Channel Myanmar

Tetsu Watanabe

Enter the Fat Dragon ( 2020 ) 6
Enter the Fat Dragon ( 2020 ) ဒီဇာတ်ကားက တော့မင်းသားကြီး Donnie Yenရဲ့ february 1 2020မှာ ထွက်ရှိလာတဲ့ Action,Adventure,Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းကတော့ဟောင်ကောင်ရဲအရာရှိတစ်ယောက်ဟာ အရမ်းကြိုးစားပြီးလုပ်ကိုင်ပေမယ့် လွဲချော်မှုတွေကြုံရရင်းရာထူးချခံရတဲ့အပြင် ချစ်ရသူရဲ့လမ်းခွဲခြင်းကိုပါခံလိုက်ရတဲ့အခါ...စိတ်ဓာတ်ကျသွားပြီးအစားအလွန်စားရင်းကနေ ၁၀၀ကီလိုကျော်ဝတဲ့ဖက်တီးတစ်ယောက်ဖြစ်လာပါတယ်...ဒီလိုနဲ့ ဂျပန်ရဲတပ်ဖွဲ့ကအလိုရှိနဲ့သူတစ်ယောက်ကိုသွားပို့ပြီး ရာထူးပြန်ရဖို့အခွင့်အလမ်းရလာတဲ့အခါ မထင်မှတ်ပဲလူဆိုးဂိုဏ်းတစ်ခုနဲ့ပတ်သက်ဖို့ရာဖြစ်လာပါတယ်.... ဂျပန်မှာဘယ်လိုလွဲချော်မှုတွေကြုံတွေ့ရမှာလဲ...မသမာမှုလုပ်ရပ်တွေကိုဖော်ထုတ်နိုင်ပါ့မလား... Filesize : 6.19 GB / 2.12 GB / 1.07 GB Quality : WEB-DL 4K HEVC , 1080p HEVC , 720p HEVC Format : mkv Genres : Action , Comedy , Crime Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK  
movie

Enter the Fat Dragon ( 2020 )

4K HEVC
Baby Assassins 2 Babies (2023) 6.7
Baby Assassins 2 Babies (2023) Babe Assassins 2: Babies (2023) ========================== IMDb rating 6.7/10 Genre - Comedy, Action, Crimeဒါကတော့ ၂၀၂၀ကထွက်ထားတဲ့ကားရဲ့အဆက်ပါ။ sequelကားတွေက စုတ်ပြတ်သတ်သွားတာများပေမဲ့ ဒီကားကတော့ကောင်းတဲ့ထဲပါပါတယ် ။ plotကပိုရိုးရှင်းပေမဲ့ ကျွန်တော့်ရဲ့တစ်ကိုယ်ရည်အမြင်ရဆို ဒီsequelက ကြည့်ရတာ funဖြစ်ပြီး heart warmingပိုဖြစ်ပါတယ်။လုပ်ကြံသတ်ဖြတ်ရေးသမားနှစ်‌ယောက်ဖြစ်တဲ့ ချီဆာတိုနဲ့ မာရီယာတို့နှစ်ယောက် အရင်ကထက်ပိုတွဲဖက်ညီလာကြပါပြီ။ ဒါပေမဲ့ နှစ်ကောင်ပေါင်းလောင်းကျော်ပြီး အဖွဲ့အစည်းရဲ့စည်းမျဉ်းတွေကိုချိုးဖောက်မိလို့ တာ၀န်ကနေ ခဏဆိုင်းငံ့ခံထားရပါတယ်။ အကြွေးတွေလဲဆင့်နေလို့ အချိန်ပိုင်းအလုပ်လုပ်နေရတဲ့အပြင်ကို တခြားလုပ်ကြံရေးသမားနှစ်ယောက်လည်း သူတို့နောက်ကိုလိုက်လာတဲ့အခါမှာတော့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ပထမကားလိုပဲ သွက်သွက်လက်လက်အက်ရှင်ခန်းတွေကို ဟာသလေးစွက်ပြီးကြည့်ရမှာပါ။ အားလုံးပဲကြည့်ရှုခံစားကြပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Soe Thiri Swe ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Action, Comedy, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Soe Thiri Swe
movie

Baby Assassins 2 Babies (2023)

The Cat Returns (2002) 7.1
The Cat Returns (2002) The Cat Returns (2002) ===================Studio Ghibli ရဲ့နာမည်ကြီးကားတွေကြားထဲမှာ လူသိပ်မသိကြပေမယ့် ချစ်ဖို့ကောင်းပြီး အသစ်အဆန်းဖြစ်တဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဥ်းကတော့ တစ်နေ့မှာ ဟရုဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ကျောင်းသွားတဲ့လမ်းမှာ လမ်းဖြတ်ကူးနေတဲ့ကြောင်လေးကို ကားတိုက်ခံရမှာကနေ ကယ်ပေးခဲ့ပါတယ်။ဒါပေမဲ့ သူကယ်ခဲ့တဲ့ကြောင်လေးဟာ စကားပြောတတ်တဲ့အပြင် ကြောင်တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားလေးဖြစ်နေပါတော့တယ်။အဲဒီကနေစလို့ ဟရုရဲ့နေ့စဥ်ဘဝမှာ ကြောင်တွေနဲ့ပတ်သက်လို့ ထူးဆန်းဆန်းတွေ စဖြစ်လာပြီး နောက်ဆုံးမှာ ကြောင်တိုင်းပြည်ကို ခေါ်ဆောင်သွားခံရဖို့ ဖြစ်လာတဲ့အခါမှာတော့...ဒီဇာတ်လမ်းဟာ Whisper of the heart ရဲ့ MC ဖြစ်တဲ့ Shizuku ရေးခဲ့တဲ့ fiction ဆိုပြီး fan theory လည်းရှိပါတယ်။ အဓိကကတော့ WOTH မှာပါတဲ့ Baron ဆိုတဲ့ကြောင်ရုပ်တုလေးက ဒီမှာအသက်ဝင်နေတဲ့အပြင် နာမည်ရော ရုပ်ပါအတူတူပါပဲ။ ဒါ့အပြင် သေချာသတိထားကြည့်ရင် ဒီနှစ်ကားရဲ့ဆက်စပ်နေတဲ့ scene တော်တော်များများကိုလည်း တွေ့ရမှာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး။ File size…1.5GB  / 763MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

The Cat Returns (2002)

2002
Dreams (1990) 7.7
Dreams (1990) Dreams (1990)~ IMDb - 7.7/10, Rotten Tomatoes - 66% ~ကူရိုဆာဝါဟာ ရုပ်ရှင်ရဲ့မဏ္ဍိုင်တစ်ခုလို့ဆိုကြတာနဲ့အညီ လက်ရှိနာမည်ကျော် အမေရိကန် ဒါရိုက်တာတွေအပေါ် အတော်လွှမ်းမိုးမှုကြီးတဲ့ဒါရိုက်တာပါ။ စပီးဘာ့ဂ်တို့ လူးကတ်စ်တို့ မာတင်စကောဆေးစိတို့လို လူတွေတောင် ကူရိုဆာဝါရဲ့ အရိပ်အငွေ့နဲ့မကင်းပါဘူး။ Dreams ကိုတော့ စပီးဘာ့ဂ်က ပရိုဂျူဆာလုပ်၊ သူရဲ့ကုမ္ပဏီ Amblin က ဖြန့်ပေးထားပြီး ရုပ်ရှင်ရဲ့ VFX Effects တွေကိုတော့ လူးကတ်စ်ရဲ့ ILM က လုပ်ပေးထားသလို မာတင်စကောဆေးစိကလည်း ဗင်းဆင့်ဗန်ဂိုးအဖြစ် သရုပ်ဆောင်ပေးထားပါတယ်။Dreams ဟာ ထူးထူးခြားခြားပဲ ကူရိုဆာဝါကိုယ်တိုင် သူထပ်ခါထပ်ခါမက်နေတဲ့ အိပ်မက်တွေကနေ ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ သူ့ရုပ်ရှင်ရိုက်သက်ရှည်ကြီးရဲ့ ရှားရှားပါးပါး သူတစ်ယောက်တည်းဇာတ်လမ်းဇာတ်ညွှန်းရေးထားတဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ တစ်နည်းပြောရင် Dreams ဟာ သူ့အိပ်မက်တွေကို ရိုက်ထားတဲ့ရုပ်ရှင်လည်းဟုတ်သလို သူမပြောဖြစ်ခဲ့တဲ့စကားတွေ သူပြောပြချင်တာတွေကို ရိုက်ပြထားတဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ( ...
movie

Dreams (1990)

1990
Yakuza Apocalypse (2015) 5.5
Yakuza Apocalypse (2015)  ယခုတစ်ခါမိတ်ဆက်ပေးချင်တာကတော့ နာမည်ကျော် Audition, Ichi the killer, Visitor Q ရုပ်ရှင်တို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Takashi Miikeရဲ့လက်ရာလေးပဲ ဖြစ်ပါတယ် ၂၀၁၅မှာ ထွက်ရှိခဲ့တဲ့ ယာကူဇာ(လူဆိုးဂိုဏ်းဝင်)ကားလေးပါ ထူးဆန်းတာက ပုံမှန် vampire တွေလိုမဟုတ်ပဲ Yakuza Vampire ဖြစ်နေတာပါပဲ သွေးစုပ်ခံရတဲ့အခါ မြို့သားတွေဟာ vampire ဖြစ်တဲ့အပြင် ယာကူဆာပါဖြစ်သွားတာပါပဲ ဒီလိုကြောင်တောင်တောင် ဘာမှန်းမသိတဲ့ ရသလေးတွေ ခံစားချင်တဲ့အခါတိုင်း စာရေးသူကတော့ Takashi Miike ကိုပဲ ပြေးမြင်မိပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ကာဂဲယာမာဆိုတဲ့ ယောက်ျားတစ်ယောက်ဟာ စီးပွားပျက်ကပ်မှာ လတ်လျားလတ်လျားနေရင်း သူတို့ရပ်ကွက်လေးကို ကြည့်ရှုစောင့်ရှောက်ပေးတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် ဆရာကြီးကို အားကျမိပါတော့တယ် ဆရာကြီးဟာ မြို့သားတွေကို စောင့်ရှောက်ပေးတာမို့ ယာကူဇာဆိုပေမယ့် ဟီးရိုးသဖွယ် လူတွေကချစ်ခင်ကြတယ် ကာဂဲယာမာကလည်း ဆရာကြီးနောက်လိုက်လုပ်ရင်း ယာကူဇာတစ်ယောက်ဖြစ်သွားတယ် တစ်နေ့မှာတော့ ဆရာကြီးရဲ့ အရင်အဖွဲ့က လူတွေက ဆရာကြီးကို ပြန်လာခေါ်ပေမယ့် မလိုက်တာမို့ ဆရာကြီးဟာ အသတ်ခံလိုက်ရတဲ့အဆင့်ထိရောက်ရှိသွားပါတယ် ဒါကို မြင်တွေ့လိုက်ရတဲ့ ...
movie

Yakuza Apocalypse (2015)

Princess Mononoke (1997) 8.4
Princess Mononoke (1997) ဒီတစ်ခါတော့ ခံစားချက်ပေါင်းများစွာ ရစေမဲ့ အဓိပ္ပါယ်အများကြီးရှိတဲ့ ဂျပန် Anime လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားဟောင်းပေမဲ့ နှစ်ချို့ဝိုင်လို ခေတ်အဆက်ဆက် ဖြတ်သန်းပြီးတာတောင် ဟောင်းလေကောင်းလေ သတ်မှတ်ထားကြတဲ့ ဇာတ်ကားတစ်ကားပါပဲ။ ဒီ ကမ္ဘာလောကကြီးမှာ ဖြစ်နိုင်မယ်ဆိုရင် လူတိုင်းက အရာအားလုံးကို လိုချင်ကြတာပါပဲ။ ကိုယ် လိုချင်တာတွေ အတွက် လူတွေ အပြိုင်အဆိုင် ဖြစ်လာတဲ့အခါ အမုန်းတရားနဲ့ အမှား အမှန် ဖြစ်တည်လာရတယ်။ ဒီ ဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ ကိုယ့်အမှန်တရားနဲ့ကိုယ် ရှိနေတဲ့ ဘက်နှစ်ဘက်ရယ် လောဘသက်သက် အတ္တ အမှန်တရားရှိနေတဲ့တစ်ဘက်ရယ် ကြားနေလူတစ်ယောက်ရယ်နဲ့ အမှန်တရားဆိုတာ ဘက်တိုင်းမှာ ရှိနေကြောင်း ကောင်းကောင်းကြီး မီးမောင်း ထိုးပြ နိုင်ခဲ့ပါတယ်။ ဘက်တိုင်းမှာ ရှိနေတာဟာ ဘယ်ဘက်မှာမှ မရှိတာနဲ့ အတူတူပါပဲ။   ဇာတ်လမ်းအကျဉ်းကတော့.... ရှေးပဝေဏသီ အတိတ်တစ်ခုတုန်းက သားရိုင်းတွေ သစ်တောဝိညာဉ် နတ်ဘုရားတွေ သစ်တောထဲ နေခဲ့ကြတယ်။ သူတို့ကို စောင့်ရှောက်တဲ့ သားရိုင်းကြီးတွေနဲ့ လူတွေလည်း အတူ သဟာဇာတ ဖြစ်ဖြစ် ရှိခဲ့ကြတယ်။   သစ်တောကို ရှင်းလင်းပြီး အမျိူးသမီးတစ်ယောက်က ပြည့်တန်ဆာနဲ့ နူနာသည်လို လူ့လောက အပယ်ခံတွေ အတွက် မြို့တစ်မြို့ တည်ဆောက်တဲ့အချိန် သစ်တောရဲ့ မူလနေထိုင်သူတွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အပြင် သံသတ္တုပေါများတဲ့ ဒေသ ့ဖြစ်တာကြောင့် ဧကရာဇ်ရဲ့ မျက်စိကျ ခံရပြီး တိုက်ခိုက်ခံရတဲ့ ဒေသလည်း ဖြစ်ခဲ့တယ်။   သစ်တောဝိညာဉ်နတ်ဘုရားရဲ့ ခေါင်းက ထာဝရအသက်ကို ပေးနိုင်တယ်လို့ ယုံကြည်သွားတဲ့ ဘုရင်တစ်ပါးက ...
movie

Princess Mononoke (1997)

1997
Darc (2018) 5.8
Darc (2018) အခုတစ်ခါတော့ အက်ရှင်ကားကောင်းကောင်းကြိုက်တဲ့သူတွေအတွက်Darc ဆိုတဲ့ ၂၀၁၈ ထွက်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးက ဒုစရိက်လောကရဲ့ မာယာများပုံတွေတစ်ယောက်နဲ့တစ်ယောက်ကောက်ကျစ်ကြပုံတွေနဲ့ကိုယ်ကောင်းစားဖို့ဆို သူများကိုထိုးကျွေးတာတွေကို ရိုက်ကူးပြထားတာပါဇာတ်လမ်းအကျဉ်းလေးကတော့ခိုဂါခိုင်းဆိုတဲ့ ယာကူဇာဂိုဏ်းဟာ လူကုန်ကူး လူသတ် ပြည့်တန်ဆာလုပ်ငန်းစတဲ့မကောင်းတာအကုန်လုပ်တဲ့ ဒုစရိုက်ဂိုဏ်းပါ တစ်ရက်မှာရဲတစ်ယောက်ရဲ့သမီးလေးကို အဲ့ဒီဂိုဏ်းက ပြန်ပေးဆွဲသွားတဲ့အခါ အဖေဖြစ်သူကကြမ်းပေ့ရမ်းပေ့ ထောင်သား ဂျိတ်ကို စောလွှတ်ပေးပြီး ကယ်ပေးဖို့ အကူအညီတောင်းပါတော့တယ်ဂျိတ်မှာလည်း သူ့အမေနဲ့ပတ်သက်တဲ့ကလေးဘဝက အတိတ်ဆိုးကြီးရှိပြန်ပါတယ်အဲ့ဒီနောက် အခုပြန်ပေးဆွဲဂိုဏ်းဟာလည်း သူ့အမေကို သတ်ခဲ့တဲ့ ယာကူဇာဂိုဏ်းပဲဖြစ်နေပြန်တဲ့အခါ..ဂိုဏ်းခေါင်းဆောင်ရဲ့သားကို ဝင်လုံးပြီး ကောင်မလေးကိုကယ်ဖို့ ကြိုးစားရပါတော့တယ်နောက်ဆုံးကယ်လိုက်နိုင်မှာလား သူ့အမေအတွက်ရောလက်စားချေနိုင်မှာလားကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦးIMDB 5.6/10 တောင်ရရှိထားပြီး Julias N.Rasso ကရိုက်ကူးထားပါတယ်Jake အဖြစ် Tony Schinea ကပါဝင်ထားပါတယ်ဂိုဏ်းခေါင်းဆောင်ရဲ့သားအဖြစ် ပါဝင်ခဲ့တဲ့ ဂျပန်မင်းသားရဲ့အိုဗာအိုက်တင်တွေကလွဲလို့ ကြည့်လို့ကောင်းမှာပါဒုစရိုက်လောက သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်း ပြထားတာမို့၁၈+ အခန်းတွေတော့ နည်းနည်းပါပါတယ် ဆိုတာကြိုတင်သတိပေးလိုက်ပါတယ် Qty - 720p Web DLDuration - 1hr ...
movie

Darc (2018)