Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tim Robbins
7.4
High Fidelity (2000)
High Fidelity (2000)IMDb Rating (7.4) / Rotten Tomatoes (91%) အသက် ၃၀ အရွယ် အခွေဆိုင်ပိုင်ရှင် ရော့က အချစ်ရေးမှာ ကျွန်းခံနေတဲ့သူတစ်ယောက်ပေါ့..တွဲသမျှကောင်မလေးတိုင်းနဲ့အဆင်မပြေဖြစ်နေရတာကြောင့် သူဘာကြောင့် အချစ်ရေးမှာ ကံဆိုးရတာလဲဆိုတာကို သိချင်နေခဲ့တယ်..သူတွဲခဲ့တဲ့ ကောင်မလေးတွေထဲက ထိပ်ဆုံး ၅ ယောက်နဲ့ ဘယ်လိုတွေ တွေ့ဆုံခဲ့ပြီး ဘယ်လိုတွေ ထားခဲ့ခံရမလဲ?ဒီအထဲကမှ သူတကယ်ချစ်ပြီး လက်ထပ်ချင်ခဲ့တာ ဘယ်သူလဲ?အချစ်ဆိုတာဘာလဲဆိုတာကို နားမလည်ခဲ့တဲ့ ရော့က နောက်ဆုံးမှာ သူ့အချစ်စစ်ကိုရှာတွေ့သွားမလား?ဆုံးရှုံးပြီးမှ တန်ဖိုးထားရကောင်းမှန်းသိခဲ့တဲ့ ရော့ဟာ သူတကယ်ချစ်တဲ့ ကောင်မလေးရဲ့ အချစ်ကို ပြန်လည်ရယူနိုင်ပါ့မလား?အချစ်ဟာသ ဇာတ်လမ်းတွဲလေးဖြစ်ပြီးတော့ ရှုပ်ထွေးတဲ့အချစ်ဇာတ်လမ်းကြားမှာ ရော့တစ်ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(8.3 GB) / (1.9 GB) / (1 GB) Quality….Blu-Ray 4K HEVC ...
movie
High Fidelity (2000)
2000
4K HEVC
6.4
City of Ember (2008)
City of Ember (2008)IMDb Rating (6.4) / Rotten Tomatoes (53%) ဒီတစ်ခါတော့ပရိသတ်ကိုစွန့်စားခန်းနဲ့မိသားစုဖြော်ဖြေရေး ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ကလေးစာပေဆုနဲ့ပါတ်သက်ပြီးဆုတွေ အများကြီးရထားတဲ့ ဝတ္ထုကိုဒါရိုက်တာ Gil Kenanကရိုက်ကူးထားပါတယ်။City of Emberရုပ်ရှင်နဲ့ပါဝင်တဲ့သရုပ်ဆောင်တွေလည်းဆုတွေအများကြီးရထားပါတယ်။ ဒီကားလေးကတော့ ကျွန်တော်ကြိုက်လွန်းလို့ ခဏခဏပြန်ကြည့်ဖြစ်တဲ့ ကားတစ်ကားပါ.. စိတ်ဝင်စားဖို့ကောင်းတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်။ဇတ်လမ်းအရဆိုရင် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ အန္တရာယ်တွေနဲ့ရင်ဆိုင်နေရပြီး လူသားတွေနေထိုင်ဖို့အတွက် ခက်ခဲတဲ့အချိန်ကိုရောက်နေပါပြီ..ဒီအချိန်မှာ လူမျိုးတစ်စုရဲ့ ဆိုင်ရာဆိုင်ရာနည်းပညာရှင် အတတ်ပညာရှင်တွေစုပေါင်းပြီးတော့ လူသားတွေနေထိုင်ဖို့အတွက် မြေအောက်မြို့တော်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်..အဲ့ဒီမြို့တော်မှာနေထိုင်ကြတဲ့သူတွေဟာ ပြင်ပလောကကမ္ဘာကြီးနဲ့ မထိတွေ့ရတော့ပါဘူး..ဒီလိုနေထိုင်နေကြမယ့်အချိန်မှာ ပညာရှင်တွေစုပေါင်း ဆွေးနွေးပြီးတော့ သေတ္တာလေးတစ်လုံးကိုပြုလုပ်ခဲ့ပါတယ်..ပြီးတော့ သေတ္တာလေးမှာ အချိန်ကာလတစ်ခုကို သတ်မှတ်ထားခဲ့ပါတယ်..(သတ်မှတ်ထားတဲ့ အချိန်ကာလပြည့်သွားတာနဲ့ သေတ္တာလေးက ပွင့်သွားမှာပါ)ဒီလိုနဲ့ သေတ္တာလေးကို မြို့ရဲ့ အုပ်ချုပ်တွေတစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ပါတယ်..ကြာလာတော့ သေတ္တာလေးအကြောင်းကိုမေ့လာကြပြီး ဟိုရောက်ဒီရောက်နဲ့ သေတ္တာလေးဟာချောင်တစ်ချောင်ထဲရောက်သွားပါတော့တယ်..ဒီလိုနဲ့ သတ်မှတ်ထားတဲ့အချိန်ပြည့်သွားပြီး သေတ္တာလေးဟာ သူ့ဟာသူ ပွင့်သွားတဲ့အခါမှာတော့.. ဘာတွေဖြစ်လာမလဲ ?? သေတ္တာလေးထဲမှာ ...
movie
City of Ember (2008)
2008
6.8
Tenacious D in The Pick of Destiny (2006)
Tenacious D In the Pick of Destiny (2006) Genre - Comedy, Adventure, Music IMDB - 6.8/10မင်းသားကြီး ဂျက်ဘလက်ခ်ဆိုတာနဲ့ ကွန်ဖူးပန်ဒါကိုပြေးမြင်ကြမယ်ထင်ပါတယ် နောက်ပြီး သူရိုက်ထားတဲ့တခြားဟာသကားတွေကလည်း နာမည်ကြီးပါပဲSchool of Rock တို့ Jumaji တို့ Goosebump တို့ စသဖြင့် အများကြီး ရှိပါတယ်။ဇာတ်လမ်းအကြောင်းမပြောခင် မင်းသား ဂျက်ဘလက်ခ်ကတကယ်သီချင်းဆိုပါတယ် လက်တွေ့လောကမှာလည်းဒီရုပ်ရှင်နာမည်အတိုင်း Tenacious D ဆိုပြီး Rock အဖွဲ့လေးထောင်ထားတာပါနောက်အဖွဲ့ဝင်တစ်ယောက်က ဒီရုပ်ရှင်ထဲမှာပါတဲ့သရုပ်ဆောင် ကိုင်းဂတ်စ်ပါပဲနောက်ပြီး သူတို့ဟာ သီချင်းတွေဆိုလည်းကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်တိုင်တီးတွေပါ။ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သာမန်မြို့ငယ်လေးမှာဘာသာတရာကိုင်းရှိုင်းကြတဲ့ မိသားစုလေးရှိပါတယ်ဒီမိသားစုလေးထဲက JB ဆိုတဲ့ ဖက်တီးလေးကတော့မိရိုးဖလာကို ဆန့်ကျင်ပြီး အင်မတန်မှ Rock ဂီတကို ကြိုက်တာပေါ့အဲဒါကြောင့် သူနေထိုင်ရာပတ်ဝန်းကျင်က Rocker တစ်ယောက်မဖြစ်နိုင်တဲ့အတွက် Rock ဆရာကြီး အဆိုတော် ...
movie
Tenacious D in The Pick of Destiny (2006)
6.2
Zathura: A Space Adventure (2005)
Zathura: A Space Adventure (2005)~ IMDb - 6.2/10, Rotten Tomatoes - 76% ~ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့ရတဲ့ Fantasy, Adventure ဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ Jumanji တို့ဘာတို့ကိုတော့ မှတ်မိဦးမယ်ထင်ပါတယ်။ ဂိမ်းတစ်ခုဆော့ရင်း ဂိမ်းကမ္ဘာတစ်ခုကိုရောက်သွားတဲ့ ဇာတ်လမ်းမျိုးပေါ့။Zathura က Jumanji ကို Space Version Spin-off ပုံစံမျိုး Fantasy Sci-Fi Game Universe ကိုဖန်တီးခဲ့တာပါ။ အဲဒီတော့ သိကြတဲ့အတိုင်းပဲ။ သတ္တဝါဆန်းတွေ၊ ဖြစ်ရပ်ဆန်းတွေနဲ့ Entertainment ကောင်းကောင်းဖြစ်မယ့်ကားပါပဲ။ဒီထဲက Main Cast ညီအကိုနှစ်ယောက်ထဲက တစ်ယောက်က နောက်ပိုင်း Bridge to Terabithia, Huger Games Franchise ကြီးနဲ့ Journey 1 & 2 လို တကယ့်ဇာတ်ကားကောင်းတွေမှာပါခွင့်ရခဲ့တဲ့ ...
movie
Zathura: A Space Adventure (2005)
2005
6.9
Top Gun (1986)
Top Gun (1986) IMDb - 6.9/10_____Rotten 54% Won 1 Oscar. Another 10 wins & 5 nominations ဒီကားက ၁၉၈၆ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီး နှစ် ၃၀ ကျော်ကြာမှာတော့ သူ့ရဲ့အဆက် နံပါတ် ၂ ဇာတ်ကား Top Gun: Maverick (2022) ရုပ်ရှင်ကားလဲ ထွက်ရှိလို့ လာခဲ့ပါပြီ။ Top Gun 1986 ဇာတ်ကားကတော့ ခပ်မိုက်မိုက် အမေရိကန်လေသူရဲတစ်ယောက်နဲ့ ခပ်မိမိဆရာမလေးတို့ရဲ့အချစ်အကြောင်းကို အမေရိကန်တိုက်လေယာဉ်သင်တန်းကျောင်းတစ်ခုမှာ အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားပါ။မင်းသားကြီး တွမ်ခရုစ်ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်ပြီး ၂၀၂၂ ခုနှစ် အသက် ၆၀ ထိ နုပျိုနေတဲ့ တွမ်ခရုစ်အကြောင်းတွေက မမြင်ချင်မှ အဆုံးပါပဲ။ဒီထဲက မင်းသမီး Kelly McGillis ကိုတော့ အိုစာလွယ်တယ် ပုံပျက်လွယ်တယ်ဆိုပြီး တွမ်ခရုစ်ပုံနဲ့ ယှဉ်ပြီးပြပြတတ်ကြပါတယ်။တကယ်တော့ မင်းသမီး ကယ်လီမက်ဂေးဟာ ဒီဇာတ်ကားမရိုက်ခင် ...
movie
Top Gun (1986)
1986
4K HEVC
9.3
The Shawshank Redemption (1994)
The Shawshank Redemption (1994)91% Rotten Tomatoes9.3/10 IMDbမိတ်ဆွေတို့ Google မှာ IMDb rating အမြင့်ဆုံးကားများ လို့ ရိုက်ရှာကြည့်ချင်ပါသလား? Rotten Tomatoes ရဲ့ အကောင်းဆုံးကားများလို့ ရိုက်ရှာကြည့်ချင်ပါသလား? ရုပ်ရှင်သမိုင်းတလျှောက်အကောင်းဆုံးကားများ.....မသေခင်ကြည့်သင့်သော ကားများ....ဘာညာသာရကာ အစုံရိုက်ပြီး ရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားကတော့ ထိပ်ပိုင်းတစ်နေရာမှာ အမြဲပါနေပါလိမ့်မယ်။ဇာတ်လမ်း အကျဉ်းလေးကတော့ ရိုးရှင်းပါတယ်။ လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် ၂ ခါ ကျခံရပြီး ရှောရှန့်ခ် ထောင်ထဲကို ရောက်လာတဲ့ ဘဏ်စီးပွားရေးသမား အန်ဒီ ဒူဖရင်း(Tim Robbins) နဲ့ တကျွန်းသမားဟောင်းကြီး ရက်ဒ်(Morgan Freeman) တို့ ရဲ့ ထောင်ထဲက အခက်အခဲတွေနဲ့ မိတ်ဆွေဘဝ၊ အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ...
movie
The Shawshank Redemption (1994)
1994
4K HEVC
7.6
Dark Waters(2019)
Dark Waters(2019)IMDb...7.6(unicode)ဖြစ်ရပ်မှန်ကိုအခြေခံပြီးတော့ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ် ၂၀၁၆ခုနှစ် The New York Times Magazineထဲက Nathaniel Richရေးထားတဲ့ "The Lawyer Who Became DuPont's Worst Nightmare"ကိုအခြေခံပြီး ရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်းကတော့ DuPontလို့အမည်ရတဲ့အမေရိကန်ရဲ့အကြီးဆုံး ဓာတုဗေဒပစ္စည်းတွေထုတ်လုပ်ဖြန့်ချီတဲ့ကုမ္ပဏီကြီးက ကုန်ပစ္စည်းထုတ်လုပ်ရာနဲ့စွန့်ပစ်ရာမှာသုံးတဲ့ဓာတုဗေဒပစ္စည်းတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့သက်ရှိတွေရဲ့ကျန်းမာရေးကိုထိခိုက်လာပါတယ် အဲ့ဒါကြောင့်ထိခိုက်သူတွေကရှေ့နေတစ်ယောက်ကိုငှားပြီးတော့တရားရင်ဆိုင်ရဖို့ဖြစ်လာပါတယ် အဓိကဇာတ်ဆောင်အဖြစ် ကျွန်တော်တို့ရဲ့Hulk မင်းသားကြီးMark Tuffaloကရှေ့နေတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ် အမေရိကန်နိုင်ငံရဲ့အကြီးဆုံးကုမ္ပဏီတွေထဲကတစ်ခုဖြစ်တာနဲ့အညီ အကြီးတန်းအုပ်ချုပ်ရေးပိုင်းကခေါင်းဆောင်တွေနဲ့သိတာကြောင့် DuPontကိုနိုင်နိုင်ချေကလုံးဝမရှိတဲ့အခြေအနေအထိဖြစ်နေလို့ရှေ့နေတော်တော်များများကငြင်းဆိုကြပါတယ်.... အစပိုင်းကစိတ်မဝင်စားပေမယ့်လဲသူ့အဖွားနေထိုင်ရာဇာတိအနောက်ဗာဂျီးနီးယာမှာဖြစ်တာကြောင့် အနည်းငယ်စူးစမ်းကြည့်ရာကနေရင်နင့်ဖွယ်ဖြစ်ရပ်တွေကိုတွေ့ပြီးတာဝန်ယူရတဲ့အထိဖြစ်လာပါတော့တယ်..... တကယ်ကိုအန္တရယ်များလွန်းတဲ့တရားခွင်ပါပဲ...သူရင်ဆိုင်နိုင်ပါ့မလား...ဆိုတာကိုတော့ ခံစားကြည့်ပါဦး... ဒီကားက တရားခွင်ကို အဓိက ပြထားတဲ့ဇာတ်ကားတွေ ထုံးစံအတိုင်း ဒိုင်ယာလော့တိုင်းဟာ ပညာသားပါပါတယ်.ခက်ခဲတဲ့ စုံစမ်းထောက်လှမ်းမှုတွေလည်း တွေ့ရပါလိမ့်မယ်...ဒါ့အပြင် ကြည့်ရသူတွေအတွက်လည်း ဗဟုသုတပေါင်းများစွာရသလို အစမှ အဆုံးထိ မပျင်းမရိနဲ့ကိုကြည့်ရပါတယ်.. ခံစားကြည့်ကြပါဦး... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MarTizasဖြစ်ပါတယ်File Size : (1.07 GB) Quality : Blu-Ray 720p Format…mp4 Duration…02:05:00 Genre : Biography , Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie
Dark Waters(2019)
6.9
Back to 1942 (2012)
"စိတ်ချမ်းသာစရာတစ်ခန်းမှမပါတဲ့ သမိုင်းထဲက အစာငတ်လို့ လူ ၃ သန်းသေတဲ့ဖြစ်ရပ်"ကြီးကျယ်ခန်းနားလှတဲ့ အနုပညာလက်ရာတွေ နဲ့ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားခဲ့တဲ့နိုင်ငံ၊ ဂျင်း(အင်)များ ထုတ်လွန်းလို့ အဲ့နိုင်ငံက ထုတ်တဲ့ဓားနဲ့ ခတ်ခံရရင် လူမသေဘဲဓားကျိုးတယ်ဆိုတယ်တဲ့နိုင်ငံ၊ အစားအသောက်မီးလိုတောက်ပြီး အစား အပက်စပ်ဆုံး စားလို့မရတဲ့အသားကမ္ဘာ ပေါ်မှာမရှိစေရဘူးဆိုတာ သက်သေပြနေတဲ့နိုင်ငံ၊ ကမ္ဘာ့ စီးပွားရေးကို လွမ်းမိုးချုပ်ကိုင်နိုင်လုနီးပါး ဖြစ်လာတဲ့နိုင်ငံ၊ သင်ပိုက်ဆံသာယူလာ ကျွန်ပ် တို့ သင်လိုချင်တာဖြစ်အောင်လုပ်ပေးပါမယ်ဆို တဲ့လိုတရနိုင်ငံ၊နိုင်ငံနယ်နမိတ်အတွင်း သဲကန္တာ ရ ၊ရေခဲတောင်၊ တောင်ကုန်းတောင်တန်း၊မြေ ပြန်လွင်ပြင် ၊ မြစ်ချောင်းအင်းအိုင်၊ ဂူဂနိုင်၊ သဘာဝ အလှအပများ အံ့သြမဆုံးတည်ရှိရာ နိုင်ငံ၊ ကမ္ဘာလုဦးရေးအများဆုံးသောနိုင်ငံ.......အကောင်းအဆိုး ရောယှက်နေတဲ့ဒီလိုနိုင်ငံကြီးရဲ့အတိတ်ကဖြစ်ရပ်တစ်ချို့ ကို ပြန်အသက်သွင်းထားတဲ့ သမိုင်းထဲက မထင် မရှား ကြီးမားတဲ့ အမည်းစက်ကြီး ရဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်။ဒီကားကို ၂၀၁၂ နိုဝင်ဘာ လမှာ ပြသခဲ့ပါ တယ်။ စတင်ရိုက်ကူးခဲ့တဲ့ Budget ယွမ် သန်း ၂၁၀ ကုန်ကျခဲ့ပါတယ်။ Box Office မှာ ယွမ် ၃၆၄ သန်း ပြန်လည်ရရှိခဲ့ပါတယ်။ ကုန်ကျစရိတ်တော်တော် အကုန်ခံပြီးရိုက်ကူး ထားပြီး သရုပ်ဆောင်တွေထက်ဇာတ်လမ်းသာလွန်မှုကိုပိုပြီး အလေးပေးရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ တစ်ကားလုံးကြာချိန် ၁၄၆ မိနစ်ရှိပါတယ်။ UMDb Rating 6.9 ၊ Rotten ...
movie
Back to 1942 (2012)
2012