Channel Myanmar

Thushara Pillai

Swargam (2024) 6.6
Swargam (2024) Swargam (2025) ကောင်းကင်ဘုံ"အိမ်"တဲ့ စကားလုံးလေးတစ်လုံးတည်းပေမဲ့ နွေးထွေးလုံခြုံစေတာမျိုး။ အားလုံးမှာ ဖြစ်မြောက်ချင်တဲ့ ရည်မှန်းချက်တွေရှိခဲ့ရင်တောင် မောပန်းနွမ်းနယ်လာတဲ့အခါ၊ အောင်မြင်ပျော်ရွှင်မှုကိုမျှဝေလိုတဲ့အခါ အိမ်ကိုတမ်းတ တတ်ကြပါတယ်တဲ့။အရွယ်ရောက်လာလို့ လူတွေအများကြီး ကိုယ့်ဘဝထဲဝင်လာလေ၊ ကြုံတွေ့ရဝာာတွေများလာလေ၊ တာဝန်ဝတ္တရား လုပ်ပိုင်ခွင့်တွေရှိလာလေ ငယ်ဘဝကိုတမ်းတလေပါပဲ။ဒီဇာတ်ကားလေးမှာလည်း အိမ်နီးနားချင်း ခရစ်ယာန်ဘာသာဝင်မိသားစုနှစ်ခုရဲ့ အ‌ခြေအနေချင်းမတူကြတော့ သဘောထားကွဲလွဲရာမှတစ်ဆင့် ချည်နှောင်မိတဲ့ သိမ်မွေ့တဲ့ နှောင်ကြိုးလေးကို မြင်တွေ့ရမှာပါ။ဘေးအိမ်က မနက်အစောကြီး ဘုရားရှိခိုးလို့လန့်နိုးလာတာ၊ သီချင်းတွေ၊ တူရိယာတွေတီးမှုတ်နေလို့ မနှစ်သက်တာမျိုးက ကြုံတွေ့ဖူးကြမှာပါ။ အဲဒီကနေ ကူညီရိုင်းပင်းလာမှု၊ နားလည်လာမှုစတဲ့ နွေးထွေးတဲ့ အိမ်နီးနားချင်းသံယောဇဉ်နဲ့ မိသားစု ချစ်ခင်မှုကို ဟာသလေးနှောပြီး ပါဝင်ထားပါတယ်။ဘဝမှာဟန်ချက်ညီ နေထိုင်နိုင်ဖို့ အရာရာကို ချဲ့ကားနေဖို့မလိုဘဲ တစ်ဦးအပေါ်တစ်ဦး နားထောင်ပေးနိုင်ဖို့၊ မေတ္တာထားပေးနိုင်ဖို့၊ နားလည်ပေးနိုင်ဖို့လိုအပ်တယ်ဆိုတာ ဒီဒရမ်မာလေးကြည့်ပြီး ဘဝအမောပြေကြစေဖို့ပါ။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ File size… 1.8 GB / 995 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Swargam (2024)

CID Ramachandran Retd SI (2024) 7.3
CID Ramachandran Retd SI (2024) CID Ramachandran Retd.SI (2024) ပင်စင်စားရာမာချန်ဒရန်လေးတန်းအောင် ရုပ်ရှင်သမား တစ်ပတ်ရိုက်တာခံရတဲ့ Drishyamကားထဲရဲမြညွန့်ကြီးကို အရမ်းထက်မြက်တဲ့ ဦးရဲကြီးအဖြစ်ပြန်တွေ့ရမယ့် ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါပြီ။ရာမာချန်ဒရန်က သိပ်တော်တဲ့အရာရှိတစ်ယောက်၊ ရဲအလုပ်ကိုသိပ်မြတ်နိုးသလို တာဝန်ကိုသိပ်ချစ်တဲ့ အမှန်တရားဘက်တော်သားရဲသားကြီးပေါ့။ တာဝန်ကိုဘယ်လောက်ချစ်လဲဆို ပင်စင်ယူလို့ နှုတ်ဆက်ပွဲလုပ်တဲ့ညမှာတောင် ဂျူတီချိန် ၃ နာရီကျန်သေးတယ်ဆိုပြီး တရားခံသွားဖမ်းလို့ မိန်းမကပွားတာခံရတဲ့အထိပါပဲ။ဒီလိုနဲ့ပဲ ပင်စင်ယူပြီး နောက်တစ်ရက်မှာ ဘုရားကျောင်းအလှူငွေပျောက်ဆုံးမှုနဲ့ဆက်စပ်ပြီး စုံစမ်းရဖို့ဖြစ်လာတော့ စုံထောက်ပိုးမသေသေးတဲ့ရာမာချန်ဒရန်တစ်ယောက် အတူလိုက်သွားပြီး စုံစမ်းရာကနေ သူသိပ်ချစ်တဲ့ ရဲယူနီဖောင်း ပြန်ဝတ်ရဖို့ဖြစ်လာတဲ့အခါ....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.5 GB / 863 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

CID Ramachandran Retd SI (2024)

Neymar(2023) 6.6
Neymar(2023) Neymar 2023ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါး လူငယ်ဟာသကားလေးပဲ ဖြစ်ပါတယ် လူငယ်ဟာသကားလေးဆိုပေမဲ့ အဓိကဟာသလုပ်မှာကတော့ ခွေးတစ်ကောင်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့...... ကွန်ဂျာဗာနဲ့အာကမ်ရှ်တို့က ဆယ်ကျော်သက်ကျောင်းသားအရွယ်လေးတွေပါ ကွန်ဂျာဗာက ဒိုနာဆိုတဲ့မြီးကောင်ပေါက်မလေးကိုကြိုက်လို့ ဘေးကနေဆရာကြီး အာကမ်ရှ်က အခါတော်ပေးရွှေဖူးစာရေးပေးပါတော့တယ် အဲ့မှာပဲ မိန်းမပိုးနည်း ဆယ့်ကိုးနည်းထဲက စော်ခွေးမွေးရင် ကိုယ်လိုက်မွေးဆိုတဲ့အကွက်အတွက် ခွေးမျိုး‌ခွေးသန်းလေးလိုက်ရှာရပါတော့တယ်သူတို့သွားရှာတဲ့နေရာက ခွေးတွေကလည်း ပိုင်ရှင်က ဘောပွဲဖန်မို့ ခွေးအားလုံးက လူကာကူ ရာမိုစ့် ပီပီ ဒရော့ဘာ စသည်ဖြင့် ဆရ ကောင်နာမည်တွေပါပဲ အဲ့မှာပဲ ကွန်ဂျာ‌ဗာတို့ ငတိနှစ်ကောင်အတွက် ရလာတဲ့ခွေးက နေမာပါတဲ့ နေမာတစ်ကောင် ဘယ်လိုတွေအကွက်တွေပြပြီး ကွန်ဂျာဗာတို့ အာကမ်ရှ်တို့နဲ့အတူ ပတ်မွှေမလဲဆိုတာ ပရိသတ်ကြီးပဲ တခွီးခွီးနဲ့ ကြည့်တော်မူကြပါကုန်အညွှန်းနဲ့ ဘာသာပြန် CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…3.5GB /1.52GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 40min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Zwe~V~Yunni~Saii
movie

Neymar(2023)

2023