဒီဖြစ်ရပ်မှန်အကြောင်းကို ဖော်ထုတ်ပေးခဲ့တာကတော့ အမေရိကန်သတင်းထောက်တစ်ဦးပါပဲ။ဒီဇာတ်ကားက စစ်ပွဲကိုအခြေခံထားတဲ့အချစ်ဇာတ်လမ်းပေမယ့်  အဓိကပေးသွားတဲ့ မက်ဆေ့ချ်လေးကတော့သတင်းမီဒီယာသမားရဲကျင့်ဝတ်သိက္ခာနဲ့ အခန်းကဏ္ဍပါပဲ။တကယ့်ကို စစ်မှန်တဲ့ သတင်းထောက် တစ်ယောက်ကြောင့် လူပေါင်းများစွာ လူမျိုးစုတစ်ခုကို ကယ်တင်နိုင်ခဲ့သလိုသတင်းမီဒီယာသမားတစ်ယောက်ဟာ အမှန်တရားကို အသက်နဲ့တောင် အလဲအထပ်လုပ်ရဲတဲ့အထိစိတ်ဓါတ်ခိုင်မာပြတ်သားတယ်။ဒီလိုစိတ်ဓါတ်မျိုးရှိပြီး အမှန်တရားကို ဖော်ထုတ်ရေးသားတတ်သူ သတင်းထောက်မျိုးကိုသာနိုင်ငံတကာက အသိအမှတ်ပြုပြီး သူရဲ့သတင်းက ယုံကြည်စိတ်ချရပြီးအားကိုးရမယ့်သူမျိုးဆိုတာကို ပါးပါးလေးပြသွားပါတယ်။သတင်းထောက်ကောင်းတွေဟာ ဘယ်လောက်တောင်အပြောအဆို လိမ္မာပါးနပ်မှုရှိသလဲဆိုတာကိုလည်း မြင်တွေ့ရမှာပါ။မြန်မာ့မီဒီယာလောကသတင်းထောက်တွေ ဒီလိုမျိုးဖြစ်လာအောင် ကျင့်သုံးအတုယူသင့်ပါတယ်။နောက်ပြီး ဘယ်သူတွေဘယ်လို ရန်ငြိုးနဲ့လူမျိုးရေးမုန်းတီးမှုပဲရှိရှိ သူငယ်ချင်းတွေ ...
movie

The Promise (2016)

2016