Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tinnu Anand
6.7
Good Bad Ugly (2025)
Good Bad Ugly (2025)"ကောင်း ဆိုး ရုပ်ဆိုး" ===================================မင်းသားကြီး အာဂျိသ်ကူးမားနဲ့ အသံဩဩနဲ့မင်းသား အာဂျွန်ဒါ့စ်တို့ရဲ့ အသစ်ထွက် တမီစကားပြော အက်ရှင်ဟာသ ရုံတင်ရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ မင်းသားကြီး အာဂျိသ်ကူးမားရ်က အေကေဆိုတဲ့ ဂန္ထဝင်လူဆိုး ဂိုဏ်းစတားကြီးပေါ့။အေကေဟာ တစ်ချိန်တုန်းက လူတကာ ရဲတကာ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ ဂိုဏ်းစတားကြီးဖြစ်ခဲ့ပေမဲ့ သားလေးမွေးလာပြီးတဲ့နောက်မှာ သူ့ကိုယ်သူ အဖမ်းခံလိုက်ပြီး လူကောင်းအဖြစ် ပြုပြင်ဖို့ ကြိုးစားနေတဲ့သူပါ။ထောင်ကထွက်လာပြီးနောက်ပိုင်းမှာ ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းဖို့ကြိုးစားပေမဲ့ အတိတ်ကရန်သူတွေက သားဖြစ်သူကို ပြန်ပေးဆွဲလာတဲ့အချိန်မှာတော့ ဂျွန်ဝစ်ဆန်ဆန်ပဲ ဂိုဏ်းစတားအဖြစ်ပြန်ခံယူပြီး ပွဲကြမ်းပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.7 GB / 1.4 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 19min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Good Bad Ugly (2025)
4K HEVC
5.3
Crazxy (2025)
Crazxy(2025) "အတိတ်ရဲ့အရိပ်" IMDb - 7.3/10ဒီရုံတင်ကားကတော့ ခွဲစိတ်ဆရာဝန်ကြီးဖြစ်တဲ့ ဒေါက်တာအဘီမန်ယူရဲ့ တစ်ကိုယ်တော်ဇာတ်လမ်းပေါ့ ရုံတင်ငွေအနေနဲ့လည်း ၁၅ကုဋေ ပြန်ရထားပါတယ်ဆရာဝန်တစ်ယောက်ဖြစ်ပေမဲ့ သမီးဖြစ်သူ ဉာဏ်ရည်မမီဘဲမွေးဖွားလာမှာမို့ မလိုချင်တဲ့ထိဖြစ်ပြီး ဇနီးဖြစ်သူနဲ့ပါ ကွာရှင်းခဲ့ပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ ကားမောင်းနေရင်းက သမီးဖြစ်သူကို ပြန်ပေးဆွဲထားတယ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့တယ်။သမီးနဲ့ဇနီးပေါ်မှာ သံယောဇဉ်သိပ်မရှိသူမို့ နောက်ပြောင်ပြီးခေါ်ဆိုတယ်လို့ပဲ ထင်ခဲ့တာပေါ့။ အဘီမန်ယူတစ်ယောက် သူ့သမီးကို ပြန်ကယ်ဖို့ရာ ဘယ်လိုတွေရင်ဆိုင်ဖြတ်သန်းရမှာလဲ။ပိုပြီးထူးခြားတာက ဒီကားမှာ ဒေါက်တာအဘီမန်ယူက တစ်ယောက်တည်းသော ဇာတ်ကောင်ပါ။ သူ့ရဲ့ အတွင်းစိတ်ခံစားချက်တွေ ရုန်းကန်လှုပ်ရှားမှုတွေကို နက်နက်ရှိုင်းရှိုင်း မြင်ရမယ်။သူ့သမီးကို ပြန်ပေးဆွဲသွားတဲ့လူက ဘယ်သူလဲ၊ သူကရော အချိန်မီကယ်တင်နိုင်မလား၊ ပြန်ပေးသမားနဲ့ သူနဲ့က ဘယ်လိုပတ်သက်မှုတွေရှိနေမလဲ။ဒီမေးခွန်းတွေရဲ့ အဖြေကို ရှာဖွေရင်းနဲ့ ဒတ်ပူးမင်းသားကြီး ရိုင်ယန်ရေးနိုးရဲ့ Buried (2010)လို ibeမျိုး ခံစားရမလားဆိုတာအားပေးကြည့်ရှုလိုက်ကြပါဦး။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…1.2 GB / 654 MB Quality…WEB DL 1080p HEVC / ...
movie
Crazxy (2025)
Dil Dosti Aur Dogs (2025)
Dil Dosti Aur Dogs 2025 (ခွေးလေးများနဲ့ ဟူးမန်းတို့ရဲ့ သံယောဇဉ်နှောင်ကြိုးများ)==================================================Neena Guptaလို ဒါရိုက်တာ ပရိုဂျူဆာ မင်းသမီးကြီးပါဝင် သရုပ်ဆောင်ထားပြီးတော့ ခွေးလေးတွေလည်း အများကြီးပါဝင်ထားလို့ ခွေးချစ်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ခရစ္စမတ်နဲ့ နှစ်သစ်ကူးအတွက်ဇာတ်လမ်းလေးတွေ အများကြီးပဲ ထွက်ခဲ့သလို အခုဇာတ်လမ်းလေးကတော့ မိုတီလို့ခေါ်တဲ့ ခွေးလေးပြောပြတဲ့ လူသားတွေနဲ့ ခွေးလေးတွေကြားထဲက အချစ်ဇာတ်လမ်းလေးတွေပေါ့။ဆန်နီလို့ခေါ်တဲ့ ကောင်လေးဟာ ဂိုအာမှာ စားသောက်ဆိုင်လေးဖွင့်နိုင်ဖို့က သူ့အိပ်မက်တစ်ခုဖြစ်တဲ့အလျောက် စားသောက်ဆိုင်လေးဖြစ်မြောက်လာခဲ့ပြီးဖွင့်ပွဲအခမ်းအနားမှာပဲ ခွေးလေးတစ်ကောင်ကြောင့် ပွဲပျက်သွားခဲ့ရပါတော့တယ်။ ဖွင့်ပွဲမှာ လူစည်ခဲ့ပေမဲ့ ခွေးလေးကို ပြောခဲ့ဆိုခဲ့တဲ့အတွက်နဲ့ သူ့ဆိုင်မှာ ရေဗူးလာဝယ်မဲ့သူတောင် မရှိတော့တဲ့အခါမှာအထက်ကနေ ဒီပြဿနာကိုရှင်းဖို့အတွက် ပီအာမန်နေဂျာကို စေလွှတ်စေခဲ့ပါတယ်။ ဒီလိုနဲ့ စားသောက်ဆိုင်လေးကို ဘယ်လိုနည်းလမ်းသုံးပြီးတော့ ပြန်လည်ဦးမော့အောင်လုပ်မလဲ .........ရူဟီလို့ခေါ်တဲ့ ကလေးမလေးမှာ ကီမွန်ဆိုတဲ့ခွေးလေးရှိပါတယ်။သူ့အဖေဟာ မရှိတော့ဘဲ အမေဖြစ်သူကလည်း သူ့အတွက် ဖေဖေလေးရှာပေးထားလို့ ရူဟီတစ်ယောက် သူ့ဖေဖေလေးကို မုန်းတီးနေပြီး အဖေဖြစ်သူကိုပဲ တောင့်တနေသူလေးပေါ့။အဖေဖြစ်သူပြောခဲ့ဖူးတာက တစ်ခုခုပျောက်ခဲ့ရင် အရှင့်ဆီမှာ တောင်းဆိုရင်ရတယ်ဆိုတဲ့စကားအတိုင်း ကီမွန်လေးကိုခေါ်ပြီး အရှင့်ဆီ သွားတောင်းဆိုနေရင်း ကီမွန်လေးပျောက်ဆုံးသွားခဲ့ပါတယ်။ ရူဟီလေးနဲ့ ကီမွန်လေးတို့ ပြန်ပြီး တွေ့ဆိုံနိုင်ပါ့မလား ........အာဂျွန်နဲ့ ...
movie
Dil Dosti Aur Dogs (2025)
5.9
De Dana Dan (2009)
De Dana Dan (2009) (ဘယ်တစ်ယောက် ညာတစ်ယောက်)ဒီတစ်ခါမှာတော့ ဟောင်းပေမဲ့ကောင်းနေဆဲ ဇာတ်ကားတစ်ခု တင်ဆက်ပေးပါရစေဗျ။De Dana Dan ဆိုတဲ့ ၂၀၀၉ ခုနှစ်ထွက် အိန္ဒိယ-ဟင်ဒီစကားပြော ဟာသအချစ်ဇာတ်ကားဟာ ဆုပေါင်း ၉ ခုတောင် လျာထားစာရင်းဝင်ခဲ့တဲ့အပြင် Box Office မှာလည်း အထူးအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ အောင်မြင်တာလည်း မပြောနဲ့လေ။ ဆုပေါင်းမရေမတွက်နိုင်လောက်အောင်ရရှိထားတဲ့ နာမည်ကျော်မင်းသားကြီး အရှေးကူးမားကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာကိုးဗျ။ IMDb rating ကလည်း 5.9 ရရှိထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ နီတင်ဘန်ကာလို့ခေါ်တဲ့ ကောင်လေးဟာ လက်အောက်ငယ်သားများအပေါ်အင်မတန်နှမြောတွန့်တိုတတ်တဲ့ သန်းကြွယ်သူဌေးမကြီးကူဂျိကာအတွက် ကားမောင်းပေးရတဲ့ မျက်နှာမွဲလူဆင်းရဲဒရိုင်ဘာလေးတစ်ယောက်ပေါ့ဗျာ။ဒါပေမဲ့ သူ့မှာ သူ့ကိုအင်မတန်ချစ်ပေးတဲ့ နီတင်ဆိုတဲ့ ချစ်သူလေးတစ်ယောက်ရှိသတဲ့။ သူ့ချစ်သူလေးတို့မိသားစုဟာ အရင်က မိဘချင်းခင်မင်ရင်းနှီးကြပေမဲ့ ထီဆုကြီးပေါက်သွားတဲ့နောက်မှာတော့ သူ့အဖေကြီးက ဘဝမေ့ပြီး ဆင်းရဲသားနင်းပြားနီတင်နဲ့ သဘောမတူဘဲ သူ့သမီးကို ချမ်းသာတဲ့သူနဲ့ပဲလက်ထပ်ပေးချင်နေပါတယ်။နီတင်ဘန်ကာရဲ့အချစ်ဆုံးသူငယ်ချင်း ရမ်မီရှာရာဆိုတဲ့ကောင်လေးဟာလည်း အကြွေးတွေနစ်နေပြီး အမေနဲ့ညီမအတွက်ဘဝကိုရုန်းကန်နေရတဲ့သူပဲဖြစ်ပါတယ်။ သူ့ရဲ့ချစ်သူလေးဟာလည်း စင်္ကာပူမှာအချမ်းသာဆုံးမိသားစုတွေကနေ ဆင်းသက်လာသူလေးပါ။ သူ့ရဲ့ဇာတာခွင်က ထူးခြားတာကြောင့် သူနဲ့ဇာတာတူသူ အမျိုးသားကိုပဲ လက်ထပ်ခွင့်ရမယ့်သူဖြစ်ပါတယ်။ဒီလိုနဲ့ နီတင်နဲ့သဘောမတူတဲ့ သူဌေးလက်သစ်ရယ် ချမ်းသာသလောက် ဇာတာခွင်ကိုယုံကြည်တဲ့စင်္ကာပူသူဌေးကြီးရယ်တို့ဟာ သူတို့စိတ်ကြိုက်သတို့သားလောင်းတစ်ယောက်ကိုတွေ့ပြီး လက်ထပ်ပေးဖို့စီစဉ်ပါတော့တယ်။ဖြစ်ချင်တော့ အဲဒီသတို့သားက တစ်ဦးတည်းဖြစ်နေသလို သူတို့ထင်သလို သူဌေးသားစင်းလုံးချောလေးဖြစ်မနေဘဲ လူလိမ်လူညာမိသားစုသာ ဖြစ်နေတဲ့အခါမှာတော့...Nomination ၆ ခု ...
movie
De Dana Dan (2009)
5.7
Heroes (2008)
Heroes (2008) သူရဲကောင်းများဒီတစ်ခါတင်ဆက်ပေးမှာကတော့ မင်းသားကြီးဆယ်လ်မန်ခန်းကိုယ်တိုင် ဒါရိုက်တာအဖြစ်ရောမင်းသားအနေနဲ့ပါ ရိုက်ကူးသရုပ်ဆောင်ထားတဲ့ heroes ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်ဗျ..နိုင်ငံသားတွေဆီက အမြင်ကောင်းတွေရရှိခဲ့တဲ့ဇာတ်ကားတစ်ခုဖြစ်သလို ဒီဇာတ်ကားနဲ့ပဲ ဇာတ်ညွှန်းဆရာ Aseen Arora က Flimfare Awards ဆုပေးပွဲမှာ အကောင်းဆုံးဇာတ်လမ်းဆုအတွက် ၊ အယ်လီအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Vastal Sheth က Stardust Awards ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် လျာထားစရာရင်းဝင်ခဲ့ပါသေးတယ်ဇာတ်လမ်းအကျဉ်းကတော့ရုပ်ရှင်တက္ကသိုလ်ကျောင်းသားများဖြစ်ကြတဲ့ အယ်လီနဲ့ဆမ်မီတို့ဟာ ပေါက်ကရတလွဲတွေလုပ်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။ ဒီလိုနဲ့ သူတို့တွေဘွဲ့ယူဖို့အတွက် ရုပ်ရှင်တစ်ကားကိုရိုက်ကူးဖို့လိုအပ်လာကြတဲ့အခါမှာတော့ "အိန္ဒိယတပ်မတော်သို့ မဝင်သင့်တဲ့အကြောင်းအရင်းများ"ဆိုတဲ့ ခေါင်းစဉ်နဲ့ Documentary တစ်ခုရိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။အဲဒီနောက်မှာတော့ သူတို့ဟာ သတင်းအချက်အလက်တွေစုဆောင်းဖို့အတွက် စစ်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဲဘော်မိသားစုတွေကို စာပို့ရမယ့်တာဝန်ကိုယူပြီး ဆိုင်ကယ်နဲ့ခရီးထွက်ခဲ့ကြပါတယ်။ပျော်ပျော်နေသေခဲ မော်တော်နေရေထဲ အိမ်မှာနေ အမေဆဲမယ့် အယ်လီနဲ့ဆမ်မီတို့ ဒီခရီးတလျှောက် ဘာတန်ဖိုးရှိတဲ့သတင်းအချက်အလက်တွေကိုစုဆောင်းနိုင်ခဲ့မလဲ?အိန္ဒိယတပ်မတော်ကိုမဝင်ရမယ့်အကြောင်းပြချက်တွေရော ဒီခရီးစဉ်အပြီးမှာ ပိုမိုခိုင်လုံလာနိုင်မလား? စစ်ပွဲအတွင်း ကျဆုံးစစ်သည်တို့ရဲ့မိသားစုတွေဘက်ကရော ဘာတွေဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ ဇာတ်ကားတလျှောက် ကြည့်ရှုခံစားပေးကြပါဦးဗျ။(ဇာတ်ကားနဲ့အညွှန်းကတော့ CM Bollywood Team မှ ရေးသားထားတာဖြစ်ပါတယ်) File size…2.89 GB / 1.45 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 19min Subtitle….Myanmar ...
movie
Heroes (2008)
8.4
Lucky Baskhar (2024)
Lucky Baskhar (2024) "ဖိုးကံကောင်း ဘာစကာ"IMDb - 8.4/10အိန္ဒိယရုပ်ရှင်ချစ်သူတို့ စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းကောင်းဆိုတာမျိုးကို တင်ဆက်ပေးလိုက်ပါတယ်။တလေဂူးရုပ်ရှင်...။တောင်ပိုင်းမင်းသား ဒူလ်ကာဆာလ်မန်ရဲ့ ၃၂ကားမြောက်ရုပ်ရှင်။ မင်းသမီးအနေနဲ့ကတော့ တောင်ပိုင်းမင်းသမီးချော မီနာ့ခ်ရှီချောင်ဒရီပါဝင်ထားပါတယ်။ ဘာစကာ...။မာဂါဒါဘဏ်က ငွေကိုင်တစ်ယောက်။လက်ထောက်မန်နေဂျာရာထူးနေရာကို လျာထားခြင်းခံရတဲ့သူ။ ရပ်ကွက်ထဲမှာ လက်ညှိုးထိုးမလွဲ အကြွေးရှင်တွေပေါများလှတဲ့သူ။ လူဆင်းရဲမျက်နှာမွဲမို့ လင်မယားနှစ်ယောက်လုံး ယောက္ခမဘက်က အနှိမ်ခံထားရတဲ့သူ။တစ်နေ့မှာတော့ စီဘီအိုင်ကနေ ခေါ်ယူစစ်ဆေးမေးမြန်းခြင်း ခံရပါတော့တယ်။ မွဲတေနေပြီး အတော်ဆုံးဝန်ထမ်းဆု သုံးကြိမ်တိုင်တိုင်ရထားတဲ့သူက ဘာလို့ စီဘီအိုင်အဖွဲ့ကြီးရဲ့ ခေါ်ယူစစ်မေးခြင်းခံရလဲဆိုတာတော့ ဆက်လက်ကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 2.6 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Lucky Baskhar (2024)
7.7
Merry Christmas (2024)
Merry Christmas 2024 (မယ်ရီခရစ္စမတ်)IMDb 7.7/10အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားကြီးဗီဂျေးနဲ့ တိုက်ဂါးမင်းသမီးလေး ကတ်တရီးနားတို့ရဲ့ ဇာတ်ကားကြီးထွက်ရှိလို့လာခဲ့ပါပြီ ဒီကားထဲမှာလည်း မမကဘယ်လိုဆွဲဆောင်မှုတွေပြမလဲ ကြည့်လိုက်ကြရအောင်ဒါ့အပြင် Neo-Noir ရုပ်ရှင်အထာနဲ့မို့ အိန္ဒိယရုပ်ရှင်တွေထဲမှာ ကွဲထွက်နေပြီး အတော်လေးအရသာရှိတဲ့ ရုပ်ရှင်ပဲခင်ဗျ... တစိမ့်စိမ့်နဲ့ အရသာရှိတယ် femme-fatale ကာရိုက်တာလေးနဲ့ဆိုတော့ နက်ရှိုင်းတဲ့ အိပ်မက်တစ်ခုထဲ လမ်းပျောက်နေသလို ဖီလင်မျိုးပေါ့"အရုဏ်မတက်ခင်ရောက်တဲ့ညအချိန်က အမှောင်ဆုံးပါပဲ" အပျော်ရွှင်ရဆုံးအချိန်မရောက်ခင် ဆိုးဝါးလှတဲ့ဖြစ်ရပ်တွေကိုဖြတ်ကျော်ရစမြဲပါပဲ ။။မိခင်ဖြစ်သူဆုံးပါးသွားလို့ ဒူဘိုင်းကနေ မွေးရပ်မြေပြန်လာခဲ့တဲ့ အဲလ်ဘတ် ခရစ္စမတ်အတွင်းပြန်ရောက်လာခဲ့ပေမဲ့ အမေတစ်ခု သားတစ်ခုဘဝမှာ အမေမရှိတော့ ယောင်လည်လည်ဖြစ်ပြီး ဘားထိုင်ရင်း အချိန်ဖြုန်းနေခဲ့တယ် ဒီမှာသူနဲ့ဆုံတွေ့ခဲ့တာက မာရီယာပေါ့ ယောကျာ်းဖြစ်သူဖောက်ပြန်နေလို့ လက်စားချေမယ်ဆိုပြီး ဖုန်းပြောဖြစ်နေတဲ့ကောင်လေးနဲ့ဒိတ်ဖို့စီစဉ်ဖြစ်သွားတယ်ပေါ့ဒါပေမဲ့စစချင်းဒိတ်မှာတင် တစ်ဖက်ယောကျာ်းလေးကထွက်ပြေးသွားလေရဲ့ အကြောင်းကတော့ ဒိတ်ပါတယ်ဆို မာရီယာကကလေးခေါ်လာမိလို့ပါ စင်ဂယ်မားသားလည်းဆိုရော ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင်ထွက်ပြေးသွားတော့ မာရီယာတစ်ယောက် ဘားမှာငူငူကြီးဖြစ်နေချိန် အဲလ်ဘတ်နဲ့ဆုံတွေ့ခဲ့တယ် ဒီလိုနဲ့၂ယောက်သားရင်းနှီးသွားကြပြီး မာရီယာ့အိမ်အလည်လိုက်သွားမိလေရဲ့ဒါက သူတို့ရဲ့အမှောင်ဆုံးအချိန်များဖြစ်သွားမလား အိမ်မှာထင်မှတ်မထားတဲ့ လူသေမှုနဲ့ရင်ဆိုင်လိုက်ရချိန်မှာတော့....(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo ~KKKZ ပဲဖြစ်ပါတယ် ) File size…2.1GB/919MB Quality…WEB DL 1080p / ...
movie
Merry Christmas (2024)
2024
6.6
Salaar: Part 1 – Ceasefire (2023)
Salaar: Part 1 – Ceasefire (2023) ==========================WEB DLအကြည်ဗားရှင်းကိုပဲ တင်ဆက်ထားပါတယ်သွေးသောက်ညီနောင်သစ္စာတရား CM တောင်ပိုင်းချစ်ပရိသတ်ကြီးတို့ မျှော်လင့်နေတဲ့ ဇာတ်ကားလေးကတော့ အကြည်WEB DL ဗားရှင်းထွက်ရှိလာခဲ့ပါပြီ၂၀၂၃ ဒီဇင်ဘာမှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားဟာ ၂၇၀ ကုဋေရင်းခဲ့ပြီး ၇၅၀ ကုဋေထိအမြတ်ရကာ အတော်လေးအောင်မြင်ခဲ့ပါတယ် ဦးဆောင်ပါဝင်ထားတဲ့မင်းသားကတော့ တောင်ပိုင်းရဲ့ကမ္ဘာသိမင်းသား ဘာဟုဗလီမင်းသားလို့ မြန်မာမှာ နာမည်ကြီးတဲ့ Prabhas နဲ့ ကားရိုက်ကျဲပေမယ့် ပါတဲ့ကားတိုင်းပေါက်တဲ့ မင်းသမီးချောလေး ရှရူသီအပြင် အခြားတောင်ပိုင်းနာမည်ကြီး ဇာတ်ပို့များစွာပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကို မညွှန်းခင်မှာ ပထမဆုံးချီးကျူးလိုတာကတော့ တောင်ပိုင်းကားတွေဟာ အက်ရှင်ခန်းရိုက်တဲ့နေရာမှာ တော်တော်ကို ကောင်းမွန်နေပြီဆိုတာပါပဲ စလိုးမိုးရှင်းတွေ အနီးကပ်ရိုက်ချက်တွေကို သူ့နေရာနဲ့သူသုံးထားပြီး အရမ်းကြီးအိုဗာမဖြစ်ပဲ မင်းသားရော ဗီလိန်တွေပါ သွေးသံရဲရဲနဲ့ ဖိုက်နေကြတာ တကယ်အားရစရာပါပဲဇာတ်လမ်းကတော့ ကန်ဆာပြည်နယ်လို့ခေါိတဲ့ စိတ်ကူးယဉ်ပြည်နယ်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ် ပဒေသရာဇ်စနစ်နဲ့ မျိုးရိုးစဉ်ဆက်အုပ်စိုးတဲ့ နေရာမှာ မင်းသားဖြစ်တဲ့ ဗာရာဒါနဲ့ သာမန်လူ ဒေဗာ(ဘာဟုဗလီမင်းသား) က အသက်ပေးချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပါတစ်နေ့မှာ ဒေဗာက အဲ့နေရာကနေ ထွက်ခွာခဲ့ရပေမယ့် သူ့သူငယ်ချင်းလိုအပ်ချိန်တိုင်းမှာ ပြန်လာကူညီမယ်လို့ ...
movie
Salaar: Part 1 – Ceasefire (2023)
2023
4K HEVC
7.4
Janhit Mein Jaari (2022)
Janhit Mein Jaari (2022)————————————————————တကယ်လို့ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်နေပြီး ဆွေမျိုးမိဘကရော ပတ်ဝန်းကျင်အသိုင်းဝိုင်းကရော ရှေးရိုးစွဲဖြစ်နေတဲ့ နေရာမျိုးမှာ ကွန်ဒုံးရောင်းရမယ်ဆိုရင် ....ကိုယ်ရည်မှန်းထားတဲ့အလုပ်နဲ့ ကိုယ်လုပ်နေရတဲ့အလုပ် မကိုက်လို့စိတ်ညစ်နေလား ဒါမှမဟုတ် ကိုယ်လုပ်နေရတဲ့ အလုပ်အပေါ် မကျေမနပ်ဖြစ်နေပါသလား ဒီရုပ်ရှင်လေးကိုစီးမျောခံစားရင်း သင်ခန်းစာနဲ့ ခွန်အားရယူဖို့တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ===============မာစတာဘွဲ့ပါရထားပေမယ့် ထူထပ်လွန်းတဲ့ လူဦးရေနဲ့အိန္ဒိယမှာ အလုပ်ရဖို့ခက်နေတဲ့ မိန်းကလေးတစ်ယောက်.. အများလိုအချိန်တန်အရွယ်ရောက်အိမ်ထောင်ပြုပြီး လင်ယောက်ျားပေါ်မှီခိုရမယ့်ဘဝမှာမနေချင်တဲ့အမှီအခိုကင်းသူဖြစ်ချင်တဲ့ မိန်းကလေးတစ်ယောက်..ကွန်ဒုံးကုမ္ပဏီမှာ အလုပ်ရဖို့ဖြစ်လာပြီး ကွန်ဒုံးရောင်းရဖို့ မားကတ်တင်းဆင်းရတဲ့အခါ…ရှေးရိုးစွဲအယူဝါဒတွေမပျောက်ပျက်သေးတဲ့နယ်မြေမှာ ကွန်ဒုံးရောင်းဖို့ ဘယ်လိုအခက်အခဲတွေတွေ့ရမလဲအချစ်နဲ့ဆုံတွေ့တဲ့အချိန်မှာလည်း ဘယ်သူမှမလုပ်တဲ့အလုပ်ကို လုပ်နေသူတစ်ယောက်မို့ ဘယ်လိုပြဿနာရင်ဆိုင်လာရမလဲ။ ကိုယ့်ရဲ့ရည်မှန်းချက်အတွက် မိသားစုဖိအား အသိုင်းအဝိုင်းဖိအားတွေကို ဘယ်လိုကျော်ဖြတ်မယ်ဆိုတာကို ဇာတ်လမ်းအစကတည်းက ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ စိတ်ဝင်စားအောင်ဆွဲခေါ်သွားနိုင်မယ့် comedy-drama film လေးဖြစ်လို့ ဘောလိဝုဒ်ပရိသတ်များ လိုက်ပါစီးမျောခံစားကြည့်ဖို့အကြုံပြုပေးလိုက်ပါတယ်။ File size…2.07GB / 1.04GB Quality…1080p WEB DL AAC2.0Ch / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lai Laii ~ Lwin Htoo Aung ~ Go-O ...
movie
Janhit Mein Jaari (2022)
5.4
Ram Jaane (1995)
(Unicode)ခပ်လာ့စ်( ရှော့လိုက် /ပွဲသိမ်း) ၊ တပိုရိးလို့ဂ် ( street guys) ....အစရှိတဲ့ ရှာရွတ်ဗန်းစကားတော်တော်များများကို ဒီဇာတ်ကားထဲမှာ လေ့လာလိုက်နော် ။သင်ဟာ လူတစ်ယောက်သာစစ်မှန်ခဲ့ပါစေ....ကိုယ့်ဘဝမှာ ဘယ်လောက်ပဲ မျှော်လင့်ချက်မဲ့တဲ့ ချောက်ကမ်းပါးထဲကျရောက်နေခဲ့ရင်တောင် သင့်လိုမျိုး မိုက်မိုက်ကန်းကန်း ချောက်ကမ်းပါးထဲ မျက်စိစုံမှိတ်ခုန်ချမဲ့ အနာဂတ်လူငယ်တွေကိုတော့ ဒီနေရာကြီဟာ အန္တရယ်တွေရောပြွန်းနေတဲ့ မျှော်လင့်ချက်မဲ့ချောက်ကမ်းပါးဆိုတာ တနည်းနည်းနဲ့တော့ သိစေသင့်တယ် မဟုတ်ပါလား?Ram Jaane (ဘုရားသိတယ်)★★★★★★ပြစ်မှု ၊အက်ရှင်ဒရမ်မာ၊ ဇာတ်မြူးအမျိုးအစား ဘောလီးဝုဒ် ရုပ်ရှင်" Ram Jaane " ကို ဇာတ်ညွှန်း ဗီနေးရွှတ်ကလား ရေးသားပြီး ၊ ဒါရိုက်တာ ရာဂျစ်ဗ်မဟဲရာ ရိုက်ကူးခဲ့ကာ ရှာရွတ်ခန် ၊ ဂျူဟီးချော်လာ ၊ မူရှရန်း ၊ ပန်ကတ်ရ်ှကပူးရ် (ရှာဟစ်ကပူးရ် ဖေဖေ) ၊ ဂူလ်ရှန်းဂရိုဗာ ...
movie
Ram Jaane (1995)
1995