Channel Myanmar

Tom Hardy

Legend (2015) 6.9
Legend (2015) Legend (2015)IMDb Rating (6.9) / Rotten Tomatoes (60%)Gangster ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်သူ မင်းသားတွေကို ပြပါဆိုရင် Tom Hardy ကိုလည်းချန်ထားခဲ့လို့ မရဘူးရယ်။ ဒီဇာတ်ကားမှာတော့ ၅၀ပြည့်နှစ်-၆၀ပြည့်နှစ်တွေမှာ လန်ဒန်မြို့ရဲ့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ Gangsters တွေဖြစ်တဲ့ ခရေးအမြွှာညီနောင်ရဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်။ Identical twins ဖြစ်တဲ့အတွက် နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ရော်နယ်ခရေးနဲ့ ရတ်ဂျီနယ်ခရေးဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်အကြား ရွန်လို့ခေါ်တဲ့ ရော်နယ်ကတော့ စိတ်ကစဉ့်ကလျားရောဂါကို ခံစားနေရသူပေါ့။ ဒီတော့ သွေးဆာတတ်တယ်၊ အကြမ်းဖက်တတ်တယ်၊ ထင်တိုင်းကြဲတတ်တယ်။ ရတ်ဂျီကတော့ ပိုက်ဆံကြိုက်တယ်၊ ကလပ်ပိုင်ရှင် ကာစီနိုပိုင်ရှင်ဖြစ်တဲ့အတွက် အဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ လေးစားမှုကို ရချင်ပါတယ်တဲ့။ အကျဉ်းချုပ်လိုက်ရင်တော့ နှစ်ယောက်လုံးက ဂန်းစတားတွေပါ။ဒီရုပ်ရှင်ကို ရတ်ဂျီရဲ့ ချစ်ရသူ၊ သူ့ထက် ၁၀ နှစ်ငယ်တဲ့ ဖရန်စစ်ရှေယာ(Emily Browning)က ဇာတ်ကြောင်းကို ပြောပြနေဟန်ရိုက်ကူးထားတယ်။ ...
movie

Legend (2015)

4K HEVC
The Revenant (2015) 8.0
The Revenant (2015) အော်စကာဆု ရွှေကမ္ဘာလုံးဆု တွေ အပါအဝင်ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက်လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့သရုပ်ဆောင် သက်တမ်းတစ်လျှောက်အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်းဖြစ်လာနိုင်ပါတယ်။အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်။ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုတွေ အပြင်ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သားအားလုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါတွေ့မြင်ရမှာ ဖြစ်ပါတယ်။ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိလုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ HughGlass (လီယိုနာဒို) ရဲ့အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကိုအားရကျေနပ်ဖွယ် ကောင်းလောက်အောင်ရိုက်ပြထားတာပါ။မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကိုပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကိုအားလုံးတွေ့မြင်ရမှာပါ။ဒီဇာတ်ရုပ်ဟာ လီယိုနာဒိုကို အခြား အော်စကာ ဆန်ကာတင်မင်းသားတွေနဲ့ ယှဉ်လိုရင် ပိုသာ သွားအောင်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။survival adventure ...
movie

The Revenant (2015)

2015
4K HEVC
Venom (2018) 7.0
Venom (2018) DatShin Review: Venom (2018) … PlotEddie Brock ဆိုတဲ့ သတင်းထောက်တစ်ယောက်ဟာ လူတွေကို တရားမဝင်စမ်းသပ်မှုတွေလုပ်နေတဲ့ကုမ္ပဏီကြီးတစ်ခုကို ဝင်ထောက်လှမ်းရင်း ပြင်ပကမ္ဘာသက်ရှိတစ်ကောင်ဖြစ်တဲ့ Venom နဲ့ ထိတွေ့ ကူးစက်ခံခဲ့ရတယ်။ အဲအချိန်မှာပဲ ကုမ္ပဏီကြီးကသူ့အမြင် သူ့ရည်မှန်းချက်အတွက် တစ်ကမ္ဘာလုံးကို ဒုက္ခရောက်ဖို့ ကြိုးပမ်းလာတဲ့အခါမှာတော့ Eddie ဟာသူ့အပေါ်မှာ ကပ်မှီပြီး နေနေတဲ့ Venom နဲ့ အတူ ပူးါပေါင်းတားဆီးဖို့ ကြိုးပမ်းရပါတော့တယ်။Review . Venom ရုပ်ရှင်ဟာ လတ်တလော controversial အဖြစ်ဆုံး ကားလို့ ပြောရမှာပါ။Critic အများစု မကြိုက်သလောက် Fan အများစု ကြိုက်ကြတယ်။ကျွန်တော့အနေနဲ့ကတော့ Venom character နဲ့ ပတ်သက်ပြီး အများကြီး မသိပါဘူး။Spider-Man video game တွေထဲမှာလောက်ပဲ တွေ့ဖူးတာ များတယ်။ဆိုတော့ ကျွန်တော့ အမြင်က နည်းနည်းကွဲရင် ကွဲနိုင်သပ။အရင်ဆုံး မကောင်းဘူး ထင်တာတွေ ပြောပါမယ်။မင်းသား Tom ...
movie

Venom (2018)

2018
4K HEVC
Venom: Let There Be Carnage (2021) 6.3
Venom: Let There Be Carnage (2021) Venom: Let There Be Carnage (2021)==========================IMDb Rating - 6.3/10Venom 2 WebDL video quality, sound quality ကောင်းကောင်းနဲ့ Digital Released ထွက်လာပြီမို့ . update လုပ်ပြီးတင်ဆက်ပေးလိုက်ပါပြီ။Venom ဒုတိယကားမှာလည်း အက်ဒီ နဲ့ ဗယ်နွန်က မတည့်အတူနေပါပဲ။ ငြင်းလိုက်ခုန်လို့ ရန်ဖြစ်လိုက်နဲ့ လူဆိုးတွေနဲ့ ချနေဆဲပါပဲ။ကလိတပ်ဆိုတဲ့ စိတ္တဇလူသတ်သမားဆီကို အနီရောင် ကပ်ပါးကောင် ကာနေ့ဂျ် ရောက်သွားပြီ ထောင်ကနေ လွတ်မြောက်သွားပါတယ်။ကလိတပ်က သူ့ရဲ့ချစ်သူကိုပါ ထောင်ထဲက ကယ်ထုတ်ပြီး အက်ဒီ နဲ့ဗယ်နွန်ကို ကလဲ့စားချေဖို့ လိုက်လာတဲ့အခါ.....အဆက်အစပ်ရှိချင်ရင်တော့ CM မှာတင်ပေးထားတဲ့ Venom 1 ကိုကြည့်လို့ရပါတယ်။ နောက်ပြီးတော့ Venom-2 ရဲ့ အဆုံးမှာစပိုက်ဒါမန်း နဲ့ ဆက်စပ်မယ့် တစ်ခန်းပါသေးတာမို့ သေချာလေး ရှာကြည့်လိုက်ပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ...
movie

Venom: Let There Be Carnage (2021)

2021
4K HEVC Web-DL
Dunkirk (2017) 7.9
Dunkirk (2017) Dunkirk (2017)IMDb Rating (7.9) / Rotten Tomatoes (92%)စစ်ပွဲတွေကိုရုပ်ရှင်ရိုက်ပြပြီး စစ်ကိုမုန်းတီးအောင်လုပ်ဖို့ဆိုတာသိပ်တော့လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ Imitation Game ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင် Alan Turing စကားကိုပြန်ပြောပါရစေ “You know why people like violence? Because it’s feel good’’လူတော်တော်များများက စစ်ပွဲနောက်ခံရုပ်ရှင်တွေဆို တိုက်ပွဲခပ်ကြီးကြီး လူသေအလောင်းတွေခပ်များများပါမှ သဘောကျတတ်တာများပါတယ်။တကယ်တော့စစ်ဆိုတာ ရုပ်ရှင်ကြည့်လို့ စာအုပ်ဖတ်လို့ စကားအဖြစ်ပြောလို့ပဲကောင်းတာရယ်။တကယ်တမ်းစစ်ဆိုတာဖြစ်လာရင်နိုင်တဲ့ဘက်ရော ရှုံးတဲ့ဘက်ရော ကြားနေတဲ့အဖွဲ့ရော အကုန်ထိခိုက်ရတာပဲမဟုတ်လား။Christopher Nolan ကို ရုပ်ရှင်အကြောင်းသာမန်တီးမိခေါက်မိတဲ့ သူတွေတောင်သိပါလိမ့် မယ်။21 st century ရဲ့ အကောင်းဆုံး Director အဖြစ်စာရင်းပေါက်တဲ့ အပြင် သမိုင်းတစ်လျောက်အကျိုးအမြတ်အများဆုံး ရရှိဖူးတဲ့ Director တွေထဲကတစ်ယောက်ပါ။သူ့ကိုတော်တော်များများက နာမည်ကျော် Superhero Batman ရုပ်ရှင် The Dark Knight Trilogy နဲ့တွဲသိကြမယ်ထင်ပါတယ်။ ရိုက်ခဲ့သမျှရုပ်ရှင်အားလုံးနီးပါး ...
movie

Dunkirk (2017)

2017
4K HEVC IMAX
Inception (2010) 8.8
Inception (2010) Inception (2010)IMDb Rating (8.8) / Rotten Tomatoes (87%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အော်စကာ လေးဆုရ မာစတာပိစ် ရုပ်ရှင်တစ်ခုကို 4K Quality ဘာသာပြန်မှန်မှန်နဲ့ Update တင်ဆက်ပေးလိုက်ပါတယ်။ Leonardo DiCaprio, Joseph Gordon-Levitt, Cillian Murphy, Tom Hardy, Elliot Page, Marion Cotillard, Ken Watanabe , Michael Caine စတဲ့သရုပ်ဆောင်တွေပါဝင်ပြီး မင်းသားတွေကတော့ နိုလန့်လက်စွဲ မင်းသားတွေပါပဲ။ ဇာတ်ကားကတော့ သိပ္ပံစိတ်ကူးယဉ်၊ အက်ရှင်စွန့်စား၊ Psychological Thriller အမျိုးအစားပါ။ဇာတ်လမ်းအကျဉ်း....ရုပ်ရှင်ရဲ့ အခြေခံသဘောတရားကတော့ လူတွေဟာ အခြားလူတွေရဲ့ အိပ်မက်ထဲကို ဝင်ပြီး မသိစိတ်နဲ့သိစိတ်တွေထဲက အတွေးတွေစိတ်ကူးတွေကို ခိုးယူနိုင်ကြပါတယ်။ဒါကို စိတ်ဆွဲထုတ်ခြင်း Deception လို့ခေါ်ကြတယ်။ ဒီနည်းပညာကိုသုံးပြီး ကော်ပိုရိတ်ကြီးတွေ ဩဇာကြီးတဲ့လူတွေက လိုချင်တာကိုရဖို့ ...
movie

Inception (2010)

2010
4K HEVC
Thick as Thieves (2009) 6
Thick as Thieves (2009) Thick as Thieves (2009)ရစ်ပလေ ဆိုတဲ့နာမည်ကတော့ သိုးဆောင်းတို့ဘာသာစကားမှာ တော်တော်ဟိတ်ဟန်ကြီးသ‌ဗျ။ တွမ် ရစ်ပလေ ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်နဲ့ ကျွန်တော် လူကြီးမင်းတို့ကို မိတ်ဆက်ပေးဖူးတယ်။ အဲဒီကောင်ကလည်း လူဆိုးဂိုဏ်းလောကမှာ တစ်ကိုယ်တော် လူစွမ်းကောင်း။အခုဇာတ်ကားမှာတော့ ကစ်သ် ရစ်ပလေ တဲ့ဗျာ။ တကယ့်လူ။ နှစ်ဖက်ချွန်တာနဲ့ အားမရတော့ သုံးဖက်ချွန်တဲ့ စမူဆာလိုလူကြီး။ နောက်ပိုင်းမှာ အဖက်ဖက်ကိုချွန်နေတဲ့ ဆိုင်ကယ်စပေါ့ကတ်ကြီး ဖြစ်နေပါရော့လား။ စပေါ့ကတ်တောင် ခွေးသွားစိတ်များတဲ့ နံပါတ်ကြီးဗျ။လူဆိုးဂိုဏ်းသားကြီးတော့ မဟုတ်ပါဘူးလေ။ တစ်ကိုယ်တော် သူခိုးကြီးပါ။ တစ်ပွဲစားအဆင့်ကြီးပေါ့။ သူတပါးပစ္စည်း အပျောက်ဖျောက်တဲ့နေရာမှာ အနုပညာမြောက် ကျွမ်းကျင်မှော်ဝင်သူ။သူခိုးကားတွေရဲ့ ထုံးစံလိုပါပဲလေ။ တွဲဖက်တစ်ယောက်ရှိတယ်။ သူများသတ်လို့သေသွားတယ်။ ဒီတော့ တွဲဖက်ရဲ့ မပြီးဆုံးသေးတဲ့ကိစ္စတွေကို ပြီးဆုံးအောင်လုပ်ပေးဖို့တာဝန်ရယ်၊ သူ့သမီးလေးကို စောင့်ရှောက်ရမယ့်တာဝန်ရယ်။ ဒီတာဝန်တွေကို တစ်ဦးတည်းဆောင်ရွက်ဖို့ အသက်ကြီးသွားပြီဖြစ်တဲ့ ကစ်သ် ရစ်ပလေ က လူငယ်ခြေတက်၊ သူခိုးပေါက်စလေး ဂေဘရီရယ် ရဲ့အကူအညီကို ...
movie

Thick as Thieves (2009)

2009
The Dark Knight Rises (2012) 8.5

The Dark Knight Rises (2012)

2012
4K HEVC IMAXHDR
Spider-Man: No Way Home ( 2021 ) 9.1
Spider-Man: No Way Home ( 2021 ) စောင့်မျှော်နေရတဲ့ Spider-Man : No Way Home ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ(function(f,b,n,j,x,e){})();IMDb 9.1 ရရှိထားပီး Rotten tomatoes : 94% ရရှိထားပြီး နိုင်ငံတကာမှာ ဝက်ဝက်ကွဲအောင်မြင်နေတယ်ဆိုတာ အကုန်လုံးလည်းသိပြီးသားဖြစ်မှာပါအညွန်းကတော့... Spider-Man : Far From Home အပြီးမှာ ပီတာရဲ့ Identity ကို Mysterioကဖေါ်ထုတ်လိုက်တဲ့ cliffhanger နဲ့အဆုံးသတ်ထားတာကိုတွေ့ရမှာပါ..အခုဇာတ်ကားကလည်းအဲ့နေရာကပဲ စတင်ခဲ့ပြီး ပီတာနဲ့ MJ တို့ ထွက်ပြေးကြရတာပေါ့လူထုရဲ့ရန်သူ နံပါတ် ၁ ဖြစ်လာပီးတဲ့နောက်မှာ ပီတာ တစ်ယောက်အခက်အခဲတွေအများကြီးကြုံတွေ့ပြီးပီတာရဲ့ အနီးကချစ်ရတဲ့သူတွေပါ အကုန်ထိခိုက်ကုန်ပါတော့တယ်..ချစ်သူ မုန်းသူ ရှိစမြဲဆိုပေမယ့်အခက်အခဲက ပိုများနေတာမို့ ပီတာတစ်ယောက် ကြံရာမရဖြစ်ပြီးတော့ ဒေါက်တာထူးဆန်း ဆီကိုအကူအညီတောင်းဖို့သွားပါတော့တယ်..Dr.Strange ကလည်း ပီတာကို ကူညီဖို့အတွက်အန္တရာယ်များတဲ့ Spell တခုကိုလုပ်ဆောင်ရင်း ပီတာရဲ့ ဝင်ရှုပ်မှုကြောင့် spell ဟာ ကပေါက်တိကပေါက်ချာတွေဖြစ်ကုန်ပြီး Multiverse က ...
movie

Spider-Man: No Way Home ( 2021 )

The Drop 2014 7.1
The Drop 2014 ဘော့ပ်ဟာ ဘားတစ်ခုမှာ သူ့ရဲ့ အစ်ကိုတစ်၀မ်းကွဲဖြစ်သူနဲ့အတူ အလုပ်လုပ်သူဖြစ်တယ်။ တစ်နေ့ သူတို့ရဲ့ ဘားကို ဓားပြတိုက်ခံလိုက်ရပြီး သူဌေးကို အပ်ရမယ့်ငွေတွေအကုန်ပါသွားတယ်။ တစ်နေ့ အိမ်အပြန်လမ်းမှာ အမှိုက်ပုံးထဲက ခွေးလေးတစ်ကောင်ကို အကြောင်းပြပြီး နာဒီယာဆိုတဲ့ မိန်းမတစ်ယောက်နဲ့ ခင်မင်သွားကြတယ်။ တိုက်ဆိုင်ချင်တော့ သူမွေးစားလိုက်တဲ့ ခွေးလေးဟာ နာဒီယာရဲ့ ရည်းစားဟောင်း အဲရစ်ဆိုတဲ့ လူရမ်းကားရဲ့ခွေးဖြစ်နေပြီး ဘော့ပ်ကို ခွေးဗန်းပြပြီး ခြိမ်းခြောက်မှုတွေလုပ်တော့တယ်။ အဲရစ်ဟာ လူသတ်တရားခံလို့ ကိုယ့်ကိုယ်ကို ကြွေးကြော်ထားသူလဲဖြစ်တယကြွေးကြော်ထားသူလဲဖြစ်တယ် ဘော့ပ်တစ်ယောက် ဓားပြတိုက်ခံလိုက်ရတဲ့ ငွေတွေကိုရှာရင်း အဲရစ်နဲ့ငြိတဲ့ ပြဿနာတွေဖြေရှင်းရင်း ဘာတွေဆက်ဖြစ်မလဲ ဒီဇာတ်လမ်းက မယုံနိုင်လောက်အောင် လှည့်ကွက်တွေများလှပါတယ် File Size : 750 Mb / 350 Mb Quality :WEB-DL 720p Format…mp4 Duration…01:46:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

The Drop 2014

Capone (2020) 5.4
Capone (2020) Scarface ရုပ်ရှင်တို့ ကမ္ဘာကျော် လူဆိုးကြီး အယ်ဖွန့်စ် ကပုန်း တို့ကို သိကြတဲ့သူတွေ ရှိမယ်ထင်ပါတယ်။ဒီရုပ်ရှင်ကလည်း ကပုန်းရဲ့ ဘဝကို သရုပ်ဖော်ထားတာပါပဲ။ဒါပေမယ့် သူ့ရဲ့ ကြမ်းခဲ့ရမ်းခဲ့တဲ့ ကာလတွေ မဟုတ်တော့ပါဘူး။အယ်ဖွန့်စ် တစ်ယောက် အခွန်ရှောင်လွှဲမှုနဲ့ ထောင် ၁၀ နှစ် ကျခဲ့ပြီးပြန်ထွက်လာတဲ့ သူ့ဘဝ နောက်ဆုံးအချိန်တွေ အကြောင်းကို ရိုက်ကူးထားတာပါ။မင်းသားကတော့ စွယ်စုံရတယ်လို့ ပြောလို့ရတဲ့ နာမည်ကျော်တွေ စာရင်းထဲက တစ်ယောက်ပါပဲ။တွမ် ဟာဒီ ဖြစ်ပါတယ်။Bane, Venom, Mad Max တို့ အပါအဝင်ကမ္ဘာကျော်ကားတွေမှ အများကြီးပါပဲ။ဒီရုပ်ရှင်ထဲမှာလည်း ကာလသားရောဂါကြောင့် ဦးဏှောက်ထိခိုက်တဲ့အပြင်လေပါဖြတ်သွားတဲ့ ဂန်းစတားကြီးတစ်ယောက်ရဲ့ပုံကိုပီပီပြင်ပြင် ပုံဖော်ပြထားပါတယ်။ ဒီရုပ်ရှင်ရဲ့ အဓိက အချက်ကတော့အယ်လ် ကပုန်း ထောင်မကျခင်မှာ ဝှက်ထားခဲ့တဲ့ဆိုတဲ့ ...
movie

Capone (2020)

Lawless (2012) 7.3
Lawless (2012) Lawless (2012) IMDb - 7.3/10______Rotten - 67%  Rotten Tomatoes... 67% ဒီအရေ ဒီအသား ဒီအသွေးနဲ့ပဲ တည်ဆောက်ထားကြတဲ့ အသက်တစ်ချောင်းစီရှိကြတဲ့ လူချင်းအတူတူ ဘယ်သူမဆို သတ်ရင်သေကြတာပါပဲ။ အကြောက်တရား ရှိကြတာပါပဲ။ဒါပေမဲ့ ဒီဇာတ်လမ်းထဲမှာ ကိုယ့်အကြောက်တရားကို ကိုယ်ထိန်းချုပ်နိုင်တဲ့လူ ၊ ဒဏ်ရာတွေကြား ရှင်သန်ဖို့ အားတင်းနိုင်တဲ့လူ ၊ မသေမျိုးအထင်ခံရတဲ့လူတစ်ယောက် ပါဝင်ထားပါတယ်။ အဲ့ဒီလူနေရာက သရုပ်ဆောင်ထားတာကလည်း Tom Hardy ပါ။ဒီဇာတ်လမ်းဟာ... 1920 ကနေ 30 အတွင်း အရက်ပုန်းတားမြစ် ဥပဒေကာလမှာ အမေရိကန်ပြည်ထောင်စု Franklin ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အရက်မှောင်ခိုသမားတွေနဲ့ ဥပဒေကြားက ထိပ်တိုက်ယှဉ်ပြိုင်မှူတွေအကြောင်း.. ဖြစ်ရပ်မှန် အခြေခံ ဇာတ်လမ်း ဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ရဲ့ ဝတ္တုကို Matt Bondurant ရေးသားပြီး သူ့အဘိုး Jack Bondurant ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန်ပါတဲ့။ ဒီဇာတ်လမ်းရဲ့ တစ်ပါးသော ဆွဲဆောင်မှုကတော့ Memento ရဲ့Lead ...
movie

Lawless (2012)

2012
Layer Cake(2004) 7.4
Layer Cake(2004) Layer Cake(2004)IMDb....7.4....Rotten....80%2004 ခုနှစ်ထွက် မင်းသားကြီး Daniel Craig ပါဝင်သရုပ်ဆောင်ထားတဲ့ Layer Cake ဆိုတဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…..Rating တွေက IMDb- 7.4, Rotten Tomatoes – 80 ရှိတယ်ဆိုတော့ Rating ကောင်းတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်…အလည်အလတ်တန်းစား ကိုကင်းမူးယစ်ဆေးဖြန့်ဖြူးရေးသမားတစ်ယောက်ဟာ ပိုက်ဆံအတော်အတန်စုဆောင်းမိတဲ့အချိန်မှာ မူးယစ်ဆေးလောကကနေ အနားယူဖို့ အစီအစဉ်တွေ ချထားခဲ့ပါတယ်…သူရဲ့ ခြေရာတွေနဲ့ အလုပ်အကိုင်တွေ ဖျက်လို့မပြီးသေးခင်မှာဘဲ သူတို့မူးယစ်ဆေးသမားတွေကို အကာအကွယ်ပေးနေတဲ့ အစိုးရဖက်ကလူတစ်ယောက်က သူ့ကိုအလုပ်တစ်ခု ခိုင်းလာပါတော့တယ်…ဒါကတော့ ဂိုဏ်းစတား အကောင်ကြီးကြီးရဲ့သမီးတစ်ယောက် ပျောက်ဆုံးသွားလို့ သူ့ကိုရှာဖို့ အကူအညီတောင်းခြင်းပဲဖြစ်တယ်…တစ်ဖက်မှာလည်း အရောင်းအဝယ်လုပ်မယ့် စိတ်ကြွရူးသွပ်ဆေးပြားတွေကို ယူလာသူတွေက ဆာဗီးယားစစ်တပ်နဲ့ အငြိအစွန်းတွေ ဖြစ်ခဲ့ကြပြီး ... သူ့ဆီကို ပြဿနာနှစ်ခုက တစ်ပြိုင်နက်တည်းဆိုက်ရောက်လာပါတော့တယ်….ကင်မရာ ရိုက်ချက်ကောင်းကောင်းတွေနဲ့ ဇာတ်ဝင်ခန်းတွေ တစ်ကတ်နဲ့တစ်ကတ်ဆက်ထားပုံလေးတွေ အရမ်းလှပပြီး ရင်ဖိုစရာကောင်းတဲ့ဇာတ်ကားဖြစ်တဲ့အတွက် အားပေးကြည့်ရှုလိုက်ကြပါဦးခင်ဗျာ..။File Size : ...
movie

Layer Cake(2004)

2004