Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tiku Talsania
6.1
Raja Hindustani (1996)
Raja Hindustani 1996 ကြမ္မာချစ်သူ Imdb 6.1/10ဒီကားကတော့ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့ပြီး ဒါရိုက်တာဒါမက်ရှ်ဒါရှန်ရဲ့အချစ်နဲ့ ဒရာမာကို ပေါင်းစပ်တင်ဆက်ထားတဲ့ လက်ရာမြောက် ဇာတ်ကားတစ်ကားပါ အိန္ဒိယရုပ်ရှင်သမိုင်းမှာလည်းအောင်မြင်မှုအများကြီးရခဲ့တဲ့ ရုံတင်ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်တွေကတော့ ဘောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသား အာမီရ် ခန်းနဲ့ မင်းသမီးကာရစ္စမာကာပူးရ်တို့က အချိတ်အဆက်မိမိသရုပ်ဆောင်ပေးထားပြီးနဲ့ အစွမ်းကုန်ချောမောပေးထားကြပါသေးတယ်ဇာတ်လမ်းရဲ့ အစကတော့ အိန္ဒိယနိုင်ငံ၊ ကိုယင်ဘာတိုနားက တောင်ကုန်းမြို့လေးတစ်ခုမှာ တက္ကစီဒရိုင်ဘာအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ရာဂျာဆိုတဲ့ လူငယ်တစ်ယောက်နဲ့ စတင်ပါတယ် ရာဂျာက အရမ်းရိုးသားဖြောင့်မတ်ပြီးဘဝကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်သူပါ သူ့ရဲ့ အပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်နေတတ်တဲ့ ဒေသခံလူငယ်လေးတစ်ဦးပေါ့ မိဘတွေက ငယ်စဉ်ကတည်းကဆုံးပါးသွားကြလို့ တွေ့ရာလူနဲ့ အဆင်ပြေပြေပေါင်းပြီး ဘဝကိုဖြတ်သန်းခဲ့ပါတယ်တစ်ဖက်မှာတော့ မွန်ဘိုင်းမြို့က ချမ်းသာကြွယ်ဝပြီး ခေတ်မီတဲ့ မိသားစုက ဆင်းသက်လာသူ အာရ်တီဆိုတဲ့ အလှပဂေးလေးတစ်ဦးရှိပါတယ်အာရ်တီက အမေမရှိတော့တဲ့ကလေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဖခင်ဖြစ်သူနဲ့ မိထွေးရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့တာပါ နွေရာသီအားလပ်ရက်အဖြစ် ကိုယင်ဘာတိုနားက ...
movie
Raja Hindustani (1996)
Mere Husband Ki Biwi (2025)
Mere Husband Ki Biwi 2025 (ကျွန်မယောက်ျားရဲ့ ဇနီးလောင်း)IMDb - 5/10 အန်ကူဆိုတဲ့လူငယ်လေးဟာ အိမ်ထောင်ကျပြီးသွားပေမဲ့ အိမ်ထောင်ရေးအဆင်မပြေဖြစ်နေသူတစ်ယောက်ပါ။အန်ကူရဲ့ ဇနီးဖြစ်သူ ပရာဘလင်းဟာ အမြဲ ပြဿနာရှာတတ်လို့ အန်ကူတစ်ယောက်လည်း စိတ်မချမ်းမသာဖြစ်နေရတော့တာပေါ့။တစ်နေ့တော့ အန်ကူတစ်ယောက် ရီရှီကေ့ရှ်ကို သွားပြီးတော့ မိသားစုပိုင်ဆိုင်မှုတွေကို သွားရောင်းဖို့လုပ်တဲ့အချိန်မှာ တစ်ချိန်က ဇာတ်လမ်းရှိခဲ့ဖူးတဲ့ အန်တာရာခန်နာဆိုတဲ့ ကောင်မလေးနဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတော့တယ်။အန်တာရာခန်နာဆိုတာကတော့ ယောက်ျားလေးများကြားမှာ ရေပန်းစားပြီး အကုန်လုံးက ဇာတ်လမ်းဖြစ်ချင်လောက်တဲ့အထိကို အရမ်းလှတဲ့ကောင်မလေးပါ။ဒီလိုနဲ့ ရီရှီကေ့ရှ်မှာ အန်ကူနဲ့ အန်တာရာတို့ တွေ့ဆုံကြရင်း အန်ကူတစ်ယောက် မိန်းမကို မေ့ပြီး အန်တာရာကို ချစ်မိသွားရာကနေ ..........အန်ကူ, အန်တာရာနဲ့ ပရာဘလင်းတို့ ၃ပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမလဲ ......... ပရာဘလင်းတစ်ယောက် ယောက်ျားဖြစ်သူကို သူ့ဘက်ပြန်ပါလာအောင် ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ... ဆိုတာကို အချစ်ဟာသကားလေးဖြစ်တဲ့အတိုင်း ဟာသလေးတွေနဲ့အတူ ရယ်ရယ်မောမောကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်?(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.5 GB / 1.2 GB Quality…WEB ...
movie
Mere Husband Ki Biwi (2025)
5.8
Vicky Vidya Ka Woh Wala Video (2024)
Vicky Vidya Ka Woh Wala Video (2024) "ဗစ်ကီ-ဗစ်တရာနဲ့ အမှုပွေတဲ့ဗီဒီယိုစီဒီ)"တဝါးဝါးတဟားဟားနဲ့ အချစ်ဟာသကားကိုမှ ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် IMDb 5.9/10 rating ရထားတဲ့ ဟင်ဒီဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဗစ်ကီဟာ ပျော်ပျော်ပါးပါးလွတ်လွတ်လပ်လပ်နေတတ်တဲ့ ဒန်းဆိုးဆရာလေးတစ်ယောက်ပါ။ သူ့ချစ်သူကတော့ ဆရာ၀န်မလေး ဗစ်တရာပေါ့။ တစ်နေ့ ဗစ်ကီခရီးသွားရာက ပြန်ရောက်တဲ့အခါ ဗစ်တရာရဲ့ စေ့စပ်ပွဲသတင်းကို ကြားရပါတော့တယ်။ဒါပေမဲ့ ဗစ်ကီတစ်ယောက် အသည်းကွဲပြီး မှိုင်နေမယ်တော့ မထင်ပါနဲ့။ စေ့စပ်ပွဲမှာ စားစရာတွေ တစ်ပွဲပြီးတစ်ပွဲ တွယ်နေတာပါ။ စေ့စပ်ပွဲရဲ့အရေးကြီးတဲ့အချိန်ကို ရောက်လာတဲ့အခါကျမှ ဗစ်ကီတစ်ယောက် ဗရုတ်ကျပြီး ပညာသားပါပါ နှောင့်ယှက်ပါတော့တယ်။ဒီလိုနဲ့ အဲဒီစေ့စပ်ပွဲပျက်သွားပြီး အဆင့်အတန်းချင်းမတူတဲ့ ဗစ်ကီနဲ့ဗစ်တရာတို့နှစ်ဦး ပေါင်းဖက်ရဖို့ အကြောင်းဖန်လာပါတယ်။ ဒါပေမဲ့ သူတို့ဇာတ်လမ်းက ဒီမှာပြီးမသွားပါဘူး။ သူတို့လက်ထပ်ပြီးနောက်မှာတော့ သူတို့ရဲ့ လျှို့ဝှက်ဗီဒီယိုစီဒီ အခိုးခံလိုက်ရပါတယ်။ ဇာတ်လမ်းက အဲဒီမှာစတာပါ။အဲဒီနောက်မှာ သူတို့နှစ်ဦးသား အဲဒီလျှို့ဝှက်ဗီဒီယိုစီဒီကို ဘယ်လိုပြန်ရှာယူကြမလဲ၊ အိမ်ထောင်ရေးခရီးလမ်းမှာ ဘယ်လိုပြဿနာတွေကြုံရမလဲဆို ဟာသလေးတွေနှောပြီး ပေါ့ပေါ့ပါးပါးနဲ့ စိတ်၀င်စားစရာ ကြည့်ရမှာ စိတ်အပန်းပြေစေမဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie
Vicky Vidya Ka Woh Wala Video (2024)
Tera Jadoo Chal Gayaa (2000)
Tera Jadoo Chal Gaya (2000)သုံးပွင့်ဆိုင်အချစ်၂၀၀၀ ခုနှစ်များဆီက ဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းလေးတွေကို ကြိုက်တတ်တဲ့ CM ပရိသတ်ကြီးအတွက် အဘီရှိတ်ခ်ဘဂျမ်း ၊ ကီရ်သီရတ်ဒီနဲ့ ဟာသမင်းသားကြီးဂျွန်နီတို့ အဓိကပါဝင်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်တင်ဆက်ပေးလိုက်ပါတယ်။ပူဂျာက အောင်မြင်တဲ့ဒါရိုက်တာကြီးအရမ်းဖြစ်ချင်တဲ့သူ ဒါပေမဲ့ အလုပ်မှာတော့အမြဲနောက်ကျတတ်လို့ ခဏခဏအဆူခံရတဲ့သူပေါ့ ၊ အများနဲ့မတူထူးခြားကောင်းမွန်တဲ့ သူ့အိုင်ဒီယာတွေကိုလည်း အလုပ်က စီနီယာတွေဆီမှာ ဖြတ်လုခံရနဲ့ ဒါရိုက်တာကြီးအိပ်မက်က အလှမ်းဝေးနေလေရဲ့။တစ်နေ့သူငယ်ချင်းမင်္ဂလာဆောင်သွားရင် အာဂရာမြို့မှာတွေ့ခဲ့တဲ့ ကဘီးရ်က သူ့ကိုမြင်မြင်ချင်းစိတ်ဝင်စားသွားတော့တယ် ၊ ကဘီးရ်ဆိုတာလည်း သူ့မြို့မှာတောင် မသိသူမရှိ လူချစ်လူခင်များတဲ့သူ ၊ကဘီးရ်ကသာ ပူဂျာ့ကိုစိတ်ဝင်စားပေမဲ့ ပူဂျာကတော့ ကဘီးရ်ရဲ့ အစွမ်းအစနဲ့ လူချစ်လူခင်များတာကိုသဘောကျရုံကလွဲ စိတ်ဝင်စားမှုရှိမလာပါဘူး၊ သူ့စိတ်ထဲမှာ သူ့လက်တွဲဖော်အတွက် ပုံဖော်ထားပြီးသားဖြစ်နေတာကြောင့်လည်းပါတယ်ပူဂျာအိပ်မက်ထဲက လက်တွဲဖော်ပုံစံနဲ့ထပ်တူကျတဲ့သူပေါ်လာချိန်မှာတော့ အိပ်မက်တွေကိုအလေးထားတဲ့ ပူဂျာနဲ့ သူတန်ဖိုးထားလိုချင်တဲ့အရာတွေကို ရအောင်ယူနိုင်စွမ်းရှိတဲ့ ကဘီးရ်တို့ကြားမှာ ဘယ်လိုအပြောင်းအလဲ ၊ အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် File size…2.56 GB / 1.3 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard ...
movie
Tera Jadoo Chal Gayaa (2000)
6.9
Ishq (1997)
Ishq 1997 ( ချိုမြိန်တဲ့သောက) IMDb - 6.8/10Ishq ဇာတ်ကားဟာ1997 ခုနှစ်ကထွက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး IMDb - 6.8ရရှိထားကာ အဲဒီနှစ်ရဲ့ တတိယ၀င်ငွေအများဆုံးရခဲ့ပါတယ်။ ပါ၀င်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကလည်း. နာမည်ကျော် ခန်း ၃ ခန်းထဲက Pk မင်းသားဖြစ်တဲ့ အမီရာခန်း ( Aamir Khan ) ၊ မင်းသားကြီး အဂျေး ( Ajay Devgn ) ၊ မင်းသမီးကြီး Juhi Chawla နဲ့ Kajol တို့ရဲ့ ငယ်စဉ်ကာလ နုပျိုချောမောမှုတွေနဲ့အတူ Chemistry မိမိရိုက်ကူးတာပါ..ဇာတ်ကားအကျဉ်းကတော့-ဆင်းရဲသားကို မစင်ပုံရွံသလို ရွံတတ်ကြတဲ့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီး နှစ်ဦးဟာ သူတို့ရဲ့သားနဲ့သမီးကို သဘောမတူတဲ့လူနဲ့ ယူသွားမှာကြောက်လို့ သူတို့မသိစေဘဲ လက်ထပ်စာချုပ်ကြိုချုပ်ပေးထားဖို့လုပ်ရာက အသိုင်းအဝိုင်းထဲကမဟုတ်တဲ့လူနဲ့တွေ့ဆုံမိပြီး သဘောကျသွားရာကနေ ဘာတွေဆက်ဖြစ်မလဲ ? ဘယ်လို ပြဿနာ ဘယ်လိုအရှုပ်အထွေးတွေဖြစ်လာဦးမလဲ? ချစ်သောသူချင်းပေါင်းရပါ့မလား? အလွဲလွဲအမှားမှားနဲ့ပဲ ချစ်ရသူနဲ့လက်ထပ်မယ့သူ မတူကွဲပြားသွားမလား? ဘာညာသာရကာကတော့ ...
movie
Ishq (1997)
6.4
Cirkus (2022)
Cirkus (2022) Comedy, Drama IMDb 6.4/10 (21K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘောလီဝုဒ်ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ မင်းသားချော ရန်ဗီးဆင်းက Dual Role နေရာကနေသရုပ်ဆောင်ထားပြီး မင်းသမီး ပူးဂျာဟစ်ဂဒေ..ဂျက်ကလင်းဖာနန်ဒက်ဇ်တို့အပြင် ဟာသသရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ဆန်ဂျေးမစ်ရှရားစသဖြင့် သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ထားသလို မင်းသမီးချောလေး ဒီပီကားပါဒူကွန်ကလည်း Cameo အနေနဲ့ ပါဝင်ပေးထားပါတယ်နော်။ဆရာဝန်တစ်ယောက်ရဲ့စူးစမ်းချင်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စမ်းသပ်ချက်တစ်ခုပေါ်မူတည်ပြီး အလွဲကြီးလွဲခဲ့ရတဲ့ဇာတ်ကြောင်းလေးပေါ့ဗျာ။အငှားကိုယ်ဝန်ဆောင်ခြင်းတွေ ခေတ်မစားသေးခင်ကာလ ဒီကိစ္စကို လူတွေလက်မခံနိုင်ကြတဲ့အခါ...။ပြုစုပျိုးထောင်ပေးတဲ့ မိသားစုတူရင် ဒီညီအစ်ကိုမောင်နှမတွေဟာ ကိုယ့်သွေးသားမဟုတ်လည်း သွေးသားရင်းခြာလို့ မေတ္တာထားကြမယ်။ ကူညီရိုင်းပင်ကြမယ်ဆိုတာကို ဒီဆရာဝန်ဟာ လောကကြီးကို ချပြချင်ခဲ့ပါတယ်။ဒီလိုနဲ့ အမြွှာနှစ်တွဲကို တစ်ယောက်ဆီလွဲထည့်ပြီး မိသားစုနှစ်စုကို တစ်တွဲစီမွေးစားဖို့ပေးလိုက်ပါတော့တယ်။တစ်ရက်တော့ ရုပ်တူပြီး လူချင်းလွဲနေတဲ့ ဒီအမြွှာနှစ်တွဲဟာ တစ်မြို့တည်းမှာ အတူဆုံကြတဲ့အခါမှာတော့ ဖြစ်ပျက်သမျှအလုံးစုံဟာ စတင်ပြီး လွဲလာပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ပါးစပ်မပိတ်တမ်း ရယ်ရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားကြည့်ပါတော့နော်။ File size…2.69GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor~Khin Khin~ Nyein Aye ...
movie
Cirkus (2022)
2022
4.0
Yeh Raaste Hain Pyaar Ke(2001)
Yeh Raaste Hain Pyaar Ke (2001)အခုတစ်ခါ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးပါတော့မယ်...မင်းသားကြီး အဂျေး..မင်းသမီး မာဒူရီးနဲ့ ပါးချိုင့်မင်းသမီးလေး ပရီတီးဇင်ဒါးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်ကားကောင်းပဲဖြစ်ပါတယ် cameo အနေနဲ့ မင်းသားကြီး ဆန်နီဒိုးကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်ဒီဇာတ်ကားမှာ ဗစ်ကီနဲ့ ဆာခရှီးတို့က ကားသူခိုးစုံတွဲ လူတွေကို နှစ်ကျပ်ကွက်ရိုက်ပြီး သူတို့ကားတွေကို ခိုးတယ် နှစ်ယောက်စလုံးက မိဘမဲ့...ဆာခရှီးကတော့ ဦးလေးမိသားစုမှာ ကပ်နေတယ်တစ်ရက် လူမိုက်တစ်ယောက်ကို မတော်တဆသတ်မိသွားရင်းနဲ့ သူတို့နှစ်ယောက်ဟာ အသက်ဘေးကြုံလာရပါတော့တယ်...ပြေးရင်းလွှားရင်းနဲ့ နှစ်ယောက်သား လမ်းကွဲသွားခဲ့ကြပြီး ကံကြမ္မာရဲ့လှည့်ကွက်တွေက သူတို့နှစ်ဦးအပေါ် ဘယ်လိုရက်စက်လာတော့မလဲဆိုတာကိုတော့ ဆက်လက်ပြီး ဇာတ်ကားထဲမှာ ရှုစားပေးပါဦးနော်...။ဒီဇာတ်ကားလေးမှာ ချစ်ခြင်းမေတ္တာ..သစ္စာတရားနဲ့ စာနာနားလည်မှုအကြောင်းကို အမိအရရိုက်ကူးပေးထားလို့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်...။ File size…4.02GB / 1.8GB Quality…1080p WEBRIP /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Yeh Raaste Hain Pyaar Ke(2001)
2001
7.9
Kabhi Haan Kabhi Naa(1994)
Kabhi Haan Kabhi Naa(1994) ==================================== "ကိုယ့်ဆန္ဒအတိုင်းသာဆိုဟောဒီအိပ်မက်ထဲကလုံးဝကိုမနိုးထချင်တော့ပါဘူး" "ကြယ်တွေကြွေတိုင်းဘုရားထံတောင်းတဲ့ဆုကမင်းအချစ်ရရှိဖို့ပါ" ဟောဒီလောကမှာသူရဲကောင်းတွေရဲ့အချစ်ဇာတ်လမ်းတွေကို ဘယ်လောက်ထိတောင်ကြားသိဖူးပြီးသွားပြီလဲ အရှုံးသမားတွေရဲ့အချစ်ဇာတ်လမ်းတွေရောသိကြရဲ့လား တဖွဲ့တနွဲ့ရေးတဲ့သူတွေရောရှိပါ့မလား လောကမှာဟီးရိုးတွေအတွက်သာခမ်းနားတဲ့အချစ်ဇာတ်ရှိပြီး ဇီးရိုးတွေအတွက်ရောရှိပါ့မလား ဘယ်သူကရောရေးဖွဲ့လို့ဘယ်သူကရောအချိန်ပေးဖတ်ရှု့မှာလဲ အခုဇာတ်လမ်းလေးကလည်းဒီလိုပါပဲ အရှင်းဆုံးပြောရရင်ဇီးရိုးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းပေါ့ ဘယ်လောက်ဇီးရိုးကျလဲဆိုရင် မိသားစုထဲမှာမျက်နှာကောင်းမရ အပေါင်းသင်းကြားထဲမှာမျက်နှာငယ် ကိုယ်ချစ်တဲ့မိန်းကလေးရှေ့မှာခေါင်းမမော့နိုင်တဲ့သူတစ်ယောက်အကြောင်း သူ့နာမည်ကတော့ဆူနီးလ်တဲ့ ဟုတ်ပါတယ် အလုပ်အကိုင်မယ်မယ်ရရမရှိ ပညာရေးကျတော့လည်းစာမေးပွဲ၃နှစ်ဆက်တိုက်ကျဆိုတဲ့ဂုဏ်နဲ့ ဘာထူးခြားတာများရှိလဲ အများနဲ့မတူထူးခြားတာဆိုလို့တေးဂီတ ဆူနီးလ်ဟာတေးဂီတပိုင်းမှာတော့ပါရမီရှိသူတစ်ဦး ဒါပေမဲ့ဖြစ်ဖြစ်မြောက်မြောက်တော့အောင်မြင်မှုမရှိသေးဘူး သူ့မှာတဖက်သတ်စိတ်ဝင်စားနေရတဲ့အန္နာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ် အန္နာဟာဆူနီးလ်ကိုတော့သူငယ်ချင်းတစ်ယောက်လိုပဲသဘောထားပြီး သူတို့အဖွဲ့ထဲကခရစ်ကိုတော့ရင်ခုန်နေပုံပါပဲ ဘာကြောင့်လဲဆိုတော့ ဆူနီးလ်နဲ့ယှဉ်လိုက်ရင်ခရစ်ဟာအဖက်ဖက်ကအပုံကြီးသာနေလေတယ် ပညာအရည်အချင်း အလုပ်အကိုင် ဂုဏ်အဆင့်အတန်းအသိုင်းအဝိုင်း ဒီလိုအခြေနေမှာဆူနီးလ်တစ်ယောက်အန္နာ့အချစ်ကိုရပါ့မလား...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zaw Htooပဲဖြစ်ပါတယ်... File Size : (1.1 GB) and (399MB) Quality : Web-DL720P, Format…mp4 Duration…02:38:00 Genre : Drama, Music,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zaw Htoo Encoded by Phyo Pyae
movie
1994