Channel Myanmar

Tian Lu

Redemption in Time and Space (2024) 5.8
Redemption in Time and Space (2024) သဘာဝလွန်ဇာတ်ကားတွေကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို CM ကနေတင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်ကားလေးကတော့ သေနတ်တစ်လက်ကအစပြုပြီး အရင်းနှီးဆုံးလူတွေရဲ့စိတ်ရင်းမှန်တွေကို သိလိုက်ရတဲ့ အဖြစ်အပျက်လေးကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ - အားကျယ်လို့ခေါ်တဲ့ကောင်လေးက ဒုစရိုက်လောကက ဂိုဏ်းတစ်ခုရဲ့အဖွဲ့ဝင်တစ်ယောက်ပါ ။ ဒါပေမဲ့ သူကသစ္စာရှိပြီး ညီအစ်ကိုသံယောဇဉ်ကိုလည်းအလွန်မှ တန်ဖိုးထားပါတယ် ။ တစ်နေ့မှာတော့ သူတို့ဆိုင်တစ်ဆိုင်ကိုပစ္စည်းဝင်လုဖို့ မစ်ရှင်လုပ်ကြရင်း မထင်မှတ်ထားဘဲ အဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုတစ်ခုဖြစ်လာပါတော့တယ် ။အဲဒီအချိန် သူမထင်မှတ်ထားတဲ့ သူ့ညီအစ်ကိုက သူ့အစ်ကိုကြီးကိုပစ်လိုက်တဲ့အခါ သူ့ကိုယ်သူစိတ်မထိန်းနိုင်ဘဲ သူလည်း အဲဒီညီအစ်ကိုသေနတ်နဲ့ပစ်လိုက်ပါတော့တယ် ။ ဒါပေမဲ့ မထင်မှတ်ထားဘဲ သူကိုယ်တိုင်က သူပစ်လိုက်တဲ့သူရဲ့ ခန္ဓာကိုယ်ထဲဝိညာဉ်ဝင်သွားတဲ့အချိန်မှာတော့.... သူတို့အချင်းချင်းအပြင်မှာအဆင်ပြေသလိုရှိပေမဲ့ စိတ်ထဲမှာဘယ်လို အကောက်ကြံနေလဲဆိုတာကို ခံစားကြည့်ဖို့အခွင့်အရေးရလာပါတော့တယ် ။ ကဲဇာတ်လမ်းလေးထဲမှာ သူဒီလိုမျိုးသူများကိုယ်ထဲဝင်ခံစားရင် အချင်းချင်းပစ်ခတ်ကြတဲ့ကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့အဆူံးထိစောင့်ကြည့်ပေးကြပါအုံးနော်။ Filesize : 999 MB / 509 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime Runtime : 1h 25 min Subtitle : Myanmar ...
movie

Redemption in Time and Space (2024)

The Treasure Protector ( 2024 ) 5.7
The Treasure Protector ( 2024 ) ရှားရှင်းရှင်းဟာ အငိုအဆိုအလွန်ကောင်းတဲ့ ဈာပနာပွဲစီစဉ်သူတစ်ယောက်ပါ။ မိဘမဲ့ဖြစ်တဲ့သူဟာ သူငယ်ငယ်ကတည်းကတိတ်တခိုးချစ်ရတဲ့ ကောင်မလေးကိုလက်ထပ်ပြီး မိသားစုလေးတည်ဆောက်ဖို့ဟာ သူ့အတွက်အိပ်မက်ကြီးဖြစ်ခဲ့တယ်။ ယောက္ခမလောင်ကြီးက ယွမ်(၁)သိန်းနဲ့ တင်တောင်းဖို့ပြောလာတဲ့အတွက် ရရာနည်းနဲ့ ပိုက်ဆံရှာဖို့ကြိုးစားတော့တာပေါ့။အဲဒီအချိန်မှာ ရှန်ထျန်းမင်နဲ့ ရှန်ကျားယီတို့သားအဖဟာ သဲကန္တာရထဲမှာ နိင်ငံရတနာရှေးဟောင်းပစ္စည်းတစ်ခုကိုရှာတွေ့သွားတဲ့အချိန်မှာ မသမာသူတွေနဲ့ကြုံပြီး အသက်ဘေးကြုံနေရပါတယ်။ လျှို့ဝှက်တဲ့လူတစ်ယောက်က ရှန်ကျားယီကို ကယ်လိုက်ပေမယ့် ရတနာပစ္စည်းကိုယူသွားခဲ့ပါတယ်။ အဖေထားခဲ့တဲ့နောက်ဆုံးပစ္စည်းကို ပြန်ယူနိုင်ဖို့အတွက် ရှန်ကျားယီက အဲဒီလူကိုလိုက်ရှာရင်း ငွေလိုနေတဲ့ရှားရှင်းရှင်းကို အခကြေးငွေပေးပြီးငှားလိုက်ပါတယ်။ဒီလိုနဲ့ ရှားရှင်းရှင်းရဲ့ ဘာမှမဟုတ်တဲ့လူတစ်ယောက်ဘဝကနေပြီးတော့ နိုင်ငံ့ရတနာကိုကာကွယ်စောင့်ရှောက်သူ သူရဲကောင်းအဖြစ်ပြောင်းလဲသွားမယ့် ဘဝလမ်းခရီးဟာစတင်လိုက်တာပဲဖြစ်ပါတယ်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Action Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Treasure Protector ( 2024 )

Quick CounterAttack ( 2023 ) 5.8
Quick CounterAttack ( 2023 ) အင်တာနက်ခေတ်ကြီးမှာ အင်တာနက်ဒုစရိုက်မှုတွေလည်း များပြားလာတာ မဆန်းပါဘူး။ ဒုစရိုက်သမားတွေကြောင့် ဘဝပျက်ရတဲ့ လူတွေလည်း မနည်းပါဘူး။ ဒီရုပ်ရှင်လေးကတော့ ဒုစရိုက်မှုတွေကို သရုပ်ဖော်ထားတဲ့ အက်ရှင်ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။အာဖရိကမှာ လုံခြုံရေးအလုပ်လုပ်နေတဲ့ မာရွှိတုန်းဟာ သမီးဖြစ်သူ ပျေ ာက်သွားတဲ့ သတင်းကို ကြားသိခဲ့ရပါတယ်။ တရုတ်နိုင်ငံကိုပြန်ပြီး သူ့သမီးကို လိုက်ရှာတဲ့အချိန်မှာ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုနဲ့ ဆက်နွယ်နေတာ သိလိုက်ရပါတယ်။ သမီးကို ကယ်ဆယ်ဖို့အတွက် မာရွှိတုန်းတစ်ယောက် အန္တရာယ်များစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။မိန်းကလေးတွေကို လိမ်လည်ပြီး ငွေချေးတာကနေ တစ်ဆင့် ဒုစရိုက်ဂိုဏ်းတွေရဲ့ လုပ်ငန်းလည်ပတ်ပုံအဆင့်ဆင့်ကို ရိုက်ပြထားတာဖြစ်ပြီး အက်ရှင်ကားပီပီ သွေးထွက်သံယိုများကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ မာရွှိတုန်းတစ်ယောက် သူ့သမီးကို ကယ်နိုင်ပါ့မလား...... ဒုစရိုက်ဂိုဏ်းကြီးကိုရော ရဲတပ်ဖွဲ့ကနေရော အပြတ်ရှင်းနိုင်ပါ့မလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie

Quick CounterAttack ( 2023 )

Operation Tomahawk ( 2023 ) 6
Operation Tomahawk ( 2023 ) လူ‌တွေရဲ့ အလိုဆန္ဒဟာ အတောမသတ်နိုင် ကြီးထွားလာပြီး လောဘအဖြစ်ပြောင်းလဲသွားတဲ့အခါ လောဘရဲ့ကျေးကျွန်အဖြစ် ကြိုးစေရာကရတော့တယ်၊အမိုက်မှောင်အတွေးတွေ ကြီးစိုးလာတဲ့အခါ ပြန်လမ်းမရှိတဲ့ စွဲလမ်းခြင်းမှာ ပိတ်မိနေတတ်ပါတယ်။တစ်ချိန်က အားပု၊လိကျီနဲ့ ဝမ်ကျားဆိုတဲ့ ညီနောင်သုံးဦးရှိခဲ့ပါတယ်၊ ဒါပေမဲ့ အားပု(ဟယ်ဇစ်ဝေ)ဟာ ပြဿနာတက်ပြီး အချုပ်ကျခဲ့ပြီး တစ်ခြားသော ဇာတ်မြှုပ်ကွက်တွေကြောင့် သူတို့သုံးဦးလုံးတစ်နေရာစီ ကွဲထွက်သွားပါတော့တယ်ဒီလိုနဲ့ လိကျီဆိုသူဟာ မူးယစ်ဆေးအရောင်းအဝယ်လုပ်တဲ့ဂိုဏ်းနဲ့ပတ်သတ်နေတဲ့အခါ。。。 ပျောက်ဆုံးနေတဲ့ ဝမ်ကျားကို。。。 အားပု ထောင်ထဲကထွက်လာတဲ့အချိန်မှာရော အရင်ကညီနောင်သံယောဇဉ်ကို ဒီရုပ်ရှင်ထဲမှာ ဘယ်လိုပုံဖော်သွားမလဲထောင်ထဲကထွက်လာပြီး မသမာမှုနဲ့ လွတ်ကင်းစွာ နေနေတဲ့အားပုတစ်ယောက် လိကျီနဲ့ဘယ်လိုတွေဆက်ဖြစ်မလဲ 。。。 ရဲ‌တပ်ဖွဲ့ဝင်တွေကရဲ့ အမှုလိုက်ဖြေရှင်းပုံကို စိတ်ဝင်စားစွာ ကြည့်ရှုရမဲ့အပြင် မိမိကိုယ်ကို မှန်တယ်လို့ခံယူထားလို့လုပ်နေကြတဲ့သူတို့အားလုံးမှာ。。。 ဘယ်လိုအရာမျိုးက အဖြစ်မှန်အစစ်မှန်လဲဆိုတာ ဆက်လက်ကြည်ရှုရမှာပါ Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime , Action Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Clytie Encoded by LK
movie

Operation Tomahawk ( 2023 )

Chasing Kawashima Yoshiko ( 2023 ) 5.9
Chasing Kawashima Yoshiko ( 2023 ) ယိုရှီကို ခါဝါရှီးမား ဟာ တရုတ်-ဂျပန် ဒုတိယစစ်ပွဲကာလအတွင်းက စွဲဆောင်မှုအပြည့်နဲ့ထက်မြက်တဲ့မိန်းမတစ်ပါ။ သူ့ကိုသေမိန့်ချတဲ့အထိ အများပြည်သူဟာ အရှေ့တိုင်းမိစ္ဆာမဆိုပြီး မုန်းတီးခံရတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။ဟုတ်ပါတယ် ယိုရှီကိုဟာတရုတ်နိုင်ငံရဲ့သစ္စာဖောက်မတစ်ဦးပါ… မန်ချူးမင်းဆက်ရဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့သူက တရုတ်ပြည်ကိုသစ္စာဖောက် ဂျပန်နဲ့ပူးပေါင်းပြီး မန်ချူးနိုင်ငံပြန်ထူထောင်ဖို့အိပ်မက်မက်နေတဲ့သူတစ်ယောက်ပေါ့……ယိုရှီကိုဟာနိုင်ငံရေးသမားတစ်ထောင်ကျော်နဲ့ပတ်သက်ခဲ့ပြီး အရေးကြီးဂျပန်သတင်းပေးသူလျှိုတစ်ယောက်တဲ့အတွက် တရုတ်တော်လှန်ရေးသမားတွေဟ ယိုရှီကိုကို မဖြစ်မနေသတ်ဖို့ လိုအပ်တာကြောင့် ယိုရှီကို ခါဝါရှီးမားကိုတော်လှန်ရေးသမားတွေ ဖမ်းဖို့ကြိုးစားတဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဉာဏ်များတဲ့ သမိုင်းဝင်သူလျှို ယိုရှီကိုတစ်ယောက် တရုတ်တော်လှန်ရေးသမားတွေထပ် အမြဲခြေတစ်လှမ်းစောနေတာကို ဘယ်လိုဖမ်းကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Chasing Kawashima Yoshiko ( 2023 )

New Fight Back To School (2021) 6.0
New Fight Back To School (2021) ဒီဇာတ်လမ်းကတော့ အထွေအထူးမိတ်ဆက်ပေးစရာမလိုပါဘူး မင်းသားကြီး Stephen Chowရဲ့ နာမည်ကြီး Trilogyဖြစ်တဲ့ Fight Back to Schoolကို tribute ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။- ခေါင်းဆောင်မင်းသားက မူရင်းFight Back to Schoolမှာ Turtleအဖြစ်ပါဝင်ခဲ့တဲ့ ဟာသ သရုပ်ဆောင်Gabriel Wong - မင်းသမီးကတော့ From Vegas to Macauထဲက မင်းသမီး Kimmy Tongပဲဖြစ်ပြီး - Wong Yet Feiနဲ့ Law Kar Yingတို့လို Stephen Chowရဲ့ ဇာတ်လမ်းတွေနဲ့ မစိမ်းတဲ့ နာမည်ကြီးဇာတ်ပို့တွေကို ပြန်သုံးထားတဲ့အတွက် ရယ်မောရမှာတော့ သေချာပါတယ်။SWATအဖွဲ့ဝင် ကျန်းဟောင်ဟာ မတော်တဆမှုတစ်ခုကြောင့် ရာထူးအချခံရချိန် အရေးပေါ်အမှုကြီးတစ်ခုအတွက် အသွင်ယူထောက်လှမ်းဖို့ အခွင့်ကြုံလာပါတယ်။ သူအသွင်ယူစုံစမ်းရင်းကာကွယ်ပေးရမယ့်သူက ရဲဘက်က သက်သေထွက်ဆိုပေးမယ့် ပိုကာဂိုဏ်းရဲ့ စာရင်းကိုင် ဟွမ်ရှောင်ကွေရဲ့သမီး အထက်တန်းကျောင်းသူ ဟွမ်ရင်းပါ။ ကျန်းဟောင်အနေနဲ့ ပိုကာဂိုဏ်းကြီးရဲ့ပစ်မှတ်ထားခံနေရတဲ့ ဟွမ်ရင်းကိုကာကွယ်ဖို့ ရဲအဖြစ်မှသည် အထက်တန်းကျောင်းသား ...
movie

New Fight Back To School (2021)