Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tio Pakusadewo
Five Star Princess (aka) Putri Bintang Lima (2024)
Five Star Princess (aka) Putri Bintang Lima (2024) "ရွှေဘုံစံမင်းသမီးနဲ့ ကော်ဖီအဖျော်ဆရာလေး"အားလပ်ချိန်မှာအပျင်းပြေဖို့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမဲ့ အင်ဒို-အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အချစ်ဟာသဆိုပေမဲ့အရှေ့တောင်အာရှနိုင်ငံ တော်တော်များများက ဘွဲ့ရလူငယ်တွေရဲ့ လက်တွေ့ဘ၀ကိုလည်း ထင်ဟပ်ပြထားပါတယ်။ဇာတ်လမ်းထဲမှာ ပါဒန်နာဟာ မာစတာဘွဲ့ရထားတဲ့ အလုပ်လက်မဲ့လူငယ်တစ်ယောက်ပါ။ ဘွဲ့ရပေမဲ့လည်း အလုပ်ရှားပါးတာကြောင့် အိမ်မှာဒီတိုင်းနေနေတဲ့ ပါဒန်နာကို အဖေဖြစ်သူက ကြည့်မရပါဘူး။ထုံးစံအတိုင်း ပါဒန်နာကို နေ့စဉ်နဲ့အမျှ အလုပ်လုပ်ဖို့ ဖိအားပေးတတ်ပါတယ်။အဲဒီအလုပ်အကိုင်ကိစ္စကြောင့်ပဲ ပါဒန်နာဟာ လက်ရှိရည်းစားဖြစ်သူနဲ့ ဝေးရကိန်းဆိုက်ပါတော့တယ်။ သူ့ရည်းစားရဲ့အဖေက အမေရိကမှာ အခြေချမှ သူ့သမီးနဲ့ပေးစားမယ်ပြောလိုက်လို့ပါ။ဒါကြောင့် ပါဒန်နာလည်း အလုပ်တစ်ခုရှိမှဖြစ်မယ်လို့ ဆုံးဖြတ်ပြီး သူငယ်ချင်းတွေနဲ့ စပ်တူကော်ဖီဆိုင်လေး ဖွင့်ပါတော့တယ်။ဇာတ်လမ်းက အဲဒီတော့မှ စတာပါ။ ပါဒန်နာတို့ကော်ဖီဆိုင်ရဲ့ရှေ့နားမှာ အိမ်ကြီးအိမ်ကောင်း တစ်အိမ်ရှိပါတယ်။ တစ်နေ့တော့ အဲဒီအိမ်က ပါကျန်ကာဆိုတဲ့ ကောင်မလေးနဲ့ ပါဒန်နာတို့ အကြည့်ချင်းဆုံပြီး ရင်တွေခုန်ကြပါတော့တယ်။ပါကျန်ကာရဲ့အဖေဟာ အငြိမ်းစားစစ်ဘက်အရာရှိကြီးတစ်ဦးဖြစ်ပြီး သမီးဖြစ်သူအပေါ် အရမ်းစည်းကမ်းတင်းကျပ်သူပါ။ ပါကျန်ကာကလည်း အဲဒီလိုအဖေလက်အောက်မှာကို ရည်းစားတွေ နေရာစုံအောင်ထားလာတဲ့ လက်လက်ထကောင်မလေးပေါ့။ဒီလိုနဲ့ ရွှေဘုံစံမင်းသမီးလေးပါကျန်ကာနဲ့ သာမန်ကော်ဖီအဖျော်ဆရာလေးပါဒန်နာတို့ရဲ့ဇာတ်လမ်း ဘယ်လိုဆက်ဖြစ်မှာလဲ၊ ကောင်မလေးမိဘတွေ လက်ခံအောင် ပါဒန်နာကရော ဘယ်လိုဉာဏ်နီဉာဏ်နက်တွေထုတ်သုံးမလဲ ...
movie
Five Star Princess (aka) Putri Bintang Lima (2024)
4.9
Cinta Dari Timor (2024)
Cinta Dari Timor (2024)IMDb Rating (4.9) "ငါတို့နာမည်တွေကလိုက်ဖက်တယ်" "ဘာလို့လိုက်ဖက်တာလဲ" "ကြယ်တွေရှိတဲ့နေရာမှာ ကောင်းကင်ရှိတယ်လေ""ကြယ်" လို့အဓိပ္ပာယ်ရတဲ့ဘင်တန်ဆိုတဲ့ကောင်မလေးနဲ့ "ကောင်းကင်" လို့အဓိပ္ပာယ်ရတဲ့လန်ဂစ်ဆိုတဲ့ကောင်လေးဟာ ၁၉၉၉ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ်တစ်ခုမှာ ချစ်ကြိုးသွယ်မိခဲ့ကြပါတယ်။ဒါပေမဲ့ အင်ဒိုနီးရှားကနေ အရှေ့တီမောခွဲထွက်တဲ့လူထုဆန္ဒခံယူပွဲကြောင့် ဘင်တန်တို့မိသားစုက အရှေ့တီမောကိုပြန်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အင်ဒိုနီးရှားမှာပဲ လန်ဂစ်နဲ့အတူနေခဲ့ချင်တဲ့ဘင်တန်ဟာ အိမ်ကထွက်ပြေးပြီး လန်ဂစ်လာအခေါ်ကိုစောင့်ဆိုင်းနေခဲ့ပေမယ့် ရောက်မလာခဲ့တဲ့လန်ဂစ်ကြောင့် စိတ်အနာကြီးနာခဲ့ရပါတယ်။ရှစ်နှစ်ကြာအောင် လန်ဂစ်ကြောင့်ခံစားနေရဆဲဖြစ်တဲ့ဘင်တန်တစ်ယောက် တစ်ရက်မှာတော့ မမျှော်လင့်ဘဲ လန်ဂစ်ကိုပြန်တွေ့လိုက်ရပြီး သူသိခဲ့တဲ့လန်ဂစ်မဟုတ်တော့ဘဲ အပြောင်းလဲကြီးပြောင်းလဲနေခဲ့ပါပြီ။လန်ဂစ်တစ်ယောက် သူသိပ်ချစ်ခဲ့တဲ့ချစ်သူဘင်တန်ဆီ ဘာလို့ရောက်မလာခဲ့တာလဲ။ ရှစ်နှစ်အကြာမှာ လန်ဂစ်က ဘာလို့ပြောင်းလဲနေခဲ့တာလဲဆိုတာ ရုပ်ရှင်မှာဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အင်ဒိုနီးရှားအချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပြီး အင်ဒိုနီးရှားရဲ့နိုင်ငံရေးသမိုင်းကြောင်းနောက်ခံတွေကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Aye Yu Naing ဖြစ်ပါတယ်။)File size…(1.4 GB) / (640 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:22:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Aye Yu Naing
movie
Cinta Dari Timor (2024)
2024
4.2
Kromoleo: The Haunting (2024)
Kromoleo: The Haunting (2024)IMDb Rating (4.2) ၁၉၈၀ ကျော်ခုနှစ်များမှာ အင်ဒိုနီးရှားနိုင်ငံအတွင်း ဆေးမှင်ကြောင်နဲ့လူမိုက်တွေ ပဟေဠိဆန်ဆန်အသတ်ခံခဲ့ရပြီးတစ်တိုင်းပြည်လုံးတုန်လှုပ်ခြောက်ခြားခဲ့ကြရပါတယ်။အဲ့ဒီလူမိုက်တွေဟာ အောက်လမ်းနည်းအတတ်တွေနဲ့ဆက်စပ်နေပြီး ကျည်ပြီးဓားပြီးသူတွေလို့လည်းပြောစမှတ်တွင်ခဲ့ကြတယ်။သူတို့တွေကို ဘယ်သူတွေက သတ်နိုင်ခဲ့ကြလဲ ဘာအကြောင်းကြောင့်လဲဆိုတာတွေဟာ အဖြေမပေါ်ခဲ့ပဲ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပါတယ်။နောက်ဆယ်နှစ်အကြာမှာတော့ ဇီယာဆိုတဲ့ ကောင်မလေးဟာ မိခင်ဖြစ်သူဈာပနအတွက် ငယ်ဘ၀ကတည်းက စွန့်ခွာခဲ့တဲ့သူတို့ရွာလေးကိုပြန်ရောက်လာခဲ့ပါတယ်။ရွာကလူတွေဟာ သူ့ကိုမြင်တာနဲ့မျက်စိပျက်မျက်နှာပျက်ရှောင်ဖယ်ပြေးကြသလို တစ်ဦးတည်းသော သွေးရင်းဖြစ်တဲ့ အဘိုးဖြစ်သူကလည်း ဈာပနပြီးတာနဲ့ဇီယာကိုချက်ချင်းပြန်လွှတ်ဖို့စိတ်စောနေပါတယ်။အဲ့ဒီအချိန်မှာပဲရွာလယ်ကွက်လပ်မှာ သူကြီးဖြစ်သူက ရွာသားတွေကိုစုဝေးပြီးတော့ မှာတမ်းချွေခဲ့ပါတယ်။အဲ့ဒါကတော့ ရွာသားတွေအားလုံး ဒီညမှာအပြင်မထွက်ဖို့၊ ပြူတင်းပေါက်နားမှာမနေဖို့၊ တံခါးတွေလုံလုံခြုံခြုံပိတ်ထားဖို့နဲ့ဘယ်သူတံခါးလာခေါက်ခေါက်ဖွင့်မကြည့်ဖို့ပါပဲ၊ အဲ့ဒါတွေအပြင် ''သူတို့'' ဆိုသူတွေနဲ့ထိပ်တိုက်မတိုးမိအောင် ကံဆိုးသူတွေကတော့အဲ့ဒီ ''သူတို့'' ကိုမျက်လုံးချင်းဆုံမကြည့်ဖို့မှာခဲ့ပါတယ်။ရွာသားတွေ ဒီလောက်အထိ အထိတ်တလန့်ဖြစ်စေရအောင် ဘယ်လိုအန္တရာယ်တွေရှိနေလို့လဲ?''သူတို့'' ဆိုတဲ့ပုဂ္ဂိုလ်တွေကရော ဘယ်သူတွေဖြစ်မလဲ?လွန်ခဲ့တဲ့ ဆယ်နှစ်က ဖြစ်ရပ်တွေနဲ့ ဒီကနေ့ရွာကိုပြန်ရောက်လာတဲ့ ဇီယာဟာ အခုကျရောက်လာမယ့်အန္တရာယ်တွေနဲ့ဘယ်လိုပတ်သက်နေမလဲဆိုတာတွေကိုခြောက်ခြားဖွယ်ပဟေဠိတွေနဲ့သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။၂၀၂၄ မှာပေါက်ကား တစ်ကားဖြစ်ခဲ့တဲ့ ဟော်ရာကား Vina: Before 7 Days ဒါရိုက်တာရဲ့လက်ရာပဲဖြစ်ပါတယ်။ (Vina ကအကြည်မထွက်သေးပါဘူး) (အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie
Kromoleo: The Haunting (2024)
2024
7.4
Kajiman: Iblis Terkejam Penagih Janji (2023)
Kajiman: Iblis Terkejam Penagih Janji (2023) IMDb _7.4/10သရဲကားစစ်စစ် အောက်လမ်းနဲ့ အဆောင်တွေအကြောင်းကြည့်ရှုချင်သူတွေအတွက်တော့ ဒီကားကိုညွှန်းပေးချင်ပါတယ်Home Care အဖြစ်အလုပ်လုပ်နေတဲ့ဆန်တီတစ်ယောက် ကောက်ခါငင်ခါအလုပ်ထွက်သွားတယ် သူအလုပ်လုပ်တဲ့အိမ်က သရဲခြောက်တယ်လို့လည်းပြောစမှတ်တွေရှိနေတယ်ပေါ့သူအလုပ်ထွက်ပြီးနောက်မှာ အဆက်အသွယ်လုံးဝမရတော့ဘဲ ပျောက်ချင်းမလှပျောက်သွားလေရဲ့ ဒါကြောင့် သူ့နေရာကို အာရှာဆိုတဲ့ နာ့စ်လေးတစ်ယောက်ကို အစားထိုးထည့်လိုက်တယ် အာရှာကြည့်ရတဲ့လူနာက အဘိုးကြီးပါ ရုတ်တရက်စကားမပြောတော့ဘဲ အိပ်ရာထဲဘုန်းဘုန်းလဲသွားတဲ့လူမမာအဘိုးကြီးကို ပြုစုရင်းနဲ့ အဘိုးကြီးရဲ့ကုတင်အောက်မှာအဆောင်လေးတစ်ခုတွေ့ခဲ့တယ်ဒီအဆောင်အကြောင်း ပတ်မေးကြည့်တော့ ဒီအဆောင်ကအောက်လမ်းရန်ကိုကာကွယ်နိုင်ပေမဲ့ ဆောင်ထားတဲ့လူကတော့ဖျားနာပြီးကပ်ဘေးတောင်သင့်စေတဲ့အထိကြမ်းပါတယ် ဒီအကြောင်းလိုက်စုံစမ်းရင်းနဲ့ အရင်ကအလုပ်ထွက်သွားတဲ့ ဆန်တီတစ်ယောက်က သေသွားကြောင်း သိလိုက်ရတဲ့အခါမှာတော့....။ လက်ခံပြီးသားအလုပ်ဖြစ်တာရယ် ဒီလူနာကိုကယ်တင်ဖို့ရယ်နဲ့ သူဘယ်လိုတွေလုပ်ဆောင်သွားမလဲ မမြင်ရတဲ့ရန်သူကိုတိုက်ခိုက်ဖို့ကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် ) File size… 996MB / 333MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie
Kajiman: Iblis Terkejam Penagih Janji (2023)
2023
7.2
Buffalo Boys (2018)
အသစ်ထွက် အင်ဒိုနီးရှား action ကားသစ်လေးပါ။IMDb 6.9 အထိရရှိထားတာကြောင့် မဆိုးလှတဲဇာတ်ကားလေးပဲဖြစ်ပါတယ်။Western နဲ့ Eastern ကိုရောစပ်ရိုက်ကူးထားပြီး အတော်အသင့်ကြည့်ကောင်းတဲ့ဇာတ်ကားလေးပါ။အင်ဒိုနီးရှားဆူလ်တန်ဘုရင်တွေအုပ်စိုးခဲ့တဲ့နယ်မြေတွေပေါ်ဒတ်ခ်ျတွေ ကိုလ်ုနီလာပြုတဲ့အချိန်ကာလကို နောက်ခံထားရိုက်ကူးထားတာပဲဖြစ်ပါတယ်။Reviews ကောင်းကောင်းတွေလည်းရရှိထားတဲ့ဇာတ်ကားပါ။Rotten Tomato မှာလည်း 78% အထိရရှိထားပါသေးတယ်။ကြည့်ရတာအရသာမရှိဖြစ်စေမှာတော့မဟုတ်ပါဘူး။ကြည့်ကောင်းတဲ့ action ကားတစ်ကားဖြစ်တာကြောင့် အပန်းဖြေကြည့်ရှုရအောင်ညွှန်းပေးလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) File Size : (800 MB) and (380 MB) Quality : WEB-DL 720p Running Time : 1h 42min Format : Mp4 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Source : WEB-DL 1080P X264 AAC - JeeJa Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie
Buffalo Boys (2018)
2018