Channel Myanmar

Tawfeek Barhom

Ghost Trail (2024) Les fantômes 6.7
Ghost Trail (2024) Les fantômes  Ghost Trail (2024)IMDb Rating (6.7) / Rotten Tomatoes (100%) ထုံးစံအတိုင်း ပြင်သစ်ကို ပြည်ပြေးလာခဲ့တဲ့ ကမ္ဘာအရပ်ရပ်က မငြိမ်မသက်နိုင်ငံတွေကလာခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ရိုက်တဲ့ သူတို့နိုင်ငံမငြိမ်သက်မှုတွေကြောင့် သူတို့ဖြတ်သန်းခဲ့ရတဲ့ ကမ္ဘာပျက်တွေအကြောင်းပါပဲ။ဆီးရီးယားရဲ့ သားသတ်အိမ်လို့ခေါ်တဲ့ Sednaya ထောင်ကနေ လွတ်လာခဲ့တဲ့ ပြည်ပြေးတွေက တိုင်းတစ်ပါးမှာ ခိုလှုံရင်း မလွတ်လာခဲ့သူတွေ သေသွားတဲ့သူတို့မိသားစုတွေအတွက် မကျက်သေးတဲ့အနာတွေကို ကုစားနေရပုံကို တင်ပြထားတယ်။အစိုးရဘက်ကနေ သူတို့ကို ဒီထောင်ထဲ နှိပ်စက်ခဲ့ သူတို့အသိတွေကိုသတ်ခဲ့တဲ့ ပြည်ပြေးစစ်သားဟောင်းတွေကိုလည်း ရောက်တဲ့အရပ် ရောက်တဲ့နိုင်ငံမှာ လူမသိသူမသိ အဖွဲ့သေးသေးလေးတွေဖွဲ့ပြီး လိုက်ရှာပြီး တရားခွင်တင်ဖို့ ကလဲ့စားချေဖို့ကြိုးစားခဲ့ကြတယ်။ဒီရုပ်ရှင်မှာ ဆီးရီးယားကနေ ပြေးလာခဲ့တဲ့ ပြည်ပြေးတွေရဲ့ ဝေဒနာပေါင်းစုံကို မြင်ရပါလိမ့်မယ်။Rotten Tomatoesတော့ ၁၀၀ရာခိုင်နှုန်းရထားပါတယ်။ဒါမျိုးကားတွေက အော်စကာရဲ့နိုင်ငံခြားရုပ်ရှင်ဆန်ခါတင်စာရင်းမှာ အမြဲပါနေကျဆိုတော့ ပါကောင်းပါလာနိုင်ပါတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(2.9 GB) / (0.9 GB) Quality….WEB-DL 1080p ...
movie

Ghost Trail (2024) Les fantômes

2024
Cairo Conspiracy (2022) 7.1
Cairo Conspiracy (2022) Cairo Conspiracy (2022)~ IMDb - 7.1/10, RT - 77%, Meta - 74% ~ကားနာမည်အတိုင်းပဲ... အီဂျစ်နိုင်ငံရဲ့မြို့တော် ကိုင်ရိုက အီဂျစ်နိုင်ငံရဲ့ ရာထူးအကြီးဆုံးထိပ်သီးတွေ ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ပတ်သက်နေတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခုအကြောင်းပါ။ အီဂျစ်ဟာ အစ္စလာမ်ကမ္ဘာမှာ အဓိက အင်အားကြီးနိုင်ငံဖြစ်တာနဲ့အညီ ဒီကားက အစ္စလာမ်ဘာသာကို အဓိကထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ နောက် အစ္စလာမ်ဘာသာရေးဆိုင်ရာ သင်ကြားမှုတွေရဲ့ အချက်အချာဖြစ်တဲ့ အယ်အာဇာကိုလည်း ဒီကားရဲ့ အဓိကလိုကေးရှင်းအဖြစ်သုံးထားပါတယ်။ နိုင်ငံရေးနဲ့ ဘာသာရေးကြားက အားပြိုင်မှုတွေကြားမှာ ကြားကမြေစာပင်ဖြစ်သွားတဲ့ ကျေးလက်ကကောင်လေးကို အဓိကနေရာကထားပြီး တင်ပြသွားပါတယ်။ဒီကားမှာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ အကြမ်းဖက်ဝါဒီတွေ၊ အစိုးရဘက်တော်သားတွေ စသဖြင့် ဘက်သုံးဘက်ကိုတွေ့မြင်ရမှာဖြစ်ပြီး ဒီသုံးခုရဲ့အားပြိုင်မှုကို ချိတ်ဆက်တင်ပြသွားပုံကလည်း တော်တော်လေး‌ သေသပ်တယ်ပြောရပါမယ်။ ဇာတ်လမ်းအစမှာ အစိုးရဘက်ကို သတင်းပေးနေတဲ့ အယ်အာဇာက ကျောင်းသားတစ်ယောက် သေသွားတယ်။ ကျောင်းသားက တစ်ဖက်က အစိုးရသတင်းပေးလည်းဖြစ်နေတာမို့ ...
movie

Cairo Conspiracy (2022)

2022